ေဉယ်ဓမ္ေတာရသို႔ … (၆)
==============
စာေရးသူတုိ႔ စကားလက္ဆံုက်ေနတုန္းမွာ ကိုခင္ေမာင္ဝင္းတို႔အဖြဲ႔က စာေရးသူတို႔အတြက္ လွဴဖြယ္ဝတၳဳေတြ ေရြးခ်ယ္ေနၾကပါတယ္။ မူလတုန္းက စာေရးသူႏွင့္ ေနာက္ပါတစ္ပါးဟု ထင္ထားေပမယ့္ တကယ္လာတဲ့အခါ ေနာက္ပါႏွစ္ပါးျဖစ္ေနလုိ႔ သံုးပါးစာ ျပင္ဆင္ေပးရတာပါ။ ႏွစ္ပါးစာက ျပင္ဆင္ၿပီးသားျဖစ္လုိ႔ တစ္ပါးစာအတြက္ပဲ လွဴဖြယ္မ်ား ေရြးခ်ယ္ေနရတာပါ။
ဆရာေတာ္ႀကီးက သတိအားေကာင္းပါတယ္။ အစစအရာရာ အေသးစိတ္မွတ္မိပါတယ္။ သပိတ္ထဲမွာ ဆပ္ျပာခဲထည့္ရဲ႕လား၊ သြားတုိက္ေဆးဘူး သြားပြတ္တံပါလား စသည္ စံုလင္ေအာင္ ေမးေတာ္မူၿပီးမွ တစ္ပါးခ်င္းစီကို အကပ္ခုိင္းပါတယ္။
ေနာက္ဆံုးမွာေတာ့ စာေရးသူတို႔ သံုးပါးလံုး ဆရာေတာ္ႀကီးကို ၾသကာသကန္ေတာ့ခ်ဳိးနဲ႔ ထုိင္ရွိခိုးၾကပါတယ္။ ဆရာေတာ္ႀကီးက ဆုေတြေပးေတာ္မူပါတယ္။
ဆရာေတာ္ႀကီး သီတင္းသံုးရာ ေက်ာင္းေဆာင္ေသးေသးေလးကေန ထြက္လာၿပီး ေက်ာင္းဝင္းအတြင္း ေဗာဓိပင္မွာ အမွ်ေဝကာ ထရံေက်ာင္းေဆာင္ (ေဉယ်ဓမ္)ေရွ႕မွာ အမွတ္တရ ဓာတ္ပုံရိုက္ၾကပါတယ္။ ခြင့္လည္း မေတာင္းျဖစ္၊ တက္လည္း မၾကည့္ဝံ့လုိ႔ ေက်ာင္းေရွ႕မွာပဲ ဓာတ္ပံုရုိက္လုိ္က္ရတာပါ။ ဆရာေတာ္ႀကီးက ရိပ္မိပံုရပါတယ္။ အေပၚတက္ၾကည့္လုိ႔ရေအာင္ လုိက္ျပေပးလုိက္ပါဦးလို႔ မိန္႔ေတာ္မူေၾကာင္း ကိုခင္ေမာင္ဝင္းက လာေလွ်ာက္ပါတယ္။
စာေရးသူတုိ႔လည္း ဝမ္းသာအားရ တက္ၾကည့္ၾကပါတယ္။ ေဖ့ဘုတ္မွာ အၿမဲဖူးေနရတဲ့ ဆရာေတာ္ႀကီးထုိင္ေတာ္မူပံုေတြဟာ ေဉယ်ဓမ္ ထရံကာေက်ာင္းေလးထဲက ပံုေတာ္ေတြပါပဲ။
အခုေတာ့ လွဴဖြယ္ဝတၳဳေတြႏွင့္ ျပည့္ၾကပ္ေနလုိ႔ ဆရာေတာ္ႀကီး အသက္ရွဴၾကပ္မွာ၊ ေလေကာင္းေလသန္႔မရမွာေတာင္ စိတ္ပူရပါတယ္။
သီလရိပ္၊ သမာဓိရိပ္ေတြေၾကာင့္ ေတာရိပ္ေတာင္ရိပ္ေလးဟာ ပိုၿပီးလံုၿခဳံ ပိုၿပီးေအးျမလ်က္ ရွိေနပါတယ္။ ေအာက္ျပန္ဆင္းၿပီး တည္းခုိရာ သာသနဝုၯိေက်ာင္းကို ျပန္သြားရမွာေတာင္ စိတ္မပါေတာ့သလိုပါပဲ။ တစ္နည္းအားျဖင့္ေျပာရရင္ မဝေသးဘူး မျပန္ခ်င္ေတာ့ဘူးေပါ့ေနာ္။
ဦးပၪၥင္း
ဝီရသူ(မစိုးရိမ္)
22.3.2022
————————–—
ဉေယျဓမ်တောရသို့ … (၆)
==============
စာရေးသူတို့ စကားလက်ဆုံကျနေတုန်းမှာ ကိုခင်မောင်ဝင်းတို့အဖွဲ့က စာရေးသူတို့အတွက် လှူဖွယ်ဝတ္ထုတွေ ရွေးချယ်နေကြပါတယ်။ မူလတုန်းက စာရေးသူနှင့် နောက်ပါတစ်ပါးဟု ထင်ထားပေမယ့် တကယ်လာတဲ့အခါ နောက်ပါနှစ်ပါးဖြစ်နေလို့ သုံးပါးစာ ပြင်ဆင်ပေးရတာပါ။ နှစ်ပါးစာက ပြင်ဆင်ပြီးသားဖြစ်လို့ တစ်ပါးစာအတွက်ပဲ လှူဖွယ်များ ရွေးချယ်နေရတာပါ။
ဆရာတော်ကြီးက သတိအားကောင်းပါတယ်။ အစစအရာရာ အသေးစိတ်မှတ်မိပါတယ်။ သပိတ်ထဲမှာ ဆပ်ပြာခဲထည့်ရဲ့လား၊ သွားတိုက်ဆေးဘူး သွားပွတ်တံပါလား စသည် စုံလင်အောင် မေးတော်မူပြီးမှ တစ်ပါးချင်းစီကို အကပ်ခိုင်းပါတယ်။
နောက်ဆုံးမှာတော့ စာရေးသူတို့ သုံးပါးလုံး ဆရာတော်ကြီးကို သြကာသကန်တော့ချိုးနဲ့ ထိုင်ရှိခိုးကြပါတယ်။ ဆရာတော်ကြီးက ဆုတွေပေးတော်မူပါတယ်။
ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းဆောင်သေးသေးလေးကနေ ထွက်လာပြီး ကျောင်းဝင်းအတွင်း ဗောဓိပင်မှာ အမျှဝေကာ ထရံကျောင်းဆောင် (ဉေယျဓမ်)ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။ ခွင့်လည်း မတောင်းဖြစ်၊ တက်လည်း မကြည့်ဝံ့လို့ ကျောင်းရှေ့မှာပဲ ဓာတ်ပုံရိုက်လိုက်ရတာပါ။ ဆရာတော်ကြီးက ရိပ်မိပုံရပါတယ်။ အပေါ်တက်ကြည့်လို့ရအောင် လိုက်ပြပေးလိုက်ပါဦးလို့ မိန့်တော်မူကြောင်း ကိုခင်မောင်ဝင်းက လာလျှောက်ပါတယ်။
စာရေးသူတို့လည်း ဝမ်းသာအားရ တက်ကြည့်ကြပါတယ်။ ဖေ့ဘုတ်မှာ အမြဲဖူးနေရတဲ့ ဆရာတော်ကြီးထိုင်တော်မူပုံတွေဟာ ဉေယျဓမ် ထရံကာကျောင်းလေးထဲက ပုံတော်တွေပါပဲ။
အခုတော့ လှူဖွယ်ဝတ္ထုတွေနှင့် ပြည့်ကြပ်နေလို့ ဆရာတော်ကြီး အသက်ရှူကြပ်မှာ၊ လေကောင်းလေသန့်မရမှာတောင် စိတ်ပူရပါတယ်။
သီလရိပ်၊ သမာဓိရိပ်တွေကြောင့် တောရိပ်တောင်ရိပ်လေးဟာ ပိုပြီးလုံခြုံ ပိုပြီးအေးမြလျက် ရှိနေပါတယ်။ အောက်ပြန်ဆင်းပြီး တည်းခိုရာ သာသနဝုဍ္ဎိကျောင်းကို ပြန်သွားရမှာတောင် စိတ်မပါတော့သလိုပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် မဝသေးဘူး မပြန်ချင်တော့ဘူးပေါ့နော်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
22.3.2022