တနသၤာရီတုိင္းေဒသႀကီး၊ ၿမိတ္ၿမဳိ႕၌က်င္းပအပ္ေသာ ျမန္မာ့တပ္မေတာ္ႏွင့္ ႏုိင္ငံ့ဝန္ထမ္းေကာင္းမ်ား ေထာက္ခံပြဲသုိ႔ မႏၲေလး၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက၊ ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ ေပးပုိ႔အပ္ေသာ အမ်ဳိးသားေရးသဝဏ္လႊာ

တနသၤာရီတုိင္းေဒသႀကီး၊ ၿမိတ္ၿမဳိ႕၊ အေရွ႕သိမ္အားကစားကြင္း၌ က်င္းပအပ္ေသာ ျမန္မာ့တပ္မေတာ္ႏွင့္ ႏုိင္ငံ့ဝန္ထမ္းေကာင္းမ်ားေထာက္ခံပြဲသုိ႔ ၾကြေရာက္ေတာ္မူလာၾကကုန္ေသာ ပရိသတ္အေပါင္း သူေတာ္ေကာင္းတုိ႔……

ယေန႔အခ်ိန္အခါသည္ ျမန္မာ့အင္အားကုိ ျပသရမည့္အခ်ိန္အခါ ျဖစ္ပါသည္။ ရခုိင္ျပည္နယ္ေျမာက္ပုိင္း အေရးကုိ အေၾကာင္းျပဳ၍ ႏုိင္ငံတကာအသုိင္းအဝုိင္းႏွင့္ ျပည္တြင္းျပည္ပ သတင္းဌာနမ်ားက ျမန္မာ့တပ္မေတာ္အေပၚ ရည္ရြယ္ခ်က္ရွိရွိ ထုိးႏွက္တုိက္ခုိက္ေနၾကသည္ကုိ ေတြ႕ရပါသည္။ ျပည္ပအုပ္စုသည္ ျမန္မာႏုိင္ငံ၏ အခ်ဳပ္အျခာအာဏာကုိ က်ဴးေက်ာ္ေစာ္ကားလုိျခင္းႏွင့္ ျပည္တြင္းအုပ္စုသည္ ျမန္မာ့ႏုိင္ငံေရးမွာ တပ္မေတာ္မပါဝင္ေစလုိျခင္း ဤအေၾကာင္းႏွစ္ခ်က္တည္းျဖင့္ ျပည္တြင္းျပည္ပခ်ိတ္ဆက္၍ စနစ္တက် တုိက္ခုိက္ေနၾကျခင္းျဖစ္ပါသည္။

ႏုိင္ငံကုိယ္စီ၌ တပ္မေတာ္ကုိယ္စီသာ မရွိခဲ့ေသာ္ ထုိႏုိင္ငံ၏ အခ်ဳပ္အျခာအာဏာမ်ား အာမခံခ်က္ မရွိႏုိင္သကဲ့သုိ႔ ႏုိင္ငံသူ ႏုိင္ငံသား ျပည္သူမ်ား၏ အသက္အုိးအိမ္စည္းစိမ္လည္း လုံၿခဳံေတာ့မည္ မဟုတ္ပါ။ ထုိ႔ေၾကာင့္ ႏုိင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ လုံၿခဳံေရးအတြက္ ႏုိင္ငံကုိယ္စီ၌ တပ္မေတာ္ကုိယ္စီ ဖြဲ႕စည္းထားရွိျခင္း ျဖစ္ပါသည္။

ေပါယပ္ထုိထုိ၊ လူဗုိလ္အယွိ၊ မ်ားအခ်ိလည္း၊ သတၱိဗလ၊ စြမ္းထာမကုိ၊ မျပမသိ၊ ျပမွသိ၏၊ သိမွထိတ္လန္႔၊ ရြံ႕ေၾကာက္ခဲ့၏။
ခဲ့မွရုိေသ၊ ရုိေသေသာ္သာ၊ လုိက္နာရႊင္လန္း၊ က်င့္ေျဖာင့္တန္း၏ဟူေသာ မဃေဒဝ အပုိဒ္ ၁၉၀ႏွင့္အညီ ျမန္မာ့သတၱိ ကမၻာကသိလာပါမွ ျမန္မာျပည္သည္ ကမၻာ့အလယ္မွာ လူရုိေသ ရွင္ရုိေသအဆင့္မွာ ႏုိင္ငံတကာ၏ ရုိေသေလးစားမႈကုိ ခံယူရမည္ျဖစ္ပါသည္။ ထုိသုိ႔ ျမန္မာ့သတၱိ ကမၻာကသိေအာင္ျပႏုိင္ဖုိ႔ဆုိလွ်င္ ျမန္မာျပည္ဖြား တုိင္းရင္းသားအားလုံး ျမန္မာ့တပ္မေတာ္ႏွင့္ အတူရွိေနေၾကာင္း ျပသဖုိ႔လုိပါသည္။

ျမန္မာ့ႏုိင္ငံေရးေလာက၌ စစ္သားလုိလားသူႏွင့္ အျခားလုိလားသူဟူ၍ အင္အားႀကီးႏွစ္ရပ္ကုိ ေတြ႕ျမင္ရေပမည္။ စစ္သားလုိလားသူမ်ားကုိ အမ်ဳိးသားေရးအင္အားစုဟုေခၚဆုိၿပီး အျခားလုိလားသူမ်ားကုိ ႏုိင္ငံေရးအင္အားစုဟုေခၚပါသည္။ အမ်ဳိးသားေရးအင္အားစုမ်ားက စစ္သားလုိလားရျခင္းမွာ ႏုိင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ အမ်ဳိးဘာသာ သာသနာေတာ္ လုံၿခဳံေရးအတြက္ အားထားရေသာ ႏုိင္ငံ့သားေကာင္းမ်ားျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။ အျခားမလုိလားရျခင္းမွာ အဓမၼနည္းမ်ားျဖင့္ အစၥလာမ္ဇာတ္သြင္းေလ့ရွိေသာ အစၥလာမ္မုိက္ေဇးရွင္းအႏၲရာယ္ မက်ေရာက္ေစလုိေသာေၾကာင့္ ျဖစ္ပါသည္။ ယေန႔ ကမၻာႀကီးကုိ ၿခိမ္းေျခာက္ေနေသာ ကုိင္တြယ္ရခက္ခဲသည့္ ျပႆနာတစ္ရပ္မွာ ဂ်ီဟဒ္ဝါဒီမူဆလင္တုိ႔၏ အစၥလာမ္မုိက္ေဇးရွင္းအၾကမ္းဖက္ အႏၲရာယ္ပင္ ျဖစ္ပါသည္။ ကမၻာႀကီး အႏၲရာယ္ကင္းဖုိ႔အတြက္ ကမၻာသူကမၻာသားမ်ားမွာ တာဝန္ရွိသလုိ အမိျမန္မာျပည္ႀကီး အႏၲရာယ္ကင္းဖုိ႔အတြက္ ျမန္မာျပည္ဖြား တုိင္းရင္းသူူ တုိင္းရင္းသားမ်ားမွာ တာဝန္ရွိေပသည္။ ထုိ႔ေၾကာင့္ သမုိင္းေပးတာဝန္အရ ျမန္မာ့တပ္မေတာ္ဘက္မွာ အျပည့္အဝ ရပ္တည္ေပးၾကျခင္း ျဖစ္ပါသည္။

တပ္မေတာ္အင္အားရွိမွ တုိင္းျပည္လုံၿခဳံစိတ္ခ်ရပါမည္။ တပ္မေတာ္အင္အားရွိဖုိ႔အတြက္ စစ္အဂၤါရွစ္ပါးႏွင့္ ျပည့္စုံဖုိ႔လုိပါသည္။ စစ္အဂၤါရွစ္ပါးကုိ ေက်းဇူးရွင္မန္လည္ဆရာေတာ္ႀကီးကယခုလုိ မိန္႔ဆုိေတာ္မူခဲ့ပါသည္။

၁။ စစ္သူႀကီးသည္ စစ္၏ ဦးေခါင္းႏွင့္တူ၏။

၂။ စစ္ေရးပညာရွိသည္ စစ္၏ မ်က္စိႏွင့္တူ၏။

၃။ စစ္ေထာက္လွမ္းေရးသည္ စစ္၏ နားရြက္ႏွင့္တူ၏။

၄။ ဗုိလ္ပါရဲမက္တုိ႔သည္ စစ္၏ ခြန္အားႏွင့္တူ၏။

၅။ စစ္သံတမန္မ်ားသည္ စစ္၏ ခံတြင္းႏွင့္တူ၏။

၆။ ကြန္မန္ဒုိတပ္သားမ်ားသည္ စစ္၏ အစြယ္ႏွင့္တူ၏။

၇။ ေျခလ်င္တပ္သားမ်ားသည္ စစ္၏ ေျခေထာက္ႏွင့္တူ၏။

၈။ စစ္လက္နက္မ်ားသည္ စစ္၏ လက္ႏွင့္တူ၏။

ဤအဂၤါရွစ္မ်ဳိးႏွင့္ ျပည့္စုံေသာ တပ္မေတာ္ျဖစ္ပါမွ တုိင္းတစ္ပါးတုိ႔ က်ဴးေက်ာ္မခံရမွာျဖစ္ပါသည္။

မဃေဒဝလကၤာသစ္က်မ္း၊ ပုေတၱာဝါဒခဏ္း၊ အပုိဒ္ (၁၉၀)လာ အဆုံးအမၾသဝါဒကုိ အျပည့္အဝ လုိက္နာလ်က္ တုိင္းျပည္လုံၿခဳံေရးအတြက္ အေရးအႀကီးဆုံးေသာ ျမန္မာ့တပ္မေတာ္ႀကီးကုိ အဂၤါေျခလက္စုံလင္ေအာင္ ဝုိင္းဝန္းေစာင့္ေရွာက္ၾကပါရန္ႏွင့္ ျပည့္စုံၿပီးသား အဂၤါေျခလက္မ်ားကုိ အာဏာႏုိင္ငံေရးႏွင့္ ႏုိင္ငံေရးအာဏာတစ္ခုတည္းျဖင့္ ဖ်က္ဆီးမပစ္ဖုိ႔ အႏူးအညြတ္ေတာင္းပန္အပ္ပါသည္။

တုိင္းခန္းက်ယ္ေၾကာင့္၊ ခ်ဲ႕လုိေရွာင္းက၊ စစ္ေခါင္းဟူၿပီး၊ စစ္သူႀကီးႏွင့္ အတီးနာဂတ္၊ ဆုံးျဖတ္ဆင္ျခင္၊ ရႈျမင္တတ္စြာ၊ ဆရာ ပ႑ိ၊ စစ္မ်က္စိဆုိ၊ သူလွ်ဳိစစ္နား၊ စစ္အားဗုိလ္သင္း၊ စစ္ခံတြင္းတမန္၊ မွတ္ရန္တသြယ္၊ စစ္စြယ္မတ္ရဲး၊ တကြဲ ေျခသည္၊ တြင္မည္ စစ္ေျခ၊ တေထြမွတ္ခ်က္၊ လက္နက္ကိရိယာ၊ စစ္အဂၤါတည့္၊ ရွစ္ျဖာအပုံ၊ အင္ ျပည့္စုံမွ၊ ေရႊဘုံ တုိင္းနယ္၊ ခ်ဲ႕တုိင္းက်ယ္ရွင့္၊ အစြယ္ ေျခအား၊ နားႏွင့္ မ်က္စိ၊ စယွိအေပါင္း၊ ျပတ္မေတာင္းသည္၊ ေခါင္းလည္း မေၾကြရစ္ေစႏွင့္(၂၁)၊

(တတိယပုိင္း၃။ ပုေတၱာဝါဒခဏ္း)

ဦးပဥၨင္း
ဝီရသူ(မစုိးရိမ္)

 

 

“သဝဏ်လွှာ”

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲသို့ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အရှေ့သိမ်အားကစားကွင်း၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့……

ယနေ့အချိန်အခါသည် မြန်မာ့အင်အားကို ပြသရမည့်အချိန်အခါ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကို အကြောင်းပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများက မြန်မာ့တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေကြသည်ကို တွေ့ရပါသည်။ ပြည်ပအုပ်စုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလိုခြင်းနှင့် ပြည်တွင်းအုပ်စုသည် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်မပါဝင်စေလိုခြင်း ဤအကြောင်းနှစ်ချက်တည်းဖြင့် ပြည်တွင်းပြည်ပချိတ်ဆက်၍ စနစ်တကျ တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံကိုယ်စီ၌ တပ်မတော်ကိုယ်စီသာ မရှိခဲ့သော် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာများ အာမခံချက် မရှိနိုင်သကဲ့သို့ နိုင်ငံသူ နိုင်ငံသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လည်း လုံခြုံတော့မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် နိုင်ငံကိုယ်စီ၌ တပ်မတော်ကိုယ်စီ ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါသည်။

ပေါယပ်ထိုထို၊ လူဗိုလ်အယှိ၊ များအချိလည်း၊ သတ္တိဗလ၊ စွမ်းထာမကို၊ မပြမသိ၊ ပြမှသိ၏၊ သိမှထိတ်လန့်၊ ရွံ့ကြောက်ခဲ့၏။
ခဲ့မှရိုသေ၊ ရိုသေသော်သာ၊ လိုက်နာရွှင်လန်း၊ ကျင့်ဖြောင့်တန်း၏ဟူသော မဃဒေဝ အပိုဒ် ၁၉၀နှင့်အညီ မြန်မာ့သတ္တိ ကမ္ဘာကသိလာပါမှ မြန်မာပြည်သည် ကမ္ဘာ့အလယ်မှာ လူရိုသေ ရှင်ရိုသေအဆင့်မှာ နိုင်ငံတကာ၏ ရိုသေလေးစားမှုကို ခံယူရမည်ဖြစ်ပါသည်။ ထိုသို့ မြန်မာ့သတ္တိ ကမ္ဘာကသိအောင်ပြနိုင်ဖို့ဆိုလျှင် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး မြန်မာ့တပ်မတော်နှင့် အတူရှိနေကြောင်း ပြသဖို့လိုပါသည်။

မြန်မာ့နိုင်ငံရေးလောက၌ စစ်သားလိုလားသူနှင့် အခြားလိုလားသူဟူ၍ အင်အားကြီးနှစ်ရပ်ကို တွေ့မြင်ရပေမည်။ စစ်သားလိုလားသူများကို အမျိုးသားရေးအင်အားစုဟုခေါ်ဆိုပြီး အခြားလိုလားသူများကို နိုင်ငံရေးအင်အားစုဟုခေါ်ပါသည်။ အမျိုးသားရေးအင်အားစုများက စစ်သားလိုလားရခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသနာတော် လုံခြုံရေးအတွက် အားထားရသော နိုင်ငံ့သားကောင်းများဖြစ်သောကြောင့် ဖြစ်ပါသည်။ အခြားမလိုလားရခြင်းမှာ အဓမ္မနည်းများဖြင့် အစ္စလာမ်ဇာတ်သွင်းလေ့ရှိသော အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ် မကျရောက်စေလိုသောကြောင့် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော ကိုင်တွယ်ရခက်ခဲသည့် ပြဿနာတစ်ရပ်မှာ ဂျီဟဒ်ဝါဒီမူဆလင်တို့၏ အစ္စလာမ်မိုက်ဇေးရှင်းအကြမ်းဖက် အန္တရာယ်ပင် ဖြစ်ပါသည်။ ကမ္ဘာကြီး အန္တရာယ်ကင်းဖို့အတွက် ကမ္ဘာသူကမ္ဘာသားများမှာ တာဝန်ရှိသလို အမိမြန်မာပြည်ကြီး အန္တရာယ်ကင်းဖို့အတွက် မြန်မာပြည်ဖွား တိုင်းရင်းသူူ တိုင်းရင်းသားများမှာ တာဝန်ရှိပေသည်။ ထို့ကြောင့် သမိုင်းပေးတာဝန်အရ မြန်မာ့တပ်မတော်ဘက်မှာ အပြည့်အဝ ရပ်တည်ပေးကြခြင်း ဖြစ်ပါသည်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်လုံခြုံစိတ်ချရပါမည်။ တပ်မတော်အင်အားရှိဖို့အတွက် စစ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံဖို့လိုပါသည်။ စစ်အင်္ဂါရှစ်ပါးကို ကျေးဇူးရှင်မန်လည်ဆရာတော်ကြီးကယခုလို မိန့်ဆိုတော်မူခဲ့ပါသည်။

၁။ စစ်သူကြီးသည် စစ်၏ ဦးခေါင်းနှင့်တူ၏။

၂။ စစ်ရေးပညာရှိသည် စစ်၏ မျက်စိနှင့်တူ၏။

၃။ စစ်ထောက်လှမ်းရေးသည် စစ်၏ နားရွက်နှင့်တူ၏။

၄။ ဗိုလ်ပါရဲမက်တို့သည် စစ်၏ ခွန်အားနှင့်တူ၏။

၅။ စစ်သံတမန်များသည် စစ်၏ ခံတွင်းနှင့်တူ၏။

၆။ ကွန်မန်ဒိုတပ်သားများသည် စစ်၏ အစွယ်နှင့်တူ၏။

၇။ ခြေလျင်တပ်သားများသည် စစ်၏ ခြေထောက်နှင့်တူ၏။

၈။ စစ်လက်နက်များသည် စစ်၏ လက်နှင့်တူ၏။

ဤအင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော တပ်မတော်ဖြစ်ပါမှ တိုင်းတစ်ပါးတို့ ကျူးကျော်မခံရမှာဖြစ်ပါသည်။

မဃဒေဝလင်္ကာသစ်ကျမ်း၊ ပုတ္တောဝါဒခဏ်း၊ အပိုဒ် (၁၉၀)လာ အဆုံးအမသြဝါဒကို အပြည့်အဝ လိုက်နာလျက် တိုင်းပြည်လုံခြုံရေးအတွက် အရေးအကြီးဆုံးသော မြန်မာ့တပ်မတော်ကြီးကို အင်္ဂါခြေလက်စုံလင်အောင် ဝိုင်းဝန်းစောင့်ရှောက်ကြပါရန်နှင့် ပြည့်စုံပြီးသား အင်္ဂါခြေလက်များကို အာဏာနိုင်ငံရေးနှင့် နိုင်ငံရေးအာဏာတစ်ခုတည်းဖြင့် ဖျက်ဆီးမပစ်ဖို့ အနူးအညွတ်တောင်းပန်အပ်ပါသည်။

တိုင်းခန်းကျယ်ကြောင့်၊ ချဲ့လိုရှောင်းက၊ စစ်ခေါင်းဟူပြီး၊ စစ်သူကြီးနှင့် အတီးနာဂတ်၊ ဆုံးဖြတ်ဆင်ခြင်၊ ရှုမြင်တတ်စွာ၊ ဆရာ ပဏ္ဍိ၊ စစ်မျက်စိဆို၊ သူလျှိုစစ်နား၊ စစ်အားဗိုလ်သင်း၊ စစ်ခံတွင်းတမန်၊ မှတ်ရန်တသွယ်၊ စစ်စွယ်မတ်ရဲး၊ တကွဲ ခြေသည်၊ တွင်မည် စစ်ခြေ၊ တထွေမှတ်ချက်၊ လက်နက်ကိရိယာ၊ စစ်အင်္ဂါတည့်၊ ရှစ်ဖြာအပုံ၊ အင် ပြည့်စုံမှ၊ ရွှေဘုံ တိုင်းနယ်၊ ချဲ့တိုင်းကျယ်ရှင့်၊ အစွယ် ခြေအား၊ နားနှင့် မျက်စိ၊ စယှိအပေါင်း၊ ပြတ်မတောင်းသည်၊ ခေါင်းလည်း မကြွေရစ်စေနှင့်(၂၁)၊

(တတိယပိုင်း၃။ ပုတ္တောဝါဒခဏ်း)

ဦးပဉ္ဇင်း
ဝီရသူ(မစိုးရိမ်)