သတင္း

ျမန္မာျပည္ကို မီဒီယာအုပ္ခ်ဳပ္သည္ (မီဒီယာေၾကာင့္ နစ္နာခဲ့ရေသာ အျပစ္မဲ့ သံဃာႏွင့္ ျပည္သူမ်ား)

ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ အေျခခံဥပေဒမွာ စတုတၳမ႑ဳိင္မပါဘူးဟုဆိုသည္။ သူ႔အလိုဆိုရလွ်င္ မီဒီယာကို သူေထာက္ျပတာေတြကလည္း သဘာဝက်သည္။ သို႔ေသာ္ မီဒီယာလႊင့္သည့္ မီတာခသတင္းမ်ားကလည္း အမွန္ပင္ျဖစ္သည္။အမွန္အတုိင္း မွ်မွ်တတ လႊင့္တာေတာင္ သူတုိ႔ခံံရခက္လွ်င္ တစ္ဖက္ေစာင္းနင္း တုိက္ခိုက္ခံရသူ ဆိုလွ်င္ေျပာစရာပင္မလိုေခ်။ ေဖ့စ္ဘုတ္သတင္းမ်ားက လူထုထံအေရာက္ျမန္ေတာ့ အြန္လိုင္းမီဒီယာေတြသာ အလုပ္ျဖစ္သည္။ ပံုႏွိပ္မီဒီယာေတြ အမွည့္ေၾကြသလို တစ္ျဖဳတ္ျဖဳတ္ႏွင့္ ျဖဳတ္သိမ္းေနၾကရ၏။ ေရရွည္ရပ္တည္လို သူမ်ားကစ ပြန္ဆာရွာၾကသည္။ စပြန္ဆာေပးသူကလည္း နိဗၺာနႆ စၥေယာ ေဟာတု ရြတ္ဆိုၿပီး လြတ္လြတ္ကၽြတ္ကၽြတ္ ေရစက္ခ်လွဴဒါန္းၾကသူမ်ား မဟုတ္ၾက။ ကတိကဝတ္ေတြ ေတာင္းသည္။ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုရသည္။ သုိ႔အတြက္ စပြန္ဆာအႀကဳိက္သာ ေရးသားၾကရေတာ့၏။ ထိုအခါ ျပည္သူမ်ား မ်က္လံုးတစ္ဖက္ကန္းသြားၾကရေလသတည္း။
အစုိးရေကာင္းသတင္းသာ ေရးၾကသည္။ ခ်ဳိ႕ယြင္းခ်က္ေတြ မေရးသားၾကေတာ့ေပ။ မီဒီယာေအာက္ရွိ ျပည္သူမ်ားက အစုိးရအားသာခ်က္ပဲ ျမင္ေတာ့၏။ ေဝဖန္ေထာက္ျပၾကသူမ်ားကို အျပစ္ျမင္ၾကကာ အမ်ဳိးသားေရးသမားမ်ား ႏိုင္ငံေရးသုေတသီမ်ားသည္ အမုန္းေကာင္ႀကီး ျဖစ္သြားၾကေလေတာ့သတည္း။ ဤသည္မွာ ျပည္သူမ်ား တစ္ဖက္အျမင္သာရွိေတာ့သျဖင့္ ဆင္ျခင္ႏိုင္စြမ္း ကင္းမဲ့သြားေသာေၾကာင့္ ရန္သူကို မိတ္ေဆြထင္ကာ မိတ္ေဆြကို ရန္သူလို သေဘာထားမိျခင္း ျဖစ္ေလသည္။

အခုလို စစ္ေဘး ေရေဘးမ်ား ျဖစ္ပြားေနခ်ိန္တြင္ ေစ်းပြဲေတာ္ထြက္သည္၊ ညစာစားပြဲတက္သည္၊ ဘုရားဖူးသြားသည္၊ ေလညႇင္းခံၾကြသည္ စသည့္ လုပ္ရပ္မ်ား ျပဳမူမိပါက ဦးသိန္းစိန္ဆိုလွ်င္ က်ီးအာသလို ဝိုင္းအာၾကမည္မွာ မလြဲေပ။ ေဒၚစုျဖစ္ေန၍သာ မီဒီယာမ်ား မအာၾကျခင္းျဖစ္၏။ မီတာခေတြ အဆမတန္ ေစ်းျမႇင့္ပစ္လုိက္သည္။ တုိင္းျပည္၏ လုိအပ္ခ်က္မဟုတ္ဘဲ ကေလးေမြးစားခြင့္ဥပေဒကို အတင္းအဓမၼ ျပ႒ာန္းပစ္လုိက္သည္။ ထိုႏွစ္မ်ဳိးကို ဦးသိန္းစိန္ခ်ဳိးေဖာက္လွ်င္ ဂၽြမ္းျပန္က်ေအာင္ တြန္းလွန္ၾကလုိက္မည့္အမ်ဳိး။ အခုေတာ့ မီဒီယာေတြ မာမာတင္းတင္းေတာင္ မေရးသားရဲၾက။

အစုိးရနဲ႔ ထိပ္တုိက္ေတြ႔လွ်င္ နာမည္။ စပြန္ဆာမေပးေတာ့လွ်င္လည္း နာမည္။ ဤသုိ႔ေသာ နာေဘးမ်ားကို အသာေလးေရွာင္ထြက္ျခင္းက မီဒီယာအတြက္ အသက္ရွဴအေခ်ာင္ဆံုးနည္းလမ္းျဖစ္သည္။ ကာခ်ဳပ္ႀကီးကိုဆုိလွ်င္ ေတာႀကဳိေတာင္ၾကားအထိလုိက္၍ သတင္းယူတာေတြ႔ရ၏။ စစ္ျဖစ္ေနတာေတာင္မွ အေျခခံဥပေဒသတင္း လာေမးသူက ေမးေသးသည္။ ေဒၚစု မႏၲေလးလာသည္။ တစ္ရက္တည္း ေလးငါးေနရာသြားသည္။ ဘယ္မီဒီယာမွ မေမးၾကပါ။
ေရေဘးအတြက္ အစုိးရက ဘယ္လိုေဆာင္ရြက္ထားသလဲ ေမးရမည္။ ေရေဘးသင့္ျပည္သူမ်ားကို ဘယ္လိုမွာခ်င္သလဲ ေမးရမည္။ ေရေဘးသင့္ျပည္သူမ်ားကို အားေပးစကားေလး ေျပာေပးပါဦး တုိက္တြန္းရမည္။ သို႔ေသာ္ ……….. သို႔ေသာ္ ………….. ။

ဒၚစုက “ျမန္မာႏိုင္ငံသည္ အာဆီယံမွာ စီးပြားေရးတိုးတက္မႈ အျမန္ဆန္ဆံုး ႏိုင္ငံျဖစ္သည္”ဟု မၾကာခဏ ထုတ္ေဖာ္ဝင့္ၾကြားေနသည္ကို မီဒီယာမ်ား သိၾကသည္။ ပကတိအရွိတရားႏွင့္ ဆန္႔က်င္ဘက္ ျဖစ္ေနသည့္စကားရပ္မွန္းလည္း မီဒီယာသမားတုိင္း သိၾကသည္။ ဒါကိုအေျခခံ၍ ေရးသားမႈမ်ဳိး ေမးထားမႈမ်ဳိး မျပဳၾကေပ။ ယခုေနာက္ဆံုး ဘဏ္သတင္းဆုိလွ်င္ ေဒၚစုႏွင့္ေတြ႔ဆံု၍ မျဖစ္မေန အင္တာဗ်ဴးရမည့္အဆင့္မ်ဳိး ျဖစ္၏။ သို႔ေသာ္ ……….. သို႔ေသာ္ ………….. ။
ေဒၚစုက ျပည္သူႏွင့္အတူဟု ဆိုင္းဘုတ္ေထာင္ျပထားေသာ္လည္း ျပည္သူဒုကၡေရာက္ေနလွ်င္ ေဒၚစုေပ်ာက္ေနသည္။ တုိင္းေရးျပည္ေရး အခက္အခဲျဖစ္ေနလွ်င္ ေဒၚစုအသံမၾကားရေတာ့ေပ။ ရေဘးသင့္ျပည္သူေတြကို ႏွစ္သိမ့္အားေပးေဖာ္မရခဲ့ေပမယ့္ ေငြေၾကးသတင္းမွာေတာ့ တစ္ဆင့္စကားပါးလုိက္တာကို ေတြ႔ရသည္။ ဘဏ္သတင္းေတြအတြက္ ျပည္သူေတြ မစုိးရိမ္ၾကပါနဲ႔ တဲ့။ ဒါမ်ဳိးက် မ်က္ႏွာမျပေတာ့ေပ။ မ်က္ႏွာျပရေအာင္လည္း အကယ္ဒမီေပးပြဲလို မ်က္ႏွာလွသည့္ ေနရာမ်ဳိးလည္း မဟုတ္၊ ကိုဖီအာနန္လာသလုိ မ်က္ႏွာရသည့္ ေနရာမ်ဳိးလည္း မဟုတ္ျပန္ေပဘူး။

မည္သို႔ဆုိေစ ေရေဘးသင့္ျပည္သူမ်ားထက္စာလွ်င္ ေငြေဘးသင့္ျပည္သူမ်ားက ေဒၚစုအမွာစကား ၾကားေသးသည္ဟုဆိုရမည္။ တစ္တုိင္းျပည္လံုး ေဒၚစုလက္ ေဒၚစုေျခ ျဖစ္ေနျခင္းေၾကာင့္ အဆိုးဝါးဆံုးအေျခအေနသုိ႔ ေရာက္ရွိေနသည့္တုိင္ မီဒီယာမ်ား ႏႈတ္ဆိတ္ေနၾကသေလာက္ အမ်ဳိးသားေရးသမားဆိုလွ်င္ ေလလည္ခြင့္ပင္ မရေအာင္ ဖိႏွိပ္ႏိုင္ခဲ့ၾကသည္။
မဘသႏွင့္ မဟနကို မီဒီယာမ်ားက ပယ္ပယ္နယ္နယ္ ရန္တုိက္ေပးသည္။
အစုိးရႏွင့္ မဘသကို စပါယ္ရွယ္ ရန္တုိက္ေပးသည္။
ျပည္သူႏွင့္ မဘသကို အားရပါးရ ရန္တိုက္ေပးသည္။
သံဃာအခ်င္းခ်င္း ေသြးခြဲမႈလည္း အေတာင္ကၽြမ္းက်င္သည္။
ထုိ႔ေၾကာင့္ မီဒီယာကို မွီခိုေနၾကရေသာ ျပည္သူမ်ားသည္ တစ္ဖက္အျမင္သာ ရွိၾကေလေတာ့ရကား မဘသကိုသာ တစ္ဖက္သတ္ အထင္လြဲကာ အမုန္းပြားခဲ့ၾကေတာ့၏။
အစုိးရကလည္း မည္သုိ႔ေသာ အတိကဝတ္မ်ား ျပဳလုပ္ထားသည္မသိ။ မီဒီယာဖြလွ်င္ အဖြဒဏ္မခံႏိုင္။ အလုပ္မဟုတ္လည္း အလုပ္လုပ္ျပရေတာ့၏။ ႏိုင္ငံတကာက ဖိလွ်င္လည္း အဖိမခံႏိုင္ သူ႔ဆန္စား ရဲျပရေတာ့၏။
ဖြအားႏွင့္ ဖိအားတြင္ ဖြအားက ထိေရာက္မႈႀကီးမားသည္။ ဆက္သြယ္ေရးဥပေဒျပင္ဆင္ဖုိ႔ မီဒီယာေတြက ေဇာင္းေပးေရးသားလာသည့္အခါ ဆက္သြယ္ေရးဥပေဒကို အပူတျပင္း ျပင္ဆင္လုိက္ၾက၏။
အေျခခံဥပေဒျပင္ဆင္ဖုိ႔ မီဒီယာက တအားဖြလာျပန္ေတာ့လည္း အေျခခံဥပေဒျပင္ဆင္ေရးကိုပဲ ဦးစားေပးလုပ္ျပျပန္ေတာ့၏။
ဗစ္တုိးရီးယာအေရးကိုလည္း ၾကည့္လုိက္ပါဦး။ နစ္နာသူေလးရဲ႕ နာမည္အရင္းလည္း မသိရ။ နစ္နာသူဓာတ္ပံုမေျပာနဲ႔ မ်က္ႏွာကို ဖံုးအုပ္ထားသည့္ ပံုရိပ္ေလးေတာင္ မျမင္ၾကရ။ မုဒိမ္းမႈမေျမာက္မွန္းလည္း သိသည္။ ကေလးအခ်င္းခ်င္းလည္း ျဖစ္သည္။ ဒါကိုပဲ အတင္းအဓမၼ ဖိၾက ဖြၾကသည္။ ေနာက္ဆံုးေတာ့ မိေအးႏွစ္ခါမက နာကုန္ၾကရတာပဲ အဖတ္တင္သည္။
ေနျပည္ေတာ္မွာပင္ ဗစ္တုိးရီးယားထက္ ဆိုးဝါးတဲ့ မုဒိမ္းမႈအစစ္အမွန္မ်ဳိး ထပ္ေပၚသည္။ သို႔ေသာ္ ……….. သို႔ေသာ္ ………….. ။

ၿမိတ္ၿမဳိ႕ေဟာေျပာပြဲ၌ စာေရးသူေဟာေျပာခဲ့သည္မွာ ေဒၚစုနာမည္မပါ။ သို႔ေသာ္ မီဒီယာမ်ားက “ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာသည္။ ပုဂၢဳိလ္ေရးတုိက္ခိုက္သည္” စသည္ျဖင့္ တုိက္ရိုက္ႀကီး ဖြၾက၏။ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ညႊန္းေျပာဆိုသည္ဟု “ရည္ညႊန္း”စကားေလးေတာင္ ထည့္မေရးၾက။ ထိုအခါ ဖြအားဒဏ္မခံႏိုင္သူမ်ား ေဒါပြၾကသည္။ ကီးဘုတ္သူရဲေကာင္းမ်ားက အြန္လိုင္းမွာ ဟီးရိုးထပ္လုပ္ၾကသည္။ အစၥလာမ္မစ္ႏွင့္ ႏိုင္ငံတကာအႀကဳိက္ေတြ႔သြားသည္။ ဖိအားႏွင့္ ဖြအား တစ္ၿပဳိင္နက္ခံလုိက္ရေတာ့ မပဋာ ေျမလူးရေတာ့သည္။
သည္ၾကားထဲ စစ္သားကို ဘုရားလိုကိုးကြယ္ရမည္ဟု ေျပာေၾကာင္း ဆက္ဖြခြင့္ ရသြားသည္။ စစ္သားကို ေျပာသည္လည္းမဟုတ္၊ စစ္တပ္ကို ေျပာသည္လည္းမဟုတ္၊ လႊတ္ေတာ္ထဲက စစ္သားကိုယ္စားလွယ္ကိုသာ ေျပာျခင္းျဖစ္ပါလ်က္ စစ္သားကိုကိုးကြယ္ခုိင္းတာဟု လူတုိင္းက ယူဆသြားၾကေတာ့၏။ ထိုအထဲတြင္ ဂဠဳန္နီဆရာေတာ္ ဆိုသူေတာင္ ပါဝင္၏။ သူက ေလ့လာၿပီးမွ တုန္႔ျပန္ရမွာကို မေလ့လာဘဲ တုန္႔ျပန္လာ၏။ စစ္အာဏာရွင္ကိုပဲ ကိုးကြယ္ခိုင္းသလိုလို၊ ေရႊဝါေရာင္ေတြ လက္ပံေတာင္းေတြကို လက္ညႇဳိးထုိးၿပီး ေဒါနဲ႔ေမာနဲ႔ ရန္ေတြ႔ေနရွာ၏။ ပို၍ဆိုးသည္ကား တုိင္းအဆင့္ အစုိးရလူႀကီးမ်ားႏွင့္ မူဆလင္မ်ားေရွ႕ေမွာက္မွာ ေျပာပစ္လုိက္ျခင္း ျဖစ္ေလ၏။ သူ႔ကိုယ္သူ ဟီးရိုးလုပ္ျပသြားေသာ္လည္း သူ႔ကို ဇီးရိုးအဆင့္သာ သတ္မွတ္သြားၾကသူက မ်ားေလသည္။ အေၾကာင္းကား ရဟန္းတစ္ပါးမေကာင္းေၾကာင္းကို ကုလားေရွ႕မွာ ေျပာလုိက္ျခင္းေၾကာင့္ ျဖစ္၏။ ဘုရားသားေတာ္ခ်င္းျဖစ္ပါလ်က္ သာသနာႏွင့္ ဆန္႔က်င္ဘက္ (အညတိတၳိယ)မ်ားေရွ႕မွာ မ်က္ႏွာလိုမ်က္ႏွာရ လုပ္ျပေနျခင္းေၾကာင့္ ျဖစ္၏။ စစ္သားလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ စစ္အာဏာရွင္ မကြဲဘဲ ကၽြဲၿပဲစီးၾကျခင္းေၾကာင့္ ျဖစ္၏။
ထိုသို႔ေသာ ဖိအားႏွင့္ ဖြအားတုိ႔ေၾကာင့္ ေဒါက္ဖိနပ္ ေကာ့ပက္တုန္းက ခံရခက္ခဲ့ေသာ အနာသည္ စစ္သားကို ဘုရားလို ကိုးကြယ္ခိုင္းသည္ဟု ထင္မွတ္မွားသြားရာမွ အနာေပၚ ဒုတ္က်သလို အနာကို ဆားပက္ခံရသလိုျဖစ္ကာ ၾကြက္ဒဏ္မခံႏိုင္၍ က်ီကိုမီးနဲ႔ရႈိ႕လုိက္ၾကေတာ့၏။ အေျဖကား ဝမ္းတူးဖိုး တပ္လိုက္ျခင္းပင္တည္း။
စစ္အာဏာရွင္အစုိးရေတာင္ 124 မသံုးပါ။ အလြန္ဆံုး ၅(ည)သာ သံုးခဲ့ၾက၏။ ဦးသိန္းစိန္လက္ထက္တြင္လည္း ၅၀၅(ခ) မၾကားဖူးသေလာက္ပင္။ အရပ္သားဒီမိုကေရစီအစုိးရလက္ထက္က်မွပဲ အဂၤလိပ္ေခတ္ ျပန္ေရာက္သြားသလား ေအာက္ေမ့ရေတာ့၏။
2017 ခုႏွစ္တုန္းက မန္းသပိတ္စခန္း ၿဖဳိခြင္း၏။ သပိတ္ေခါင္းေဆာင္မ်ားဟုဆိုကာ သံဃာ(၈)ပါး၊ လူ(၄)ဦးကို တရားစြဲလုိက္၏။ မီဒီယာသမားေပးသည့္သတင္း မီဒီယာသမားခိုင္းသည့္အတုိင္း လုပ္လုိက္ရတာ ထင္ရွားပါသည္။
ဦးအရိယဝံသ (ခ) ဦးဇင္းေပါက္ကို သတင္းသမားမ်ား သိၾက၏။ ကိုေက်ာ္မ်ဳိးေရႊကို သတင္းသမားမ်ား သိၾက၏။ ကိုေဂ်ႀကီး(ခ)ကိုတင္ေဇာ္ကို ကို DVB သတင္းေထာက္ ဘႀကီးေအာင္ဆိုသူ ေအာင္ေအာင္ႏိုင္ သိ၏။ ေအာင္ေအာင္ႏိုင္သည္ NLDပါတီဝင္ ျဖစ္၏။ ကိုေဂ်ႀကီးႏွင့္ တစ္ရပ္ကြက္တည္းျဖစ္၏။ ကိုေက်ာ္မ်ဳိးေရႊကို သတင္းသမားမ်ား ညႇဳိးထားသည္မွာလည္း အားလံုးသိၾက၏။ ထိုသို႔ေသာအေျခအေနေၾကာင့္ အျပစ္မရွိဘဲ ဝရမ္းအကပ္ခံခဲ့ရေလေတာ့၏။
ကိုေဂ်ႀကီးသည္ ၉၆၉ အဖြဲ႔ဝင္ျဖစ္ေပသည္။ စာေရးသူ၏ တရားပြဲမ်ားတြင္ စာအုပ္ တရားေခြ လုိက္ေရာင္းေပးသူျဖစ္ပါသည္။ သပိတ္စခန္းမွာ ေခ်ာမိသြားလုိ႔ လွ်ပ္စစ္မီး သြားဆင္ေပးခဲ့သူသာ ျဖစ္ပါသည္။ အျခားဆႏၵျပမႈ ေတာင္းဆိုမႈ အင္အားျပမႈမ်ား၌ လံုးဝ မပါပါ။ (ယခုအခ်ိန္ထိ ဝရမ္းေျပးဘဝမွာပဲ ရွိေနပါသည္။)
ကိုေက်ာ္မ်ဳိးေရႊသည္ ဘေကာင္း အေကာင့္ပုိင္ရွင္ ကိုေဆြဝင္းကို တရားစြဲထားသူသာ ျဖစ္ပါသည္။ ဆြမ္းကပ္သည့္အဖြဲ႔ႏွင့္ အတူလိုက္ပါသြားရံုမွတပါး သပိတ္ကိစၥတစ္ခုမွ် မလုပ္ခဲ့ပါ။ ေထာင္တစ္ႏွစ္ခြဲ အခ်ခံရပါသည္။
ဦးဇင္းေပါက္သည္ စာေရးသူ၏ တပည့္သာ ျဖစ္ပါသည္။ ဗီႏိုင္းကိုင္ေဆာင္ျခင္း၊ ေၾကြးေၾကာ္သံတုိင္ေပးျခင္း၊ လုိက္ဆိုျခင္း၊ သပိတ္ထုိင္ျခင္း၊ သတင္းထုတ္ျပန္ျခင္း စသည့္ကိစၥမ်ား လံုးဝ မလုပ္ပါ။ ညအခါ အတူေစာင့္အိပ္ျခင္းသာ ျဖစ္ပါသည္။ ေထာင္တစ္ႏွစ္ခြဲ အခ်ခံလုိက္ရပါသည္။
မီဒီယာသမားေတြ ဖြလွ်င္ အစုိးရက အေရးတယူ လုပ္ေပးတတ္သလို မီဒီယာသမားေတြ လက္တုိ႔ၿပီး ခုိင္းလွ်င္လည္း သူရဲေကာင္းႀကီးပမာ ရက္ရက္စက္စက္ လုပ္ၾကတတ္ပါသည္။
မယံုမရွိေလနဲ႔။
စာေရးသူကို ေၾကးပစ္ထားတာ မီဒီယာဌာနေတြက အမ်ားဆံုး ျဖစ္ပါသည္။ မီဒီယာသမားေတြ အနံ႔ခံမရ၍သာ စာေရးသူ ယခုလို ေအးေအးေဆးေဆး စာေရးသားႏိုင္ေနျခင္းျဖစ္ပါသည္။ စာေရးသူကို အစုိးရတာဝန္ရွိသူမ်ားထက္ မီဒီယာသမားေတြက ပိုၿပီး အလိုရွိေနၾကပါသည္။ အစုိးရတာဝန္ရွိသူမ်ားထက္ မီဒီယာသမားေတြက စံုစမ္းေထာက္လွမ္းမႈ ျပင္းထန္းၾကပါသည္။
စာေရးသူ ေဘးလြတ္ေရး ဆုေတာင္းၾကသူမ်ားကို မီဒီယာေတြက မလြတ္တမ္း မွတ္တမ္းတင္ၾကပါသည္။ ကင္မရာကိုင္ၿပီး သူတုိ႔ႏွင့္ေရာေယာင္လုိက္သူမ်ား ပိုသိပါသည္။ မီဒီယာသမားအခ်င္းခ်င္း “ရုိက္ ..ရိုက္.. အဲဒီလူကို ေသခ်ာရိုက္” “လံုးဝ မလြတ္ေစနဲ႔၊ တည္ရုိက္”ဟု အမိန္႔ေပးသံမ်ား လက္တုိ႔အခ်က္ျပမႈမ်ား မၾကားခ်င္ မျမင္ခ်င္အဆံုးပါ။
၎ပြဲမွာလည္း မီဒီယာသမားသိသူမ်ားသာ တရားစြဲခံရပါသည္။
ဆုေတာင္းတဲ့အထဲမွာ မပါဘဲ ကင္မရာကိုင္ၿပီး လမ္းတစ္ေလွ်ာက္ မွတ္တမ္းတင္သူမ်ားအနက္ မီဒီယာသမားသိသည့္ ဦးဇင္းေတေဇာ (ဝီရေတေဇာ)ႏွင့္ ဦးဝင္းေမာ္(ေရႊသံစဥ္)တုိ႔သာ တရားစြဲခံလုိက္ရျခင္း ျဖစ္ပါသည္။ ဦးဇင္းေတေဇာက မႏၲေလးမွ လာေရာက္မွတ္တမ္းယူသူျဖစ္သည့္အားေလွ်ာ္စြာ ရန္ကုန္ထိ လာေရာက္အမႈရင္ဆုိင္ေနရပါသည္။
မဂၤလာေတာင္ညြန္႔ျဖစ္ရပ္၊ ေတာင္ဒဂံုျဖစ္ရပ္ ထည့္ေျပာစရာေတာင္ လိုမယ္မထင္ေတာ့ပါ။

မီဒီယာက အစုိးရကို ခုိင္းႏိုင္သလို အစုိးရက မီဒီယာခုိင္းတာ လုပ္ေနရတာဟာ ဖေအတူသားခ်င္း တူလုိ႔လား၊ ဒါမွမဟုတ္ ႏိုင္ကြက္ေတြ႔ထားလုိ႔ အညႇာကိုင္ ခိုင္းေနလုိ႔လား ေတြးေတာစရာမ်ားပင္။
အားလံုးကို သတိေပးလုိသည္မွာ မီဒီယာၾကည္ျဖဴေအာင္ ေနၾကပါ။ မီဒီယာနဲ႔ နီးစပ္ရင္ မီဒီယာသတ္တာ ခံရမယ္။
ဘာေၾကာင့္လဲ
ျမန္မာျပည္ကို မီဒီယာ အုပ္ခ်ဳပ္ေနလုိ႔ပဲ။
မီဒီယာဆိုတာ ကုလားသား ျဖစ္ေနလို႔ပါပဲ။
(ကုလားအားကိုးနဲ႔ မုိက္ေနသည့္ တုိင္းဖ်က္ျပည္ဖ်က္ သစၥာေဖာက္ေလာက္ေကာင္ သတင္းသမားမ်ားႏွင့္ သတင္းဌာနမ်ားကိုသာ ရည္ညႊန္းပါသည္။)


ဝီရသူ(မစိုးရိမ္)
8.9.2019
AM-10:20

“မြန်မာပြည်ကို မီဒီယာအုပ်ချုပ်သည်” (မီဒီယာကြောင့် နစ်နာခဲ့ရသော အပြစ်မဲ့ သံဃာနှင့် ပြည်သူများ)

ဒေါက်တာဇော်မြင့်မောင်ကတော့ အခြေခံဥပဒေမှာ စတုတ္ထမဏ္ဍိုင်မပါဘူးဟုဆိုသည်။ သူ့အလိုဆိုရလျှင် မီဒီယာကို သူထောက်ပြတာတွေကလည်း သဘာဝကျသည်။ သို့သော် မီဒီယာလွှင့်သည့် မီတာခသတင်းများကလည်း အမှန်ပင်ဖြစ်သည်။အမှန်အတိုင်း မျှမျှတတ လွှင့်တာတောင် သူတို့ခံံရခက်လျှင် တစ်ဖက်စောင်းနင်း တိုက်ခိုက်ခံရသူ ဆိုလျှင်ပြောစရာပင်မလိုချေ။ ဖေ့စ်ဘုတ်သတင်းများက လူထုထံအရောက်မြန်တော့ အွန်လိုင်းမီဒီယာတွေသာ အလုပ်ဖြစ်သည်။ ပုံနှိပ်မီဒီယာတွေ အမှည့်ကြွေသလို တစ်ဖြုတ်ဖြုတ်နှင့် ဖြုတ်သိမ်းနေကြရ၏။ ရေရှည်ရပ်တည်လို သူများကစ ပွန်ဆာရှာကြသည်။ စပွန်ဆာပေးသူကလည်း နိဗ္ဗာနဿ စ္စယော ဟောတု ရွတ်ဆိုပြီး လွတ်လွတ်ကျွတ်ကျွတ် ရေစက်ချလှူဒါန်းကြသူများ မဟုတ်ကြ။ ကတိကဝတ်တွေ တောင်းသည်။ သဘောတူစာချုပ် ချုပ်ဆိုရသည်။ သို့အတွက် စပွန်ဆာအကြိုက်သာ ရေးသားကြရတော့၏။ ထိုအခါ ပြည်သူများ မျက်လုံးတစ်ဖက်ကန်းသွားကြရလေသတည်း။
အစိုးရကောင်းသတင်းသာ ရေးကြသည်။ ချို့ယွင်းချက်တွေ မရေးသားကြတော့ပေ။ မီဒီယာအောက်ရှိ ပြည်သူများက အစိုးရအားသာချက်ပဲ မြင်တော့၏။ ဝေဖန်ထောက်ပြကြသူများကို အပြစ်မြင်ကြကာ အမျိုးသားရေးသမားများ နိုင်ငံရေးသုတေသီများသည် အမုန်းကောင်ကြီး ဖြစ်သွားကြလေတော့သတည်း။
ဤသည်မှာ ပြည်သူများ တစ်ဖက်အမြင်သာရှိတော့သဖြင့် ဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားသောကြောင့် ရန်သူကို မိတ်ဆွေထင်ကာ မိတ်ဆွေကို ရန်သူလို သဘောထားမိခြင်း ဖြစ်လေသည်။

အခုလို စစ်ဘေး ရေဘေးများ ဖြစ်ပွားနေချိန်တွင် ဈေးပွဲတော်ထွက်သည်၊ ညစာစားပွဲတက်သည်၊ ဘုရားဖူးသွားသည်၊ လေညှင်းခံကြွသည် စသည့် လုပ်ရပ်များ ပြုမူမိပါက ဦးသိန်းစိန်ဆိုလျှင် ကျီးအာသလို ဝိုင်းအာကြမည်မှာ မလွဲပေ။ ဒေါ်စုဖြစ်နေ၍သာ မီဒီယာများ မအာကြခြင်းဖြစ်၏။
မီတာခတွေ အဆမတန် ဈေးမြှင့်ပစ်လိုက်သည်။ တိုင်းပြည်၏ လိုအပ်ချက်မဟုတ်ဘဲ ကလေးမွေးစားခွင့်ဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းပစ်လိုက်သည်။ ထိုနှစ်မျိုးကို ဦးသိန်းစိန်ချိုးဖောက်လျှင် ဂျွမ်းပြန်ကျအောင် တွန်းလှန်ကြလိုက်မည့်အမျိုး။ အခုတော့ မီဒီယာတွေ မာမာတင်းတင်းတောင် မရေးသားရဲကြ။
အစိုးရနဲ့ ထိပ်တိုက်တွေ့လျှင် နာမည်။ စပွန်ဆာမပေးတော့လျှင်လည်း နာမည်။ ဤသို့သော နာဘေးများကို အသာလေးရှောင်ထွက်ခြင်းက မီဒီယာအတွက် အသက်ရှူအချောင်ဆုံးနည်းလမ်းဖြစ်သည်။
ကာချုပ်ကြီးကိုဆိုလျှင် တောကြိုတောင်ကြားအထိလိုက်၍ သတင်းယူတာတွေ့ရ၏။ စစ်ဖြစ်နေတာတောင်မှ အခြေခံဥပဒေသတင်း လာမေးသူက မေးသေးသည်။ ဒေါ်စု မန္တလေးလာသည်။ တစ်ရက်တည်း လေးငါးနေရာသွားသည်။ ဘယ်မီဒီယာမှ မမေးကြပါ။
ရေဘေးအတွက် အစိုးရက ဘယ်လိုဆောင်ရွက်ထားသလဲ မေးရမည်။ ရေဘေးသင့်ပြည်သူများကို ဘယ်လိုမှာချင်သလဲ မေးရမည်။ ရေဘေးသင့်ပြည်သူများကို အားပေးစကားလေး ပြောပေးပါဦး တိုက်တွန်းရမည်။ သို့သော် ……….. သို့သော် ………….. ။
ဒေါ်စုက “မြန်မာနိုင်ငံသည် အာဆီယံမှာ စီးပွားရေးတိုးတက်မှု အမြန်ဆန်ဆုံး နိုင်ငံဖြစ်သည်”ဟု မကြာခဏ ထုတ်ဖော်ဝင့်ကြွားနေသည်ကို မီဒီယာများ သိကြသည်။ ပကတိအရှိတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့်စကားရပ်မှန်းလည်း မီဒီယာသမားတိုင်း သိကြသည်။ ဒါကိုအခြေခံ၍ ရေးသားမှုမျိုး မေးထားမှုမျိုး မပြုကြပေ။
ယခုနောက်ဆုံး ဘဏ်သတင်းဆိုလျှင် ဒေါ်စုနှင့်တွေ့ဆုံ၍ မဖြစ်မနေ အင်တာဗျူးရမည့်အဆင့်မျိုး ဖြစ်၏။ သို့သော် ……….. သို့သော် ………….. ။
ဒေါ်စုက ပြည်သူနှင့်အတူဟု ဆိုင်းဘုတ်ထောင်ပြထားသော်လည်း ပြည်သူဒုက္ခရောက်နေလျှင် ဒေါ်စုပျောက်နေသည်။ တိုင်းရေးပြည်ရေး အခက်အခဲဖြစ်နေလျှင် ဒေါ်စုအသံမကြားရတော့ပေ။
ရေဘေးသင့်ပြည်သူတွေကို နှစ်သိမ့်အားပေးဖော်မရခဲ့ပေမယ့် ငွေကြေးသတင်းမှာတော့ တစ်ဆင့်စကားပါးလိုက်တာကို တွေ့ရသည်။ ဘဏ်သတင်းတွေအတွက် ပြည်သူတွေ မစိုးရိမ်ကြပါနဲ့ တဲ့။ ဒါမျိုးကျ မျက်နှာမပြတော့ပေ။ မျက်နှာပြရအောင်လည်း အကယ်ဒမီပေးပွဲလို မျက်နှာလှသည့် နေရာမျိုးလည်း မဟုတ်၊ ကိုဖီအာနန်လာသလို မျက်နှာရသည့် နေရာမျိုးလည်း မဟုတ်ပြန်ပေဘူး။
မည်သို့ဆိုစေ ရေဘေးသင့်ပြည်သူများထက်စာလျှင် ငွေဘေးသင့်ပြည်သူများက ဒေါ်စုအမှာစကား ကြားသေးသည်ဟုဆိုရမည်။
တစ်တိုင်းပြည်လုံး ဒေါ်စုလက် ဒေါ်စုခြေ ဖြစ်နေခြင်းကြောင့် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိနေသည့်တိုင် မီဒီယာများ နှုတ်ဆိတ်နေကြသလောက် အမျိုးသားရေးသမားဆိုလျှင် လေလည်ခွင့်ပင် မရအောင် ဖိနှိပ်နိုင်ခဲ့ကြသည်။
မဘသနှင့် မဟနကို မီဒီယာများက ပယ်ပယ်နယ်နယ် ရန်တိုက်ပေးသည်။
အစိုးရနှင့် မဘသကို စပါယ်ရှယ် ရန်တိုက်ပေးသည်။
ပြည်သူနှင့် မဘသကို အားရပါးရ ရန်တိုက်ပေးသည်။
သံဃာအချင်းချင်း သွေးခွဲမှုလည်း အတောင်ကျွမ်းကျင်သည်။
ထို့ကြောင့် မီဒီယာကို မှီခိုနေကြရသော ပြည်သူများသည် တစ်ဖက်အမြင်သာ ရှိကြလေတော့ရကား မဘသကိုသာ တစ်ဖက်သတ် အထင်လွဲကာ အမုန်းပွားခဲ့ကြတော့၏။
အစိုးရကလည်း မည်သို့သော အတိကဝတ်များ ပြုလုပ်ထားသည်မသိ။ မီဒီယာဖွလျှင် အဖွဒဏ်မခံနိုင်။ အလုပ်မဟုတ်လည်း အလုပ်လုပ်ပြရတော့၏။ နိုင်ငံတကာက ဖိလျှင်လည်း အဖိမခံနိုင် သူ့ဆန်စား ရဲပြရတော့၏။
ဖွအားနှင့် ဖိအားတွင် ဖွအားက ထိရောက်မှုကြီးမားသည်။ ဆက်သွယ်ရေးဥပဒေပြင်ဆင်ဖို့ မီဒီယာတွေက ဇောင်းပေးရေးသားလာသည့်အခါ ဆက်သွယ်ရေးဥပဒေကို အပူတပြင်း ပြင်ဆင်လိုက်ကြ၏။
အခြေခံဥပဒေပြင်ဆင်ဖို့ မီဒီယာက တအားဖွလာပြန်တော့လည်း အခြေခံဥပဒေပြင်ဆင်ရေးကိုပဲ ဦးစားပေးလုပ်ပြပြန်တော့၏။
ဗစ်တိုးရီးယာအရေးကိုလည်း ကြည့်လိုက်ပါဦး။ နစ်နာသူလေးရဲ့ နာမည်အရင်းလည်း မသိရ။ နစ်နာသူဓာတ်ပုံမပြောနဲ့ မျက်နှာကို ဖုံးအုပ်ထားသည့် ပုံရိပ်လေးတောင် မမြင်ကြရ။ မုဒိမ်းမှုမမြောက်မှန်းလည်း သိသည်။ ကလေးအချင်းချင်းလည်း ဖြစ်သည်။ ဒါကိုပဲ အတင်းအဓမ္မ ဖိကြ ဖွကြသည်။ နောက်ဆုံးတော့ မိအေးနှစ်ခါမက နာကုန်ကြရတာပဲ အဖတ်တင်သည်။
နေပြည်တော်မှာပင် ဗစ်တိုးရီးယားထက် ဆိုးဝါးတဲ့ မုဒိမ်းမှုအစစ်အမှန်မျိုး ထပ်ပေါ်သည်။ သို့သော် ……….. သို့သော် ………….. ။

မြိတ်မြို့ဟောပြောပွဲ၌ စာရေးသူဟောပြောခဲ့သည်မှာ ဒေါ်စုနာမည်မပါ။ သို့သော် မီဒီယာများက “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြောသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်” စသည်ဖြင့် တိုက်ရိုက်ကြီး ဖွကြ၏။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသည်ဟု “ရည်ညွှန်း”စကားလေးတောင် ထည့်မရေးကြ။ ထိုအခါ ဖွအားဒဏ်မခံနိုင်သူများ ဒေါပွကြသည်။ ကီးဘုတ်သူရဲကောင်းများက အွန်လိုင်းမှာ ဟီးရိုးထပ်လုပ်ကြသည်။ အစ္စလာမ်မစ်နှင့် နိုင်ငံတကာအကြိုက်တွေ့သွားသည်။ ဖိအားနှင့် ဖွအား တစ်ပြိုင်နက်ခံလိုက်ရတော့ မပဋာ မြေလူးရတော့သည်။
သည်ကြားထဲ စစ်သားကို ဘုရားလိုကိုးကွယ်ရမည်ဟု ပြောကြောင်း ဆက်ဖွခွင့် ရသွားသည်။ စစ်သားကို ပြောသည်လည်းမဟုတ်၊ စစ်တပ်ကို ပြောသည်လည်းမဟုတ်၊ လွှတ်တော်ထဲက စစ်သားကိုယ်စားလှယ်ကိုသာ ပြောခြင်းဖြစ်ပါလျက် စစ်သားကိုကိုးကွယ်ခိုင်းတာဟု လူတိုင်းက ယူဆသွားကြတော့၏။ ထိုအထဲတွင် ဂဠုန်နီဆရာတော် ဆိုသူတောင် ပါဝင်၏။ သူက လေ့လာပြီးမှ တုန့်ပြန်ရမှာကို မလေ့လာဘဲ တုန့်ပြန်လာ၏။ စစ်အာဏာရှင်ကိုပဲ ကိုးကွယ်ခိုင်းသလိုလို၊ ရွှေဝါရောင်တွေ လက်ပံတောင်းတွေကို လက်ညှိုးထိုးပြီး ဒေါနဲ့မောနဲ့ ရန်တွေ့နေရှာ၏။ ပို၍ဆိုးသည်ကား တိုင်းအဆင့် အစိုးရလူကြီးများနှင့် မူဆလင်များရှေ့မှောက်မှာ ပြောပစ်လိုက်ခြင်း ဖြစ်လေ၏။ သူ့ကိုယ်သူ ဟီးရိုးလုပ်ပြသွားသော်လည်း သူ့ကို ဇီးရိုးအဆင့်သာ သတ်မှတ်သွားကြသူက များလေသည်။ အကြောင်းကား ရဟန်းတစ်ပါးမကောင်းကြောင်းကို ကုလားရှေ့မှာ ပြောလိုက်ခြင်းကြောင့် ဖြစ်၏။ ဘုရားသားတော်ချင်းဖြစ်ပါလျက် သာသနာနှင့် ဆန့်ကျင်ဘက် (အညတိတ္ထိယ)များရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်ပြနေခြင်းကြောင့် ဖြစ်၏။ စစ်သားလွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အာဏာရှင် မကွဲဘဲ ကျွဲပြဲစီးကြခြင်းကြောင့် ဖြစ်၏။
ထိုသို့သော ဖိအားနှင့် ဖွအားတို့ကြောင့် ဒေါက်ဖိနပ် ကော့ပက်တုန်းက ခံရခက်ခဲ့သော အနာသည် စစ်သားကို ဘုရားလို ကိုးကွယ်ခိုင်းသည်ဟု ထင်မှတ်မှားသွားရာမှ အနာပေါ် ဒုတ်ကျသလို အနာကို ဆားပက်ခံရသလိုဖြစ်ကာ ကြွက်ဒဏ်မခံနိုင်၍ ကျီကိုမီးနဲ့ရှို့လိုက်ကြတော့၏။ အဖြေကား ဝမ်းတူးဖိုး တပ်လိုက်ခြင်းပင်တည်း။
စစ်အာဏာရှင်အစိုးရတောင် 124 မသုံးပါ။ အလွန်ဆုံး ၅(ည)သာ သုံးခဲ့ကြ၏။ ဦးသိန်းစိန်လက်ထက်တွင်လည်း ၅၀၅(ခ) မကြားဖူးသလောက်ပင်။ အရပ်သားဒီမိုကရေစီအစိုးရလက်ထက်ကျမှပဲ အင်္ဂလိပ်ခေတ် ပြန်ရောက်သွားသလား အောက်မေ့ရတော့၏။
2017 ခုနှစ်တုန်းက မန်းသပိတ်စခန်း ဖြိုခွင်း၏။ သပိတ်ခေါင်းဆောင်များဟုဆိုကာ သံဃာ(၈)ပါး၊ လူ(၄)ဦးကို တရားစွဲလိုက်၏။ မီဒီယာသမားပေးသည့်သတင်း မီဒီယာသမားခိုင်းသည့်အတိုင်း လုပ်လိုက်ရတာ ထင်ရှားပါသည်။
ဦးအရိယဝံသ (ခ) ဦးဇင်းပေါက်ကို သတင်းသမားများ သိကြ၏။ ကိုကျော်မျိုးရွှေကို သတင်းသမားများ သိကြ၏။ ကိုဂျေကြီး(ခ)ကိုတင်ဇော်ကို ကို DVB သတင်းထောက် ဘကြီးအောင်ဆိုသူ အောင်အောင်နိုင် သိ၏။ အောင်အောင်နိုင်သည် NLDပါတီဝင် ဖြစ်၏။ ကိုဂျေကြီးနှင့် တစ်ရပ်ကွက်တည်းဖြစ်၏။ ကိုကျော်မျိုးရွှေကို သတင်းသမားများ ညှိုးထားသည်မှာလည်း အားလုံးသိကြ၏။ ထိုသို့သောအခြေအနေကြောင့် အပြစ်မရှိဘဲ ဝရမ်းအကပ်ခံခဲ့ရလေတော့၏။
ကိုဂျေကြီးသည် ၉၆၉ အဖွဲ့ဝင်ဖြစ်ပေသည်။ စာရေးသူ၏ တရားပွဲများတွင် စာအုပ် တရားခွေ လိုက်ရောင်းပေးသူဖြစ်ပါသည်။ သပိတ်စခန်းမှာ ချောမိသွားလို့ လျှပ်စစ်မီး သွားဆင်ပေးခဲ့သူသာ ဖြစ်ပါသည်။ အခြားဆန္ဒပြမှု တောင်းဆိုမှု အင်အားပြမှုများ၌ လုံးဝ မပါပါ။ (ယခုအချိန်ထိ ဝရမ်းပြေးဘဝမှာပဲ ရှိနေပါသည်။)
ကိုကျော်မျိုးရွှေသည် ဘကောင်း အကောင့်ပိုင်ရှင် ကိုဆွေဝင်းကို တရားစွဲထားသူသာ ဖြစ်ပါသည်။ ဆွမ်းကပ်သည့်အဖွဲ့နှင့် အတူလိုက်ပါသွားရုံမှတပါး သပိတ်ကိစ္စတစ်ခုမျှ မလုပ်ခဲ့ပါ။ ထောင်တစ်နှစ်ခွဲ အချခံရပါသည်။
ဦးဇင်းပေါက်သည် စာရေးသူ၏ တပည့်သာ ဖြစ်ပါသည်။ ဗီနိုင်းကိုင်ဆောင်ခြင်း၊ ကြွေးကြော်သံတိုင်ပေးခြင်း၊ လိုက်ဆိုခြင်း၊ သပိတ်ထိုင်ခြင်း၊ သတင်းထုတ်ပြန်ခြင်း စသည့်ကိစ္စများ လုံးဝ မလုပ်ပါ။ ညအခါ အတူစောင့်အိပ်ခြင်းသာ ဖြစ်ပါသည်။ ထောင်တစ်နှစ်ခွဲ အချခံလိုက်ရပါသည်။
မီဒီယာသမားတွေ ဖွလျှင် အစိုးရက အရေးတယူ လုပ်ပေးတတ်သလို မီဒီယာသမားတွေ လက်တို့ပြီး ခိုင်းလျှင်လည်း သူရဲကောင်းကြီးပမာ ရက်ရက်စက်စက် လုပ်ကြတတ်ပါသည်။
မယုံမရှိလေနဲ့။
စာရေးသူကို ကြေးပစ်ထားတာ မီဒီယာဌာနတွေက အများဆုံး ဖြစ်ပါသည်။ မီဒီယာသမားတွေ အနံ့ခံမရ၍သာ စာရေးသူ ယခုလို အေးအေးဆေးဆေး စာရေးသားနိုင်နေခြင်းဖြစ်ပါသည်။ စာရေးသူကို အစိုးရတာဝန်ရှိသူများထက် မီဒီယာသမားတွေက ပိုပြီး အလိုရှိနေကြပါသည်။ အစိုးရတာဝန်ရှိသူများထက် မီဒီယာသမားတွေက စုံစမ်းထောက်လှမ်းမှု ပြင်းထန်းကြပါသည်။
စာရေးသူ ဘေးလွတ်ရေး ဆုတောင်းကြသူများကို မီဒီယာတွေက မလွတ်တမ်း မှတ်တမ်းတင်ကြပါသည်။ ကင်မရာကိုင်ပြီး သူတို့နှင့်ရောယောင်လိုက်သူများ ပိုသိပါသည်။ မီဒီယာသမားအချင်းချင်း “ရိုက် ..ရိုက်.. အဲဒီလူကို သေချာရိုက်” “လုံးဝ မလွတ်စေနဲ့၊ တည်ရိုက်”ဟု အမိန့်ပေးသံများ လက်တို့အချက်ပြမှုများ မကြားချင် မမြင်ချင်အဆုံးပါ။
၎င်းပွဲမှာလည်း မီဒီယာသမားသိသူများသာ တရားစွဲခံရပါသည်။
ဆုတောင်းတဲ့အထဲမှာ မပါဘဲ ကင်မရာကိုင်ပြီး လမ်းတစ်လျှောက် မှတ်တမ်းတင်သူများအနက် မီဒီယာသမားသိသည့် ဦးဇင်းတေဇော (ဝီရတေဇော)နှင့် ဦးဝင်းမော်(ရွှေသံစဉ်)တို့သာ တရားစွဲခံလိုက်ရခြင်း ဖြစ်ပါသည်။ ဦးဇင်းတေဇောက မန္တလေးမှ လာရောက်မှတ်တမ်းယူသူဖြစ်သည့်အားလျှော်စွာ ရန်ကုန်ထိ လာရောက်အမှုရင်ဆိုင်နေရပါသည်။
မင်္ဂလာတောင်ညွန့်ဖြစ်ရပ်၊ တောင်ဒဂုံဖြစ်ရပ် ထည့်ပြောစရာတောင် လိုမယ်မထင်တော့ပါ။

မီဒီယာက အစိုးရကို ခိုင်းနိုင်သလို အစိုးရက မီဒီယာခိုင်းတာ လုပ်နေရတာဟာ ဖအေတူသားချင်း တူလို့လား၊ ဒါမှမဟုတ် နိုင်ကွက်တွေ့ထားလို့ အညှာကိုင် ခိုင်းနေလို့လား တွေးတောစရာများပင်။
အားလုံးကို သတိပေးလိုသည်မှာ မီဒီယာကြည်ဖြူအောင် နေကြပါ။ မီဒီယာနဲ့ နီးစပ်ရင် မီဒီယာသတ်တာ ခံရမယ်။
ဘာကြောင့်လဲ
မြန်မာပြည်ကို မီဒီယာ အုပ်ချုပ်နေလို့ပဲ။
မီဒီယာဆိုတာ ကုလားသား ဖြစ်နေလို့ပါပဲ။
(ကုလားအားကိုးနဲ့ မိုက်နေသည့် တိုင်းဖျက်ပြည်ဖျက် သစ္စာဖောက်လောက်ကောင် သတင်းသမားများနှင့် သတင်းဌာနများကိုသာ ရည်ညွှန်းပါသည်။)
ဝီရသူ(မစိုးရိမ်)
8.9.2019
AM-10:20