သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၅)”

16.10.2017 ရက်နေ့ မနက်ပိုင်းမှာတော့ ကျီးကန်းပြင် ဇေယျသုခတပ်ဦးကျောင်း၊ စစ်ဗျူဟာ၊ နယ်ခြားစောင့်ဌာနချုပ်တို့ဆီ ရောက်ပါတယ်။ ဇေယျသုခတပ်ဦးကျောင်းမှာ ဗျူဟာမှူးတို့ တပ်စွဲထားတာပါ။

တပ်ဦးကျောင်းဆရာတော်ကို နဝကမ္မ တစ်သိန်းကျပ်၊ လ္ဘက်ခြောက်တစ်ထုပ်၊ ထိုးမုန့်နှစ်ဗူး လှူဒါန်းခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးအတွက် သုံးသိန်းကျပ်ကို ဗျူဟာမှူးထံအပ်နှံပြီး ထိုးမုန့်ဆယ်ဗူး လက်ဆောင်ပေးခဲ့ပါတယ်။ ကျီးကန်းပြင် ဌာနချုပ်သို့ ရောက်ရှိပါတယ်။ ကွပ်ကဲရေးမှူးအသစ်နှင့် တွေ့ပါတယ်။ 

ကွပ်ကဲရေးမှူးကြီးက ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလတုန်းက ပုဂံညောင်ဦး ဗုဒ္ဓဝေယျာဝစ္စလုပ်အားပေး ကုသိုလ်ပြုပွဲမှာ တွေ့ခဲ့ရတဲ့ ဒကာကြီးဦးမြင့်တိုးပါ။ ကျဆုံးသွားတဲ့ ရဲဘော်၁၁ဦး၊ လဝက ၁ဦး၊ ပြင်းထန်ဒဏ်ရာရသူ ၄ဦးတို့အား တစ်သိန်းကျပ်စီ စုစုပေါင်း ဆယ့်ခြောက်သိန်းကျပ်နှင့် သာမန်ဒဏ်ရာရသူ ၆ဦးတို့အား ငါးသောင်းကျပ်စီ စုစုပေါင်း သုံးသိန်းကျပ် လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်အသီးအသီးလှူဒါန်းကြတဲ့ အလှူငွေများကို ပြည်သူများလက်ထဲသို့အရောက် ပို့ဆောင်နိုင်ခဲ့ပါပြီ။ မန်းမဘသအဖွဲ့ရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်များနှင့် အမျိုးဘာသာ သာသနာအရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြောင်းပါ။