၅၅၀ နိပါတ္ေတာ္မ်ားမွာျဖစ္ေစ ဗုဒၶဝင္မွာျဖစ္ေစ အျခားဝိနည္းသုတၱန္ ပိဋကတ္ေတာ္မ်ားမွာျဖစ္ေစ ဘုရားအေလာင္းလမ္းစဥ္မ်ားကုိ ေတြ႕ရွိရပါသည္။ ဘုရားအေလာင္းလမ္းစဥ္ဟူသည္ ေလာကတၳစရိယ ဉာတၳစရိယ ဗုဒၶတၳစရိယဟူေသာ စရိယသုံးပါးပင္ ျဖစ္ပါသည္။
စရိယသုံးပါးတြင္ ဉာတၳစရိယဆုိသည္မွာ အမ်ဳိးသားေရးလမ္းစဥ္ပင္ ျဖစ္ပါသည္။ ပိဋကတ္ေတာ္မ်ား၌ ဉာတၳစရိယ- အမ်ဳိးသားေရးလမ္းစဥ္ျပ ဇာတ္ေတာ္မ်ားစြာကုိ ေတြ႕ရပါလိမ့္မည္။ ထုိဇာတ္ေတာ္မ်ားအနက္ ေခြးမင္းဇာတ္၊ ၾကြက္မင္းဇာတ္၊ ေမ်ာက္မင္းဇာတ္တုိ႔မွာ ထင္ရွားပါသည္။
ဗိယာရဝတဇာတ္ေတာ္၌ ဘုရားေလာင္းၾကြက္မင္း အမ်ဳိးသားေခါင္းေဆာင္ႀကီး ျဖစ္ခဲ့ပုံကုိ ေလ့လာေစလုိပါသည္။ ဘုရားေလာင္းဦးေဆာင္ေသာ ၾကြက္မ်ားသည္ သူေတာ္ေကာင္းေရာင္ေဆာင္ေသာ ေျမေခြးကုိ ဘုရားမွတ္၍ ကုိးကြယ္ခဲ့ၾကပါသည္။ အိမ္ျပန္လာတုိင္း ေျမေခြးထံ စည္းကပ္ၿပီးမွ ျပန္ၾကပါသည္။ ေျမေခြးက ေနာက္ဆုံးက်န္ရစ္ေသာ ၾကြက္တစ္ေကာင္ကုိ အၿမဲဖမ္းယူ စားေသာက္တတ္ပါသည္။ ၾကြက္တြင္း ၾကြက္သုိက္ရွိ ၾကြက္ဦးေရ ေလွ်ာ့ပါးသြားသည့္အခါ ၾကြက္သဘင္အစည္းအေဝးႀကီးက်င္းပကာ အမ်ဳိးသားလုံၿခဳံ ေရးအတြက္ ရန္သူစစ္ကုိ ရွာေဖြရပါေတာ့သည္။
ဘုရားေလာင္းၾကြက္မင္း မသကၤာသည္က ေျမေခြးပင္တည္း။ ေနာက္တစ္ေန႔တြင္ ဘုရားေလာင္းက ေနာက္ၿခံေနခဲ့ကာ အဆင္သင့္အေနအထားျဖင့္ ေစာင့္ၾကည့္ေနလုိက္ ပါသည္။ ေျမေခြးရုပ္က စားေနက် ေၾကာင္းပါးသုိ႔ ဘုရားေလာင္းၾကြက္မင္းကို ဖမ္းအုပ္လုိက္ပါေတာ့သည္။
ဘုရားေလာင္းကား ေရွာင္တိမ္ကား ေျမေခြး၏ ေရၿမဳိ(လည္ပင္း)ကုိ ကုိက္ခဲသတ္ျဖတ္လုိက္ေတာ့၏။ ထုိအခ်ိန္မွစ၍ ၾကြက္မ်ားအႏၲရာယ္ကင္းရွင္းသြားပါေတာ့သည္။
ဘုရားေလာင္းသည္ အမ်ဳိးကုိထိလွ်င္ နာတတ္သည္။ ရန္သူစစ္ကုိ ေခ်မႈန္းတတ္သည္။ ေခါင္းေဆာင္ပီသသည္ ရင္အုပ္မကြာ ေစာင့္ေရွာက္သည္၊ အမ်ဳိးသားေရးေခါင္းေဆာင္မ်ားသည္လည္း ဘုရားၾကြက္မင္းကဲ့သုိ႔ပင္ တစ္မ်ဳိးသားလုံးကုိ ရင္အုပ္မကြာ ေစာင့္ေရွာက္၍ ရန္သူစစ္ကုိ ေခ်မႈန္းတတ္ၾကေပသည္။ ထုိ႔ေၾကာင့္ အမ်ဳိးဘာသာ သာသနာ၏ အႏၲရာယ္ရန္စြယ္ကုိ မိမိကုိယ္ပုိင္အသိစိတ္ဓာတ္ျဖင့္ ဖယ္ရွားရွင္းလင္းျခင္းသည္ ဗိကာရဇာတ္ေတာ္ႏွင့္အညီ ဘုရားေလာင္းလမ္းစဥ္ကုိ လုိက္နာက်င့္သုံးျခင္း ျဖစ္ပါသည္။ အမ်ဳိးဘာသာ သာသနာအတြက္ မိမိဘဝကုိ ေပးဆပ္သြားေသာ အမ်ဳိးသားေရးသူရဲေကာင္းမ်ားကုိ ဂုဏ္ျပဳအပ္ပါသည္။
“ဘုရားအလောင်းလမ်းစဉ်ဟူသည်”
၅၅၀ နိပါတ်တော်များမှာဖြစ်စေ ဗုဒ္ဓဝင်မှာဖြစ်စေ အခြားဝိနည်းသုတ္တန် ပိဋကတ်တော်များမှာဖြစ်စေ ဘုရားအလောင်းလမ်းစဉ်များကို တွေ့ရှိရပါသည်။ ဘုရားအလောင်းလမ်းစဉ်ဟူသည် လောကတ္ထစရိယ ဉာတ္ထစရိယ ဗုဒ္ဓတ္ထစရိယဟူသော စရိယသုံးပါးပင် ဖြစ်ပါသည်။ စရိယသုံးပါးတွင် ဉာတ္ထစရိယဆိုသည်မှာ အမျိုးသားရေးလမ်းစဉ်ပင် ဖြစ်ပါသည်။ ပိဋကတ်တော်များ၌ ဉာတ္ထစရိယ- အမျိုးသားရေးလမ်းစဉ်ပြ ဇာတ်တော်များစွာကို တွေ့ရပါလိမ့်မည်။ ထိုဇာတ်တော်များအနက် ခွေးမင်းဇာတ်၊ ကြွက်မင်းဇာတ်၊ မျောက်မင်းဇာတ်တို့မှာ ထင်ရှားပါသည်။
ဗိယာရဝတဇာတ်တော်၌ ဘုရားလောင်းကြွက်မင်း အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ခဲ့ပုံကို လေ့လာစေလိုပါသည်။ ဘုရားလောင်းဦးဆောင်သော ကြွက်များသည် သူတော်ကောင်းရောင်ဆောင်သော မြေခွေးကို ဘုရားမှတ်၍ ကိုးကွယ်ခဲ့ကြပါသည်။ အိမ်ပြန်လာတိုင်း မြေခွေးထံ စည်းကပ်ပြီးမှ ပြန်ကြပါသည်။ မြေခွေးက နောက်ဆုံးကျန်ရစ်သော ကြွက်တစ်ကောင်ကို အမြဲဖမ်းယူ စားသောက်တတ်ပါသည်။ ကြွက်တွင်း ကြွက်သိုက်ရှိ ကြွက်ဦးရေ လျှော့ပါးသွားသည့်အခါ ကြွက်သဘင်အစည်းအဝေးကြီးကျင်းပကာ အမျိုးသားလုံခြုံ ရေးအတွက် ရန်သူစစ်ကို ရှာဖွေရပါတော့သည်။
ဘုရားလောင်းကြွက်မင်း မသင်္ကာသည်က မြေခွေးပင်တည်း။
နောက်တစ်နေ့တွင် ဘုရားလောင်းက နောက်ခြံနေခဲ့ကာ အဆင်သင့်အနေအထားဖြင့် စောင့်ကြည့်နေလိုက် ပါသည်။ မြေခွေးရုပ်က စားနေကျ ကြောင်းပါးသို့ ဘုရားလောင်းကြွက်မင်းကို ဖမ်းအုပ်လိုက်ပါတော့သည်။ ဘုရားလောင်းကား ရှောင်တိမ်ကား မြေခွေး၏ ရေမြို(လည်ပင်း)ကို ကိုက်ခဲသတ်ဖြတ်လိုက်တော့၏။ ထိုအချိန်မှစ၍ ကြွက်များအန္တရာယ်ကင်းရှင်းသွားပါတော့သည်။
ဘုရားလောင်းသည် အမျိုးကိုထိလျှင် နာတတ်သည်။ ရန်သူစစ်ကို ချေမှုန်းတတ်သည်။ ခေါင်းဆောင်ပီသသည် ရင်အုပ်မကွာ စောင့်ရှောက်သည်၊ အမျိုးသားရေးခေါင်းဆောင်များသည်လည်း ဘုရားကြွက်မင်းကဲ့သို့ပင် တစ်မျိုးသားလုံးကို ရင်အုပ်မကွာ စောင့်ရှောက်၍ ရန်သူစစ်ကို ချေမှုန်းတတ်ကြပေသည်။ ထို့ကြောင့် အမျိုးဘာသာ သာသနာ၏ အန္တရာယ်ရန်စွယ်ကို မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ဖယ်ရှားရှင်းလင်းခြင်းသည် ဗိကာရဇာတ်တော်နှင့်အညီ ဘုရားလောင်းလမ်းစဉ်ကို လိုက်နာကျင့်သုံးခြင်း ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် မိမိဘဝကို ပေးဆပ်သွားသော အမျိုးသားရေးသူရဲကောင်းများကို ဂုဏ်ပြုအပ်ပါသည်။