မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အလှူတော်
============။==============
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အလှူတော်
============။==============
တပိုတွဲလ္ဆန်း ၉ ရက်(၁၈.၂.၂၀၂၄) ညနေ ၅း၀၀ နာရီ သဟာယကျောင်းမှာ ကျင်းပပါတယ်။
ဉေယျဓမ်တောရ ကပ္ပိယကြီးများဖြစ်တဲ့ ဦးခင်မောင်ဝင်း၊ ဦးဟန်ဝင်းတို့ ဦးဆောင် လှူဒါန်းကြတာပါ။
သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်၊ ဘောလ်ပင်၊ ဆယ်ပြာမှုံ၊ ဆပ်ပြာခဲ၊ ဆန် စသည့်လှူဖွယ်များ လာလှူခြင်းဖြစ်ပါတယ်။
ဒီနေ့မနက်မှစပြီး စစ်ကိုင်းနှင့် တံတားဦးသို့သွားရောက်လှူဒါန်းခဲ့ကြပြီး အပြန်မှာ မစိုးရိမ်ဓမ္မသဟာယသို့ လာရောက်လှူဒါန်းခဲ့ကြတာပါ။
စာရေးသူက – ပရိသတ်များအား မျက်စဉ်းတစ်ဘူးစီပေးလှူပြီး ကျန်းမားရေးဓာတ်ပေါင်းရည်နဲ့ ဧည့်ခံလိုက်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးအားလည်း မျက်စဉ်းတစ်ကဒ်(၆ဘူး)နှင့် ကျန်းမာရေးဓာတ်ပေါင်းရည် သုံးလီတာ ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။
အတုမရှိသော ကုသိုလ်မြေ တရားတော် ဟောကြားပြီး ရေစက်ချ အမျှဝေကြပါတယ်။
ဆရာတော်ကြီးက ကြုံရင်ကြုံသလို စာရေးသူကို အမြဲချီးမြှောက်တော်မူပါတယ်။
ဆရာတော်ကြီးရဲ့ကျေးဇူးတရား စာရေးသူအပေါ်မှာ မနည်းလှပါ။
ဆရာတော်ကြီးရဲ့ ကဗျာ့ကြေးမုံ စာအုပ်ကိုလည်း – ၂၀၂၅တပေါင်းလ အမီ ထုတ်ဝေနိုင်မည့်အကြောင်းလည်း တစ်ဆင့်လျှောက်ထားလိုက်ပါတယ်။
ထူးခြားတာတစ်ခုကတော့ ပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးက ပရိသတ်အလည်မှာ စာရေးသူကို ဝန်ချတောင်းပန်ခဲ့တာကြောင့် စာရေးသူနဲ့ ပရိသတ်ကလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြပါတယ်။
ဝန်ချတောင်းပန်သူ အမျိုးသမီးက – စာရေးသူကို ခြေတော်ဦးခိုက် ဦးတိုက်ရှိခိုးသွားပါတယ်။
မျက်နာမှာလဲ မျက်ရည်စတွေနဲ့ပေါ့။