သတင်း

သွေးစွန်းသောဘာသာတရား (၁)

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါတုန်းက သာဝတ္ထိပြည်သူ ပြည်သားတွေမှာ အစွဲတစ်ခု ရှိခဲ့ဖူးသည်။ထိုအစွဲကား သက်ပျောက်ဆွမ်းသွပ်သည့်အခါ သတ္တဝါတွေကို သတ်ပြီးမှ သွပ်ကောင်းသည်ဟူသည့် အယူမှားဖြစ်၏။

သာဝတ္ထိပြည်သူတို့သည် လူတစ်ဦးတစ်ယောက်သေဆုံးတိုင်း တိရစ္ဆာန်ပေါင်းများစွာကို သတ်ဖြတ်၍ သက်ပျောက်ဆွမ်း သွပ်ကြလေသည်။မြတ်စွာဘုရားအား ရဟန်းတော်များက မတကဘတ်(သက်ပျောက်ဆွမ်း) ကျွေးခြင်း၏ အကျိုးတရားကို မေးလျှောက်ထားသည့်အခါ မြတ်စွာဘုရားက အသက်ပေါင်းများစွာကိုသတ်၍ အလှူပေးခြင်း (ဆွမ်းကျွေးခြင်း)သည် တစ်စုံတစ်ခုသောအကျိုးတရား မရှိဟု မိန့်တော်မူပါသည်။

ထို့နောက် အတိတ်ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောင်းဟောကြားတော်မူပါသည်။ ဗာရာဏသီပြည်၌ ပါမောက္ခဆရာကြီးတစ်ပါး အယူမှားနေ၏။ ပါမောက္ခကြီးသည် သက်ပျောက်ဆွမ်းကျွေး ဖို့အတွက် ဆိတ်တစ်ကောင်ကို ဝယ်ယူခဲ့၏။ ဝယ်ယူခဲ့ပြီးလျှင် ၄င်းဆိတ်ကို ရေမိုးချိုးပေးကာ ပန်းကုံးစွပ်လျက် အလှဆင်ထားလေသည်။

ထိုအခါ ဆိတ်ကြီးက ငိုလည်းငို ရယ်လည်းရယ်လေသည်။ ပါမောက္ခကြီးက မေးသည့်အခါ ထိုဆိတ်ကြီးက ပြန်ဖြေပါသည်။ ငါအသတ်ခံရသလို သင်လည်း အသတ်ခံရ တော့မည်ကို ကြိုမြင်၍ ငါငိုသည်။ ငါသည် အသတ်ခံရမည့်ဝဋ်ကြွေးမှ လွတ်မြောက်တော့မည်ဖြစ်သော ကြောင့် ငါရယ်သည်ဟု ဖြေလေသည်။

အဆိုပါဆိတ်သည် အတိတ်ဘဝတစ်ခုတုန်းက ယခုကဲ့သို့ပင် သူတစ်ပါးအသက်ကိုသတ်မိသောကြောင့် ငရဲကျကာ ငရဲမှလွတ်လာသည့်အခါ ၄၉၉ ဘဝလုံး လည်ဖြတ်အသတ်ခံခဲ့ရလေသည်။ ယခုဘဝသည် ၅၀၀ ပြည့်မြောက်သည့် နောက်ဆုံးဘဝဖြစ်သောကြောင့် ဤဘဝပေးဆပ်ပြီးလျှင် ဝဋ်ကြွေးအားလုံးမှ လွတ်မြောက်ပြီဖြစ်သောကြောင့် ပျော်ရွှင်ရယ်မောခြင်းဖြစ်လေသည်။

၎င်းဆိတ်သည် ဇာတိဿရဉာဏ်(အတိတ်ဘဝကိုသိသောဉာဏ်)ရရှိထားသူဖြစ်သောကြောင့် ထိုကဲ့သို့ အတိတ်ကံများကို ပြန်မြင်နိုင်ခြင်းဖြစ်လေသည်။

ယဇ်ကောင်ဆိတ်ကြီးက ထိုသို့ပြောသည့်အခါ ပါမောက္ခကြီးက သနားပြီး ချမ်းသာခွင့်ပေးမည်ဟု ပြောလိုက်ပေသည်။ ထိုအခါ ဆိတ်ကြီးက သင်မသတ်လည်း ငါအသေဆိုးနဲ့သေရမည်သာ၊ ဤဘဝ ဝဋ်ကြွေးပေးဆပ်ရခြင်းသည် နောက်ဆုံးဘဝဖြစ်၏။ သင်မသတ်သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ဦးခေါင်းပြတ်၍ သေရမည်သာဖြစ်၏ဟု ပြန်ပြောလေ၏။

ပါမောက္ခကြီးက သနားသဖြင့် ဆိတ်ကြီးကိုမသတ်တော့ဘဲ ဘေးမဲ့ပေးလိုက်လေတော့သည်။
ပါမောက္ခကြီးက သစ်ပင်အောက်၌ထိုင်နေစဉ် လွတ်ငြိမ်းချမ်းသာခွင့်ရသွားသောဆိတ်ကြီးက ကျောက်တုံးကြားပေါက်သောမြက်ကို မတ်တပ်ရပ်စားနေခိုက် မိုးကြိုးပစ်ချလိုက်ရာ ကြောက်တုံးအစ အနများထိမှန်၍ ဆိတ်ကြီးလည်ပင်းပြတ် သေသွားလေတော့၏။ ထိုအခါ ပါမောက္ခကြီးနှင့် တပည့်များ စုဝေးရောက်ရှိလာကာ ဆိတ်ကြီး၏အတတ်ဟော ဗေဒင်ကို ယုံကြည်သွားကြ၏။ ကံ ကံ၏ အကျိုးကို ယုံကြည်သွားကြ၏။ သတ္တဝါတွေကိုသတ်ဖြတ်ပြီး အလှူပေးခြင်းသည် ကောင်းကျိုးလုံးဝမရှိဘဲ ဆိုးကျိုးအပြစ်အနာအဆာများသာ ရှိကြောင်း လက်တွေ့ကျကျ သိမြင်သွားကြရလေ၏။

ဤအကြောင်းကိုရည်ရွယ်၍ ဘုရားလောင်းရုက္ခစိုးနတ်က အောက်ပါအတိုင်း မိန့်တော်မူလေသည်။
ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။ (မတကဘတ္တဇာတ်တော်၊ ဇာ၊ဋ္ဌ၊၁။ ၁၈၂-၁၈၅)

သတ္တဝါကိုသတ်သောသူသည် အပါယ်လေးပါး၌ ဆင်းရဲကြီးစွာခံစားရလျက် နှစ်ပေါင်းရှည်ကြာ စိုးရိမ်ပူဆွေးရ၏။ အိုခြင်း နာခြင်း သေခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်း ချစ်သောသူနှင့် ကွေကွင်းရခြင်း လက်ပြတ် ခြေပြတ်ခြင်း အစရှိသည့် အနိဋ္ဌာရုံတို့တွေ့ကြုံခံစားရခြင်း၏ အကြောင်းတရားသည် ပါဏာတိပါတ်အကုသိုလ်ဖြစ်၏။
ဤသို့သော အသိတရားကို ရရှိသူများသည် သတ္တဝါတွေကို မသတ်တော့ပေ။ ဝါ သတ္တဝါတို့ကို သတ်ခြင်းမပြုတော့ပေ။(မြန်မာပြန်)

ဆိုလိုသည်မှာ သူ့အသက်ကိုသတ်ခြင်းကြောင့်
၁။ အင်္ဂါခြေလက် ချို့တဲ့ခြင်း
၂။ ရုပ်အဆင်းမွဲခြောက်ခြင်း
၃။ ခွန့်အားနည်းခြင်း
၎။ လျှင်မြန်ဖျက်လတ်မှုမရှိခြင်း
၅။ ကြောက်ရွံ့တတ်ခြင်း
၆။ အသတ်ခံရခြင်း(အသေဆိုးနှင့်သေရခြင်း) ဤသို့သောမကောင်းကျိုးများ ရရှိနိုင်သည်ကို သိရှိပါက မည်သူမဆို သူ့အသက်ကို လုံးဝ သတ်မည်မဟုတ်တော့ပေဟု ဆိုလိုပေသည်။

ယနေ့သည် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဘက္ကရီဒီအီးဒ်နေ့ဖြစ်ပါသည်။ ၄င်းကို ကုရ်ဘာနီအစ်နေ့ဟု ခေါ်ကြပါသည်။
၎င်း အစ်နေ့၌ တိရစ္ဆာန်၏အသက်ပေါင်း ထောင်သောင်းမက သတ်ကြပါသည်။ သတ်ပြီး၍ အမဲသားများ ပေးလှူကြပါသည်။ ၄င်းအလှူကို မြင့်မြတ်သည် အကျိုးကြီးသည်ဟု ယုံကြည်နေကြပါသည်။
ထိုယုံကြည်မှုကြီးကို စွဲလန်းကာ ကုရ်ဘာနီအစ်နေ့၌ သားမသတ်ရလျင် အခုပင် အသက်သေတော့မည့်အလား ငိုကြွေးကြသူများပင် ရှိပါသည်။

ထိုအယူဝါဒ မှားသည်မှန်သည် မပြောလိုပါ။
မိမိနတ်ပြည်ရောက်ချင်(ဂျန္နတ်ရောက်ချင်)သည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် သူ့အသက်ကို သတ်နေကြသည်မှာ မိမိကိုယ်တိုင် အကြင်နာတရား စာနာမှုတရား ကရုဏာတရား သနားခြင်းများ လုံးဝကင်းမဲ့ရာရောက်ပေသည်။

သူ့အသက်သတ်သည့် အကုသိုလ်က နတ်ပြည်ရောက်အောင်ပို့နိုင်သည် မပို့နိုင်သည်ကိုလည်း ဆန်းစစ်သင့်ပေသည်။

ထိုသို့ သတ်ဖြတ်ပူဇော်ခြင်းကြောင့် ဂျန္နတ်ရောက်သူပေါင်းမည်မျှ ရှိခဲ့သည်/မရှိခဲ့သည်ကိုလည်း လက်တွေ့သာဓက ပြနိုင်ဖို့လိုပေသည်။

ထို့အပြင် ဘာသာတရားမည်သည် သတ္တဝါတို့အား ကြင်နာသနားခြင်းများဖြင့် ပြည့်လျှံနေရပေမည်။
အကြင်နာမေတ္တာများဖြင့်ထုံမွှမ်းနေရပေမည်။

ဘာသာတရားအထွဋ်အမြတ်ပွဲတော်မှာ သတ္တဝါများကို သွေးချောင်းစီးသတ်ဖြတ်ခြင်းသည်လည်း ဘာသာတရားနှင့်လုံးဝမအပ်စပ်ပေ။

အခြားဘာသာများ၏ အထွဋ်အမြတ်ပွဲတော်များ၌ ကုသိုလ်လုပ်ခြင်း ကောင်းမှုပြုခြင်း ဘေးမဲ့ဘေးခြင်း ဓမ္မတေးများဖြင့် ဆုတောင်းမေတ္တာပို့သခြင်းဖြင့် မင်္ဂလာယူနေကြပါလျက် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ဘာသာရေးပွဲတော်၌ မြင်မကောင်းရှုမကောင်း အကြင်နာကင်းမဲ့စွာ ရက်ရက်စက်စက် သားသတ်နေကြသည်မှာ ဘာသာရားနှင့်လုံးဝပင် မအပ်စပ်ပေ။

ထို့ကြောင့် အစ္စလာမ်ဘာသာကို ဘာသာတရားဟု သတ်မှတ်နိုင်ဖို့ရန် ဤကုရ်ဘာနီသားသတ်ပွဲကြီးက လုံးဝခွင့်မပြုတော့သည့် အာမခံချက်ပေးသွားခြင်းပင်ဖြစ်လေသည်။

အစ္စလာမ်ဘာသာဝင်များသည် လူသားများဖြစ်ပါသလော?

ထိုလူသားများသည် တိရစ္ဆာန်တွေအပေါ်မှာ ရက်စက်သင့်ပါသလော?

ထိုရက်စက်မှုသည် ဘာသာတရားတစ်ခု၏ စံချိန်စံနှုန်းဖြစ်ပါသလော?

ထိုစံချိန်စံနှုန်းသည် ဘာသာတရားနှင့်အပ်စပ်ပါသလော?

ထိုဘာသာတရားသည် ကမ္ဘာလောကကြီးကိုကောင်းကျိုးပြုပါမည်လော?

ထိုဘာသာတရားသည် လူသားတို့နှင့်သဟဇာတဖြစ်ပါမည်လော?

ထိုဘာသာတရားဖြင့် ငြိမ်းချမ်းသောကမ္ဘာကြီး တည်ဆောက်နိုင်ပါမည်လော?

ထိုဘာသာတရားဖြင့် လူတစ်ဦးတစ်ယောက်ချင်းအား ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းပေးနိုင်ပါမည်လော?

အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ အစ္စလာမ်ဘာသာဝင်များ စဉ်းစားဆင်ခြင်ဖို့လိုပေသည်။

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွေပါဝင်သော ဆရာတော်သံဃာတော်များနှင့် အခြားဘာသာရေး ခေါင်းဆောင်များသည် ကုရ်ဘာနီအီစ်နေ့၌ သွေးချောင်းစီးသားသတ်ပွဲကြီး ကျင်းပနေခြင်းကို မေတ္တာရှေ့ထား၍ တရားပြ နားချဖို့ လိုအပ်ပေသည်။

ဝီရသူ(မစိုးရိမ်)
2.9.2017
PM 9:03