သတင်း

သတင်းသမားဆိုသူများ သတိထား

ပုံ(၁)ကိုကြည့်ပါ။
သတင်းသမားပီသပြီး ဘက်မလိုက်တဲ့မဏ္ဍိုင်ဆိုတာ သိသာပါတယ်။

ပုံ(၂)ကိုကြည့်ပါ သတင်းသမားအမည်ခံ မီဒီယာဆိုသူရဲ့ ဘက်လိုက်ရေးသားမှုကိုတွေ့ရမှာပါ။

မျိုးချစ်ဆိုသူ မျိုးချစ်အမည်ခံ အဲလိုပုံစံမျိုး စာနယ်ဇင်းသမားတွေ ရေးခွင့်ရှိပါသလား?

ဒီလိုရေးရင် စတုတ္ထမဏ္ဍိုင်သမား ပီသပါ့မလား?

သတင်းစာပညာကို ပြည်သူအတွက် အကျိုးရှိအောင် အကျိုးပြုရမှာကို သတင်းစာပညာနှင့် ပြည်သူကိုအဆိပ်ခတ်နေတာလား?

မင်းတို့ရေးသလိုရေးရရင်
သမင်းသမားအမည်ခံ မီဒီယာဆိုသူ၊
လုပ်စား စာနယ်ဇင်းသမား၊
အဲဒီလိုရေးရင် ကြိုက်မလား?၊

နောက်တစ်ခု အတိုင်ပင်ခံဆိုသူ အတိုင်ပင်ခံအမည်ခံ အစိုးရဆိုသူ အစိုးရအမည်ခံ ဒီလိုရေးရင်ရော မင်းတို့ကြိုက်မလား?

ဝီရသူကတော့ စာနယ်ဇင်းသမားလည်းမဟုတ်ဘူး၊ မီဒီယာသမားလည်းမဟုတ်ဘူး၊ သင်တန်းဆင်းလဲ မဟုတ်ဘူး၊ နိုင်ငံခြားပြန်လည်းမဟုတ်ဘူး၊ ပရော်ဖက်ရှင်နယ်အဆင့်လည်းမဟုတ်ဘူး၊ ဒါပေမဲ့ စာနယ်ဇင်းစည်း ကမ်းကို နားလည်တယ်၊ မီဒီယာဥပဒေကို နားလည်တယ်၊ သတင်းသမားကျင့်ဝတ်ကို နားလည်တယ်။
အမျိုးချစ်တွေကို မင်းတို့လက်ခံရင်ခံ မခံရင်နေ မျိုးချစ်လို့ပဲရေးရမယ်။
မဘသကို မင်းတို့အသိမှတ်ပြုရင်ပြု မပြုရင်နေ မဘသလိုပဲ ရေးရမယ်။
မရေးချင်ရင် မျိုးချစ်သတင်းလုံးဝမရေးနဲ့။
မဘသ သတင်း လုံးဝမရေးနဲ့။
အမျိုးသားရေးသမားတွေအကြောင်း လုံးဝမရေးနဲ့။
ရေးချင်ရင်တော့ စည်းကမ်းကိုလိုက်နာ။
ဥပဒေကိုလေးစား။
ကျင့်ဝတ်ကိုနားလည်။
သိပ်မပြောချင်ဘူး…….။

ဝီရသူ(မစိုးရိမ်)
12.8.2017
AM 10:15

(AXE,MTK တို့ကိုအားနာပါတယ်။ မဏ္ဍိုင်ပီသသူ ကျင့်ဝတ်နားလည်သူ၊ ဥပဒေလေးစားသူလို့ သတ်မှတ်ပါတယ်။
သတင်းစာ တစ်တိုက်တည်းဖြစ်ပေမဲ့ SMO ကိုတော့ လုံးဝပဲ။)