မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ စောင့်ရှောက်မှု
မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ စောင့်ရှောက်မှု
6.8.2023 ရက်နေ့ မနက် 11း00 နာရီမှာ စာရေးသူထံ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သာဝကနဲ့သာဝိကာများ ရောက်ရှိလာကြပါတယ်။
ဆရာတော်ကြီး လှူခိုင်းတဲ့ လှူဖွယ်တွေကို လာရောက်လှူဒါန်းကြတာပါ။
သင်္ကန်းသုံးထည်အပြင် ပရိက္ခရာနဲ့ အခြားအသုံးအဆောင်များလဲ ပါဝင်ပါတယ်။
ဖိနပ်တောင်မှ စာရေးသူခြေထောက်နဲ့ သင့်တော်မဲ့ နံပါတ် (၇)ကို ရွေးလှူတာပါ။
စာအုပ်တွေလဲပါပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးသားတော်မူတဲ့ စာအုပ်များ ဖြစ်ပါတယ်။
စာအုပ်တွေထဲမှာ အခုမှ ထွက်ရှိတဲ့ စာအုပ်တစ်အုပ်ပါပါတယ်။
၂၀၁၇ ခုနှစ်မှာ ရေးတော်မူခဲ့တဲ့ စာမူပါ။
ဘာသာကြီး လေးခုအကြောင်းနဲ့ ဗုဒ္ဓဘာသာဝင်တို့ အနု နဲ့ အကြမ်း၊ အဖြူနဲ့ အမည်းဒဏ် လှိမ့်ခံနေရကြောင်း ပါဝင်သလို မ-ဘ-သ အဖွဲ့ကြီးကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြတ်ပြတ်သားသား ရေးထားတာပါပါတယ်။
စာအုပ်အမည်ကတော့ အကြမ်းမျိုဝါး ထိုလူများ ဖြစ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက အကြောင်းတိုက်ဆိုင်တိုင်း စာရေးသူထံ အမြဲပေးပို့ စွန့်ကျဲတော်မူလေ့ ရှိပါတယ်။
တစ်နည်းအားဖြင့် စာရေးသူကို အမြဲစောင့်ရှောက်တော်မူပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး သက်တော်ရာကျော်ရှည်ပါ့စေ…..
ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ…..
တရားထူး တရားမြတ်များ ရရှိနိုင်ပါစေ…..
ခြေတော်ဦးခိုက်လျက်
တပည့်
ဝီရသူ(မစိုးရိမ်)