သတင္းေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၂)`


“အာဟာရ က်င့္စဥ္”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

စာေရးသူသည္ မနက္အေစာ အစာအျဖစ္ ယာဂု(ဆန္ျပဳတ္) ဘုဥ္းေပးေလ့ရွိေသာေၾကာင့္ ေန႔ဆြမ္းမတိုင္ခင္ကာလ၌ ဗိုက္ဆာေလ့ရွိပါသည္။ ထို႔ေၾကာင့္ အ႐ုဏ္ဆြမ္းကပ္ရာ၌ ပါဝင္ေသာ သစ္သီးပြဲ သစ္ေစ့ပြဲမ်ားကို စာၾကည့္စားပြဲ၌ ေျပာင္းေ႐ႊ႕ထားရွိပါသည္။ မနက္ ၉း၀၀နာရီခန္႔ စာၾကည့္လ်က္ျဖစ္ေစ၊ အလုပ္နားလ်က္ျဖစ္ေစ ပန္းသီး လိေမၼာ္သီး သီဟိုဠ္ေစ့ မကာေရးနီးယား(ပဲဆိမ့္ေစ့) ၾကယ္ပဲေလွာ္ စသည္မ်ား ဘုဥ္းေပးေလ့ရွိပါသည္။ အလုပ္မ်ားလွ်င္မ်ားသလို စိတ္ရႈပ္လွ်င္ရႈပ္သလို ဗိုက္ဆာတတ္ေသာေၾကာင့္ ေန႔ဆြမ္းမစားမီ သစ္သီးပြဲ သစ္ေစ့ပြဲမ်ား ဘုဥ္းေပးလိုက္ရမွ ေနသာထိုင္သာရွိျခင္း ျဖစ္ပါသည္။

စပစ္သီးဘုဥ္းေပးလွ်င္ အေစ့ေရာ အခြံပါ ဝါးစားပါသည္။ ပန္းသီးႏွင့္ သရက္သီးဆိုလွ်င္ အခြံမသင္ဘဲ ဘုဥ္းေပးပါသည္။ မင္းဂြတ္သီးဆိုလွ်င္ အသားေရာ အေစ့ပါ စားသည့္အျပင္ အခြံ၏အတြင္းသားမ်ားကို ဇြန္းေသးေလးျဖင့္ ျခစ္ကာ ဝါးစားပါသည္။ အေတာ္ခါးပါသည္။ ေရာဂါႀကီးႀကီးမားမား မစြဲကပ္ေရး ျဖစ္ပါသည္။

ေန႔လယ္ေန႔ခင္း အနားယူၿပီးသည့္အခါ၌လည္း သစ္သီးေဖ်ာ္ရည္မ်ား အဝေသာက္ေလ့ရွိပါသည္။ ပန္းသီး၊ လိေမၼာ္သီ၊ ငွက္ေပ်ာသီး၊ ေထာပတ္သီး၊ နဂါးေမာက္သီး စသည္တို႔ကို ေန႔စဥ္တစ္လွည့္စီ ေဖ်ာ္ကပ္ၾကပါသည္။ အိပ္ရာႏိုးလွ်င္ေဖ်ာ္ရည္ေသာက္လိုက္ရမွ အလုပ္လုပ္၍ ေကာင္းပါသည္။

အေအးေသာက္သည့္အခါ ဘူးမ်ား၊ ပုလင္းမ်ား ေရွာင္သည္။ အခ်ိဳ႕ကို အယုံအၾကည္မရွိျခင္း၊ အခ်ိဳ႕ကို က်န္းမာေရးႏွင့္မညီၫြတ္ျခင္းေၾကာင့္ ေရွာက္ၾကဥ္ျခင္းျဖစ္ပါသည္။ တရားပြဲမွရလာသည့္ အေအးဘူးမ်ား၊ လာေရာက္လႉဒါန္းသည့္ အေအးဘူးမ်ားရွိလွ်င္ ေရခဲေသတၱာထဲ ထည့္ထားကာ ဧည့္သည္ အာဂႏၲဳမ်ားအား ဧည့္ခံျခင္း၊ ေဝယ်ာဝစၥမ်ား လုပ္အားေပးမ်ားအား တိုက္ေကၽြးျခင္းမ်ား ျပဳလုပ္ေလ့ရွိပါသည္။ တရားပြဲမ်ား၊ အခမ္းအနားမ်ား၌ အေအးဘူးမ်ားဆက္ကပ္ၾကလွ်င္လည္း တပည့္မ်ားကိုသာ ကပ္ခိုင္းလိုက္ပါသည္။ စာေရးသူကမူ က်န္းမာေရးအရ ဘူး ပုလင္းမ်ား ေရွာင္ၾကဥ္ေၾကာင္း ေျပာေလ့ရွိပါသည္။ “က်ဳပ္တို႔က ဘူးဂိုဏ္း ပုလင္းဂိုဏ္း အေအးဂိုဏ္း မဟုတ္ဘူးဗ်၊ မတ္ခြက္ဂိုဏ္း၊ ပန္းကန္လုံးဂိုဏ္း၊ ေရေႏြးဂိုဏ္းေတြဗ်”ဟု ရယ္စရာေသာစရာအျဖစ္ ေျပာျပတတ္ပါသည္။ မွန္ပါသည္။ စာေရးသူသည္ ေရခဲႏွင့္မတည့္ပါ။ ေရခဲေရလည္း မတည့္ပါ။ လွ်ာအပူကန္ျခင္း၊ ခံတြင္းအပူေလာင္ျခင္း၊ ႏႈတ္ခမ္းေပါက္ျခင္းမ်ား ျဖစ္တတ္ေသာေၾကာင့္ အေအးေရွာင္ျခင္း ျဖစ္ပါသည္။ အေအးလာကပ္သည့္အခါလည္း ေရခဲဖယ္၍ ေသာက္ပါသည္။ ေက်ာင္းမွာေနလွ်င္ ေရေႏြးသာ ေသာက္ေလ့ရွိပါသည္။ ေရလုံးဝ မေသာက္ပါ။ ခရီးသြားလွ်င္လည္း ေရေႏြးဘူး အၿမဲေဆာင္ထားေလ့ရွိပါသည္။ ေဖ်ာ္ရည္ဆိုလွ်င္လည္း စက္ျဖင့္ေဖ်ာ္သည္ျဖစ္ေစ၊ လက္ျဖင့္ေဖ်ာ္သည္ျဖစ္ေစ လတ္ဆတ္သည့္ သစ္သီးေဖ်ာ္ရည္မ်ားကိုသာ စြဲစြဲၿမဲၿမဲေသာက္ပါသည္။ ဘူးမ်ား ပုလင္းမ်ား ေရွာင္ၾကဥ္သလို သစ္သီးအဆီမ်ားလည္း ေရွာင္ၾကဥ္ပါသည္။ ဥပမာ-ဇီးေဖ်ာ္ရၫ္ျပဳလုပ္ရႏ္ အဆီထုတ္ထားေသာ ဇီးသီးအဆီစသၫ့္ အသင့္ေဖ်ာ္ အဆီမ်ားကို ေရွာင္ျခင္းျဖစ္ပါသည္။ တရားပြဲမ်ား၌ ဘူးမ်ား ပုလင္းမ်ားသာရွိသည့္အခါ ပ်ားသံပုရာသာ ဘုဥ္းေပးပါသည္။ အသင့္ယူလာေသာပ်ားရည္ထဲ သံပုရာသီးညႇစ္ထည့္ကာ ေရေႏြးပူပူျဖင့္ ေဖ်ာ္စပ္ၿပီး ဘုဥ္းေပးပါသည္။ အာဟာရလည္းျဖစ္ အားလည္းရွိ အပန္းလည္းေျပ ေခါင္းလည္းၾကည္လင္ ကိုယ္လည္းလန္းဆန္းသျဖင့္ ပ်ားသံပုရာကို အၿမဲေဆာင္ထားေလ့ရွိပါသည္။

ေကာ္ဖီ လဘက္ရည္လည္း ေရွာင္ၾကဥ္ပါသည္။ လဘက္ရည္ေရွာင္သည္မွာ ကေလးအရြယ္ကတည္းက ျဖစ္ပါသည္။ အနံ႔ပင္ မခံႏိုင္ပါ။ အရသာလၫ္း မေတြ႔ပါ။ မႀကိဳက္ေသာေၾကာင့္ မေသာက္ျခင္း ဟူလိုေသာ္….။ ေကာ္ဖီမေသာက္ျခင္းကား က်န္းမာေရးေၾကာင့္ ျဖစ္ပါသည္။ မနက္အေစာ ဆြမ္းကပ္ပြဲတစ္ခုမွ ေကာ္ဖီေသာက္လာမိပါသည္။ အျပန္တရားထုိင္သည့္အခါ ႏွလံုးခုန္သံကိုသာ မွတ္ေနရပါသည္။ ႏွလံုးခုန္သံ ျမန္ေန ၾကမ္းေနပါသည္။ ထိုအခါမွစ၍ ေကာ္ဖီေရွာင္ခဲ့သည္မွာ ယခုဆိုလွ်င္ ႏွစ္ေပါင္း ႏွစ္ဆယ္ပင္ ရွိပါၿပီ။ “ေရာင္းတန္းေတြကသာ မေကာင္းတာ ေကာ္ဖီအစစ္ ေကာင္းပါတယ္”ဟု အေျပာမ်ားသျဖင့္ စမ္းေသာက္ၾကည့္ေသာ္လည္း ႏွလံုးခုန္သံၾကမ္းသည္ ျမန္သည္ပင္။ ေကာ္ဖီတြင္ပါဝင္ေသာ ကဖိန္းဓာတ္၏ လက္ခ်က္ျဖစ္ပါသည္။ ၎ဓာတ္က စိတ္ၾကည္လင္ေအာင္ ႏွလံုးကို အဆမတန္ ေမာင္းႏွင္ပံုရပါသည္။ ေၾကာက္လွပါေတာ့၏။ ထို႔ေၾကာင့္ ေကာ္ဖီဆိုလွ်င္ မည္သို႔ေကာင္းသည္၊ မည္မွ်ေပးရသည္၊ မည္သည့္ေနရာမွ မွာယူရသည္ စသည္ျဖင့္ ေကာ္ဖီခ်ီးမြမ္းခန္းထုတ္ေစကာမူ လံုးဝ မေသာက္ပါ။ ေထရ္ႀကီးဝါႀကီးမ်ားက ဇြတ္တုိက္သည့္အခါမ်ဳိးႏွင့္ ႀကဳံရလွ်င္လည္း အားနာနာျဖင့္ တစ္ငံုသာ ေသာက္ျပတတ္ပါသည္။ ဆြမ္းပြဲမွာ ေစ်းႀကီးေကာ္ဖီပါလာလွ်င္လည္း ခြင့္ေတာင္းကာ ေက်ာင္းအထိသယ္လာခဲ့ပါသည္။ တပည့္မ်ားအႀကဳိက္ေတြ႔ၾက၏။

မရွိလွ်င္မျဖစ္ မပါလွ်င္မၿပီးဟု ဆိုရေလာက္သည္အထိ စြဲလန္းႀကဳိက္လြန္းေသာ အစားအစာ မရွိပါ။ က်န္းမာေရးႏွင့္ညီညြတ္သည္ဟုဆိုလွ်င္ မေကာင္းသည္ျဖစ္ေစ မႀကဳိက္သည္ျဖစ္ေစ မ်ားမ်ားစားပါသည္။ ဥပမာ- ခဲသီး၊ ရုံးပတီသီးစသည္ ျဖစ္ပါသည္။ က်န္းမာေရးႏွင့္ မညီညြတ္ဟုဆိုလွ်င္ ေကာင္းသည္ျဖစ္ေစ ႀကဳိက္သည္ျဖစ္ေစ လံုးဝ မစားေတာ့ပါ။ ဥပမာ- ကိတ္မုန္႔အေကာင္းစားမ်ားႏွင့္ အသားတုမ်ား စသည္တုိ႔ပင္တည္း။

စာေရးသူသည္ ဝိကာလေဘာဇနကို အၿမဲေရွာင္ၾကဥ္ပါသည္။ ဝိနည္းထို(ဓိုရ္)၍ မဟုတ္ပါ။ အထင္အျမင္ အေသးမခံႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ သို႔ေသာ္ အမ်ားႏွင့္ဆိုလွ်င္ စိတ္ဝမ္းကြဲမခံပါ။ အလိုက္အထိုက္အားျဖင့္ အနည္းအက်ဥ္းေတာ့ ခ်ီးေျမႇာက္ပါသည္။ အခ်ိဳ႕ေသာတရားပြဲမ်ား၌ ေန႔ဆြမ္းအခ်ိဳပြဲလို စားပြဲႀကီးျဖင့္ တည္ခင္းထားတတ္ပါသည္။ စာေရးသူ အေတာ္ရွက္ပါသည္။ မဘုဥ္းေပးသည့္တိုင္ ထိုင္ေနသည့္ပုံ လိုင္းေပၚတင္လိုက္မည္ကို အထူးစိုးရိမ္သည္။ ထို႔ေၾကာင့္ စားပြဲႏွင့္ တလြဲထိုင္ကာ ပ်ားသံပုရာသာ ေသာက္ျပေလ့ရွိပါသည္။ ထိုအခါ အလိုက္သိသူမ်ားက သစ္သီးပြဲ မုန္႔ပြဲမ်ားကို ျပန္သိမ္းေလ့ရွိပါသည္။ ေထရ္ႀကီးဝါႀကီးမ်ား လာအားေပးၾကလွ်င္ကား စားပြဲမွာထိုင္ေပးကာ က်န္းမာေရးအေၾကာင္းျပၿပီး ပ်ားသံပုရာဘုဥ္းေပးလွ်င္ ဘုဥ္း၊ မဘုဥ္းလွ်င္ အျမင္ေတာ္ရာ ညဂ်င္းသုပ္၊ ထန္းလ်က္ခဲ စသည္မ်ားကိုသာ ေ႐ြးခ်ယ္ဘုဥ္းတတ္ပါသည္။

ခရီးမသြားဘဲ ေက်ာင္းမွာသာအၿမဲရွိလွ်င္ ေန႔ခင္းအိပ္ရာထ ေဖ်ာ္ရည္ႏွင့္ ည အင္ရႉးဝါးတို႔အၾကား ညဦးပိုင္းေလာက္မွာ စတုမဓု တစ္ဇြန္း အၿမဲဘုဥ္းေပးပါသည္။

မြန္းလြဲစာ အာဟာရမ်ားကိုၾကည့္လွ်င္ ညစာမစားေသာ္လည္း ညစာစားသေလာက္နီးပါး ဘုဥ္းေပးသည္ကို ေတြ႕ရပါမည္။ အိပ္ရာထ အေအးအဝေသာက္သည္။ ေညနေစာင္း ပ်ားသံပုရာ(သို႔မဟုတ္) စတုမဓု၊ ညအခါ အင္ရႉးဝါး စုံလင္ေနေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ စာေရးသူ ဝိနည္းမထို(ဓိုရ္)ဟု ဆိုခဲ့ျခင္း ျဖစ္ပါသည္။

စာေရးသူသည္ ႏြားက်င္ငယ္ႏွင့္ ဖန္ခါးသီးကို အေတာ္ႀကိဳက္ပါသည္။ ကိုယ္တိုင္ေဖာ္စပ္ဖို႔ မလြယ္ပါ။ ခရီးထြက္၍ ရလာလွ်င္လည္း ေပ်ာ္ေနတတ္ပါသည္။ အသီးကို ဝါးစား၍ အဖတ္ကို ေထြးထုတ္ကာ အရည္ကို ေသာက္သုံးေလ့ ရွိပါသည္။ မနက္အိပ္ရာႏိုးလွ်င္ႏိုးခ်င္း ၎အရည္တစ္ဇြန္းကို ေရေႏြးႏွင့္စပ္၍ ေသာက္ခ်လိုက္လွ်င္ ဆီးဝမ္းအလြန္ေကာင္းပါသည္။ တပည့္မ်ား ဒကာ ဒကာမမ်ားကို တိုက္ၾကည့္လွ်င္ မေသာက္ခ်င္ၾကပါ။ ဘုရားေပးသည့္ ႏြားေဆးဟုေျပာ၍ အာနိသင္ကို ေၾကာ္ျငာေသာ္လည္း ႐ြံၾကပုံရပါသည္။

ယခုအခါ စာေရးသူတို႔တိုင္းျပည္သည္ က်န္းမာေရး၌ အေရးေပၚအဆင့္မွာ ရွိေနပါသည္။ ေရာဂါမ်ားလည္း စုံလင္လွပါသည္။ အမ်ားစုမွာ အာဟာရေၾကာင့္ ျဖစ္ပါသည္။ အထူးသျဖင့္ Ready Made ဘူး ပုလင္းမ်ားေၾကာင့္ ျဖစ္ပါသည္။ ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ကပ္၊ အသဲ စသည္တို႔သည္ ၎ဘူး ပုလင္း အထုပ္အပိုးမ်ားေၾကာင့္ ျဖစ္ပြားရျခင္း ျဖစ္ပါသည္။ ဆီးခ်ိဳကို အသံတိတ္လူသတ္သမားဟု ေခၚဆိုၾကသလို ေသြးတိုးကို လက္ေျဖာင့္လူသတ္သမ်ားဟု ေခၚဆိုေနၾကပါသည္။ စာေရးသူမွာ ဆီးခ်ိဳေသြးတိုးစသည့္ အတြင္းကလီစာႏွင့္ပတ္သက္သည့္ ေရာဂါႀကီးမ်ား လုံးဝ မရွိပါ။ အစားအေသာက္ အေနအထိုင္ ဆင္ျခင္ေသာေၾကာင့္ ျဖစ္ပါသည္။ အထူးသျဖင့္ က်န္းမာေရးလိုက္စားေသာေၾကာင့္ ျဖစ္ပါသည္။
အာဟာရ က်င့္စဥ္ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
11.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၂)`


“အာဟာရ ကျင့်စဉ်”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

စာရေးသူသည် မနက်အစော အစာအဖြစ် ယာဂု(ဆန်ပြုတ်) ဘုဉ်းပေးလေ့ရှိသောကြောင့် နေ့ဆွမ်းမတိုင်ခင်ကာလ၌ ဗိုက်ဆာလေ့ရှိပါသည်။ ထို့ကြောင့် အရုဏ်ဆွမ်းကပ်ရာ၌ ပါဝင်သော သစ်သီးပွဲ သစ်စေ့ပွဲများကို စာကြည့်စားပွဲ၌ ပြောင်းရွှေ့ထားရှိပါသည်။ မနက် ၉း၀၀နာရီခန့် စာကြည့်လျက်ဖြစ်စေ၊ အလုပ်နားလျက်ဖြစ်စေ ပန်းသီး လိမ္မော်သီး သီဟိုဠ်စေ့ မကာရေးနီးယား(ပဲဆိမ့်စေ့) ကြယ်ပဲလှော် စသည်များ ဘုဉ်းပေးလေ့ရှိပါသည်။ အလုပ်များလျှင်များသလို စိတ်ရှုပ်လျှင်ရှုပ်သလို ဗိုက်ဆာတတ်သောကြောင့် နေ့ဆွမ်းမစားမီ သစ်သီးပွဲ သစ်စေ့ပွဲများ ဘုဉ်းပေးလိုက်ရမှ နေသာထိုင်သာရှိခြင်း ဖြစ်ပါသည်။

စပစ်သီးဘုဉ်းပေးလျှင် အစေ့ရော အခွံပါ ဝါးစားပါသည်။ ပန်းသီးနှင့် သရက်သီးဆိုလျှင် အခွံမသင်ဘဲ ဘုဉ်းပေးပါသည်။ မင်းဂွတ်သီးဆိုလျှင် အသားရော အစေ့ပါ စားသည့်အပြင် အခွံ၏အတွင်းသားများကို ဇွန်းသေးလေးဖြင့် ခြစ်ကာ ဝါးစားပါသည်။ အတော်ခါးပါသည်။ ရောဂါကြီးကြီးမားမား မစွဲကပ်ရေး ဖြစ်ပါသည်။

နေ့လယ်နေ့ခင်း အနားယူပြီးသည့်အခါ၌လည်း သစ်သီးဖျော်ရည်များ အဝသောက်လေ့ရှိပါသည်။ ပန်းသီး၊ လိမ္မော်သီ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ နဂါးမောက်သီး စသည်တို့ကို နေ့စဉ်တစ်လှည့်စီ ဖျော်ကပ်ကြပါသည်။ အိပ်ရာနိုးလျှင်ဖျော်ရည်သောက်လိုက်ရမှ အလုပ်လုပ်၍ ကောင်းပါသည်။

အအေးသောက်သည့်အခါ ဘူးများ၊ ပုလင်းများ ရှောင်သည်။ အချို့ကို အယုံအကြည်မရှိခြင်း၊ အချို့ကို ကျန်းမာရေးနှင့်မညီညွတ်ခြင်းကြောင့် ရှောက်ကြဉ်ခြင်းဖြစ်ပါသည်။ တရားပွဲမှရလာသည့် အအေးဘူးများ၊ လာရောက်လှူဒါန်းသည့် အအေးဘူးများရှိလျှင် ရေခဲသေတ္တာထဲ ထည့်ထားကာ ဧည့်သည် အာဂန္တုများအား ဧည့်ခံခြင်း၊ ဝေယျာဝစ္စများ လုပ်အားပေးများအား တိုက်ကျွေးခြင်းများ ပြုလုပ်လေ့ရှိပါသည်။ တရားပွဲများ၊ အခမ်းအနားများ၌ အအေးဘူးများဆက်ကပ်ကြလျှင်လည်း တပည့်များကိုသာ ကပ်ခိုင်းလိုက်ပါသည်။ စာရေးသူကမူ ကျန်းမာရေးအရ ဘူး ပုလင်းများ ရှောင်ကြဉ်ကြောင်း ပြောလေ့ရှိပါသည်။ “ကျုပ်တို့က ဘူးဂိုဏ်း ပုလင်းဂိုဏ်း အအေးဂိုဏ်း မဟုတ်ဘူးဗျ၊ မတ်ခွက်ဂိုဏ်း၊ ပန်းကန်လုံးဂိုဏ်း၊ ရေနွေးဂိုဏ်းတွေဗျ”ဟု ရယ်စရာသောစရာအဖြစ် ပြောပြတတ်ပါသည်။ မှန်ပါသည်။ စာရေးသူသည် ရေခဲနှင့်မတည့်ပါ။ ရေခဲရေလည်း မတည့်ပါ။ လျှာအပူကန်ခြင်း၊ ခံတွင်းအပူလောင်ခြင်း၊ နှုတ်ခမ်းပေါက်ခြင်းများ ဖြစ်တတ်သောကြောင့် အအေးရှောင်ခြင်း ဖြစ်ပါသည်။ အအေးလာကပ်သည့်အခါလည်း ရေခဲဖယ်၍ သောက်ပါသည်။ ကျောင်းမှာနေလျှင် ရေနွေးသာ သောက်လေ့ရှိပါသည်။ ရေလုံးဝ မသောက်ပါ။ ခရီးသွားလျှင်လည်း ရေနွေးဘူး အမြဲဆောင်ထားလေ့ရှိပါသည်။ ဖျော်ရည်ဆိုလျှင်လည်း စက်ဖြင့်ဖျော်သည်ဖြစ်စေ၊ လက်ဖြင့်ဖျော်သည်ဖြစ်စေ လတ်ဆတ်သည့် သစ်သီးဖျော်ရည်များကိုသာ စွဲစွဲမြဲမြဲသောက်ပါသည်။ ဘူးများ ပုလင်းများ ရှောင်ကြဉ်သလို သစ်သီးအဆီများလည်း ရှောင်ကြဉ်ပါသည်။ ဥပမာ-ဇီးဖျော်ရည်ပြုလုပ်ရန် အဆီထုတ်ထားသော ဇီးသီးအဆီစသည့် အသင့်ဖျော် အဆီများကို ရှောင်ခြင်းဖြစ်ပါသည်။ တရားပွဲများ၌ ဘူးများ ပုလင်းများသာရှိသည့်အခါ ပျားသံပုရာသာ ဘုဉ်းပေးပါသည်။ အသင့်ယူလာသောပျားရည်ထဲ သံပုရာသီးညှစ်ထည့်ကာ ရေနွေးပူပူဖြင့် ဖျော်စပ်ပြီး ဘုဉ်းပေးပါသည်။ အာဟာရလည်းဖြစ် အားလည်းရှိ အပန်းလည်းပြေ ခေါင်းလည်းကြည်လင် ကိုယ်လည်းလန်းဆန်းသဖြင့် ပျားသံပုရာကို အမြဲဆောင်ထားလေ့ရှိပါသည်။

ကော်ဖီ လဘက်ရည်လည်း ရှောင်ကြဉ်ပါသည်။ လဘက်ရည်ရှောင်သည်မှာ ကလေးအရွယ်ကတည်းက ဖြစ်ပါသည်။ အနံ့ပင် မခံနိုင်ပါ။ အရသာလည်း မတွေ့ပါ။ မကြိုက်သောကြောင့် မသောက်ခြင်း ဟူလိုသော်….။ ကော်ဖီမသောက်ခြင်းကား ကျန်းမာရေးကြောင့် ဖြစ်ပါသည်။ မနက်အစော ဆွမ်းကပ်ပွဲတစ်ခုမှ ကော်ဖီသောက်လာမိပါသည်။ အပြန်တရားထိုင်သည့်အခါ နှလုံးခုန်သံကိုသာ မှတ်နေရပါသည်။ နှလုံးခုန်သံ မြန်နေ ကြမ်းနေပါသည်။ ထိုအခါမှစ၍ ကော်ဖီရှောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ပင် ရှိပါပြီ။ “ရောင်းတန်းတွေကသာ မကောင်းတာ ကော်ဖီအစစ် ကောင်းပါတယ်”ဟု အပြောများသဖြင့် စမ်းသောက်ကြည့်သော်လည်း နှလုံးခုန်သံကြမ်းသည် မြန်သည်ပင်။ ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်၏ လက်ချက်ဖြစ်ပါသည်။ ၎င်းဓာတ်က စိတ်ကြည်လင်အောင် နှလုံးကို အဆမတန် မောင်းနှင်ပုံရပါသည်။ ကြောက်လှပါတော့၏။ ထို့ကြောင့် ကော်ဖီဆိုလျှင် မည်သို့ကောင်းသည်၊ မည်မျှပေးရသည်၊ မည်သည့်နေရာမှ မှာယူရသည် စသည်ဖြင့် ကော်ဖီချီးမွမ်းခန်းထုတ်စေကာမူ လုံးဝ မသောက်ပါ။ ထေရ်ကြီးဝါကြီးများက ဇွတ်တိုက်သည့်အခါမျိုးနှင့် ကြုံရလျှင်လည်း အားနာနာဖြင့် တစ်ငုံသာ သောက်ပြတတ်ပါသည်။ ဆွမ်းပွဲမှာ ဈေးကြီးကော်ဖီပါလာလျှင်လည်း ခွင့်တောင်းကာ ကျောင်းအထိသယ်လာခဲ့ပါသည်။ တပည့်များအကြိုက်တွေ့ကြ၏။

မရှိလျှင်မဖြစ် မပါလျှင်မပြီးဟု ဆိုရလောက်သည်အထိ စွဲလန်းကြိုက်လွန်းသော အစားအစာ မရှိပါ။ ကျန်းမာရေးနှင့်ညီညွတ်သည်ဟုဆိုလျှင် မကောင်းသည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ များများစားပါသည်။ ဥပမာ- ခဲသီး၊ ရုံးပတီသီးစသည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်ဟုဆိုလျှင် ကောင်းသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ လုံးဝ မစားတော့ပါ။ ဥပမာ- ကိတ်မုန့်အကောင်းစားများနှင့် အသားတုများ စသည်တို့ပင်တည်း။

စာရေးသူသည် ဝိကာလဘောဇနကို အမြဲရှောင်ကြဉ်ပါသည်။ ဝိနည်းထို(ဓိုရ်)၍ မဟုတ်ပါ။ အထင်အမြင် အသေးမခံနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော် အများနှင့်ဆိုလျှင် စိတ်ဝမ်းကွဲမခံပါ။ အလိုက်အထိုက်အားဖြင့် အနည်းအကျဉ်းတော့ ချီးမြှောက်ပါသည်။ အချို့သောတရားပွဲများ၌ နေ့ဆွမ်းအချိုပွဲလို စားပွဲကြီးဖြင့် တည်ခင်းထားတတ်ပါသည်။ စာရေးသူ အတော်ရှက်ပါသည်။ မဘုဉ်းပေးသည့်တိုင် ထိုင်နေသည့်ပုံ လိုင်းပေါ်တင်လိုက်မည်ကို အထူးစိုးရိမ်သည်။ ထို့ကြောင့် စားပွဲနှင့် တလွဲထိုင်ကာ ပျားသံပုရာသာ သောက်ပြလေ့ရှိပါသည်။ ထိုအခါ အလိုက်သိသူများက သစ်သီးပွဲ မုန့်ပွဲများကို ပြန်သိမ်းလေ့ရှိပါသည်။ ထေရ်ကြီးဝါကြီးများ လာအားပေးကြလျှင်ကား စားပွဲမှာထိုင်ပေးကာ ကျန်းမာရေးအကြောင်းပြပြီး ပျားသံပုရာဘုဉ်းပေးလျှင် ဘုဉ်း၊ မဘုဉ်းလျှင် အမြင်တော်ရာ ညဂျင်းသုပ်၊ ထန်းလျက်ခဲ စသည်များကိုသာ ရွေးချယ်ဘုဉ်းတတ်ပါသည်။

ခရီးမသွားဘဲ ကျောင်းမှာသာအမြဲရှိလျှင် နေ့ခင်းအိပ်ရာထ ဖျော်ရည်နှင့် ည အင်ရှူးဝါးတို့အကြား ညဦးပိုင်းလောက်မှာ စတုမဓု တစ်ဇွန်း အမြဲဘုဉ်းပေးပါသည်။

မွန်းလွဲစာ အာဟာရများကိုကြည့်လျှင် ညစာမစားသော်လည်း ညစာစားသလောက်နီးပါး ဘုဉ်းပေးသည်ကို တွေ့ရပါမည်။ အိပ်ရာထ အအေးအဝသောက်သည်။ ညေနစောင်း ပျားသံပုရာ(သို့မဟုတ်) စတုမဓု၊ ညအခါ အင်ရှူးဝါး စုံလင်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူ ဝိနည်းမထို(ဓိုရ်)ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူသည် နွားကျင်ငယ်နှင့် ဖန်ခါးသီးကို အတော်ကြိုက်ပါသည်။ ကိုယ်တိုင်ဖော်စပ်ဖို့ မလွယ်ပါ။ ခရီးထွက်၍ ရလာလျှင်လည်း ပျော်နေတတ်ပါသည်။ အသီးကို ဝါးစား၍ အဖတ်ကို ထွေးထုတ်ကာ အရည်ကို သောက်သုံးလေ့ ရှိပါသည်။ မနက်အိပ်ရာနိုးလျှင်နိုးချင်း ၎င်းအရည်တစ်ဇွန်းကို ရေနွေးနှင့်စပ်၍ သောက်ချလိုက်လျှင် ဆီးဝမ်းအလွန်ကောင်းပါသည်။ တပည့်များ ဒကာ ဒကာမများကို တိုက်ကြည့်လျှင် မသောက်ချင်ကြပါ။ ဘုရားပေးသည့် နွားဆေးဟုပြော၍ အာနိသင်ကို ကြော်ငြာသော်လည်း ရွံကြပုံရပါသည်။

ယခုအခါ စာရေးသူတို့တိုင်းပြည်သည် ကျန်းမာရေး၌ အရေးပေါ်အဆင့်မှာ ရှိနေပါသည်။ ရောဂါများလည်း စုံလင်လှပါသည်။ အများစုမှာ အာဟာရကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် Ready Made ဘူး ပုလင်းများကြောင့် ဖြစ်ပါသည်။ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ အသဲ စသည်တို့သည် ၎င်းဘူး ပုလင်း အထုပ်အပိုးများကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ဆီးချိုကို အသံတိတ်လူသတ်သမားဟု ခေါ်ဆိုကြသလို သွေးတိုးကို လက်ဖြောင့်လူသတ်သများဟု ခေါ်ဆိုနေကြပါသည်။ စာရေးသူမှာ ဆီးချိုသွေးတိုးစသည့် အတွင်းကလီစာနှင့်ပတ်သက်သည့် ရောဂါကြီးများ လုံးဝ မရှိပါ။ အစားအသောက် အနေအထိုင် ဆင်ခြင်သောကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ကျန်းမာရေးလိုက်စားသောကြောင့် ဖြစ်ပါသည်။
အာဟာရ ကျင့်စဉ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
11.5.2020