“ဒုတိယအကြိမ် သက်တော်ရှည်ပူဇော်ပွဲ ကျင်းပ”
————————–။—————————–
“ဒုတိယအကြိမ် သက်တော်ရှည်ပူဇော်ပွဲ ကျင်းပ”
————————–။—————————–
သက်တော်ရှည် ဆရာတော်ကြီးများအား ဒုတိယအကြိမ်အဖြစ် ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ (30.10.2023) မှာ ကျင်းပခဲ့ပါတယ်။
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး မန္တလေးခုနစ်မြို့နယ်မှ သက်တော်ရှစ်ဆယ်ပြည့်တော်မူပြီးသည့် ဆရာတော်ကြီးများ ကြွရောက်ကြပါတယ်။
မစိုးရိမ်တိုက်သစ်၊ မဟာနယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော တပည့် ဒကာ ဒကာမများက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ခြင်း၊ မိုးကောင်းတိုက်၊ ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသက ဩဝါဒပေးခြင်း၊ သက်တော်ရှည်ဆရာတော်ကြီးများက ပရိတ်တရားချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
မန္တလေး၊ ခုနှစ်မြို့နယ်၌ သက်တော်ရှစ်ဆယ်ပြည့်ပြီးသူ ဆရာတော်ကြီးများ ၁၅၇ပါးရှိရာ ငါးဆယ်ခန့်သာ ကြွရောက်တော်မူနိုင်ပါတယ်။
အမာခံ အလှူရှင်များကတော့
ဒေါ်အေးအေးသိန်း(မော်လမြိုင်)
ဒေါ်မြင့်မြင့်စန်း(မော်လမြိုင်)
ဒေါ်မြမြဝင်း(မော်လမြိုင်)
ဦးတင်မောင်ဝင်း+ဒေါ်ဌေး(နေပြည်တော်)
ဦးရန်ကြီးအောင်+ဒေါ်မော်မော်(ရွှေပြည်သာ)
ဦးတင်လင်းထိုက်+ဒေါ်ပွင့်ဝါစိုး(သာကေတ)
ဦးမင်းကို+ဒေါ်အေးအေးနိုင်(အမရပုရ)
ဦးအောင်ခန့်မင်း+ဒေါ်ဝေနွယ်လွင်(ပြင်ဦးလွင်)
ဦးအောင်မိုးနိုင်+ဒေါ်ဇင်ပြည့်ဖြိုး(မန္တလေး)
ဦးဝင်းကိုကိုလတ်+ဒေါ်ရီနွယ်အောင်(ရန်ကုန်) တို့ဖြစ်ကြပါတယ်။
၂၀၂၂ ခုနှစ်ကျင်းပခဲ့ရာ သက်တော်ရှည်ဆရာတော်ကြီး ၁၇၁ပါးရှိပြီး ငါးဆယ်ကျော်သာ ကြွရောက်နိုင်ပါတယ်။
ယ္ခုနှစ် ၂၀၂၃ကျင်းပရာ၌ ၁၅၇ပါးသာ ရှိပြီး ငါးဆယ်မျှသာ ကြွရောက်တော်မူနိုင်ပါတယ်။
သက်တော်ရှည်ဆရာတော်ကြီးများအား တစ်စုတစ်စည်းတည်း ဖူးမြော်ရသဖြင့် အလှူရှင်များ ဝမ်းသာကြည်နူးနေကြပါတယ်။
ဆရာတော်ကြီးများ သက်တော်ရာကျော်ရှည်ကြပါစေ
ကျန်းမာချမ်းသာစွာ သာသနာပြုနိုင်ကြပါစေ
တရားထူး တရားမြတ်များ ရနိုင်ကြပါစေဘုရား……….။