အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံဟစ်တိုင်ကွင်းမှာ ကျင်းပအပ်သော မြန်မာ့ တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ။
======================================================
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြ ကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့
ယနေ့အချိန်အခါသည် တစ်ကမ္ဘာလုံးကြိမ်မီးအုံးသကဲ့သို့ ကမ္ဘာသူကမ္ဘာသားများ အစ္စလာမ် မိုက်ဇေးရှင်းအန္တရာယ်ကို ခါးစီးခံနေရသော ဂျီဟဒ်ကပ်ဘေးကြီး ဆိုက်ရောက်နေသည့် ခေတ်ဆိုးကာလကြီး ဖြစ်ပါသည်။
ကမ္ဘာကြီးထဲက နိုင်ငံငယ်လေးတစ်ခုဖြစ်သော အမိမြန်မာပြည်ကြီးသည်လည်း နိုင်ငံတကာနည်းတူ အစ္စလာမ်မိုက်ဇေးရှင်းဒဏ် အလူးအလဲခံနေရပေပြီ။
မြန်မာပြည်သမိုင်းတစ်လျှောက် ကြုံခဲ့ရဖူးသော ဂျီဟဒ်တို့တွင် ၁၉၄၂ ခုနှစ် မေလ ၁၃ ရက် ရခိုင်လူမျိုးတုံးသတ်ဖြတ်ခံရမှုကြီးပြီးလျှင် ၂၀၁၇ ခုနှစ် သြဂုတ်လ၌ ကျရောက်ခဲ့သော မြို့သိမ်းတိုက်ပွဲသည် ဒုတိယအကြီးမားဆုံး ဂျီဟဒ်စစ်ပွဲကြီး ဖြစ်ပါသည်။
ထိုစစ်ပွဲကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးခဲ့ရသလို တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခဲ့ရပေသည်။
ဂျီဟဒ်ဝါဒီတို့က အပြစ်မဲ့တိုင်းရင်းသားများကို ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်နေပုံများကို အင်တာနက်အွန်လိုင်းပေါ်တင်ကာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့သောကြောင့် လက်နက်မဲ့တိုင်းရင်းသားများ နေရပ်စွန့်ခွါခဲ့ရသလို အခြေအနေ အေးဆေးတည်ငြိမ်ခဲ့သည့်နောက်ပိုင်းမှာလည်း နေရပ်မပြန်ဝံ့ဘဲ ငိုကြွေး နေကြရပေသည်။
၁၉၄၂ခုနှစ် မေလ ၁၃ ရက် ပထမဂျီဟဒ်စစ်ပွဲ၌ ရခိုင်တိုင်းရင်းသားများ လူမျိုးတုံးသတ်ဖြတ်ခံ ခဲ့ရသလိုပင် ၂၀၁၇ ခုနှစ် သြဂုတ်လ ဒုတိယဂျီဟဒ်စစ်ပွဲ၌ ဟိန္ဒူလူမျိုးများ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရပေသည်။
မိဘဆွေမျိုး ၂၄ ဦးရှိသည်တွင် ၂၃ဦး အသတ်ခံခဲ့ရပြီး မြို့မှာကျောင်းတက်နေသော လေးတန်း ကျောင်းသားလေးတစ်ဦးသာ ကျန်ရစ်ခဲ့ရသော ဖြစ်ရပ်များ၊ တစ်မိသားစုလုံးမှ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်သော သုံးနှစ်အရွယ် ဟိန္ဒူမိန်းကလေး၏ ယခုထက်တိုင် သွေးလန့်နေမှုများသည် ဒဏ္ဍာရီမဟုတ်သည့် ဒိုင်ယာရီအစစ်များသာ ဖြစ်ပါသည်။
ဤသို့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးကြီးနှင့် တွေ့ကြုံနေရချိန်မှာ ရခိုင်ပြည်သူများအတွက် အားထားရာအစစ်သည် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့မှတစ်ပါး အခြားမရှိခဲ့ပါ။ လုံခြုံရေးတပ်ဖွဲ့များ၏ စွန့်စွန့်စားစား ကာကွယ်မှုကြောင့် ပြည်သူများ သက်သာရာရခဲ့သလို တပ်မတော်သားများ၏ ရွတ်ရွတ်ချွန်ချွန် ကယ်တင်နိုင်မှုကြောင့် ပြည်သူများ ဘေးကင်းရန်ကွာ ချမ်းသာရာရခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ အမိနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် တိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်တင် မကဘဲ အမျိုး ဘာသာ သာသနာအတွက်ပါ အားကိုးအားထားပြုနေရသော မြန်မာ့တပ်မတော်သည် ယနေ့ အခါ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြပ်ကိုင်ဖိအားပေးမှုဒဏ် ခံနေရပေပြီ။
အမေရိကန်၊ အီးယူနှင့် ယူအန်တို့သည် သတင်းတု သတင်းလိမ် သတင်းမှားများကို အဟုတ်ထင်ကာ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ်ဖိအားပေးခြင်းဖြင့် နိုင်ငံရေးအရ အနိုင်ကျင့် နေကြသည်ကို တွေ့မြင်နေရပေပြီ။
ဤသည်မှာ မြန်မာ့တပ်မတော်၏ တရားသောစစ်ကို နိုင်ငံကြီးသားများက မတရားအနိုင်ကျင့် လိုက်ခြင်းပင် ဖြစ်ပါသည်။
အကာအကွယ်မဲ့နေသော မြန်မာ့တပ်မတော်အပေါ် အကြင်နာမေတ္တာအပြည့်အဝဖြင့် ရင်ဝယ်သား ကဲ့သို့ စောင့်ရှောက်မည့်သူမှာ သံဃာတော်များနှင့် ပြည်သူများသာ ဖြစ်ပေသည်။
ယခုလို ထောက်ခံပွဲကြီးများ ကျင်းပ၍ မြန်မာ့တပ်မတော်နှင့် အနောက်တံခါးမှ နိုင်ငံ့ဝန်ထမ်း ကောင်းများအား ဟဒယအားဆေး တိုက်ကျွေးတော်မူကြကုန်သော ရဟန်းရှင်လူ ပြည်သူအားလုံးကို ကျေးဇူးအထူးတင်မိပါသည်။
မြန်မာ့တပ်မတော်ကြီး ဘေးရန်ကင်းပါစေ။
အနောက်တံခါးမှူးများ အန္တရာယ်ကင်းကြပါစေ။
အချုပ်အခြာအာဏာ ထာဝရတည်မြဲနိုင်ပါစေ။
အမျိုး ဘာသာ သာသနာ ကမ္ဘာတည်သရွေ့ မြဲပါစေ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)