သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူးနော်(၂)

ဒါက မန္တလေး မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာချိတ်ဆွဲထားတဲ့ စည်းကမ်းချက်တွေပါ။ စစ်အစိုးရက အမိန့်အာဏာနှင့် ဖိနှိပ်ချုပ်ချယ်တယ်။ အရပ်သားအစိုးရက မတရားတဲ့စည်းမျဉ်းဥပဒေတွေနှင့် ဖိနှိပ်ချုပ်ချယ်တယ်။ ချုပ်ချယ်တာချင်းကတော့ အတူတူပါပဲ။ (၈။ စုဝေးဟောပြောရာတွင် စင်မြင့်အသုံးမပြုရ၊ မြေပြင်တွင်သာ ဟောပြောရမည်။)

အမှတ်(၈)ကိုကြည့်လိုက်ပါ စင်မြင့်အသုံးမပြုရဘူးတဲ့၊ မြေပြင်မှာသာ ဟောပြောရမှာတဲ့။ ပရိသတ်မများအောင် ကန့်သတ်လိုက်တဲ့ မတရားစည်းကမ်းကြီးပါ။ သူသူငါငါ မမြင်ရလို့ တိုးဝှေ့ကြည့်ရာမှ ပြဿနာတောင် ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဒီလိုဖြစ်အောင် ထောင်ချောက်ဆင်တဲ့အနေနဲ့ ထုတ်ပြန်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

(၂၄။ အရေးကြီးဌာနဆိုင်ရာရုံးများ ဆေးရုံများ အများပြည်သူဆိုင်ရာ အထင်ကရဘာသာရေးအဆောက် အဦးများ ဘုရား စေတီ ပုထိုးများနှင့် ယာဉ်သွားလာမှု ရှုပ်ထွေးသောနေရာများတွင် ဆောင်ရွက်ခွင့်မပြုရန်။) အမှတ်၂၄ကိုကြည့်ပါ ၈၈ တုန်းကရော ရွှေဝါရောင်တုန်းကရော အတိုက်အခံလုပ်ခဲ့တဲ့ကာလတစ်လျှောက် မှာရော ရွှေတိဂုံ၊ မဟာမြတ်မုနိစတဲ့ အထင်ကရနေရာတွေမှာ ကျင်းပခဲ့တာပါ။ အခုတော့ အရပ်သားဒီမိုကရေစီအစိုးရကြီးက ဒီလိုနေရာတွေမှာ ခွင့်မပြုတော့ဘူးတဲ့ဗျာ။

(၂၈။ သတ်မှတ်ချိန်တွင် စတင်ထွက်ခွာ၍ ပြီးဆုံးသည့်နေရာသို့ သတ်မှတ်သည့်အချိန်တွင် ရောက်ရှိရမည်ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက ပြီးဆုံးသည့်နေရာမရောက်သော်လည်း ရောက်ရှိသည့်နေရာ တွင်လူစုခွဲရန် လျှောက်ထားသူက တာဝန်ယူ/တာဝန်ခံရမည်။) အမှတ်၂၈ကိုကြည့်ပါ။ လမ်းမဆုံးခင် အချိန်ပြည့်သွားရင် လမ်းခုလတ်မှ လူစုခွဲရမယ်တဲ့ဗျာ။ ဒါဟာ လူထုအင်အားပြပွဲကြီးတွေကို ကန့်သတ်လိုက်တာပါပဲ။

လူထုအင်အားကောင်းလို့ တော်တော်နှင့် မရောက်နိုင်ဘူးဆိုရင် လမ်းဆုံးအောင်လျှောက်ခွင့်မပေးတော့တဲ့ သဘောပါ။
လမ်းခုလတ်မှာ လူစုခွဲရမယ်ဆိုတော့ ရုံးရင်းဆန်ခတ်များဖြစ်သွားခဲ့သော် တာဝန်ခံလျှောက်ထားသူ ခံပေရော့ပါပဲ။ ဒီလို ထောင်ချောက်ဆင်ချင်လို့ စည်းကမ်းထုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ (၃၀။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီးတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပြီး သပိတ်စခန်းဖွင့်လှစ်ခွင့်မရှိ။)

အမှတ်၃၀ကိုကြည့်ပါ။ သပိတ်စခန်း ခွင့်မပြုနိုင်ဘူးလို့ ပါပါတယ်။ သပိတ်ကို အတော်ကြောက်နေတဲ့ အစိုးရပေါ့ဗျာ။ သေနတ်ကိုမကြောက်ဘဲ သပိတ်ကိုကြောက်နေတာတော့ အတော်ဆန်းသား။ ဦးသိန်းစိန်လက်ထက်တုန်းက နှစ်ရှည်လများ သပိတ်စခန်းတွေကို သတိရသေးတော့တယ်ဗျာ။ (၃၁။ ညအိပ်ဆန္ဒဖော်ထုတ်ခွင့်မရှိ၊ ခွင့်ပြုချက်တင်ပြလာမှုများတွင် အခြားပြည်နယ်/တိုင်းဒေသကြီးမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရှိ။)

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့် မပြုပါတဲ့။ ဒါဟာ အင်အားကို ထိန်းချုပ်လိုက်တာပါပဲ။ ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူတိုင်း ပါဝင်ခွင့် ရှိရမယ်ဆိုတာ ဧရာမနိုင်ငံသားအခွင့်အရေး တစ်ခုပါဗျာ။ အဲဒီနိုင်ငံသားအခွင့်အရေးကြီးကို အရပ်သားဒီမိုကရေစီအစိုးရကြီးက ပိတ်ပင်လိုက်တဲ့သဘောပေါ့။

(၃၂။ ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များအား ညှိနှိုင်းသဘောတူညီချက် ဆောင်ရွက်ခြင်းမပြုလျှင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ဆောင်ရွက်ခွင့်မပြု။)

အမှတ် ၃၂ ကိုကြည့်ပါ။ ငြိမ်းစုစီးဥပဒေကို တစ်ဖက်လှည့်နှင့် ပိတ်ပင်လိုက်တာပါပဲ။ ညှိနှိုင်းတယ် ညှိနှိုင်းတယ်ဆိုပြီး ဘာမလုပ်ရ ညာမလုပ်ရ ဘာမဟောရ ညာမဟောရ ဘယ်မသွားရ ညာမသွားရ စတဲ့နှုတ်မိန့်တွေနှင့် ချုပ်ချယ်လာမျှ သဘောတူရမဲ့ပုံစံဖြစ်နေပါတယ်။

ဥပဒေအထက်က စည်းမျဉ်းအမိန့်ကြီးပေါ့ဗျာ။ (၄၃။ နိုင်ငံတော်အစိုးရ၏မူအရ ဆောင်ရွက်နေသောအခမ်းအနားများ၊ ဟောပြောပွဲများနှင့် အကြီးအကဲ၏ မိန့်ခွန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ပေးနေသည့် အချိန်များတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို ခွင့်မပြု။)

အမှတ် ၄၃ ကတော့ ခါတော်မီစည်းမျဉ်းလေးပေါ့ဗျာ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး မိန့်ခွန်းက ၁၉ ရက်နေ့မှ လွှင့်မှာ မန္တလေးပွဲက ၁၇ ရက်နေ့ကတည်းက တင်ထားတာ။ ဒါကို ၁၈ ရက်နေ့မှာ အစည်းအဝေးထိုင်ပြီး ကပ်ဖြုတ်လိုက်တဲ့အမိန့်ကြီးပေါ့။
အမျိုးသမီးအာဏာရှင်အစိုးရရဲ့ တပည့်သားကြီးများ ပီသပါပေတယ်ဗျာ။

(၄၄။ ပုဂ္ဂိုလ်ရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ထိခိုက်နစ်နာစေမည့် အပြောအဆို၊ အရေးအသား အပြုအမူများ မပြုလုပ်ရ။) ၄၄ ကတော့ နိဗ္ဗာန်ရောက်ကြောင်းတရားသားသက်သက်ချည်း ဟောပါလို့ ပြောသွားတာပါပဲ။ ၅၀၅(ခ)နှင့် ငြိမစိုးလို့နေမှာပေါ့ဗျာ။ (၄၆။ အမုန်းပွားစေနိုင်သော (Hate Speech)များ ပြောဆိုခြင်း၊ ဝေဖန်ခြင်း၊ ဟောပြောခြင်း မပြုလုပ်ရ။) Hate Speech ကို ဘယ်လိုဖွင့်ဆိုသလဲ မသိဘူးဗျာ။ အာဏာမရခင်တစ်လျှောက်လုံးကော အာဏာရပြီးတဲ့အခုအချိန်ထိရော စစ်တပ်မကောင်းကြောင်းတွေ ပြောခဲ့တာ ပြောနေတာတွေက Love Speech ပေါ့နော်။ ဆိုလိုတာက စစ်တပ်မကောင်းကြောင်း ဟောနိုင်တယ်၊ ကုလားမကောင်းကြောင်း မဟောရ၊ အစိုးရမကောင်းကြောင်း မဟောရ၊ NLD မကောင်းကြောင်း မဟောရ။ ဒါပဲမဟုတ်လား။

(၄၇။ သာသနာရေးဝန်ထမ်းများနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် ၈၃အရ နိုင်ငံရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း၊ ညွှန်ကြားလွှာအမှတ် ၉၁ အရ လူမှုရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း စသည့်အမိန့်ညွှန်ကြားချက်များကို သာသနာရေးဝန်ထမ်းများမှ တိတိကျကျ လိုက်နာရမည်။)

အမှတ် ၄၇ ကိုကြည့်ပါ။ ဒီအစိုးရလက်ထက်မှာ ရဟန်းသံဃာတွေ ဘာမှလုပ်ပိုင်ခွင့်မပေးတော့တဲ့ သဘောပဲ။ အရင်တုန်းကတော့ လူ့အခွင့်အရေးတွေဆုံးရှုံးရ ဘုန်းဘုန်းချမှ လုံးလုံးရ။ ဒီမိုကရေစီ အရေးတွေဆုံးရှုံးရဘုန်းဘုန်းချမှ လုံးလုံးရဆိုပြီး ရွှေဝါရောင်မှာ သံဃာတွေကို အသုံးချခဲ့တာ သမိုင်းသက်သေပဲ။ အဲဒီတုန်းကလည်း ဒီညွှန်ကြားလွှာတွေဟာ ဘာဖြစ်တယ် ညာဖြစ်တယ် မရှိသင့်ဘူး မဖြစ်သင့်ဘူးပေါ့။ တိုက်ခိုက်ထိုးနှက်ခဲ့တဲ့ နိုင်ငံရေးလက်နက်တွေဖြစ်သွားတော့တာပေါ့။ အခုတော့ အာဏာရှင်တွေရဲ့ ညွှန်ကြားလွှာကြီးကိုကိုင်ပြီး ဒီမိုကရေစီအစိုးရက သံဃာတွေကို ချောင်ထိုးလိုက်ပါပြီဗျာ။

မဟနဆိုတာ အမျိုးသားရေးနှင့် ဘာသာရေး နိုင်ငံရေး ကွဲတဲ့အဖွဲ့မဟုတ်ဘူးဗျ။ ကျုပ်တို့တစ်တွေ လုပ်နေတာ နိုင်ငံရေးမဟုတ်ဘူး အမျိုးသားရေးဖြစ်နေတယ်ဆိုတာ မဟနလည်းမသိ အစိုးရလည်း မသိ NLD လည်းမသိပါဘူး။ အမျိုးသားရေးဆိုတာ စရိယသုံးပါထဲက ဉာတတ္ထစရိယဖြစ်တယ် ဘုရားလောင်းလမ်းစဉ်ဖြစ်တယ် ပါရမီကျင့်စဉ်ဖြစ်တယ် ဒါကို မဟနကလည်း ပိတ်ပင်ခွင့်မရှိ အစိုးရကလည်း ပိတ်ပင်ခွင့်မရှိပေမဲ့ အာဏာရှင်အလိုကျ မဟနက ပိတ်ပင်ခဲ့ရတာ။ အခုတော့ အရပ်သားအစိုးရကြီးက ဒီအမိန့်ကြီးကို သုံးပြီး အမျိုးသားရေးကို ဖိနှိပ်ချုပ်ချယ်နေပြီပေါ့နော်။ စောင့်ကြည့်ကြပေါ့ဗျာ။ ခင်ဗျားတို့ရဲ့ မယ်မယ်ကြီးရဲ့ အဆိုအမိန့်တစ်ခုကို လက်ကိုင်ပြုထားတယ်ဗျ။ ဘာတဲ့ ………… မတရားတဲ့အမိန့်ဟူသမျှ ဖီဆန်ကြဆိုပါလား။
ကျေးဇူးတင်ပါတယ်ဗျာ။

ဝီရသူ(မစိုးရိမ်)
23.9.2017
PM 10:46

၈။ စုဝေးဟောပြောရာတွင် စင်မြင့်အသုံးမပြုရ၊ မြေပြင်တွင်သာ ဟောပြောရမည်။
၂၄။ အရေးကြီးဌာနဆိုင်ရာရုံးများ ဆေးရုံများ အများပြည်သူဆိုင်ရာ အထင်ကရဘာသာရေးအဆောက် အဦးများ ဘုရား စေတီ ပုထိုးများနှင့် ယာဉ်သွားလာမှု ရှုပ်ထွေးသောနေရာများတွင် ဆောင်ရွက်ခွင့်မပြုရန်။
၂၈။ သတ်မှတ်ချိန်တွင် စတင်ထွက်ခွာ၍ ပြီးဆုံးသည့်နေရာသို့ သတ်မှတ်သည့်အချိန်တွင် ရောက်ရှိရမည်ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက ပြီးဆုံးသည့်နေရာမရောက်သော်လည်း ရောက်ရှိသည့်နေရာ တွင်လူစုခွဲရန် လျှောက်ထားသူက တာဝန်ယူ/တာဝန်ခံရမည်။
၃၀။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီးတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပြီး သပိတ်စခန်းဖွင့်လှစ်ခွင့်မရှိ။
၃၁။ ညအိပ်ဆန္ဒဖော်ထုတ်ခွင့်မရှိ၊ ခွင့်ပြုချက်တင်ပြလာမှုများတွင် အခြားပြည်နယ်/တိုင်းဒေသကြီးမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရှိ။
၃၂။ ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များအား ညှိနှိုင်းသဘောတူညီချက် ဆောင်ရွက်ခြင်းမပြုလျှင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ဆောင်ရွက်ခွင့်မပြု။
၄၃။ နိုင်ငံတော်အစိုးရ၏မူအရ ဆောင်ရွက်နေသောအခမ်းအနားများ၊ ဟောပြောပွဲများနှင့် အကြီးအကဲ၏ မိန့်ခွန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ပေးနေသည့် အချိန်များတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို ခွင့်မပြု။
၄၄။ ပုဂ္ဂိုလ်ရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ထိခိုက်နစ်နာစေမည့် အပြောအဆို၊ အရေးအသား အပြုအမူများ မပြုလုပ်ရ။
၄၆။ အမုန်းပွားစေနိုင်သော (Hate Speech)များ ပြောဆိုခြင်း၊ ဝေဖန်ခြင်း၊ ဟောပြောခြင်း မပြုလုပ်ရ။
၄၇။ သာသနာရေးဝန်ထမ်းများနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် ၈၃အရ နိုင်ငံရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း၊ ညွှန်ကြားလွှာအမှတ် ၉၁ အရ လူမှုရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း စသည့်အမိန့်ညွှန်ကြားချက်များကို သာသနာရေးဝန်ထမ်းများမှ တိတိကျကျ လိုက်နာရမည်။

၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအခန်း(၃)၊ ပုဒ်မ(၄)၊ ပုဒ်မခွဲ(စ)ပါ ဒေသဆိုင်ရာလိုအပ်ချက်အရ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ကြိုတင်သတ်မှတ်ထား သော စည်းကမ်းချက်များ
၁။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီးတန်းလှည့်လည်ခြင်းပြုရန် လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
၂။ (၃)ဦးဦးတန်း(၂)တွဲလျှင် ကြီးကြပ်သူ(၁)ဦးပါရှိရမည်။ ၄င်းကြီးကြပ်သူမှ ပါဝင်သူများ၏ အမည်စာရင်းကို ရယူထားရမည်။
၃။ (၅)ဦးတန်း(၂)တွဲလျှင် ကြီးကြပ်သူ(၁)ဦးပါရှိရမည်။ ၄င်းကြီးကြပ်သူမှ ပါဝင်သူများ၏ အမည်စာရင်းကို ရယူထားရမည်။
၎။ မြို့တွင်ရှိ အများသူငါ လူ ယာဉ်ဖြတ်သန်းသွားလာမှုများပြားသော အဓိကလမ်းမကြီးများတွင် ယာဉ်အန္တရာယ်မဖြစ်စေရေး လမ်းဘေးဝဲ/ယာဉ်စုပေါင်း ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ရန်နှင့် လမ်းများအနေအထားနှင့် ယာဉ်အသွားအလာရှုပ်ထွေးမှုကြောင့် အများပြည်သူအန္တရာယ်မဖြစ်စေရေး ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ရာတွင် လူ(၃ယောက်တွဲ(၁)တန်း လမ်းလျှောက်ခြင်းကိုသာဆောင်ရွက်ရန်။
၅။ လက်နက်ကိရိယာ တန်ဆာပလာများ ပေါက်ကွဲစေတတ်သောပစ္စည်းများအပြင် လူတစ်ဦးဦးအား ဘေးအန္တရာယ်တစ်စုံတစ်ရာဖြစ်စေနိုင်သောပစ္စည်းများ ကိုင်ဆောင်ထားခြင်းမပြုရ။
၆။ ပါဝင်သူများသည် အရက်သေစာသောက်စားခြင်းမပြုရ၊ အရက်သေစာသောက်ထားသူများ မပါဝင်စေရ။
၇။ စီးတန်းလှည့်လည်သူများ၏ ဝတ်စားဆင်ယင်မှုသည် အများပြည်သူများ၌ မြန်မာ့ယဉ်ကျေးမှုကို ပျက်စေသည့် ဝတ်ဆင်မှုမျိုး မဖြစ်စေရ။
၈။ စုဝေးဟောပြောရာတွင် စင်မြင့်အသုံးမပြုရ၊ မြေပြင်တွင်သာ ဟောပြောရမည်။
၉။ စီးတန်းလှည့်လည်ရာတွင် အခြားသူများပါဝင်လာမှုမရှိစေရေး မိမိအုပ်စုကို ကြိုးတန်းပတ်၍ လှည့်လည်ရမည်။
၁၀။ စီးတန်းလှည့်လည်သူများနှင့် စုဝေးသူများတွင် ပါဝင်သူများသည် မျက်နှာဖုံးအုပ်ထားခြင်း မျက်နှာဖုံးစွပ်ထားခြင်းမပြု၇။
၁၁။ ငြိမ်းချမ်းစွာစီးတန်းလှည့်လည်ရာတွင် ရုံးတက်/ဆင်း ကျောင်းတက်/ဆင်း လုပ်သားပြည်သူများ အလုပ်သွား/ပြန်ချိန်ကို ရှောင်လွှဲ၍ ပြုလုပ်ရန်။
၁၂။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရန် စုဝေးမည့်နေရာသည် စတင်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့်နေရာနှင့် ပေ(၅၀)ထက် ပိုမိုကွာဝေးခြင်းမရှိစေရ။
၁၃။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရာတွင် ယာဉ်အသွားအလာများသော လမ်းများ လမ်းကျဉ်းများအား အသုံးမပြုရ။
၁၄။ ငြိမ်းချမ်းစွာစုဝေးဟောပြောမည့်နေရာအကျယ်အဝန်းအား ချင့်ချိန်၍ သင့်လျော်သည့်အင်အားဖြင့် ဆောင်ရွက်ရန်။
၁၅။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရွာတွင် ယာဉ်အသွားအလာရှုပ်ထွေးပြီး အများပြည်သူအန္တရာယ်မဖြစ်စေရန် သတ်မှတ်လမ်းကြောင်းတစ်လျှောက်(၁)ကြိမ်သာ ခွင့်ပြုမည်။
၁၆။ ယာဉ်သွားလာမှုများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် လွယ်ကူစွာသွားလာနိုင်ရေး စီးတန်းလှည့်လည်အသိပေးတင်ပြသူမှ ဆောင်ရွက်ပေးရမည်။
၁၇။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရာတွင် လူဦးရေ(၁၀၀)ခန့်တွင် Hand Speaker(၁)လုံးသာလျှင် အသုံးပြုရန်။
၁၈။ နေ့ထူး/နေ့မြတ်၊ အခါကြီး/ရက်ကြီးများ၊ ပွဲလမ်း/အခမ်းအနားကြီးများ၊ ပြန်တမ်းဝင်ရုံးပိတ်ရက်များ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ပမှ ဧည့်သည်တော်ကြီးများ ရောက်ရှိသည့်နေရက်များတွင် ခွင့်မပြု။
၁၉။ အရေးပေါ်ကာလထုတ်ပြန်ထားသည့်အချိန်တွင် တင်ပြလာခြင်းအား ခွင့်မပြု။
၂၀။ တက္ကသိုလ်/ကျောင်းသား၊ သံဃာစာမေးပွဲများ ကျင်းပသည့်နေ့ရက်များတွင် တင်ပြခြင်းမပြုရန်။
၂၁။ သတ်မှတ်ချိန်ပြည့်က လူစုခွဲရမည်။
၂၂။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ တင်ပြပြုလုပ်မည်ဆိုပါက ပုဒ်မ ၄(စ)အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မည့်နေ့ရက်မတိုင်မီ အနည်းဆုံး (၄၈)နာရီအတွင်း (၁)ကြိမ်သာတင်ပြပြုလုပ်ပေးရန်နှင့် ဆက်တိုက်ပြုလုပ်ရန် တင်ပြခြင်းမပြုရန်။
၂၃။ သဘာဝပေးအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေ/အချိန်ကာလများတွင် ဆောင်ရွက်ခြင်းမပြုရ။
၂၄။ အရေးကြီးဌာနဆိုင်ရာရုံးများ ဆေးရုံများ အများပြည်သူဆိုင်ရာ အထင်ကရဘာသာရေးအဆောက် အဦးများ ဘုရား စေတီ ပုထိုးများနှင့် ယာဉ်သွားလာမှု ရှုပ်ထွေးသောနေရာများတွင် ဆောင်ရွက်ခွင့်မပြုရန်။
၂၅။ ညနေ(၆)နာရီမှ နောက်တစ်နေ့နံနက် (၆)နာရီအတွင်း ခွင့်မပြု။
၂၆။ (၁)အကြိမ်အသိပေးပါက (၁)ကြိမ်သာခွင့်ပြုမည်။ အသိပေးတင်ပြချက်ကို (၁)ရက်ခြင်းသာ တင်ပြရမည်။
၂၇။ ငြိမ်းချမ်းစွာစုဝေးခွင့် လျှောက်ထားသည့်နေရာသည် ရုံး/ဌာနဆိုင်ရာမြေဖြစ်ပါက ခွင့်မပြု။
၂၈။ သတ်မှတ်ချိန်တွင် စတင်ထွက်ခွာ၍ ပြီးဆုံးသည့်နေရာသို့ သတ်မှတ်သည့်အချိန်တွင် ရောက်ရှိရမည်ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက ပြီးဆုံးသည့်နေရာမရောက်သော်လည်း ရောက်ရှိသည့်နေရာ တွင်လူစုခွဲရန် လျှောက်ထားသူက တာဝန်ယူ/တာဝန်ခံရမည်။
၂၉။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီးတန်းလှည့်လည်ခြင်းတို့မှ ရုန်းရင်းဆန်ခတတ် ဆူပူမှုအသွင်သို့ ပြောင်းလဲဖြစ်ပေါ်မှုမရှိစေရေး၊ မသက်ဆိုင်သူများ ဝင်ရောက်မှုမရှိစေရေး တင်ပြထားသူမှ တာဝန်ယူဆောင် ရွက်ရမည်။
၃၀။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီးတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပြီး သပိတ်စခန်းဖွင့်လှစ်ခွင့်မရှိ။
၃၁။ ညအိပ်ဆန္ဒဖော်ထုတ်ခွင့်မရှိ၊ ခွင့်ပြုချက်တင်ပြလာမှုများတွင် အခြားပြည်နယ်/တိုင်းဒေသကြီးမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရှိ။
၃၂။ ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များအား ညှိနှိုင်းသဘောတူညီချက် ဆောင်ရွက်ခြင်းမပြုလျှင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ဆောင်ရွက်ခွင့်မပြု။
၃၃။ အသိပေးတင်ပြထားသည့် ပိုစတာအရေအတွက်နှင့် အကြောင်းအရာ ရုပ်ပုံတို့ကိုသာ အသုံးပြုရမည်။
၃၄။ ဟောပြောရန်အသိပေးတင်ပြသည့် ပုဂ္ဂိုလ်(သို့မဟုတ်) ထိုပုဂ္ဂိုလ်များမှတစ်ပါး တင်ပြချက်တွင်မပါရှိ သော အခြားပုဂ္ဂိုလ်များအား ဟောပြောခွင့်မပြု။
၃၅။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီးတန်းလှည့်လည်ခြင်းပြုရာတွင် အသိပေးတင်ပြချက်အရ ပါဝင်သူများ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းထားရမည်။
၃၆။ နိုင်ငံခြားသားများ ပါဝင်ခွင့်မပြု။
၃၇။ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ အသိပေးတင်ပြထားသည့် ဖော်ပြထားသောစည်းကမ်းများနှင့် လမ်းကြောင်းသတ်မှတ်ချက်ကိုလည်း လိုက်နာဆောင်ရွက်ရမည်။
၃၈။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်ခြင်းမပြုရ။
၃၉။ နိုင်ငံတော်နှင့်ပြည်သူကိုဖြစ်စေ၊ လူမျိုးရေး(သို့မဟုတ်)ဘာသာရေးကိုဖြစ်စေ လူ့သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေမည့် အပြောအဆို အပြုအမူများ မပြုလုပ်ရ။
၄၀။ အများပြည်သူကို အနှောင့်အယှက် အဟန့်အတားဖြစ်ခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ထိခိုက်စေခြင်း၊ စိုးရိမ်ထိတ်လန့်စေခြင်းများ ဖြစ်စေနိုင်သည့် အပြောအဆို အပြုအမူများမပြုလုပ်ရ။
၄၁။ မမှန်မကန်သတင်းများ(ကောလာဟလ)များကိုဖြစ်စေ၊ မမှန်ကန်သော အချက်အလက်များကို ဖြစ်စေ ဟောပြောခြင်းမပြုလုပ်ရ။
၄၂။ မန္တလေးတက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်မြောက်ဘက် ဝင်/ထွက်ပေါက်(ဂိတ်/တံခါး)မှ (၇၃)လမ်းအတိုင်း မြောက်ဘက် (၇၃-၃၅)လမ်းထောင့်အထိ ခွင့်မပြု။
၄၃။ နိုင်ငံတော်အစိုးရ၏မူအရ ဆောင်ရွက်နေသောအခမ်းအနားများ၊ ဟောပြောပွဲများနှင့် အကြီးအကဲ၏ မိန့်ခွန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ပေးနေသည့် အချိန်များတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို ခွင့်မပြု။
၄၄။ ပုဂ္ဂိုလ်ရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ထိခိုက်နစ်နာစေမည့် အပြောအဆို၊ အရေးအသား အပြုအမူများ မပြုလုပ်ရ။
၄၅။ ရပ်ရွာတည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်ဖြစ်စေသော ထိခိုက်စေသော မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ လုပ်ဆောင်ွင့်မပြု။
၄၆။ အမုန်းပွားစေနိုင်သော (Hate Speech)များ ပြောဆိုခြင်း၊ ဝေဖန်ခြင်း၊ ဟောပြောခြင်း မပြုလုပ်ရ။
၄၇။ သာသနာရေးဝန်ထမ်းများနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် ၈၃အရ နိုင်ငံရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း၊ ညွှန်ကြားလွှာအမှတ် ၉၁ အရ လူမှုရေးကိစ္စများတွင် ပါဝင်လုပ်ဆောင်ခွင့်မပြုခြင်း စသည့်အမိန့်ညွှန်ကြားချက်များကို သာသနာရေးဝန်ထမ်းများမှ တိတိကျကျ လိုက်နာရမည်။
၄၈။ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေပြီး လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးပြဿနာများအဖြစ်သို့ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာနိုင်သော စုဝေးခွင့် စီးတန်းလှည့်လည်ခွင့်၊ ဟောပြောခွင့် စသည့်လှုပ်ရှားမှုကိုမျှ ခွင့်မပြု။