ဇူလိုင်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းရှိ ခရေမြိုင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ ခရေမြိုင်ရွာမှာ အိမ်ခြေ ၂၁၄ အိမ်ရှိပါတယ်။ စာသင်ကျောင်းထဲမှာ အခမ်းအနားကျင်းပပါတယ်။
ရွာသူရွာသားများနှင့် ကျောင်းဆရာ ဆရာမများ ကျေးရွာရပ်မိရပ်ဖများ စုံစုံလင်လင်တက်ရောက် ကြပါတယ်။ မောင်တောမြို့ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရက စာရေးသူတို့အဖွဲ့နှင့် ပရိသတ်ကို မိတ်ဆက်ပေးပါတယ်။ စာရေးသူက နမောတဿရွတ်ဖို့ ဘုရားတရားမြဲဖို့ တိုက်တွန်းခဲ့ပါတယ်။ မြင်းခြံ မဘသဆရာတော် ဦးဇာဂရက ထောက်ပံ့ရေးပစ္စည်းတွေကို ရွာသူရွာသားတွေထံ လက်ရောက် အပ်နှံ လှူဒါန်းပါတယ်။
ခါတိုင်း မုန့်ဝေပေးနေကျဖြစ်လို့ ကလေးတွေက တရုံးရုံးပါ။ ဒီအပတ်မှာတော့ ကလေးတွေအတွက် ကစားစရာတွေပဲ ပါလာပါတယ်။ ကစားစရာတွေက အိမ်ထောင်စုစာရင်းအတိုင်း ပေးတာဖြစ်လို့ ကလေးတွေ ကစားစရာကိုင်ပြီး ကစားမြူးထူးနေတာတွေ တွေ့ခွင့်မရတော့ပါဘူး။ ရန်ကုန် မဘသ ဒေါပုံဆရာတော် ဒေါက်တာအရှင်ဥတ္တမသီရိ မိန့်ခွန်းပြောတော့ ရွာသူ ရွာသားတွေ လက်ခုပ်တဖြောင်းဖြောင်းပါပဲ။
(အခုမှ အခြေအနေပေးလို့ အခန်းဆက်အဖြစ် တင်ပြနိုင်တာပါ။ ဒီခရေမြိုင်ရွာကြီးပါပဲ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲမှာ အနီးနားက ဘင်္ဂလီတွေ အုံနှင့်ကျင်းနှင့် လာရောက်ဝင်စီးလို့ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရပါသေးတယ်။ လူမရှိတော့တဲ့ ရွာကြီးထဲကို ဘင်္ဂလီတွေ ဝင်ရောက်လာပြီး မီးရှို့မယ်လုပ်လို့ လုံခြုံရေးတပ်တွေက ပစ်ခတ်နှိမ်နင်းခဲ့ရပါတယ်။
ဒါတောင် အိမ်နှစ်လုံးမီးထဲပါသွားပါသေးတယ်။)
ဝီရသူ(မစိုးရိမ်)
30.9.2017
PM 9:29