သတင်း

ရခိုင်မြေမှာ တွေ့ကြုံဆုံခဲ့ရသမျှ မောင်တောနယ်မှ အသက်ငင်သံများ(၁)” မိုးအောင်လင်းနိုင်

(၁)
ဇာတိထင်ရှား ရခိုင်သားတဲ့။
ရခိုင်ပြည်နဲ့ပတ်သက်ပြီး အောက်မေ့ဂုဏ်ယူဖွယ်ရာအကြောင်းတွေ ပြောကြတဲ့အခါ အာရှနေဝန်း လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမအကြောင်းပဲ ပြောကြမလား။
နှစ်ပေါင်း ၃၅ဝ ကျော် ရှည်ကြာခဲ့တယ်ဆိုတဲ့ ရခိုင်ပြည်၊ ရှေးရခိုင်မင်း ဆက် မြောက်ဦးခေတ်ကာလအကြောင်း ပြောကြမလား။
ကျွန်တော်တို့မှာ ရခိုင်တွေနဲ့ ရခိုင်မြေအကြောင်း
တိုင်တည် ပြောပြစရာတွေ မကုန်နိုင်ပါဘူး။
ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ ရာဇဝင်ထဲက မြောက်ဦးမင်းဆက် အငွေ့ အသက်တွေကို တွေ့နိုင်သလို သျှစ်သောင်းပုထိုးတော်ကြီးနဲ့ ကိုးသောင်း ပုထိုးတော်ကြီးတို့ကိုလည်း ဖူးမြော် လေ့လာနိုင်တယ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ တည်ရှိနေတဲ့ ရခိုင်မုနိ ဘုရားကြီးဟာဆိုရင်လည်း ဗုဒ္ဓသာသနာတော်အတွက် အမြတ်တနိုး တန်ဖိုးထားဖွယ်ရာ သမိုင်းဝင် ဘာသာအမွေအနှစ် ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့ ညနေခင်းမှာ သာယာလှပ တဲ့ကမ်းခြေကို တွေ့မြင်ခံစားနိုင်သလို အားလုံးသိကြတဲ့ ငပလီဆိုတာလည်း ရခိုင်ပြည်၊ သံတွဲမြို့နယ်ထဲက သာယာလှပလွန်းတဲ့ အပန်းဖြေကမ်းခြေတစ်ခုပါ။
ဒသာလီစွ ရခိုင်ပြည်ဒလို့ နှုတ်ခွန်းဆက်သ ဂုဏ်ယူကြတဲ့
ရခိုင်ပြည်နယ်ရဲ့ သာယာလှပမှု၊ သမိုင်းဝင် ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာအမွေအနှစ်တွေအကြောင်း ဒီလောက်ထိ ဂုဏ်ယူဖွယ်ရာ၊ ပြောပြချင်စရာ မြောက်မြားစွာရှိနေပေမဲ့ ဒီကနေ့အချိန်မှာတော့ ဇာတိ ထင်ရှား ရခိုင်သားတို့ခမျာ ရခိုင်ပြည်နယ်နဲ့ ဘူးသီးတောင်၊ မောင်တောအ ရေးအတွက်ပဲ စိတ်ထိခိုက်၊ တွေးပူနေကြရပါတယ်။
၂ဝ၁၂ ရခိုင်အရေးအခင်းပြီးတဲ့နောက် ၂ဝ၁၆ ခု၊ အောက်တိုဘာ ၉ ရက်နေ့ကနေ တစ်ကျော့ပြန်စလာတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရက်စက်တိုက်ခိုက်မှုတွေဟာ ၂ဝ၁၇ ခု၊ သြဂုတ်ထဲမှာ ပြန်လည်တစ်စခန်း ထလာခဲ့မှုနဲ့အတူ ဒေသခံရခိုင်တိုင်းရင်းသားတွေဟာလည်း အိုးပစ်အိမ်ပစ် နဲ့ နေရပ်စွန့်ခွာထွက် ပြေးခဲ့ကြရပါတယ်။ ကိုယ့်နေရပ်ကို ပြန်နေထိုင် နိုင်ပြီဆိုတော့လည်း စိတ်လွတ်ကိုယ်လွတ်တော့ မဟုတ်ပါဘူး။
ဘယ်နေ့ ဘာဖြစ်မလဲဆိုတဲ့ ကျီးလန့်စာစား နေ့စဉ်ဘဝတွေကို ဒေသခံရခိုင်တွေ ဖြတ်သန်းနေကြရတာပါ။
ဒီလိုအခြေအနေမျိုးမှာ ဘူးသီးတောင်၊ မောင်တောနယ်မြေထဲက
စိုးရိမ်မှု အကြောက်တရားတွေ၊ အကြမ်းဖက် အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ နေ့စဉ်ဘဝကို ရှင်သန်နေရတဲ့ ဒေသခံ ရခိုင်တွေအတွက် ဘယ်သူတွေ ဘယ်လောက်ထိ စာနာ နားလည်ပေးကြသလဲ၊ မြန်မာပြည်ထဲက ရခိုင်အရေးကို ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများစွာ ရှိလာခဲ့ပြီဖြစ်တဲ့ ကမ္ဘာ့နိုင်ငံကြီးများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာဖိအားကို ထည့်တွက်စဉ်းစားနေရတဲ့ ဒီမိုကရေစီအစိုးရနဲ့
နိုင်ငံတော်အတိုင်ပင်ခံတို့ကရော ရခိုင်အရေးမှာ အနာနဲ့ဆေး တည့်အောင်ပေးနိုင်ကြပြီလား၊ ဒီလို မေးခွန်းတွေ မေးကြည့်မိတဲ့အခါတိုင်း ရခိုင်အရေးဟာ အားလုံးအတွက် အရူးမီးဝိုင်းဖြစ်နေတာ ငြင်းလို့ရမယ် မထင်ပါဘူး။

 

(၂)
ကျွန်တော်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခု၊ သြဂုတ်လပိုင်းက လူမှုကူညီရေး ခရီးစဉ်တစ်ခုအနေနဲ့ ရခိုင်ပြည်နယ်ကို တစ်ပတ်ကြာ ခရီးစဉ်လိုက်ပါခဲ့ဖူး တယ်။ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉၊ မောင်တော နယ်ခြားစောင့်တပ်စ ခန်းတွေ ဝင်အစီးခံခဲ့ရတုန်းကလည်း ဘင်္ဂါလီအကြမ်းဖက်တွေရဲ့ ဘေးရန် ကြောင့် မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒေသခံရခိုင်တိုင်းရင်းသား တွေကို ဆန်အိတ်တစ်ထောင် ဖြန့်ဝေ ထောက်ပံ့ဖို့အတွက် အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ ကို ကိုယ်တိုင်ကိုယ်ကျလိုက်ပါခွင့် ရခဲ့ပါတယ်။
၂ဝ၁၇ ခု၊ သြဂုတ် ၂၅၊ ရခိုင်ပြည်မြောက်ပိုင်း တပ်စခန်းပေါင်း ၃ဝ ကျော်ကို အကြမ်းဖက်တွေ ဝင်စီးပြီးတဲ့နောက်မှာလည်း ဒေသခံတိုင်းရင်း သားတွေကို ကူညီလှူဒါန်းဖို့အတွက် စက်တင်ဘာ ၂၇ ရက်ကနေ အောက် တိုဘာ ၂ ရက်နေ့အထိ ရခိုင်-မောင်တော ပံ့ပိုးရေးခရီးစဉ်ကို
သတင်းမှတ်တမ်းတင်သူအဖြစ် လိုက်ပါခဲ့ပြန်ပါတယ်။
အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်တွေကို ကုန်းတစ်တန် ရေတစ်တန်နဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့်ရခဲ့သူ တစ်ဦးအနေ နဲ့ ရခိုင်ပြည်အရေး နောက်ဆက်တွဲ တွေးမိတာလေးတွေ အများကြီးပါပဲ။
၂ဝ၁၅ ခုအတွင်း ရေဘေးကူညီရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တုန်း က ပဒါန်းကနေ အမ်းမြို့ကိုသွားတဲ့ တောင်ကြားလမ်းမှာ နထစမနျ အမြန် ယာဉ်ကြီးတစ်စီး လမ်းဘေးချောက်ထဲ ပြုတ်ကျနေတာ တွေ့မြင်ခဲ့ရတယ်။
အဲဒီနှစ်တုန်းက အမ်းကနေ မင်းပြားကို မရောက်ခင် ကဇုကိုင်းရွာမှာ ကဇုကိုင်းတံတား ကျိုးနေခဲ့တဲ့အတွက် တစ်ဘက်ကမ်းကို ဇက်နဲ့ဖြတ်ကူးဖို့ အလျင်အမြန် စီစဉ်ခဲ့ရပြီး တချို့ကုန်တင် ကားကြီးတွေဆိုရင် တံတားကျိုးသွားတာကြောင့် အနည်းဆုံး သုံးလေးရက်လောက် အိပ်စောင့်ပြီးပြီဆိုတဲ့ အသံ တွေလည်း ကြားခဲ့ရပါတယ်။
ဒီနှစ်(၂ဝ၁၇ စက်တင်ဘာ) ခရီးစဉ်မှာတော့ စစ်တွေမြို့၊ ရေချမ်းပြင် ဆိပ်ကနေ အငူမော်ဆိပ်ကမ်းကို ဇက်နဲ့ကူး၊ အငူမော်ကနေ ရသေ့တောင် ကို ကားတွေနဲ့ဆက်သွား၊ ရသေ့တောင်မြို့ကနေ မောင်တောကို ဆက်လက် မောင်းနှင်ခဲ့ရတဲ့ လမ်းတစ်ကြောမှာ ခက်ခဲကြမ်းတမ်းတဲ့ အကွေ့အကောက် ခရီးလမ်းတွေကို ဖုန်ထူထူ နေပူပူကြားမှာပဲ ခဲခဲယဉ်းယဉ်းသွားခဲ့ကြရပါတယ်။
ရသေ့တောင်ကနေ မောင်တောကို သွားတဲ့ ကားလမ်းတစ်လျှောက် တချို့နေရာတွေဟာ လမ်းကျဉ်းသလို ချိုင့်ခွက်တွေလည်း ရှိနေတာကြောင့် တော်ရုံတန်ရုံကားလေးတွေဆို ကားအောက်ပိုင်းနဲ့ သိပ်မလွတ်ချင်ပါဘူး။
ဒီနေရာမှာ ကျွန်တော် အဓိက ပြောလိုတာကတော့ ရခိုင်ပြည်မြောက် ပိုင်းခရီးလမ်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိနေတုန်းပဲဆိုတာပါ။ တကယ်လို့သာ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေလုံခြုံရေး အခြေအနေ ဒီထက်ပိုကောင်းမွန်မယ်ဆိုရင် ဒေသခံရခိုင်သူ ရခိုင်သားတွေရဲ့ လူ နေမှုဘဝတွေလည်း ဒီထက်ပိုပြီး တိုးတက်မြင့်မားလာမယ်၊ ပြည်နယ်နဲ့ ပြည်မထဲကလူတွေလည်း ခုထက် ပိုမို နွေးထွေးလာမယ်လို့ ခံစားမိတာပါ။
ပြည်နယ် ပြည်မ(ရခိုင်၊ ဗမာ)ဆိုပြီး အခုလို ခွဲခြားပြောဆိုရတာက တခြားကြောင့် မဟုတ်ပါဘူး။ ရခိုင် ပြည်နယ်ကို ကျွန်တော်ရောက်ခဲ့တဲ့ ဒီ ဘက်သုံးနှစ် ခရီးစဉ်အားလုံးမှာ ရခိုင်တချို့(အားလုံးကို မဆိုလို)ဆီကနေ ဒဗမာတွေရဲ့ လူမျိုးကြီးကြောင့်ဝါဒ ကြောင့်ဒဆိုတဲ့ စကားမျိုးကြားခဲ့ရပြီး ခုချိန်ထိ ဗမာမုန်းတီးရေးဝါဒ ရှိနေတုန်းပဲလို့ ဗမာလူမျိုးတစ်ယောက်အ နေနဲ့ စိတ်မကောင်းစွာ ခံစားမိခဲ့လို့ပါ။

 

(၃)
ခိုးဝင်ဘင်္ဂါလီနဲ့ အစွန်းရောက်အန္တရာယ်ခြိမ်းခြောက်မှုတွေ အမြစ်မပြတ်နိုင်သေးတဲ့ ရခိုင် မောင်တောကို ရောက်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ခရီးမိုင်များစွာကို ဖြတ်သန်းရပေမဲ့ အကွေ့အကောက် လမ်းတစ်လျှောက်မှာတော့ စာပန်းချီထဲက မေယုတောင်တန်းကြီးဟာ လွမ်းမောဖွယ်ကောင်းသလို ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မကုန်ခန်းနိုင်သေးတဲ့ မြေဆီမြေနှစ်တွေကိုလည်း တွေ့မြင်ရပြန်ပါတယ်။
သဘာဝသယံဇာတနဲ့ မြေဆီမြေနှစ်တွေ ကောင်းမွန်တင်ကျန်နေသေး တဲ့ ရခိုင်မြေမှာ တစ်ဝမ်းတစ်ခါးအတွက်ဆိုတာလောက်တော့ တောင် ပေါ်တက်ပြီးပဲ လုပ်စားမလား၊ ငါးဖမ်းလှေပဲ ထွက်မလား သိပ်မခက်ခဲဘူး လို့ ဆိုပါတယ်။ တကယ်လို့သာ ခိုးဝင်ဘင်္ဂါလီပြဿနာကနေ ကြီးထွားလာ တဲ့ နောက်ဆက်တွဲ အကြမ်းဖက်အန္တရာယ်တွေ ရှိမနေဘူးဆိုရင် ရခိုင်ပြည် ဆိုတာ ဒေသခံတွေအတွက် လုပ်စားကိုင်စားလို့ကောင်းတဲ့ ဒေသတစ်ခုလို့ ပြောရမှာပါပဲ။ ဒါပေမဲ့ နယ်မြေတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ လျော့ ရဲနေတဲ့ ဒီနေ့ကာလမှာတော့ ဒေသခံ ရခိုင်သူ ရခိုင်သားတွေမှာ တောင်ပေါ် တက်ရင်း ဓားခုတ်ခံရသလို စက်လှေထွက်ရင်း ရေတိမ်နစ်၊ အကြမ်းဖက် စစ်စစ်တွေရဲ့ ဒုက္ခပေး ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။
ကိုယ့်မြေ ကိုယ့်ရေမှာနေပြီးကိုယ့်မိသားစု ဝမ်းစာရှာဖို့အတွက် တောင်ပေါ်လည်း မတက်ရဲ၊ အပြင်လည်း မထွက်ရဲဖြစ်နေရရှာတဲ့ ဒေသခံရခိုင်တွေရဲ့ ကျပ်တည်းမှု၊ စိုးရိမ်ကြောင့် ကြမှုတွေဟာ
တကယ်ပဲ ရင်နာစရာ ကောင်းလှပါတယ်။
ရခိုင်တိုင်းရင်းသားတွေရဲ့ စိတ်ထဲ အဲဒီလိုမျိုး အကြောက်တရားတွေ၊ စိုးရိမ်မှုတွေ ဖျောက်ဖျက်မရအောင်လည်း ဘင်္ဂါလီအကြမ်းဖက်သမား တွေက မြိုတိုင်းရင်းသားတွေကို လူမဆန်စွာ သတ်ဖြတ်၊ တပ်စခန်းတွေကို မထီမဲ့မြင် ဝင်စီး၊ အိမ်တွေကို မီးရှို့၊ လမ်းတံတားတွေ မိုင်းခွဲ၊ လမ်းတွေမှာ လက်လုပ်ဗုံးထောင်၊ ဗုဒ္ဓဘာသာ ဘုရားဆင်းတုနဲ့ အဆောက်အအုံတွေကို ဖျက်လိုဖျက်ဆီး လုပ်ပြီးခဲ့ကြပါပြီ။

 

(၄)
ဒီတစ်ခေါက် ရခိုင်ပြည်ကို လူမှုကူညီရေးခရီးစဉ်ရောက်ချိန်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအပါအဝင် တကယ့်လူနည်းစု ဟိန္ဒူနဲ့ မြိုတိုင်းရင်း သားတချို့ဆီက ကြားခဲ့ရတဲ့ထိတ်လန့်သံနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ပြောပြချင်ပါသေးတယ်။
စက်တင်ဘာ ၂၉ ရက်၊ ညပိုင်းကပေါ့။
ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့က ရှေ့ပြေးအနေနဲ့ ကြိုလွှတ်ထားတဲ့ စားသောက်ကုန်ပစ္စည်းတင် ကုန်ကားတစ်စီး ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်ရွာနားကို ရောက်ပါတယ်။ တော လမ်းခရီးမှာ ကားဆရာရော ပစ္စည်းအိတ်တွေ သယ်ချပေးဖို့ ပါလာတဲ့ ညီငယ်တွေရော ဗိုက်ဆာတာကြောင့် နှစ်ယောက်သုံးယောက် ကားပေါ်က ဆင်းပြီး လမ်းဘေးမှာတွေ့တဲ့ ဒေသခံ တချို့ကို ထမင်းဖြစ်ဖြစ်၊ မုန့်ဖြစ်ဖြစ် စားစရာ ဘယ်မှာဝယ်လို့ရနိုင်မလဲ မေးမြန်းခဲ့ပါတယ်။ အဲဒီမှာပဲ ကားသမား အဖွဲ့ထဲက တစ်ယောက်က အသားမည်းမည်းနဲ့ ကုလားရုပ်နည်းနည်းဆင် နေတာကြောင့် ကားသမားတစ်စုကို မြင်တာနဲ့ အမေးခံရတဲ့ ဒေသခံနှစ် ယောက်သုံးယောက်က ချက်ချင်းထွက်ပြေးသွားကြပါတော့တယ်။
နောက်မှ သူတို့ရွာထဲက လူတွေစုပြီး ကယ်ဆယ်ရေးအဖွဲ့ကားထံ ပြန် ရောက်လာမှ အကြောင်းစုံကို ရှင်းပြခဲ့ရတာပါ။ ဒီနေရာမှာ ဒီအဖြစ်အပျက် ကို ကြည့်လိုက်တာနဲ့ ရသေ့တောင်၊ မောင်တောနယ်မှာ ဒေသခံရခိုင်တိုင်း ရင်းသားတွေဟာ ကိုယ့်ဒေသကိုယ့်ရွာ ဖြစ်ပါလျက်နဲ့ ဘေးသူစိမ်း အကြမ်း ဖက်ဘင်္ဂါလီတွေဘေးရန်ကို ဘယ်လောက်ထိ ကြောက်လန့်နေရလဲဆိုတာ သိနိုင်မှာပါ။ ဒေသခံတိုင်းရင်းသားတွေ ကြောက်လောက်အောင်လည်း အကြမ်းဖက်ဘင်္ဂါလီတွေက သြဂုတ် ၂၅ ရက်နေ့မှာ ရခိုင်ရွာတွေကို အင်အားအလုံးအရင်းနဲ့ ဝင်စီး၊ တိုက်ခိုက်ခဲ့ပြီးပြီ မဟုတ်ပါလား။
တချို့ရွာသူရွာသားတွေဆို လူအုပ်ကြီးနဲ့ ဝင်စီးတဲ့ ဘင်္ဂါလီကုလား တွေရဲ့အသံကို ခုချိန်ထိ နားထဲမှာ ပြန်ကြားနေတုန်းပဲလို့ဖွင့်ဟပြီး
ဒီမြေဟာ သူတို့ရဲ့မြေ၊ သူတို့မြေကို သူတို့ပိုင်တယ်၊ သူတို့မြေကို ကျူးကျော်လာသူတွေကို သတ်ဖြတ်ကြ၊ မကြောက်ကြနဲ့၊ သေလို့ရှိရင်တောင်မှ ငရဲပြည်မရောက်ဘူး၊ အလ္လာနဲ့ ချက်ချင်းတွေ့ရ မယ်လို့ ရှေ့ကတိုင်ပေးသူက တိုင်ပေး၊ နောက်က လူအုပ်ကြီးက လိုက်ဆိုနဲ့ သိပ်ပြီး ကြောက်စရာကောင်းကြောင်း ဖွင့်ဟကြပါတယ်။
တကယ်လို့ ကျွန်တော် အခုပြောနေတဲ့ စကားတွေဟာ ဒအမုန်းစကားဒ တွေလို့ စွပ်စွဲ၊ သတ်မှတ်မယ်ဆိုရင် လည်း အဲဒီပုဂ္ဂိုလ်တွေကိုယ်တိုင် ရခိုင် ပြည်မြောက်ပိုင်းကို တစ်လ ကိုးသီတင်းသွားရောက်ပြီး ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကို လက်တွေ့ကျကျ လေ့လာကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

မိုးအောင်လင်းနိုင်
(၂၀၁၇ ခု၊ နိုဝင်ဘာလထုတ် မဟာဝီရမဂ္ဂဇင်း အမှတ်(၂၉)ပါ
မိုးအောင်လင်းနိုင်၏ ဆောင်းပါးအား ဆရာရေနတ်သား၏ ဘာသာပြန်နှင့်တကွ ပြန်လည်ဖော်ပြပေးခြင်းဖြစ်သည်)
(ဆက်လက်ဖော်ပြပါမည်။)