သတင်း

မန်း မဘသ ပဲ့ကိုင်ရှင်(၂)

ဒက္ခိဏာရာမဘုရားကြီးတိုက် ဦးဉာဏောဘာသကျောင်း ဆရာတော်ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)
——————————————–
ဇာတိ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ ထနောင်းကန်ကျေးရွာ
မွေးဖွားချိန်
၁၃၁၄ (၁၉၅၂) ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်
ရှင်၊ ရဟန်းပြုချိန်
၁၃၂၂ ခုနှစ် ရှင်သာမဏေဝတ်။
၁၃၃၄ ခုနှစ် ရဟန်းပြု။
ပရိယတ္တိပညာ ဆည်းပူးခြင်း
တောင်ငူမြို့၊ ရွှေဆံတော်တိုက်၊ မရမ်းကျောင်း၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် ဦးဉာဏော ဘာသကျောင်း၊ မြောင်းမြမြို့၊ ဝေဠုဝန်ကျောင်း၊ ရန်ကုန်မြို့ ဗဟန်း သုဓမ္မတိုက်ကျောင်း၊ နေနတ်သား စာသင်တိုက်၊ သာသနာပြုတက္ကသိုလ်ကျောင်း၊ ဒဂုံ မြို့နယ် အလံပြဘုရားကျောင်း၊ ဗဟန်းမြို့နယ် ညောင်တုန်းစာသင်တိုက်၊ မဟာဝိသုဒ္ဓါရုံစာသင်တိုက်၊ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယ ကျောင်းတို့တွင် စာပေပရိယတ္တိများ သင်ယူဆည်းပူးခဲ့။
ပရိယတ္တိပညာရေး ဘွဲ့တံဆိပ်များ
သာသနဓဇ ဓမ္မာစရိယ၊ ပါဠိပါရဂူ
ပရိယတ္တိတာဝန်ထမ်းဆောင်ခြင်း
၁၃၄၃ (၁၉၈၁) ခုနှစ်တွင် မန္တလေးမြို့၊ ဒက္ခိဏာ ရာမ ဘုရားကြီးတိုက်၊ ဦးဉာဏောဘာသ ကျောင်းမှာ ကျောင်းထိုင်ဆရာတော်တာဝန် ထမ်းဆောင်လျက်၊ ပရိယတ္တိစာပေများ သင်ကြားပို့ချလျက်ရှိ။
ဝိနည်း၊ သင်္ဂြိုဟ်၊ သဒ္ဒါ၊ ကင်္ခါ၊ ရူပသိဒ္ဓိ၊ ပါရာဇိကဏ်၊ ပါဠိ အဋ္ဌကထာနှင့် ပဋ္ဌာန်းစာဝါများကို အစဉ်တစိုက် သင်ကြားပို့ချပေးခဲ့။
အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်း
၂ဝ၁၃ ခု၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေး၌ အတွင်းရေးမှူးချုပ် ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်လျက် ဘာသာပြန် စာပေများရေးသားခြင်း၊ ဘာသာရေး စာပေများရေးသားခြင်း၊ အမျိုးသားရေး အခမ်းအနားများ၌ သြဝါဒပေးခြင်း၊ ပုံမှန် အစည်းအဝေးများ၌ သြဝါဒ ပေးခြင်း၊ ရေဘေး၊ မီးဘေး၊ မင်းဘေး၊ အကြမ်းဖက်ဘေး (ခိုးသူ၊ ဓားပြ) စသည့် ဘေးသင့်ပြည်သူများအတွက် ပရဟိတ အခြေပြု အမျိုး ဘာသာ သာသနာရေးရာများ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိ။
အမျိုးသားရေး လက်ဆွဲစကား
သင်တို့ကောင်းလျှင် ကျွန်ုပ် တို့လည်း မဆိုးပါ။ ကျွန်ုပ်တို့ ကောင်းနေပါလျက် သင်တို့လည်း မဆိုးသင့်။ ဒါနဲ့မှ သင်တို့ ဆိုးနေ လျှင်တော့ ကျွန်ုပ်တို့ သဘောထားကို စဉ်းစားရပါလိမ့်မယ်။

အတုမရှိသတင်းအဖွဲ့