သို့
ဗဟိုကော်မတီဝင်များအားလုံး
လုပ်ငန်းကော်မတီဝင်များ
ရက်စွဲ။ ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်
အကြောင်းအရာ။ ။ အစည်းအဝေးဖိတ်ကြားခြင်း
——————————-
မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင် အထက်တန်း ကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင်များ
အားလုံးနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ မန်းမဟော်သဓာ အစည်းအဝေးအမှတ်စဉ် (၃/၂ဝ၁၈)ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် မပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
မိန့်မှာချက်အရ –
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
တာဝန်ခံ
မန်းမဟော်သဓာဖြစ်မြောက်ရေးဗဟိုကော်မတီ
နေ့ရက် ==== ၄-၂-၂ဝ၁၈ (တနင်္ဂနွေနေ့)
အချိန် ==== ၁၅ဝဝ နာရီ (ညနေ ၃းဝဝနာရီ)
နေရာ ==== မန်းမဟော်သဓာကျောင်းတော်ကြီးရှင်းလင်းဆောင်
(ဖုန်းဖြင့် သီးခြားဖိတ်ကြားပါမည်။ကော်မတီဝင်အားလုံး မတက်ရောက်နိုင်လျှင် ကော်မတီအသီးသီးမှ တာဝန်ခံများ၊ ခေါင်းဆောင်များ မပျက်မကွက်တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။)