သတင်း

မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟ စာမေးပွဲကြီး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟ စာမေးပွဲကြီး စတင်နေပါပြီ။ ဒီကနေ့ တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက် 6.11.2017ရက်နေ့ နေ့ ၁၂း၀၀ နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပတာပါ။

စာရေးသူက မြေညီထပ် မူလတန်း အငယ်တန်း အကြီးတန်း စာဖြေဌာနမှာ တာဝန်ကျပါတယ်။ စာရေးသူနှင့်အတူ တာဝန်ကျတဲ့နာယကများကတော့ ညီတော်မောင် အရှင်ဇနကာဘိဝံသ(ဓမ္မပါရဂူကျောင်းနာယက) ညီတော်မောင် အရှင်ကောဏ္ဍညာဘိဝံသ(ဓမ္မယာနကျောင်းနာယက)တို့ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲကို လေးလတစ်ကြိမ် ကျင်းပလေ့ရှိပြီး အောင်မြင်သူများကို ဆုငွေများ ပေးအပ်လေ့ရှိပါတယ်။

နောက်ဆုံးစာမေးပွဲကြီး(တတိယပတ်)အောင်မြင်လျှင် ဆုငွေများပိုရလေ့ရှိပါတယ်။ အခုကျင်းပနေတဲ့ ဒုတိယပတ် စာမေးပွဲကြီးကို ငါးရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။