သတင်း

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်းဒေးရှင်း(မဘသ-ဗဟို) အလှူငွေပေးအပ်ပွဲ

14.9.2017 တော်သလင်းလပြည့်ကျော် ၉ ရက် ရန်ကုန် အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(မဘသ-ဗဟို)မှာ ကျင်းပပါတယ်။ တိုင်းနှင့်ပြည်နယ်အသီးသီးမှ မဘသဆရာတော်များ သီလရှင် ဆရာကြီး ဆရာလေးများ အမျိုးသား အမျိုးသမီးများ တက်ရောက်ကြပါတယ်။

ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။ အဲဒီနောက်မှာ မဘသအဖွဲ့အသီးသီးက ရခိုင်ပြည်သူများအတွက် အလှူခံရရှိထားတဲ့ အလှူငွေများကို ရွာမဆရာတော်ကြီးရှေ့မှောက်မှာ ပေးအပ်လှူဒါန်းပါတယ်။ စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း လေးထောင်ကျော် ငါးထောင်နီးပါး ရရှိပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဝတ်အထည်များ အသုံးအဆောင်များလည်း အင်မတန်များပြားပါတယ်။

ပထမအသုတ်အနေဖြင့် သြဂုတ်လမှာ ပဲခိုးတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ်မှ မဘသအဖွဲ့များ ဘူးသီးတောင် မောင်တောအထိ သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအသုတ်အနေဖြင့် ဧရာဝတီတိုင်း တနင်္သာရီတိုင်း နေပြည်တော်ရှိ မဘသအဖွဲ့များ သွားရောက်လှူဒါန်းဦးမှာဖြစ်ပါတယ်။

ထို့အပြင် သီးခြားသွားရောက်လှူဒါန်းတဲ့ မဘသ အဖွဲ့များလည်းရှိပါတယ်။ မကွေးတိုင်းမဘသက စစ်တွေသို့သွားရောက်လှူဒါန်းပြီးပါပြီ။ မန္တလေးတိုင်းမဘသကလည်း သွားရောက်လှူဒါန်းဦးမှာပါ။ မဘသ(ဗဟို) အလှူငွေပေးအပ်ပွဲမှာတော့ မန်းမဘသအဖွဲ့က သိန်းလေးရာကျော်နှင့် ရိက္ခာများ အဝတ်အထည်များ အသုံးအဆောင်များ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
ရခိုင်ပြည်သူ ဝိုင်းဝန်းကူ တူညီမျှတ ဒို့ဆန္ဒ။


ဝီရသူ(မစိုးရိမ်)
17.9.2017
PM 7:20