“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ”
“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ”
=========။=========
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဝါဆိုတော်မူကြသော ဝါဆိုသံဃာ ၂၆၀၁ ပါးအား ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၄း၀၀ နာရီမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး မဟာနယက ဆရာတော်များ၊ နာယကဆရာတော်များနှင့် သံဃာတော်များက ဝါဆိုဝါကပ်ပုံ ပါဠိတောများ ရွတ်ဆိုကာ ဝါဆိုတော်မူကြပါတယ်။
ဝါဆိုအပြီးမှာ မဟာနာယက ဆရာတော်နှစ်ပါးက သြဝါဒပေးတော်မူပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးတော်မူကြပါတယ်။
ဓမ္မမဟိဒ္ဓိကျောင်းကြီးမှ ပြန်ကြွလာသည့် သံဃာတော် ၂၆၀၁ပါးအား ဝါဆိုပန်း၊ ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ဝတ္ထုများ လောင်းလှူကြပါတယ်။
မစိုးရိမ်တိုက်သစ်မှာ နာယကဆရာတော် ၂၆ပါးရှိပေမဲ့ ၂၂ပါးသာ ဝါဆိုပြီး၊ ပထမမဟာနာယက ဆရာတော်ကြီးက ကမ္ဘာအေးမှာ အခြား နာယကသုံးပါးက ဝါဆိုအမီ မရောက်လာလို့ ဒီနှစ်ဝါဆိုပွဲက နာယက မစုံလင်ဘူးလို့ ဆိုပါတယ်။
သံဃာ ၂၆၀၁ ပါးကို ဝါဆိုပန်းများ လှူဖွယ်ဝတ္ထုများနဲ့ လောင်းလှူပူဇော်ကြတဲ့ အလှူရှင်အသီးသီးကို ပူးတွဲ ဖော်ပြထားပါတယ်။
၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက် (၂၁-၇-၂၀၂၄) တနင်္ဂနွေနေ့
မစိုးရိမ်တိုက်သစ်၊ ဝါဆိုသံဃာ (၂၇၀၀)ကျော်အား ဝါဆိုပန်းနှင့်
လှူဖွယ်ဝတ္ထုများ ဆက်ကပ်လောင်းလှူပွဲ အလှူရှင်များ
«««««««««««««««
၁။ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သာဝက၊ သာဝိကာများအဖွဲ့ (မန္တလေး)မှ သင်္ကန်းဒွိစုံ – (၄၉)စုံ၊ မွှေးဆပ်ပြာခဲ – ၂၇၀၀၊ ဘရိတ်ဓားဘူးပေါင်း – ၂၇၀၀၊
၂။ ရဟန်းဒါယိကာမကြီး ဒေါ်အေးအေးသိန်းနှင့် ညီအစ်မများ (မော်ရွှေမြိုင် ရွှေရတနာ ရောင်းဝယ်ရေး) မော်လမြိုင်မြို့မှ နတ်မျက်စဉ်း ၃၀၀၀၊
၃။ ဒေါ်သီတာအေး (မေမေ့ဆိုင် ကလေးအသုံးအဆောင်ရောင်းဝယ်ရေးမိသားစု မန္တလေး)နှင့် ဦးသန့်ဇင် + ဒေါ်ခင်ညိုညို မိသားစု (အေဝမ်းသင်္ကန်းတိုက် နေပြည်တော်)မှ ရွှေတံခါးဆေး ၃၀၀၀၊
၎။ ဦးတင်မောင်ဝင်း + ဒေါ်ဌေး (ရွှေအိမ်စတိုးမိသားစု နေပြည်တော်)မှ ဗလာစာအုပ် – ၃၀၀၀၊ ဘောပင် – ၃၀၀၀၊
၅။ ဒေါက်တာသာစန်း + ဒေါက်တာသက်သက်ဆွေ သမီး – သန္တာထက်ထက်မိသားစု (မန္တလေး)မှ ဗလာစာအုပ် – ၃၀၀၀၊ ဘောပင် – ၃၀၀၀၊
၆။ ဦးမင်းအောင် + ဒေါ်မြင့်မြတ်ဝင်းမိသားစုနှင့် ဒေါ်ခင်ဌေးမိသားစု ဆပ်ပြာမှုံ့ – ၃၀၀၀၊
၇။ ဦးရဲထွန်းဝင်း + ဒေါ်ခင်စန်းရီမိသားစု (မန္တလေး)မှ ကာဘော်လစ်ဆပ်ပြာ – ၃၀၀၀၊
၈။ ဦးတင်လင်းထိုက် + ဒေါ်ပွင့်ဝါစိုးမိသားစု (ရန်ကုန်)မှ သွားတိုက်ဆေးဘူး – ၃၀၀၀၊
သွားတိုက်တံ – ၃၀၀၀၊
၉။ ကိုရန်ကြီးအောင် + မတင်တင်မော် (မော်မော်ရွှေဆိုင်မိသားစု ရန်ကုန်)မှ နဝကမ္မဝတ္ထုငွေ တစ်ဆယ့်ခုနစ်သိန်းကျပ်၊ ဆပ်ပြာမှုံ့ထုပ် – ၁၅၀၀နှင့် ဝါဆိုပန်းများ လှူဒါန်းပါသည်။
သံဃာတော်ဆိုတာ အတုမရှိသော ကုသိုလ်မြေကြီးပါ။
ဒီမြေကြီးပေါမှာ စိုက်ပျိုးသမျှ မျိုးစေ့တိုင်း သီးနှံကောင်းတွေ ဖြစ်ထွန်းကြပါတယ်။
] အတုမရှိသော ကုသိုလ်မြေ
သီးနှံကောင်းတွေ ဖြစ်ထွန်းပေ။
] ဒါနမျိုးစေ့ စိုက်ပျိုးက
လူနတ်စည်းစိမ် ချမ်းသာရ။
] သီလမျိုးစေ့ စိုက်ပျိုးက
အသက်ရှည်ကာ ကျန်းမာကြ။
] ဘာဝနာမျိုးစေ့ စိုက်ပျိုးက
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ။