ဆောင်းပါး

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”

 (17.6.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၆) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

သင်္ဃန်းဖြူဆရာတော်

—————————-

            NLD ပါတီဝင်များသည် အတိုက်အခံလုပ်ငန်း၌ အထူးတလည် ကျွမ်းကျင်မှုရှိကြ၏။ အတွေ့အကြုံများ သောကြောင့်ဖြစ်၏။ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၂၇ နှစ်မျှ အာဏာအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြ သဖြင့် လုပ်ငန်းအတွေ့အကြုံ များပြားခဲ့သောကြောင့် ဖြစ်ပေမည်။ လူထုခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူလူထုအတွက်ဟုဆိုကာ အာဏာရအစိုးရအပေါ် ဝေဖန်ထိုးနှက်မှုများကို ပိုင်နိုင်စွာပြုလုပ်နိုင်ခဲ့၏။ NLD ပါတီ ၂၀၁၆ ခုနှစ်၊ ဧပြီလ၌ အာဏာရပါတီ အာဏာရ အစိုးရအဖြစ် နဖူးတွေ့ ဒူးတွေ့ လုပ်ကိုင်ရသောအခါ၌ကား အိုးနင်းခွက်နင်း ဖြစ်ခဲ့ရတော့၏။ စီးပွားရေး တိုးတက်အောင် မလုပ်နိုင်ခြင်း၊ ကုန်ဈေးနှုန်းများ မထိန်းနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများပြားအောင် ဖန်တီးမပေးနိုင်ခြင်း စသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ချို့ယွင်းချက်၊ အားနည်းချက်ပေါင်းများစွာကို နားလည်ပေး၍ ရနိုင်သော်လည်း အတိုက်အခံကာလတစ်လျှောက်လုံးမှာ ကြွေးကြော်မြဲ ကြွေးကြော်ခဲ့သော တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ကိုကား လက်သံပြောင်စွာ တီးခတ်မောင်းနှင်နိုင်လိမ့် မည်ဟု ယုံကြည်ထားခဲ့၏။ သို့သော် အထင်နှင့် အမြင် တက်တက်စင် လွဲခဲ့ရပြန်၏။ အတိုက်အခံကာလ စစ် အစိုးရကို ဝေဖန်ခဲ့သောစကားများနှင့် အရပ်သားအစိုးရကာလ ပြည်သူကိုပြောသော စကားများလည်း ဆန့်ကျင်ဘက်ဖြစ်၍နေ၏။ ရှေ့စကားနှင့် နောက်စကား မညီတော့သကဲ့သို့ အပြောနှင့် အလုပ်လည်း တျခားစီ ဖြစ်လာ၏။

            စာရေးသူသည်ပင် ဒီမိုကေရစီကို ၎ငိးု့ထံမှ ကြားခဲ့ရ၏။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကိုလည်း ၎င်းတို့ပြောပြမှ သိရ၏။ ယခုအခါ၌ စာရေးသူနားလည်ထားသော ဒီမိုကရေစီနှင့် ၎င်းတို့ဖော်ဆောင်ပေးသော ဒီမိုကရေစီတို့ ဆီနှင့် ရေ၊ မိုးနှင့် မြေပမာ တခြားစီဖြစ်လာသောအခါ ထိုသူတို့နှင့် စာရေးသူလည်း ပြဒါးတစ် လမ်း၊ သံတစ်လမ်း ဖြစ်လာခဲ့ရတော့၏။ အုပ်ချုပ်ရေးအတွေ့အကြုံမရှိ၍၊ စီးပွားရေးအတွေ့အကြုံနည်း၍ နိုင်နင်းစွာမအုပ်ချုပ်နိုင်၊ တိုးတက်အောင် မလုပ်နိုင်သည်ကို ခွင့်လွှတ်နိုင်သေး၏။ တရားဥပေဒနတ်သမီးက ဥပေဒကို ငယ်ကျွန်လို သဘောထားလာခြင်း၊ လူအခွင့်အရေးမယ်တော်ကြီးက လူ့အခွင့်အရေးကို တစ်ကန့်စီ ကန့်သတ်လာခြင်း၊ ငြိမ်းချမ်းရေးမိခင် ကြီးက ငြိမ်းချမ်းအောင်မလုပ်နိုင်ခြင်း၊ လူထုခေါင်းဆောင်ကြီးက လူထုကို ဦးမဆောင်ဘဲ လူထုနောက်လိုက်ကာ လူထုအကြိုက်သာလိုက်၍ စကားဝိုင်းများ၊ ပွဲလမ်းသဘင်များနှင့်သာ အချိန်ကုန်နေခြင်းတို့ကား စိတ္ပ်က္စရာအတိ ဖြစ်ခဲ့၏။

တိုင်းဖျက်ပြည်ဖျက် အမျိုးဖျက်အစိုးရ

            စာရေးသူ မြိတ်ဟောပြောပွဲ၌ ဟောပြောစဉ် နိုင်ငံခြားသားများကို အကြံပေးခန့်ထားသည့်ဖြစ်ရပ်ကိုပါ ထည့်သွင်းဟောပြောခဲ့၏။ ၀န်ကြီးဌာနများ၌ နိုင်ငံခြားသားအကြံပေးများ ထားရှိကြောင်း၊ NLD အကြီးအကဲများ က အမြဲသံတော်ဦးတင်ရကြောင်းလောက်သာ သိရှိထားခြင်းဖြစ်၍ ထည့်သွင်းဟောကြားခဲ့ခြင်းဖြစ်၏။ လွှတ် တော်ထဲ၌ နိုင်ငံခြားသားအကြံပေးကိစ္စ မေးခွန်းမေးသည့်အခါ သက်ဆိုင်ရာဝန်ကြီးက လာရောက်ဖြေကြားရာမှ နိုင်ငံခြားသားအကြံပေးပေါင်း ၉၀ ကျော်ထိရှိနေကြောင်း သိရှိခဲ့ရခြင်းဖြစ်၏။ သို့သော် အဆိုပါ ၉၀ ကျော်သည် လျှော့ပေါ့ဖြေဆိုသွားခြင်းဖြစ်ကြောင်း အမှန်တကယ်တွင်မူ နိုင်ငံခြားသားအကြံပေးပုဂ်္ဂိုလ်ပေါင်း ၃၇၀ ကျော်ရှိ ကြောင်း စာရေးသူ၏ရှေ့နေပုဂ္ဂိုလ်ကြီးပြောမှ သိခဲ့ရလေသည်။ စီးပွားရေးတိုးတက်စေလို၍ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်လောက် ခန့်ထားလျှင်၊ အမှန်တကယ်ငြိမ်းချမ်းစေလို၍ ငြိမ်းချမ်းရေးအကြံပေးများ ခန့်ထားလျှင် သက်သာသေးသည်ဟု ဆိုရပေမည်။ ယခုအခါ၌မူ သာသနာရေးအကြံပေးများပါ ခန့်ထားသဖြင့် အစိုးရဌာန ဆိုင်ရာအားလုံးကို နိုင်ငံခြားသားလက် ၀ကွက်အပ်လိုက်ခြင်းဖြစ်သည်ဟု ခံစားမိပေသည်။ NLD အစိုးရလုပ်ပုံ ကြောင့် မြန်မာပြည်သူတို့ခမျာ ဘူးလေးရာ ဖရုံဆင့်ခံလိုက်ရလေ၏။ အလုပ်အကိုင်အခွင့်အလမ်းရှားပါး၊ စီးပြား ရေးကျ၍ ဆင်းရဲနေပါသည်ဆိုခါမှ နိုင်ငံခြားသားများကို တင်ကျွေးထားရသည်က ပိုလာခြင်းဖြစ်၏။ အချို့အကြံ ပေးများကား ကျပ် ၄၅ သိန်းအထိ လခပေးရသူများဖြစ်၏။ သမ္မတလစာထက် ပို၍မဖြစ်သောကြောင့်သာ ၄၅ သိန်း စာရင်းပြထားခြင်းဖြစ်၏။ အမွန္တကယ္မူ ထိုပမာဏထက် များလေ၏။

            မည်သို့ဆိုစေ ပြည်သူများ၏ ချွေးနှဲစာများဖြင့် နိုင်ငံခြားသားများကို တင်ကျွေးထားရသည့် ၀န်ထုပ်ဝန်ပိုး ကား မေသးလွေပ။ မြန်မာပြည်၏ ကံကြမ္မာကို မြန်မာပြည်သူများက ဖန်တီးခွင့်မရတော့ဘဲ နိုင်ငံခြားသားများက ဖန်တီးနေကြသည်ကား အဘယ်ကြောင့်ပါနည်း။ မြန်မာပြည်သူများက လုံးဝမစွမ်းနိုင်တော့သောကြောင့်လော။ မြန်မာပြည်သူများကို အထင်မကြီးသောကြောင့်လော။ နိုင်ငံခြားသားများကိုသာ အထင်ကြီးသောကြောင့်လော။ နိုင်ငံခြားသားများကကော မည်မျှအားထားဖို့ ကောင်းသနည်း။ ထိုနိုင်ငံခြားသားတို့ အကြံပေးမှုကြောင့် တိုင်း ပြည်ကြီး တစ်ဟုန်ထိုး တိုးတက်ချမ်းသာသွားလေသလော။ မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းရေး အပြည့်အ၀ ရသွားလေသလော။ NLD အစိုးရလက်ထက်၌ မြန်မာပြည်သည် ကိုလိုနီလက်အောက်သို့ ရောက်ရှိသွားခဲ့ တော့၏။ မှန်၏။ အစိုးရက ပြည်သူကိုအုပ်ချုပ်၍ အစိုးရကို နိုင်ငံခြားသားများက ချုပ်ကိုင်နေသောကြောင့်ဖြစ်၏။ ထိုသို့ချုပ်ကိုင်ခံရသော်လည်း ရုပ်သေးအစိုးရကားမဟုတ်။ ကျွန်သပေါက်အစိုးရသာ ဖြစ်ချေ၏။ ထိုအကြံပေး မ်ား စေခိုင်းသည့်အတိုင်း လိုက်လုပ်ရသည်ကို အားရတော်မမူသေး၍ အာနန်ကော်မရှင်ကို ထပ်မံဖွဲ့ကာ သခင် အရာထား၍ သခင်ခိုင်းသမျှ စေလိုရာစေဘ၀သို့ ရောက်ရှိသွားတော့၏။ ထိုနိုင်ငံခြားသားများက မြန်မာပြည်ကို အမှန်တကယ် စေတနာထားမည်လော၊ မြန်မာပြည်သူများအပေါ် အမှန်တကယ်အကျိုးပြုမည်လော စဉ်းစားဖို့ ကောင်းလှ၏။ ထိုသူတို့ကြောင့် မြန်မာပြည်သည် ရစရာမရှိအောင် ပ်က္စီးခဲ့ရေလေတာ့၏။

            စစ်အစိုးရလက်ထက် တိုင်းပြည်စုတ်ပြတ်သတ်သွားခဲ့သည်ဟုလည်းကောင်း၊ စစ်အစိုးရသည် တိုင်း ပြည်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခဲ့သည်ဟုလည်းကောင်း မေတ္တာဖြန့်ဖြူးခဲ့ကြသော အနှီလော်ဘီများ၏ စကားအတိုင်း ပြောရပါလျှင် တိုင်းပြည်စုတ်ပြတ်သတ်သွားအောင် စိတ်တိုင်းကျလုပ်ဆောင်သွားသူကား NLD အစိုးရသာတည်း။ မှန်၏။ ၎င်းတို့လက်ထက်၌ တိုင်းပြည်လုံခြုံရေးဥပဒေများ ဖ်က်ဆီးခံခဲ့ရ၏။ တိုင်းပြည် အန္တရာယ်ကြီးသော ဥပေဒမ်ားကို ပြဋ္ဌာန်းခဲ့ကြ၏။ မြန်မာတို့၏ နှလုံးသည်းပွတ်ဖြစ်သော မြန်မာ့ယဉ်ကျေးမှု လည်း ဖ်က်ဆီးခံခဲ့ရ၏။ ဘာသာ သာသနာလည်း ပစ္ပယ္ခံခဲ့ရ၏။ အမျိုးချစ်စိတ်များလည်း ချိုးနှိမ်ခံခဲ့ရ၏။ တိုင်းပြည်အချုပ်အခြာအာဏာလည်း ထိပါးခံခဲ့ရ၏။ အလုပ်လက်မဲ့ပေါများခြင်း၊ ရာဇ၀တ်မှုထူပြောခြင်း၊ စားစရာ မရွိ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုပေါများခြင်းတို့နှင့် ပြည့်နှက်ခဲ့ရ၏။ ၎င်းတို့သည် တိုင်းပြည်ကို စနစ္တက် ဖျက်ဆီးရုံထက် ပိုလွန်သော စိတ်တိုင်းကျ ဖျက်ဆီးနိုင်စွမ်းအားကြီးမားသည့် တိုင်းဖျက်၊ ပြည်ဖျက်၊ အမျိုးဖျက်၊ ဘာသာဖျက်၊ သာသနာဖျက်များ ဖြစ်ကြလေသတည်း။

ဒုတိယလှိုင်း၏ တရားခံ

            စာရေးသူသီတင်းသုံးရာ အင်းစိန်တောရ ဦးစောရိပ်သာသည် ဆိတ်ငြိမ်သောကြောင့်ထင်၏။ မြို့ရွာ ထဲမွ အသံပေါင်းစုံကို ကြားနေရလေ၏။ ထိုအသံများအနက် မကြားချင်ဆုံးသောအသံမှာ အရေးပေါ်လူနာတင် ယာဉ်သံ ဖြစ်၏။ တွီးတော် တွီးတော်ဟူသော အဆိုပါ လူနာတင်ယာဉ်သံကို ညဥ့်ဦးယံ၌လည်း ကြားနေရ၏။ သန်းခေါင်ယံ၌လည်း ကြားနေရ၏။ တစ်ခါတစ်ရံတွင် တစ်စီးတည်းအသံမဟုတ်၊ ယာဉ်တန်းကြီးအသံဖြစ်၏။ လူနာတင်ယာဉ်များ တစ်နေရာမှာဆုံမိရာမှ ယာဉ်တန်းကြီးဖြစ်သွားပုံရ၏။ ထိုအသံမ်ားကို ကြားရရုံဖြင့် ကိုဗစ် ရောဂါကြောင့် သေဆုံးပြည်သူစာရင်းကို ခန့်မှန်း၍ရ၏။ ထိုယာဉ်သံ အမြဲကြားရလျှင် ပြည်သူအသေအပျောက် များမည်။ ထိုယာဉ်သံနည်းပါး သွားလျှင် ပြည်သူအသေအပျောက် နည်းမည်ဖြစ်၏။

            ထိုကားသံများကြားရတိုင်း ကရုဏာရော၊ ဒေါသပါ ဖြစ်ပေါ်လာလေ့ရှိ၏။ ပထမသော် သုခိတာ ဟောထ ဒုက္ခာ မုစ္စထ – ပြန်လည်ကျန်းမာလာပါစေ၊ ကပ်ရောဂါဘေးမှ လွတ်မြောက်ပါစေဟု ဆုတောင်းပေး နေမိ၏။ နောက်သော် မိန်းမကြီးတစ်ဦး၏မျက်နှာကို မြင်ယောင်လာ၏။ ပြည်သူ့ကျန်းမာရေးထက် ရွေးကောက် ပြဲက အရေးကြီးသည်ထင်ကြောင်း ဖွင့်ချဖူးသော ထိုမိန်းမကြီး၏ ဇွတ်တရွတ်ဆန်စွာ အာဏာသုံးစွဲမှုကြောင့် ပြည်သူသုံးထောင်ကျော်သေဆုံးကာ တစ်သိန်းခွဲနီးပါး ရောဂါကူးစက်ခံခဲ့ရ၏။ လော့ဒေါင်းကာလ စတေးဟုမ်း ဘ၀တို့ကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲ ပြည်သူများကား သန်းပေါင်းများစွာ၊ အချို့ဆိုလျှင် မိမိကိုယ္ကို အဆုံးစီရင်သွားခဲ့ရ၏။ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးခဲ့သော အာဏာရှင်မကြီးတည်း။

            လူနာတင်ကားသံကြားရလေ သင်းကို သတိရေလ၊ ကိုဗစ်သတင်း ဖတ်ရလေ သင်းမျက်နှာကို မြင် ယောင်မိလေ ဖြစ်နေလေတော့၏။ သင်းကား ရှေးဘုန်း၊ ရှေးကံ ကြီးမားလှ၏။ သင်းထွက်လာလျှင် သင်း နောက်တွင် လူမ်ား တရုန်းရုန်း၊ ပိုးမ်ား တ၀ုန်းဝုန်း။ သင်းကို လူမ်ားသာ ချစ်ကြသည်မဟုတ်၊ ပိုးများကလည်း ချစ်ကြ၏။ သင်းကလည်း အတည်ပြုလူနာ အရေအတွက်နည်းလျှင် အသံပေးတတ်၏။ ပို၍နည်းလာလျှင် ရုပ်လုံးထွက်ပြတတ်၏။ သင်းကိုထောက်ခံသော ပိုးများကလည်း သင်းအသံကြားလျှင် ခေါင်းထောင်လာကာ အတည်ပြုလူနာ နေ့စဉ်ထောင်ကျော်သွားလေတော့၏။ ရုပ်မြင်ရလျှင် အပြေးအလွှားထွက်လာကာ သေဆုံး လူနာ များပြားလေတော့၏။ မိမိအသံနှင့် မိမိအမူအရာကြောင့် ပိုးတွေ့လူနာ၊ သေဆုံးလူနာ ဦးရေတိုးပွားလာ သည်ကိုပင် ကျိတ်ပျော်နေပုံရ၏။

            စာရေးသူသည် ဒုတိယလှိုင်းအစပိုင်းကတည်းက သတိထားခဲ့လေသည်။ ပြည်သူတွေ ပိုးအကူးအစက် မခံလိုလျှင် ဒါယိကာမကြီးအနေနှင့် လူတောထဲမတိုးဖို့၊ ရုပ်မပြဖို့၊ အသံမပေးဖို့၊ မိမိအလုပ္မိမိ အေးဆေးတိတ် ဆိတ်စွာလုပ်ဖို့ မေတ်္တာရပ်ခံခဲ့၏။ ယခုသော် ဒုတိယလှိုင်း၏ တရားခံလည်း သင်းပင်ဖြစ်၏။ ဒုတိယလှိုင်း အေသ အပျောက်များပြားခြင်း၏ တရားခံလည်း သင်းပင်ဖြစ်၏။ သင်းကား ပြည်သူတစ်သိန်းခွဲနီးပါးကို ပိုးကူးစက်စေ ကာ ပြည်သူသုံးထောင်ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော လူသတ္တရားခံ မိန်းမကြီးပင်တည်း။

            ပါတီအားလုံးက ရွေးကောက်ပွဲနောက်ဆုတ်ပေးရန် တညီတညွတ်တည်း တောင်းပန်သော်လည်းမရ၊ လူစုလူဝေးမလုပ်ရန် ကန့်သတ်ထားသည့် ကျန်းမာရေးဥပဒေကိုလည်း မလိုက္နာ၊ သင်းကိုယ်တိုင် ထွက်အား ပေး၊ သင်းကိုယ်တိုင် ထွက်လက်ပြ၊ သင်းကိုယ်တိုင် အင်အားပြ၊ သင်းသားသမီးတွေက အောင်ပွဲခံနှင့် တစ်တိုင်း ပြည်လုံးကို စိတ်တိုင်းကျ ပိုးကူးစက်စေခဲ့သူ၊ စိတ်တိုင်းကျ သတ်ဖြတ်ပစ်ခဲ့သူ၊ ထိုသူကား ယခုအခါ အိမ်နိမ့်စံ ဘုရင်မကြီးအဖြစ် ရောက်ရှိခဲ့သော်လည်း အသက်ထင်ရှား ရှိသေးလေ၏။ ထိုသူ အသက်ထင်ရှားရှိစဉ် ပြည်သူ တွေကို ၀န်ခံတောင်းပန်သည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် အစပျိုးခဲ့စေလို၍ ဤဆောင်းပါးကို ရေးခြင်းဖြစ်၏။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ၀န်ခံတောင်းပန်၍ နုတ်ထွက်လေ့ရှိသည့် အစဉ်အလာကောင်းတစ် ရပ္ကို အျမဲတေစ တွေ့ရလေ့ရှိ၏။ အရန်ဆန်၊ အရန်ဆီ၊ အရန်ရွှေ၊ အရန်ငွေများ ကုန်ဆုံးသွားကတည်းက သို့မဟုတ် ICJ မွာ တရားစွဲခံရကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူကို တောင်းပန်၍ နုတ်ထွက် သင့်ခဲ့၏။ သို့သော် သူသည် နိုင်ငံရေးသဘောတရားကို နားမလည်သည်လော၊ နိုင်ငံရေးကျင့်ဝတ်ကို လိုက္နာရ ကောင်းမှန်း မသိသည်လော၊ ဖခင်၏သိက္ခာနှင့် မိမိ၏သိက္ခာကို ထိန်းသိမ်းရကောင်းမှန်း မသိသည်လော မပြော သာပြီ။ သိက္ခာထက် ရိက္ခာကိုသာ တန်ဖိုးထားနေသည်ကို တွေ့ရ၏။

ဖခင်မျက်နှာနှင့် နိုင်ငံရေးသိက္ခာ

            နိုင်ငံရေးအလေ့အကျင့်ကောင်းလေးများ အစဉ်အလာဖြစ်ထွန်းမှုများလာလျှင် နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ် ထွန်းကားလာမည်ဖြစ်၏။ ထိုနိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အမွားဝန္ခံ ပြန်တောင်းပန်သည့် အလေ့အကျင့်ကောင်းတစ်ခုကို အစပျိုးသူများ လိုအပ်နေပေသည်။ ဦးသိန်းစိန်အစိုးရ လက်ထက် သံဃာတော်များထံ ၀န်ချတောင်းပန်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့သော်လည်း တစ်တိုင်းပြည်လုံးနှင့် မသက်ဆိုင်သည့် လက်ပံတောင်းတောင်ဒေသအဆင့်သာ ရွိခဲ့၏။ ဦးသိန်းစိန်သည် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးသာဖြစ်၏။ လူထုခေါင်းဆောင် ပြည်သူ့အစိုးရမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကား တိုင်းပြည် မျက်နှာဖုံး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ဦးဖြစ်၏။ လူထုခေါင်းဆောင်လည်း ဖြစ်၏။ ပြည်သူလူထု ရွေး ကောက်တင်မြှောက်မှုကို တစ်ခဲနက်ရရှိခဲ့သည့် ပြည်သူ့အစိုးရလည်း ဖြစ်၏။ ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် တစ် တိုင်းပြည်လုံးနှင့်သက်ဆိုင်သည့် ကပ်ဘေးကြီးလည်းဖြစ်၏။ ထို့ကြောင့် အမှားကိုဝန်ချတောင်းပန်ခဲ့ဖို့ သင့်လှ ၏။ အစ္စယံ အစ္စယတော ဒိသြာ – အျပစ္ကို အပြစ်အားဖြင့် ရှုမြင်၍ ၀န်ချတောင်းပန်ကာ အာယတိံ သံဝရ – နောင်အခါ မပြုလုပ်တော့ပါဟု ကတိပြုခြင်း၊ စောင့်ထိန်းခြင်းသည် ပဋိကရ – ကုစားခြင်းမည်၏။

            ထို့ကြောင့် လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာနှင့် မျက် နှာကို ထောက်ထား၍ အစိုးရအစဉ်အဆက် အမှားမကျူးဝံ့အောင်၊ အမှားပြုမိလျှင် ၀န်ချတောင်းပန်ကာ ဆင်း သင့်ကဆင်း၊ ထွက်သင့်ကထွက်၊ ပြုပြင်သင့်က ပြုပြင်ကြရလေအောင် ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်း နှင့်ပတ်သက်၍ ပြည်သူကို ၀န်ချတောင်းပန်သည့် နိုင်ငံရေးအလေ့အကျင့်ကောင်းလေးတစ်ရပ် အစပျိုးပေးခဲ့ပါ ဟုသာ တိုက်တွန်းလိုက်ရပါသတည်း။  ။

သင်္ဃန်းဖြူဆရာတော်

၂-၃-၂၀၂၁