ေဉယ်ဓမ္ေတာရသို႔ … (၃)
===============
မနက္ ၆း၀၀နာရီထိုးသည့္အခါ ကိုခင္ေမာင္ဝင္းတုိ႔ ကပၸိယအဖြဲ႔ အသံၾကားရလုိ႔ တရားထုိင္တာ ရပ္နားလုိက္ပါတယ္။ အရုဏ္ဆြမ္းလာကပ္ျခင္းျဖစ္ပါတယ္။ ဆီခ်က္ေခါက္ဆြဲ ကပ္လွဴၾကပါတယ္။ သစ္သီးပြဲလည္း ပါပါတယ္။ ေတာရဆုိေပမဲ့ ၿမဳိ႕လိုပဲ ခဲဘြယ္ေဘာဇဥ္က စံုလင္လွပါတယ္။ စာေရးသူက ေကာ္ဖီ လဘက္ရည္ ေသာက္ေလ့မရွိတာေၾကာင့္ ေကာ္ဖီတစ္ခုပဲ မေသာက္ဘဲေနလုိက္တာပါ။ က်န္တာေတြေတာ့ အကုန္လံုး ဘုဥ္းေပးသံုးေဆာင္ခဲ့ပါတယ္။
ဆြမ္းပြဲၿပီးသြားသည့္အခါ ကိုခင္ေမာင္ဝင္းက “မနက္ ၇း၀၀နာရီ လာပင့္ပါ့မယ္ဘုရား”ဟု ေလွ်ာက္ထားသြားပါတယ္။ သဲထိတ္ရင္ဖို စြန္႔စားခန္းမဟုတ္ေပမဲ့ ရင္ခုန္စရာႀကီးပါ။
သံဃာေတာ္မ်ားႏွင့္ ျပည္သူမ်ားအားလံုးလိုလိုက ဆရာေတာ္ႀကီးကို ဖူးခ်င္ၾကတာခ်ည္းပဲ ျဖစ္ပါတယ္။ ဆြမ္းခံၾကြစဥ္ခုိက္ေလး ဖူးခြင့္ရတာကိုပဲ ဝမ္းသာမဆံုး ျဖစ္ေနၾကတာပါ။ ဆရာေတာ္ႀကီးဆြမ္းခံၾကြတာကို အင္မတန္ေဝးလံတဲ့ အရပ္ေဒသမွ လာဖူးၾကသူမ်ားရွိသလို အႀကိမ္ေပါင္းမ်ားစြာ လာဖူးၾကသူမ်ားလည္း ရွိပါတယ္။
ဗီယက္နမ္ႏိုင္ငံသား ဗမာစကားေျပာတတ္တဲ့ ဗီယက္နမ္ရဟန္းေတာ္တစ္ပါးဆုိရင္ ေရႊဘိုမွာဝါဆိုၿပီး ေန႔စဥ္လာဖူးတာ ဒီႏွစ္တစ္ဝါတြင္းလံုး ရက္ပ်က္မရွိဘူးလို႔ သိရပါတယ္။
ဆရာေတာ္ႀကီးကိုလာဖူးၾကတဲ့အဖြဲ႔ထဲမွာ အသက္အရြယ္ႀကီးမားတဲ့ ဘိုးဘြားမ်ားပါဝင္သလို ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားလည္း ပါဝင္ၾကပါတယ္။
ေထရ္ႀကီးဝါႀကီးထဲမွာလည္း စာသင္တုိက္အႀကီးအကဲ အဓိပတိဆရာေတာ္ႀကီးမ်ားပင္ ပါဝင္တာ ေတြ႔ရပါတယ္။ အဲဒီဆရာေတာ္ႀကီးမ်ားဟာ သိကၡာ ဝါ အရ မိမိေအာက္ငယ္တဲ့ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးကို အေဝးမွလာေရာက္ဖူးျမင္ၾကသလို လက္အုပ္ခ်ီၿပီး ႏႈတ္ဆက္တတ္ၾကပါတယ္။
ဒီလို သံဃာ့အသဲႏွလံုး ျပည္သူ႔ႏွလံုးသည္ပြတ္ျဖစ္တဲ့ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးကို သီးျခားဖူးျမင္ခြင့္ရေတာ့မယ္ဆိုေတာ့ ရင္မခုန္ဘဲ ေနပါ့မလားေနာ္ … ။
ခက္တာက စာေရးသူႏွင့္အတူပါလာတဲ့ ဒကာႏွစ္ေယာက္က ပုညဝုၯိေဆာင္မွာ အိပ္ရတာေၾကာင့္ စာေရးသူအနားမွာ မရွိပါ။ စာေရးသူႏွင့္အတူရွိေနတာက နတ္တလူမွာ ႀကဳိတင္ေရာက္ႏွင့္ေနတဲ့ တပည့္ေလးႏွစ္ပါးပါ။
အေျခအေနအရ ဒကာႏွစ္ေယာက္မေျပာႏွင့္ တပည့္ႏွစ္ပါးေတာင္ လုိက္ပါဖူးျမင္ခြင့္ ရလိမ့္မည္မထင္ပါ။ ဆရာေတာ္ႀကီးႏွင့္ ႏွစ္ပါးတည္းေတြ႔ရမည့္အေျခအေနမွာ ရွိေနပါေတာ့တယ္။
ႏွစ္ပါးတည္းေတြ႔ရမည္ဆိုလွ်င္ ဆရာေတာ္ႀကီးထံ ခြင့္ေတာင္းၿပီး အသံဖမ္းရင္ ရႏိုင္ေၾကာင္း ညီေတာ္ေမာင္ နတ္တလူဆရာေတာ္ေလးက အႀကံျပဳလာပါတယ္။ နတ္တလူဆရာေတာ္ေလးက စာေရးသူႏွင့္အတူ ဆရာေတာ္ႀကီးထံ လုိက္ဖုိ႔စီစဥ္ထားေပမဲ့ နတ္တလူမွာ မင္းဘိသိက္ခံဘုရား ပႏၷက္ခ်ပြဲရွိတာေၾကာင့္ ျပန္သြားရတာပါ။
တပည့္ႏွစ္ပါးလည္း မပါ၊ နတ္တလူဆရာေတာ္လည္း မပါဘဲ ႏွစ္ပါးတည္းေတြ႔ဆံုရတဲ့အခါ ဆရာေတာ္ႀကီးကို ဖူးခြင့္ရခဲ့တယ္ဆိုတာ ဘယ္သူမွ ဘယ္လိုမွ ယံုၾကည္ၾကမွာ မဟုတ္ပါဘူး။
ထိုအတြက္ စိတ္ေလးေနရတာ ျဖစ္ပါတယ္။
တပည့္မ်ားကို ေသခ်ာမွာရပါတယ္။ လုိက္ပါဖူးျမင္ခြင့္ရရင္ ကင္မရာရိုက္တတ္ေအာင္ စာေရးသူ႔လက္ကိုင္ဖုန္း အသံုးျပဳပံုကို သင္ျပေပးတာ ျဖစ္ပါတယ္။
မနက္ ၇း၀၀ မထိုးေသးခင္မွာပဲ အခ်ိန္ရတုန္းရခုိက္ စာေရးသူက အစိေႏၲယ်ဘုရားရွိခိုးစာမ်ား လမ္းေလွ်ာက္ရင္း ရြတ္ဖတ္ပါတယ္။ တပည့္ေလးႏွစ္ပါးက တံျမက္စည္းလွည္းပါတယ္။
ညက အျဖစ္အပ်က္ေလးတစ္ခုေၾကာင့္ ဆရာေတာ္ႀကီးကို အားနာေနမိတာပါ။ ကပၸိယကိုခင္ေမာင္ဝင္းက စာေရးသူစီးလာတဲ့ကားကို စာေရးသူတို႔တည္းခိုရာ သာသနဝုၯိေက်ာင္းဝင္းထဲထိ ဝင္ခြင့္ျပဳထားပါတယ္။ ကားသံၾကားရင္ အာဂႏၲဳ (ဧည့္သည္)ေရာက္ေၾကာင္း အသိေပးေလွ်ာက္ထားၿပီးသားျဖစ္ေအာင္လုိ႔ပါ။ ဒကာႏွစ္ေယာက္က ကားေသာ့အပ္ကာ ကားထားၿပီး ျပန္သြားၾကပါတယ္။ တပည့္ႏွစ္ပါးက ကားကို ရီမုနဲ႔မဖြင့္ဘဲ ေသာ့နဲ႔ဖြင့္လုိက္လုိ႔ ကားကထေအာ္တာနဲ႔ ႀကဳံရေတာ့တာပါပဲ။ ည ၈း၀၀နာရီခန္႔ တိတ္ဆိတ္တဲ့အခ်ိန္ တိတ္ဆိတ္ရာေနရာမွာျဖစ္လုိ႔ ကားအခ်က္ျပအသံက အေတာ္ႀကီးကို က်ယ္ေလာင္ေနေတာ့တာပါ။ ဒကာႏွစ္ေယာက္လည္း အေျပးအလႊားပဲ ေရာက္ခ်လာပါေတာ့တယ္။ ခဏခဏျမည္ေနမွာစုိးလို႔ မျမည္ေအာင္ လာလုပ္ေပးသြားတာပါ။
ဆရာေတာ္ႀကီးက ေတာထဲေတာင္ထဲမွာ တစ္ပါးတည္း နားေအးပါးေအး တရားေလးနဲ႔ ေအးေအးေဆးေဆးေနကာမွ စာေရးသူတို႔က ေမာ္ေတာ္ကားသံ တပြမ္ပြမ္နဲ႔ ဆူညံေနသလိုျဖစ္သြားလို႔ အားနာေနမိတာပါ။
ဖူးျမင္ခြင့္ရတဲ့အခါ ေတာင္းပန္ရဦးမယ္လို႔ စိတ္ထဲေတြးထားမိလုိက္ပါတယ္။
မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးကို ဖူးေျမာ္ရဖို႔ အခ်ိန္နီးကပ္လာပါၿပီ။ မိနစ္ပိုင္းသာ လုိပါေတာ့တယ္။
ဆရာေတာ္ႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ။
က်န္းမာခ်မ္းသာစြာ သာသနာျပဳႏုိင္ပါေစ။
တရားထူးတရားျမတ္မ်ား ရရွိႏိုင္ပါေစ။
ဤကား ေထရ္ႀကီးဝါႀကီးမ်ားကို ပို႔သေသာ စာေရးသူရဲ႕ ေမတၱာပို႔သပံု ျဖစ္ပါတယ္။
ဦးပၪၥင္း
ဝီရသူ(မစုိးရိမ္)
19.3.2022—————————–
ဉေယျဓမ်တောရသို့ … (၃)===============
မနက် ၆း၀၀နာရီထိုးသည့်အခါ ကိုခင်မောင်ဝင်းတို့ ကပ္ပိယအဖွဲ့ အသံကြားရလို့ တရားထိုင်တာ ရပ်နားလိုက်ပါတယ်။ အရုဏ်ဆွမ်းလာကပ်ခြင်းဖြစ်ပါတယ်။ ဆီချက်ခေါက်ဆွဲ ကပ်လှူကြပါတယ်။ သစ်သီးပွဲလည်း ပါပါတယ်။ တောရဆိုပေမဲ့ မြို့လိုပဲ ခဲဘွယ်ဘောဇဉ်က စုံလင်လှပါတယ်။ စာရေးသူက ကော်ဖီ လဘက်ရည် သောက်လေ့မရှိတာကြောင့် ကော်ဖီတစ်ခုပဲ မသောက်ဘဲနေလိုက်တာပါ။ ကျန်တာတွေတော့ အကုန်လုံး ဘုဉ်းပေးသုံးဆောင်ခဲ့ပါတယ်။
ဆွမ်းပွဲပြီးသွားသည့်အခါ ကိုခင်မောင်ဝင်းက “မနက် ရး၀၀နာရီ လာပင့်ပါ့မယ်ဘုရား”ဟု လျှောက်ထားသွားပါတယ်။ သဲထိတ်ရင်ဖို စွန့်စားခန်းမဟုတ်ပေမဲ့ ရင်ခုန်စရာကြီးပါ။
သံဃာတော်များနှင့် ပြည်သူများအားလုံးလိုလိုက ဆရာတော်ကြီးကို ဖူးချင်ကြတာချည်းပဲ ဖြစ်ပါတယ်။ ဆွမ်းခံကြွစဉ်ခိုက်လေး ဖူးခွင့်ရတာကိုပဲ ဝမ်းသာမဆုံး ဖြစ်နေကြတာပါ။ ဆရာတော်ကြီးဆွမ်းခံကြွတာကို အင်မတန်ဝေးလံတဲ့ အရပ်ဒေသမှ လာဖူးကြသူများရှိသလို အကြိမ်ပေါင်းများစွာ လာဖူးကြသူများလည်း ရှိပါတယ်။
ဗီယက်နမ်နိုင်ငံသား ဗမာစကားပြောတတ်တဲ့ ဗီယက်နမ်ရဟန်းတော်တစ်ပါးဆိုရင် ရွှေဘိုမှာဝါဆိုပြီး နေ့စဉ်လာဖူးတာ ဒီနှစ်တစ်ဝါတွင်းလုံး ရက်ပျက်မရှိဘူးလို့ သိရပါတယ်။
ဆရာတော်ကြီးကိုလာဖူးကြတဲ့အဖွဲ့ထဲမှာ အသက်အရွယ်ကြီးမားတဲ့ ဘိုးဘွားများပါဝင်သလို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများလည်း ပါဝင်ကြပါတယ်။
ထေရ်ကြီးဝါကြီးထဲမှာလည်း စာသင်တိုက်အကြီးအကဲ အဓိပတိဆရာတော်ကြီးများပင် ပါဝင်တာ တွေ့ရပါတယ်။ အဲဒီဆရာတော်ကြီးများဟာ သိက္ခာ ဝါ အရ မိမိအောက်ငယ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို အဝေးမှလာရောက်ဖူးမြင်ကြသလို လက်အုပ်ချီပြီး နှုတ်ဆက်တတ်ကြပါတယ်။
ဒီလို သံဃာ့အသဲနှလုံး ပြည်သူ့နှလုံးသည်ပွတ်ဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို သီးခြားဖူးမြင်ခွင့်ရတော့မယ်ဆိုတော့ ရင်မခုန်ဘဲ နေပါ့မလားနော် … ။
ခက်တာက စာရေးသူနှင့်အတူပါလာတဲ့ ဒကာနှစ်ယောက်က ပုညဝုဍ္ဎိဆောင်မှာ အိပ်ရတာကြောင့် စာရေးသူအနားမှာ မရှိပါ။ စာရေးသူနှင့်အတူရှိနေတာက နတ်တလူမှာ ကြိုတင်ရောက်နှင့်နေတဲ့ တပည့်လေးနှစ်ပါးပါ။
အခြေအနေအရ ဒကာနှစ်ယောက်မပြောနှင့် တပည့်နှစ်ပါးတောင် လိုက်ပါဖူးမြင်ခွင့် ရလိမ့်မည်မထင်ပါ။ ဆရာတော်ကြီးနှင့် နှစ်ပါးတည်းတွေ့ရမည့်အခြေအနေမှာ ရှိနေပါတော့တယ်။
နှစ်ပါးတည်းတွေ့ရမည်ဆိုလျှင် ဆရာတော်ကြီးထံ ခွင့်တောင်းပြီး အသံဖမ်းရင် ရနိုင်ကြောင်း ညီတော်မောင် နတ်တလူဆရာတော်လေးက အကြံပြုလာပါတယ်။ နတ်တလူဆရာတော်လေးက စာရေးသူနှင့်အတူ ဆရာတော်ကြီးထံ လိုက်ဖို့စီစဉ်ထားပေမဲ့ နတ်တလူမှာ မင်းဘိသိက်ခံဘုရား ပန္နက်ချပွဲရှိတာကြောင့် ပြန်သွားရတာပါ။
တပည့်နှစ်ပါးလည်း မပါ၊ နတ်တလူဆရာတော်လည်း မပါဘဲ နှစ်ပါးတည်းတွေ့ဆုံရတဲ့အခါ ဆရာတော်ကြီးကို ဖူးခွင့်ရခဲ့တယ်ဆိုတာ ဘယ်သူမှ ဘယ်လိုမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ထိုအတွက် စိတ်လေးနေရတာ ဖြစ်ပါတယ်။
တပည့်များကို သေချာမှာရပါတယ်။ လိုက်ပါဖူးမြင်ခွင့်ရရင် ကင်မရာရိုက်တတ်အောင် စာရေးသူ့လက်ကိုင်ဖုန်း အသုံးပြုပုံကို သင်ပြပေးတာ ဖြစ်ပါတယ်။
မနက် ရး၀၀ မထိုးသေးခင်မှာပဲ အချိန်ရတုန်းရခိုက် စာရေးသူက အစိန္တေယျဘုရားရှိခိုးစာများ လမ်းလျှောက်ရင်း ရွတ်ဖတ်ပါတယ်။ တပည့်လေးနှစ်ပါးက တံမြက်စည်းလှည်းပါတယ်။
ညက အဖြစ်အပျက်လေးတစ်ခုကြောင့် ဆရာတော်ကြီးကို အားနာနေမိတာပါ။ ကပ္ပိယကိုခင်မောင်ဝင်းက စာရေးသူစီးလာတဲ့ကားကို စာရေးသူတို့တည်းခိုရာ သာသနဝုဍ္ဎိကျောင်းဝင်းထဲထိ ဝင်ခွင့်ပြုထားပါတယ်။ ကားသံကြားရင် အာဂန္တု (ဧည့်သည်)ရောက်ကြောင်း အသိပေးလျှောက်ထားပြီးသားဖြစ်အောင်လို့ပါ။ ဒကာနှစ်ယောက်က ကားသော့အပ်ကာ ကားထားပြီး ပြန်သွားကြပါတယ်။ တပည့်နှစ်ပါးက ကားကို ရီမုနဲ့မဖွင့်ဘဲ သော့နဲ့ဖွင့်လိုက်လို့ ကားကထအော်တာနဲ့ ကြုံရတော့တာပါပဲ။ ည ၈း၀၀နာရီခန့် တိတ်ဆိတ်တဲ့အချိန် တိတ်ဆိတ်ရာနေရာမှာဖြစ်လို့ ကားအချက်ပြအသံက အတော်ကြီးကို ကျယ်လောင်နေတော့တာပါ။ ဒကာနှစ်ယောက်လည်း အပြေးအလွှားပဲ ရောက်ချလာပါတော့တယ်။ ခဏခဏမြည်နေမှာစိုးလို့ မမြည်အောင် လာလုပ်ပေးသွားတာပါ။
ဆရာတော်ကြီးက တောထဲတောင်ထဲမှာ တစ်ပါးတည်း နားအေးပါးအေး တရားလေးနဲ့ အေးအေးဆေးဆေးနေကာမှ စာရေးသူတို့က မော်တော်ကားသံ တပွမ်ပွမ်နဲ့ ဆူညံနေသလိုဖြစ်သွားလို့ အားနာနေမိတာပါ။ ဖူးမြင်ခွင့်ရတဲ့အခါ တောင်းပန်ရဦးမယ်လို့ စိတ်ထဲတွေးထားမိလိုက်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဖူးမြော်ရဖို့ အချိန်နီးကပ်လာပါပြီ။ မိနစ်ပိုင်းသာ လိုပါတော့တယ်။
ဆရာတော်ကြီး သက်တော်ရာကျော်ရှည်ပါစေ။ကျန်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေ။ တရားထူးတရားမြတ်များ ရရှိနိုင်ပါစေ။
ဤကား ထေရ်ကြီးဝါကြီးများကို ပို့သသော စာရေးသူရဲ့ မေတ္တာပို့သပုံ ဖြစ်ပါတယ်။
ဦးပဉ္စင်းဝီရသူ(မစိုးရိမ်)19.3.2022