မင်းကွန်းအကယ်ဒမီ ဆွမ်းဆန်တော်အလှူပွဲ
မင်းကွန်းအကယ်ဒမီ ဆွမ်းဆန်တော်အလှူပွဲ
———————————————————
မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် အလှူပွဲကို 7.8.2023 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
စံတော်မူကျောင်းတိုက်မှာ အသစ်ဆောက်လုပ်ထားတဲ့ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ကျင်းပတာပါ။
စုပေါင်း ဆွမ်းဆန်တော် ၆၂ပိုင်းပါ။
အလှူရှင်များကတော့ အမရပုရမြို့နယ်၊ တမုတ်ဆိုးအုပ်စု ကျေးရွာသူ ကျေးရွာသားများ ဖြစ်ပါတယ်။
ဦးဆောင်သူများကတော့ ဗိုလ်ကြီးဇင်ကိုထက်၊အုပ်ကြီးဦးအောင်၊ လှိုင်ရွာသူ ဒေါ်နီလာတို့ ဝိုင်းဝင်းအလှူခံပေးတာ – တစ်ပတ်အတွင်းမှာ ၆၂ပိုင်း ရရှိခဲ့ခြင်းပဲဖြစ်ပါ။
ဒါဟာ နွေစပါးပေါ်ထွန်းရာကနေ လှူဒါန်းတာဖြစ်ပြီး မိုးစပါးပေါ်ထွန်းလည်း – ဆက်လက်လှူဒါန်းအုံးမယ်လို့ သိရပါတယ်။
တမုတ်ဆိုးရွာသူ ရွာသားများက ဆွမ်းဆန်တော်များစုပေါင်းလှူဒါန်းကြသလို ဦးဇင်းပေါက် အရှင်အရိယဝံသကလဲ နေ့ဆွမ်းတနပ်စာ ကျွေးမွေးလှူဒါန်ပြီး ကျောင်းသူ ကျောင်းသားများ ဆရာ ဆရာမများအား အအေးတစ်ဘူးစီနဲ့ မုန့်တစ်ထုပ်စီ ပေးဝေလှူဒါန်းခဲ့ပါတယ်။
နောက်ဆိုရင် – အကယ်ဒမီကို စံတော်မူကျောင်းတိုက်ထဲ အပြီးအစီး ပြောင်းရွှေမှာဖြစ်သလို လောလောဆယ်မှာလဲ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာပဲ တစ်နေ့ သုံးနပ် ချက်ပြုတ် ကျွေးမွေးသွားမှာဖြစ်ပါတယ်။
အကယ်ဒမီမှာ G9- မှ G12 အထိ ဦးရေ လေးရာ့ငါးဆယ်ကျော်ရှိပြီး တစ်နေ့လျှင် သုံးနပ် ပြည်ရှစ်ဆယ် ချက်ပြုတ်ကျွေးမွေး ပြုစုပျိုးထောင်လျက်ရှိပါတယ်။
အလှူခံပေးသူ၊ ဦးဆောင်သူ၊ လှူဒါန်းသူ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ စီးပွားဥစ္စာ ပြည့်စုံခြင်း၊ ဘေးရန်အန္တရယ်မှ ကင်းဝေဒခြင်းနှင့် ပြည့်စုံကာ လိုရာဆန္ဒပြည့်ဝာကပါစေသော်……….ဝ်။