“အိမ်ရှင်မများနှင့် ရွှေမျက်စဉ်း”
“အိမ်ရှင်မများနှင့် ရွှေမျက်စဉ်း”
=====================
ရွှေမျက်စဉ်းကို အိမ်ရှင်မများက ပို၍နှစ်ခြိုက်ကြပါသည်။ အကြောင်းကား အိမ်ရှင်မများ၏ မျက်စိများက ရောဂါထူပြောသောကြောင့်တည်း။ မှန်၏။ အိမ်ရှင်မများသည် မီးဖိုချောင်လုပ်ငန်းများလုပ်ရာ၌ မီးခိုးထိခြင်း၊ ဟင်းငွေ့ရိုက်ခြင်း၊ မျက်စိမွှန်ခြင်းများ မကြာခဏ ခံစားရသည့်အပြင် အပူဒဏ်နှင့် အမြဲထိတွေ့နေရပါသည်။
မျက်စိမွှန်ခြင်း၊ ဟင်းငွေ့ရိုက်ခြင်း၊ အပူဒဏ်သင့်ခြင်းတို့သည် ရေချိုးရုံ မျက်စိဆေးရုံ မျက်နှာသစ်ရုံနှင့် မပျောက်ကင်းကြပါ။ မျက်လုံးမှာ ဒဏ်အဖြစ် ကျန်ရစ်ခဲ့ပါသည်။ ထိုဒဏ်များကို ရွှေမျက်စဉ်းက ဆေးကြောသန့်စင် ကုသပေးပါသည်။ ထို့ကြောင့် ရွှေမျက်စဉ်းခတ်ဖူးသည့် အိမ်ရှင်မတိုင်း ရွှေမျက်စဉ်းကို အသည်းစွဲကြခြင်း ဖြစ်ပါသည်။
ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းစာသင်တိုက်၌ စာချဆရာတော် အရှင်စန္ဒောဘာသသည် ရွှေမျက်စဉ်းများ လှူဒါန်းပေးလျက်ရှိ၏။ ၎င်းထံသို့ ဝေယျာဝစ္စအဖွဲ့တစ်ဖွဲ့က ပုံမှန်အလှူခံလေ့ရှိ၏။ တစ်ကြိမ်အလှူခံလာလျှင် ၆ဘူး ၇ဘူး ပေးရသောကြောင့် ဆရာတော်က “ခင်ဗျားတို့ သောက်ဆေးနှင့် ခတ်ဆေးများ မှားနေကြသလား၊ ဒါက ခတ်ဆေးနော် သောက်ရမှာမဟုတ်ဘူး”ဟု မိန့်တော်မူရာ “သိပါတယ်ဘုရား တပည့်တော်တို့က ဝေယျာဝစ္စလုပ်ရလို့ဘုရား” ပြန်ဖြေသည်ဆို၏။ ထိုဝေယျာဝစ္စအဖွဲ့သည် ကိုဗစ်ကာလအတွင်း ဆွမ်းခံမထွက်နိုင်သော သံဃာအပါး ၁၀၀ကျော်အား နေ့စဉ် ဆွမ်းချက်ကပ်လှူနေရသော အဖွဲ့ဖြစ်သဖြင့် ဆရာတော်က “ခင်ဗျားတို့က မျက်စဉ်းကို အကြော်နဲ့များ တို့စားနေကြသလား”ဟု မေးယူရလေ၏။ မန်ကျည်းသီးမှည့်နှင့် ဖော်စပ်ထားသောကြောင့် တို့စားရသော အချဉ်ထင်နေသည့်ပုံဟန်ဖြင့် မေးလိုက်ခြင်းဖြစ်လေ၏။
“တပည့်တော်တို့က ချက်ရပြုတ်ရတဲ့ အဖွဲ့လေ၊ ကြည်သွန်မွှန် ငရုပ်သီးမွှန်တဲ့အခါ ဒီမျက်စဉ်းပဲ ခတ်နေရတာ၊ ဒီမျက်စဉ်းကမှ မျက်စိမွှန်တာကို နိုင်တာပါဘုရား” လျှောက်ထားကြလေ၏။
ရွှေမျက်စဉ်းသည် မျက်စိမွှန်ခြင်းကို ပျောက်ကင်းစေသောကြောင့် အိမ်ရှင်မများ အကြိုက်တွေ့သော ဆေးကောင်းတစ်လက် ဖြစ်လေသည်။
အိမ်ရှင်မများနည်းတူ စားဖိုမှူးအမျိုးသားများလည်း ရွှေမျက်စဉ်းကို အကြိုက်တွေ့နေကြပါသည်။
ဒေါ်သီတာအေး 09-2004013
ဒေါ်နီလာမြင့် 09-259504851