သတင်း

ဝီရသူကို တအားနင်းချစ်သူများ(၈)

ဒီကနေ့ 4.9.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ တက်လာတဲ့ ဗီဒီယိုဖိုင်လ်လေးပါ။ ရုရှားနိုင်ငံ Republic Chechnya ဒေသ ဂရုစနီမြို့မှာ ကျင်းပတာပါ။ Rally in Support of Rohingya Muslims in Chechnya’s Grozny ခေါင်းစဉ်အရ ခြေချင်းညာရဲ့မြို့တော် ဂရုစနီက ငိုလိမ်ညာတွေကို အမှန်တကယ်ထောက်ခံတဲ့ပွဲလို့ ဆိုရမှာပါ။

Live လွှင့်တာလည်း တွေ့ရပါတယ်။ ၂ နာရီနီးပါးကြာပါတယ်။ Live လွှင့်တဲ့လင့်ကိုလည်း ပူးတွဲတင်ပြပေးထားပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ရပ်တန့်ပါ။ မူဆလင်တွေနဲ့အတူ ငါတို့ရပ်တည်နေတယ် စတဲ့ စာတန်းတွေပါတာတွေ့ရပါတယ်။

စာရေးသူပုံတွေကိုလည်း တွေ့ရပါတယ်။ ဟောပြောပွဲအပြီးမှာတော့ စာရေးသူပုံတွေကို ဒေါသတကြီး အမဲဖြတ်နေတာလည်း တွေ့ရပါတယ်။ အင်္ဂလိပ်လိုမဟုတ်တော့ ဘာတွေပြောကြမှန်းတော့ မသိပါ။ အလ္လာဝက္ကဘာတော့ ခဏခဏကြားရပါတယ်။ မူဆလင်ခေါင်းဆောင်တွေ အရပ်ဘက်ကော စစ်ဘက်ကော တစ်ယောက်ချင်းစီတက်ပြီးတော့ မိန့်ခွန်းပြောနေတာ တွေ့ရပါတယ်။

Live လွှင့်ပုံအဆင့်အတန်းကလည်း မြင့်မားပါတယ်။ ဝီရသူမှာ အာဏာလည်းမရှိပါ၊ နိုင်ငံ့ခေါင်းဆောင်လည်းမဟုတ်ပါ၊ လက်နက်လည်းမရှိပါ၊ တပ်မတော်ခေါင်းဆောင်လည်းမဟုတ်ပါ၊ ဒါကိုပဲ ဝီရသူကိုပစ်မှတ်ထားပြီး ဆန္ဒပြနေတာ အံ့သြဖို့ကောင်းတယ်။

ဝီရသူမှာ တစ်ခုပဲရှိပါတယ် အဲဒီတစ်ခုတော့ ပေးခွင့်မရှိပါဘူး။ ကျန်တာတော့ ပေးစရာဘာမှမရှိပါဘူး။ ဝီရသူရှိနေသရွေ့ ရခိုင်ပြည်ကြီးရှိနေမယ်။ ရခိုင်ပြည်ကို မူဆလင်တိုင်းပြည်ထူထောင်ချင်တာနဲ့ ကမ္ဘာကြီးကိုလှည့်စားနေကြတာပါ။ ကုလသမဂ္ဂ အလှည့်ခံနေရပါတယ်။

အမေရိကန် အလှည့်ခံနေရပါတယ်။ ဥရောပသမဂ္ဂ အလှည့်ခံနေရပါတယ်။ ကမ္ဘာကြီး အလှည့်ခံနေရပါတယ်။ အဲဒီအထဲမှာတော့ ဝီရသူမပါပါဘူး။ မောင်တောက မူဆလင်တွေ အတိဒုက္ခမရောက်စေချင်ရင် R.S.O ဆိုသူတွေ ARSA ဆိုသူတွေ ဝေးဝေးနေကြပါ။

ဒင်းတို့ကြောင့် အေးအေးဆေးဆေးနေထိုင်ကြတဲ့ မူဆလင်တွေ ဒုက္ခရောက်ကုန်ကြတာပါ။ ဒင်းတို့သာမြှောက်မပေးရင် ဘယ်မူဆလင်မှ အကြမ်းမဖက်ကြပါဘူး။ အလ္လာက ဝီရသူကိုဖန်ဆင်းပေးလိုက်တာ မှားပါတယ်။ ဝီရသူကို ဆန္ဒပြနေမည့်အစား ဝီရသူကိုဖန်ဆင်းပေးတဲ့ အလ္လာကိုပဲ ဆန္ဒပြကြပါ။

ဘာကြောင့်လဲဆိုရင် အလ္လာက မဖန်ဆင်းရင် ဝီရသူဆိုတာ ပေါ်လာမှာမဟုတ်လို့ပါပဲ။ နောက်ဆုံးပြောလိုက်မယ် ဝီရသူရှိနေသရွေ့ ရခိုင်ပြည်ရှိနေမယ်။


ဝီရသူ(မစိုးရိမ်)
4.9.2017
PM 8:55