21.7.2020 ရက္ေန႔၊ မနက္ ၅း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ကပ္လွဴတာပါ။
မစုိးရိမ္တုိက္သစ္ အစုိးရပထမျပန္စာေမးပြဲ ေျဖဆိုၾကမည့္ သံဃာေတာ္မ်ားအား အရုဏ္ဆြမ္းအျဖစ္ ၾကက္ဥ ၾကာဇံေၾကာ္ဆြမ္း ကပ္လွဴတာျဖစ္ပါတယ္။
စာေျဖသံဃာအရုဏ္ဆြမ္းအတြက္ သံုးသိန္းက်ပ္အလွဴရွင္ျဖစ္တဲ့ မႏၲေလးၿမဳိ႕၊ ဦးေပါမ်ား+ေဒၚခင္ျမၾကင္ (လွခ်စ္ေသာင္း) မိသားစုမွ ကိုယ္တုိင္ကိုယ္က် လာေရာက္ကုသိုလ္ယူကာ အခ်ဳိပြဲအျဖစ္ စပ်စ္သီးမ်ား လွဴဒါန္းပါတယ္။
၉၆၉အဖြဲ႔ႏွင့္ နဂါးနီစုဘူးအဖြဲ႔သူအဖြဲ႔သားမ်ားက ေဝယ်ာဝစၥကုသိုလ္ယူၾကပါတယ္။
ကိုရိုနာဗိုင္းရပ္ ကူးစက္မႈအေျခအေနေၾကာင့္ အစိုးရ ဓမၼာစရိယႏွင့္ ပထမျပန္စာေမးပြဲမ်ား 23.4.2020ေန႔ တစ္ရက္သာေျဖဆိုၿပီး ေခတၱရပ္ဆုိင္းလာခဲ့ရာမွ 10.7.2020ေန႔မွာ ျပန္လည္စတင္ေျဖဆိုရတာျဖစ္ပါတယ္။
စာေျဖသံဃာအရုဏ္ဆြမ္းသည္ ဆရာေတာ္ဦးဝီရသူ စာသင္သားဘဝကတည္းက ကပ္လွဴလာခဲ့တဲ့ ဆြမ္းအလွဴေတာ္ျဖစ္ပါတယ္။
ဒီအရုဏ္ဆြမ္းအလွဴ ျဖစ္ေပၚလာပံု ေနာက္ခံသမိုင္းေၾကာင္းကို 7.3.2020 ရက္ေန႔မွာ ဆရာေတာ္က “သံဃာေက်းဇူး ခံစားဖူးေစ” ေဆာင္းပါးျဖင့္ စိတ္ဝင္စားဖြယ္၊ အားက်အတုယူဖြယ္၊ ၾကည္ညဳိဖြယ္၊ ၾကည္ႏူးဖြယ္၊ ဝမ္းနည္းဖြယ္ရာအတိျဖင့္ ရသေျမႇာက္စြာ ေရးသားခဲ့ပါေသးတယ္။
“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (တေရသမနေ့)”
21.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။
မစိုးရိမ်တိုက်သစ် အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ကြက်ဥ ကြာဇံကြော်ဆွမ်း ကပ်လှူတာဖြစ်ပါတယ်။
စာဖြေသံဃာအရုဏ်ဆွမ်းအတွက် သုံးသိန်းကျပ်အလှူရှင်ဖြစ်တဲ့ မန္တလေးမြို့၊ ဦးပေါများ+ဒေါ်ခင်မြကြင် (လှချစ်သောင်း) မိသားစုမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကုသိုလ်ယူကာ အချိုပွဲအဖြစ် စပျစ်သီးများ လှူဒါန်းပါတယ်။
၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။
စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။
ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ခံစားဖူးစေ” ဆောင်းပါးဖြင့် စိတ်ဝင်စားဖွယ်၊ အားကျအတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရာအတိဖြင့် ရသမြှောက်စွာ ရေးသားခဲ့ပါသေးတယ်။