စ.မ.က ပုဒ္မနဲ႔ တရားပြဲပိတ္တာကုိပဲ ဟိုအေၾကာင္းျပ ဒီအေၾကာင္းျပ မဟုတ္က ဟုတ္က အေၾကာင္းျပေနၾကတာပါ။ အမုန္းတရားေခါင္းစဥ္အတပ္ခံလုိက္ရတာတစ္ခုပဲရွိတယ္။ ပိဋကတ္ေတာ္နဲ႔ ဆန္႔က်င္လုိ႔ အပိတ္ခံရတာမဟုတ္ပါဘူး။ သူတုိ႔အေၾကာင္းျပထားတဲ့ ညႊန္ၾကားလႊာတစ္ခုခ်င္းအေပၚမွာ ျပန္လည္ေျဖရွင္းၿပီးပါၿပီ။
မဟနထံလည္း တရားဝင္စာတင္ပါတယ္။ အြန္လုိင္းကေနလည္း အစစအရာရာ ဗီဒီယုိဖုိင္တင္ၿပီး နာမည္တပ္ ေျဗာင္ရွင္းထားပါတယ္။ မဟနကျဖစ္ေစ သာသနာေရးကျဖစ္ေစ ဝီရသူကုိ ျပန္လည္ေျဖရွင္းမေပးႏုိင္ပါဘူး။ ဒါေၾကာင့္ ဝီရသူ တရားပြဲအပိတ္ခံရတာ ဓမၼႏွင့္မညီလုိ႔မဟုတ္ဘူး။ သူတုိ႔အတၱထိပါးလုိ႔ သူတုိ႔အမ်ဳိးေတြ ထိပါးလုိ႔ အပိတ္ခံရတယ္ဆုိတာ ထင္ရွားပါတယ္။
ေစာင့္ၾကည့္ပါ ဝီရသူဘာတရားေတြေဟာမယ္ဆုိတာ ေတြ႕ရပါလိမ့္မယ္။
အဲဒီအခါက်မွ နဖူးကုိလက္နဲ႔ပုတ္ၿပီး အရင္ပိတ္ခဲ့မိတာ မွားေလျခင္း ေနာင္တမရမိပါေစနဲ႔။ (ဦးဝီရသူက “က်ဳပ္အေနနဲ႔ မီဒီယာေတြကို သပိတ္ေမွာက္ထားပါတယ္၊ ျပည္တြင္းကေရာ ျပည္ပက မီဒီယာေတြ အားလုံး ကို အယုံအၾကည္မရွိလို႔ သပိတ္ေမွာက္ထားပါတယ္၊ ဒါေၾကာင့္ ဘာမွ မေျဖနိုင္ပါဘူး” ဟု ဧရာဝတီသို႔ မိန္႔ၾကားသည္။)
ဒီစကားကုိ ဝီရသူ မေျပာပါဘူးဗ်ာ။ ဖုန္းကုိင္တဲ့ တပည့္ေလးကသာ ေျပာတာပါ။ ဒါကုိပဲ ဝီရသူေျပာတယ္ဆုိၿပီးေရးတာ ရွက္စရာမေကာင္းဘူးလား။ အသံဖမ္းထားတယ္ဆုိရင္ အဲ့ဒီအသံကုိ ဖြင့္ၿပီး ေသေသခ်ာခ်ာ ျပန္နားေထာင္လုိက္ပါ။ တရားပြဲပိတ္တဲ့အေၾကာင္းရင္း ေရးတဲ့ထဲမွာလည္း လူသတ္သမား ၾကည္လင္းအား ေထာက္ခံျခင္းဆုိတဲ့ အေၾကာင္းျပခ်က္ႀကီး ထည့္ထားတာ ေတြ႕ရပါတယ္။
မဟန ေၾကညာခ်က္နဲ႔ တုိက္ဆုိင္ၾကည့္ပါဗ်ာ။ ဧရာဝတီေတာ့ ဆက္သြယ္ေရးဥပေဒနဲ႔ ၿငိသြားပါၿပီ။ ျပန္ေတာင္းပန္ရင္ေတာင္းပန္ ျပန္မေတာင္းပန္ရင္ ဘေကာင္းေနာက္ကုိ လုိက္ရပါလိမ့္မယ္။
မီဒီယာမ်ား တအားနင္းခ်စ္တဲ့ ရြာျပင္ထုတ္ခံရသူႀကီး
ဝီရသူ(မစုိးရိမ္)
9.3.2018
PM 2:50
“ဦးဝီရသူ တရားေဟာခြင့္ ပိတ္ပင္မႈ ရက္ျပည့္ၿပီ”
By ထြန္းထြန္း 9 March 2018
နိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႕(မဟန) ၏ တရားေဟာခြင့္ တနွစ္ ပိတ္ပင္ျခင္း ခံထားရသည့္ ဆရာေတာ္ ဦးဝိစိတၱာဘိဝံသ (ဦးဝီရသူ) အေနျဖင့္ မတ္လ ၉ ရက္ေန႔တြင္ ပိတ္ပင္မႈ ရက္ျပည့္ျပီ ျဖစ္သည္။
သာသနာေရး ဦးစီးဌာန ညြန္ျကားေရးမွူး ဦးထြန္းညြန့္က“ဦးဝီရသူနဲ႔ပတ္သက္လို့ မဟနအဖြဲ႕ကေန သီးျခားညြန္ျကား ခ်က္ မရွိပါဘူး၊ ယခင္ ထုတ္ျပန္ထားတဲ့ ညြန္ၾကားခ်က္ အတိုင္းပါပဲ”ဟု ဧရာဝတီသို႔ ေျပာသည္။
ဦးဝီရသူ အေနျဖင့္ လူသတ္သမား ၾကည္လင္းအား အားေပးေထာက္ခံျခင္း၊ နိုင္ငံေရး ပါတီမ်ားၾကား ဘက္လိုက္ ေဟာေျပာျခင္း၊ အမုန္းစကား ျဖန့္ေဝျခင္းမ်ားေၾကာင့္ မဟန၏ ညြန္ျကားလႊာ ၈၃၊ ၉၀၊ ၉၃၊ ၉၄ တို႔အား ေဖာက္ဖ်က္က်ဴးလြန္သည္ဟု ဆိုကာ ၂၀၁၇ ခုနွစ္ မတ္လ ၁၀ ရက္ေန့မွ စတင္၍ တရားေဟာခြင့္ တစ္နွစ္ ပိတ္ပင္ရန္ ၂၀၁၇ ခုနွစ္ မတ္လ ၉ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပသည့္ မဟန ၄၇ ပါးစုံညီ စတုတ္ထ အထူးအစည္းအေဝးတြင္ ဆုံးျဖတ္ ခဲ့ျခင္း ျဖစ္သည္။
တရားေဟာခြင့္ ပိတ္ပင္ခံရမွု ရက္ျပည့္ေတာ့မည့္ အျေခအေနနွင့္ ပတ္သက္၍ ဆရာေတာ္ ဦးဝီရသူထံသို့ ဧရာဝတီ သတင္းဌာနက အင္တာဗ်ဴး ေတာင္းခံခဲ့ေသာ္လည္း ေျဖၾကားျခင္း မျပဳနိုင္ေၾကာင္း မိန္႔ၾကားခဲ့သည္။
ဦးဝီရသူက “က်ဳပ္အေနနဲ႔ မီဒီယာေတြကို သပိတ္ေမွာက္ထားပါတယ္၊ ျပည္တြင္းကေရာ ျပည္ပက မီဒီယာေတြ အားလုံး ကို အယုံအၾကည္မရွိလို႔ သပိတ္ေမွာက္ထားပါတယ္၊ ဒါေၾကာင့္ ဘာမွ မေျဖနိုင္ပါဘူး” ဟု ဧရာဝတီသို႔ မိန္႔ၾကားသည္။
အမ်ိုးသားေရး ေဟာေျပာမႈမ်ားေၾကာင့္ လူသိမ်ားသည့္ ဦးဝီရသူသည္ တရားေဟာခြင့္ ပိတ္ပင္ျခင္း မခံရခင္ Facebook လူမွုကြန္ရက္ စာမ်က္နွာကို အသုံးျပဳကာ Wira Thu နွင့္ ဝီရသူ-မစိုးရိမ္ အမည္တို့ျဖင့္ ၂၀၁၇ ခုနွစ္ ေဖေဖာ္ဝါရီလနွင့္ မတ္လအတြင္း ၾကည္လင္းနွင့္ အေပါင္းအပါမ်ားအား ေက်ဇူးတင္ေၾကာင္း စသည့္ စာသားမ်ားကို ေရးသား ေဖာ္ျပခဲ့ေၾကာင္း သာသနာေရး ဝန္ၾကီးဌာနက ထုတ္ျပန္ထားသည္။
ထိုသို႔ လူမွုကြန္ရက္တြင္ အမုန္းစကား ေရးသားမွုမ်ားေၾကာင့္လည္း ဦးဝီရသူ၏ အမည္ျဖင့္ အေကာင့္ဖြင့္လွစ္ ထားမႈမ်ားကို အျပီးတိုင္ ပိတ္သိမ္းခဲ့ေၾကာင္း facebook တာဝန္ရွိသူတဦးက ေဖေဖာ္ဝါရီ လကုန္ပိုင္းက AFP သတင္းဌာနကို ေျပာဆိုထားသည္။
၎အမည္ျဖင့္ သုံးစြဲခြင့္ ပိတ္ပင္ခဲ့ေသာ္လည္း ဦးဝီရသူ၏ လုပ္ရွား ေဟာေျပာမွုမ်ားမွာ facebook စာမ်က္နွာမ်ားတြင္ ဆက္လက္ ပ်ံ့နွံ႔လ်က္ရွိျပီး ယခုနွစ္ ေဖေဖာ္ဝါရီ ၇ ရက္ေန႔ကလည္း “မင္းတို႔ ထမင္းဝ ေအာင္စားထား” ဆိုသည့္ စကား သုံးနွုန္းကာ အစိုးရနွင့္ ေရွ႕ေနမ်ားအား ေဝဖန္ထားသည့္ ၇ မိနစ္နွင့္ ၁၇ စက္ကန္႔ ၾကာျမင့္သည့္ ဦးဝီရသူ၏ ဗီဒီယိုင္တခု ပ်ံ႕နွံ႔ခဲ့သည္။
ထိုဗီဒီယိုဖိုင္တြင္ ဦးဝီရသူက “သူေတာ္ေကာင္းေတြကို ေစာ္ကားတဲ့သူေတြ ထမင္းဝေအာင္စားထား၊ သံဃာေတာ္ကို ျပစ္မွားတဲ့သူတြေ ထမင္းဝေအာင္စားထား၊ တရားပြဲပိတ္တဲ့သူတြေ၊ ေနွာင့္ယွက္တဲ့သူေတြ ထမင္းဝေအာင္စားထား၊ ငရဲက်ရင္ ခင္ဗ်ားတို့ ထမင္းစားခ်ိန္ေတာင္ ရွိမွာမဟုတ္ဘူး၊ ျပိတ္တာျဖစ္ရင္ ထမင္းစားစရာ ပါးစပ္ေတာင္ ပါမွာမဟုတ္ဘူး၊ ဒါေၾကာင့္ ထမင္းဝေအာင္စားထား”ဟု ဆိုကာ သူ႔ကိုယ္သူ ၾကည္လင္း ဆရာေတာ္အျဖစ္ ေၾကြးေၾကာ္ထားသည္။
ထိုသို့ တရားေဟာခြင့္ မရွိေသးခ်ိန္တြင္ ဦးဝီရသူက ၎အေနျဖင့္ လူသတ္သမား ၾကည္လင္း၏ ဆရာျဖစ္ေၾကာင္း၊ “မင္းတို့ ထမင္းဝေအာင္စားထား”ဆိုျပီး လူမွုကြန္ရက္နွင့္ You Tube မ်ားတြင္ ေျပာဆိုမွုမ်ားသည္ သံဃဝိနည္းမ်ားနွင့္ မအပ္စပ္ဘဲ လူသတ္သမားဘက္မွ ျခိမ္းေျခာက္ရပ္တည္မွုကို ျပသခဲ့ေၾကာင္း ဆရာေတာ္ဦးဣႆရိယ (မင္းသုည) က မိန့္ျကားထားသည္။
လူသတ္သမားၾကည္လင္းအား ေထာက္ခံေၾကာင္း ေပၚေပၚတင္တင္ျပသခဲ့သည့္ လုပ္ရပ္ေၾကာင့္ ဦးဝီရသူအား သံဃာနွင့္ ျပည္သူမ်ားၾကား ေဝဖန္မွုမ်ားျပားခဲ့ျပီး အေရးယူေပးရန္ သံဃာတခ်ိုဳ႕က ေတာင္းဆိုခဲ့ျကသည္။
ေတာင္းဆိုမွုအေပၚ သက္ဆိုင္ရာ အဖြဲ့အစည္းမ်ားက အေရးယူ ေဆာင္ရြက္ရန္ ညြန္ျကားခ်က္မ်ား မရွိေသာ္လည္း ၎ကဲ့သို့ “မင္းတု့ိ ထမင္းဝေအာင္စားထား” စာသားအသုံးျပဳကာ လူသတ္သမားအား ေထာက္ခံေၾကာင္း ျပသခဲ့သည့္ လူပုဂၢဳိလ္ ၄ ဦးနွင့္ ပတ္သက္သူ တဦးကိုမူ ရဲတပ္ဖြဲ့က ဖမ္းဝရမ္း ထုတ္ထားသည္။
ဦးဝီရသူအေနျဖင့္ ၂၀၁၂ ခုနွစ္တြင္ ရခိုင္ျပည္နယ္၌ ပဋိပကၡမ်ား ျဖစ္ပြားျပီးေနာက္ပိုင္း အမ်ိုးသားေရးဝါဒီနွင့္ အမုန္းတရား လႈ႔ံေဆာ္မွုမ်ားေၾကာင့္ နာမည္ေက်ာ္ Time မဂၢဇင္း၏ မ်က္နွာဖုံးတြင္ “Face of Buddhist Terror” အျဖစ္ ေဖာ္ျပျခင္းလည္း ခံခဲ့ရဖူးသည္။
နိုင္ငံအတြင္း လူမ်ိုးေရး၊ ဘာသာေရး အမုန္းတရား လွုံ့ေဆာ္မွုမ်ားနွင့္ပတ္သက္၍ အစိုးရအေနျဖင့္ အေရးယူ ေဆာင္ရြက္မွု အားနည္းသည့္ အေျခအေနတြင္ တခ်ိဳ႕သည္ ပိုမိုအတင့္ရဲလာေၾကာင္း သာသနာေရးနွင့္ ယဉ္ေက်းမႈဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက မွတ္ခ်က္ေပးထားသည္။
သူရဦးေအာင္ကိုက “အခ်ိုဳ႕သံဃာေတြ၊ အခ်ိဳ႕ရဟန္းေတြကလည္း အဲ့ဒါကို အတင့္ရဲလာတာ ရွိတယ္၊ မျပီးပါဘူး၊ ပြဲ မျပီးဘူး၊ မွတ္တမ္း တင္ထားပါတယ္၊ မညီမညြတ္ အေျခအေနမ်ိုးကလည္း တသက္လုံးေနမွာ မဟုတ္ပါဘူး၊ ညီညြတ္ တဲ့ အေျခအေနတခုကို ေရာက္ကိုေရာက္လာမွာ ျဖစ္ပါတယ္၊ ဒါကို ျပည္သူေတြက အဆုံးအျဖတ္ ေပးပါလိမ့္မယ္”ဟု ေျပာဆိုထားသည္။
By ထြန္းထြန္း
9 March 2018
https://burma.irrawaddy.com/news/2018/03/09/153683.html
“ငပြူးက ပြဲကြတာပါဗျာ”
စ.မ.က ပုဒ်မနဲ့ တရားပွဲပိတ်တာကိုပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ မဟုတ်က ဟုတ်က အကြောင်းပြနေကြတာပါ။ အမုန်းတရားခေါင်းစဉ်အတပ်ခံလိုက်ရတာတစ်ခုပဲရှိတယ်။ ပိဋကတ်တော်နဲ့ ဆန့်ကျင်လို့ အပိတ်ခံရတာမဟုတ်ပါဘူး။ သူတို့အကြောင်းပြထားတဲ့ ညွှန်ကြားလွှာတစ်ခုချင်းအပေါ်မှာ ပြန်လည်ဖြေရှင်းပြီးပါပြီ။
မဟနထံလည်း တရားဝင်စာတင်ပါတယ်။ အွန်လိုင်းကနေလည်း အစစအရာရာ ဗီဒီယိုဖိုင်တင်ပြီး နာမည်တပ် ဗြောင်ရှင်းထားပါတယ်။ မဟနကဖြစ်စေ သာသနာရေးကဖြစ်စေ ဝီရသူကို ပြန်လည်ဖြေရှင်းမပေးနိုင်ပါဘူး။ ဒါကြောင့် ဝီရသူ တရားပွဲအပိတ်ခံရတာ ဓမ္မနှင့်မညီလို့မဟုတ်ဘူး။ သူတို့အတ္တထိပါးလို့ သူတို့အမျိုးတွေ ထိပါးလို့ အပိတ်ခံရတယ်ဆိုတာ ထင်ရှားပါတယ်။
စောင့်ကြည့်ပါ ဝီရသူဘာတရားတွေဟောမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
အဲဒီအခါကျမှ နဖူးကိုလက်နဲ့ပုတ်ပြီး အရင်ပိတ်ခဲ့မိတာ မှားလေခြင်း နောင်တမရမိပါစေနဲ့။ (ဦးဝီရသူက “ကျုပ်အနေနဲ့ မီဒီယာတွေကို သပိတ်မှောက်ထားပါတယ်၊ ပြည်တွင်းကရော ပြည်ပက မီဒီယာတွေ အားလုံး ကို အယုံအကြည်မရှိလို့ သပိတ်မှောက်ထားပါတယ်၊ ဒါကြောင့် ဘာမှ မဖြေနိုင်ပါဘူး” ဟု ဧရာဝတီသို့ မိန့်ကြားသည်။)
ဒီစကားကို ဝီရသူ မပြောပါဘူးဗျာ။ ဖုန်းကိုင်တဲ့ တပည့်လေးကသာ ပြောတာပါ။ ဒါကိုပဲ ဝီရသူပြောတယ်ဆိုပြီးရေးတာ ရှက်စရာမကောင်းဘူးလား။ အသံဖမ်းထားတယ်ဆိုရင် အဲ့ဒီအသံကို ဖွင့်ပြီး သေသေချာချာ ပြန်နားထောင်လိုက်ပါ။ တရားပွဲပိတ်တဲ့အကြောင်းရင်း ရေးတဲ့ထဲမှာလည်း လူသတ်သမား ကြည်လင်းအား ထောက်ခံခြင်းဆိုတဲ့ အကြောင်းပြချက်ကြီး ထည့်ထားတာ တွေ့ရပါတယ်။
မဟန ကြေညာချက်နဲ့ တိုက်ဆိုင်ကြည့်ပါဗျာ။ ဧရာဝတီတော့ ဆက်သွယ်ရေးဥပဒေနဲ့ ငြိသွားပါပြီ။ ပြန်တောင်းပန်ရင်တောင်းပန် ပြန်မတောင်းပန်ရင် ဘကောင်းနောက်ကို လိုက်ရပါလိမ့်မယ်။
မီဒီယာများ တအားနင်းချစ်တဲ့ ရွာပြင်ထုတ်ခံရသူကြီး
ဝီရသူ(မစိုးရိမ်)
9.3.2018
PM 2:50
“ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်မှု ရက်ပြည့်ပြီ”
By ထွန်းထွန်း 9 March 2018
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန) ၏ တရားဟောခွင့် တနှစ် ပိတ်ပင်ခြင်း ခံထားရသည့် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အနေဖြင့် မတ်လ ၉ ရက်နေ့တွင် ပိတ်ပင်မှု ရက်ပြည့်ပြီ ဖြစ်သည်။
သာသနာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က“ဦးဝီရသူနဲ့ပတ်သက်လို့ မဟနအဖွဲ့ကနေ သီးခြားညွန်ကြား ချက် မရှိပါဘူး၊ ယခင် ထုတ်ပြန်ထားတဲ့ ညွန်ကြားချက် အတိုင်းပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဝီရသူ အနေဖြင့် လူသတ်သမား ကြည်လင်းအား အားပေးထောက်ခံခြင်း၊ နိုင်ငံရေး ပါတီများကြား ဘက်လိုက် ဟောပြောခြင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများကြောင့် မဟန၏ ညွန်ကြားလွှာ ၈၃၊ ၉၀၊ ၉၃၊ ၉၄ တို့အား ဖောက်ဖျက်ကျူးလွန်သည်ဟု ဆိုကာ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်၍ တရားဟောခွင့် တစ်နှစ် ပိတ်ပင်ရန် ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် မဟန ၄၇ ပါးစုံညီ စတုတ်ထ အထူးအစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။
တရားဟောခွင့် ပိတ်ပင်ခံရမှု ရက်ပြည့်တော့မည့် အြခေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူထံသို့ ဧရာဝတီ သတင်းဌာနက အင်တာဗျူး တောင်းခံခဲ့သော်လည်း ဖြေကြားခြင်း မပြုနိုင်ကြောင်း မိန့်ကြားခဲ့သည်။
ဦးဝီရသူက “ကျုပ်အနေနဲ့ မီဒီယာတွေကို သပိတ်မှောက်ထားပါတယ်၊ ပြည်တွင်းကရော ပြည်ပက မီဒီယာတွေ အားလုံး ကို အယုံအကြည်မရှိလို့ သပိတ်မှောက်ထားပါတယ်၊ ဒါကြောင့် ဘာမှ မဖြေနိုင်ပါဘူး” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
အမျိုးသားရေး ဟောပြောမှုများကြောင့် လူသိများသည့် ဦးဝီရသူသည် တရားဟောခွင့် ပိတ်ပင်ခြင်း မခံရခင် Facebook လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုကာ Wira Thu နှင့် ဝီရသူ-မစိုးရိမ် အမည်တို့ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကြည်လင်းနှင့် အပေါင်းအပါများအား ကျေဇူးတင်ကြောင်း စသည့် စာသားများကို ရေးသား ဖော်ပြခဲ့ကြောင်း သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကား ရေးသားမှုများကြောင့်လည်း ဦးဝီရသူ၏ အမည်ဖြင့် အကောင့်ဖွင့်လှစ် ထားမှုများကို အပြီးတိုင် ပိတ်သိမ်းခဲ့ကြောင်း facebook တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ လကုန်ပိုင်းက AFP သတင်းဌာနကို ပြောဆိုထားသည်။
၎င်းအမည်ဖြင့် သုံးစွဲခွင့် ပိတ်ပင်ခဲ့သော်လည်း ဦးဝီရသူ၏ လုပ်ရှား ဟောပြောမှုများမှာ facebook စာမျက်နှာများတွင် ဆက်လက် ပျံ့နှံ့လျက်ရှိပြီး ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း “မင်းတို့ ထမင်းဝ အောင်စားထား” ဆိုသည့် စကား သုံးနှုန်းကာ အစိုးရနှင့် ရှေ့နေများအား ဝေဖန်ထားသည့် ၇ မိနစ်နှင့် ၁၇ စက်ကန့် ကြာမြင့်သည့် ဦးဝီရသူ၏ ဗီဒီယိုင်တခု ပျံ့နှံ့ခဲ့သည်။
ထိုဗီဒီယိုဖိုင်တွင် ဦးဝီရသူက “သူတော်ကောင်းတွေကို စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထား၊ သံဃာတော်ကို ပြစ်မှားတဲ့သူတွေ ထမင်းဝအောင်စားထား၊ တရားပွဲပိတ်တဲ့သူတွေ၊ နှောင့်ယှက်တဲ့သူတွေ ထမင်းဝအောင်စားထား၊ ငရဲကျရင် ခင်ဗျားတို့ ထမင်းစားချိန်တောင် ရှိမှာမဟုတ်ဘူး၊ ပြိတ်တာဖြစ်ရင် ထမင်းစားစရာ ပါးစပ်တောင် ပါမှာမဟုတ်ဘူး၊ ဒါကြောင့် ထမင်းဝအောင်စားထား”ဟု ဆိုကာ သူ့ကိုယ်သူ ကြည်လင်း ဆရာတော်အဖြစ် ကြွေးကြော်ထားသည်။
ထိုသို့ တရားဟောခွင့် မရှိသေးချိန်တွင် ဦးဝီရသူက ၎င်းအနေဖြင့် လူသတ်သမား ကြည်လင်း၏ ဆရာဖြစ်ကြောင်း၊ “မင်းတို့ ထမင်းဝအောင်စားထား”ဆိုပြီး လူမှုကွန်ရက်နှင့် You Tube များတွင် ပြောဆိုမှုများသည် သံဃဝိနည်းများနှင့် မအပ်စပ်ဘဲ လူသတ်သမားဘက်မှ ခြိမ်းခြောက်ရပ်တည်မှုကို ပြသခဲ့ကြောင်း ဆရာတော်ဦးဣဿရိယ (မင်းသုည) က မိန့်ကြားထားသည်။
လူသတ်သမားကြည်လင်းအား ထောက်ခံကြောင်း ပေါ်ပေါ်တင်တင်ပြသခဲ့သည့် လုပ်ရပ်ကြောင့် ဦးဝီရသူအား သံဃာနှင့် ပြည်သူများကြား ဝေဖန်မှုများပြားခဲ့ပြီး အရေးယူပေးရန် သံဃာတချိုု့က တောင်းဆိုခဲ့ကြသည်။
တောင်းဆိုမှုအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ရန် ညွန်ကြားချက်များ မရှိသော်လည်း ၎င်းကဲ့သို့ “မင်းတု့ိ ထမင်းဝအောင်စားထား” စာသားအသုံးပြုကာ လူသတ်သမားအား ထောက်ခံကြောင်း ပြသခဲ့သည့် လူပုဂ္ဂိုလ် ၄ ဦးနှင့် ပတ်သက်သူ တဦးကိုမူ ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားသည်။
ဦးဝီရသူအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း အမျိုးသားရေးဝါဒီနှင့် အမုန်းတရား လှုံ့ဆော်မှုများကြောင့် နာမည်ကျော် Time မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်းလည်း ခံခဲ့ရဖူးသည်။
နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အမုန်းတရား လှုံ့ဆော်မှုများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်မှု အားနည်းသည့် အခြေအနေတွင် တချို့သည် ပိုမိုအတင့်ရဲလာကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မှတ်ချက်ပေးထားသည်။
သူရဦးအောင်ကိုက “အချိုု့သံဃာတွေ၊ အချို့ရဟန်းတွေကလည်း အဲ့ဒါကို အတင့်ရဲလာတာ ရှိတယ်၊ မပြီးပါဘူး၊ ပွဲ မပြီးဘူး၊ မှတ်တမ်း တင်ထားပါတယ်၊ မညီမညွတ် အခြေအနေမျိုးကလည်း တသက်လုံးနေမှာ မဟုတ်ပါဘူး၊ ညီညွတ် တဲ့ အခြေအနေတခုကို ရောက်ကိုရောက်လာမှာ ဖြစ်ပါတယ်၊ ဒါကို ပြည်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်”ဟု ပြောဆိုထားသည်။
By ထွန်းထွန်း 9 March 2018
https://burma.irrawaddy.com/news/2018/03/09/153683.html