သတင္း

ဦး၀ီရသူ ေဟာေျပာခြင့္ျပန္လည္ရရွိတဲ့ ႀကိဳဆုိပဲြအခမ္းအနား က်င္းပ

ဆရာေတာ္ ဦး၀ီရသူက ေဟာေျပာခြင့္ျပန္လည္ရရွိတဲ့ ဒီေန႔ကစၿပီး ဗမာတရားပဲ ေဟာေျပာေတာ့မယ္လို႔ မိန္႔ၾကား လိုက္ပါတယ္။ ဒီေန႔ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္က မဂၤလာသိဒိၶပရိယတၱိစာသင္တုိက္မွာ က်င္းပတဲ့ ဦး၀ီရသူ ေဟာေျပာခြင့္ ျပန္လည္ရရွိတဲ့ ႀကိဳဆိုပဲြအခမ္းအနားမွာ အခုလို မိန္႔ၾကားခဲ့တာျဖစ္ပါတယ္။

“ဒီကေန႔ အစိုးရက ကုလားတရား ေဟာလို႔ဆိုၿပီး အမုန္းတရားေခါင္းစဥ္တပ္ တရားပြဲ ၁ ႏွစ္ ပိတ္လိုက္ပါတယ္ ။ဒီကေန႔ ျပန္ပြင္႔ပါၿပီ၊ ဟိုအရင္တုန္းက ဟိုးအရင္အစိုးရကို ေျပာခဲ့တဲ့စကား ျပန္ေျပာပါမယ္၊ ဒီကေန႔ကေနစၿပီး ဗမာတရားပဲ ေဟာပါ႔မယ္၊ ကုလားတရား ေဟာတုန္းက ဗမာအေၾကာင္း တစ္လံုးႏွစ္လံုးပဲပါတာေတာင္မွ အနာေပၚတုတ္က်သလိုခံရရင္ ဗမာတရားႀကီးပဲ သီသန္႔လံုးခ်င္းပဲ ေဟာမယ္ဆိုရင္ေတာ့ နာဖို႔သာျပင္ ထားေပေတာ့”

အရင္ကအမ်ဳိးသားေရးကိုု လူမႈကြန္ယက္ ေဖ႔ဘြတ္စ္ကေန စာေတြဓာတ္ပံုုေတြတင္ၿပီး လႈပ္ရွားရာကေန ေဖ့ဘြတ္စ္က အေကာင့္ကို ပိတ္လိုက္တာေၾကာင္႔ တြစ္တာ ၊ youtube တုိ႔ကေန အမ်ဳိးသားေရးအတြက္ ဆက္လက္လႈပ္ရွားေနၿပီး အျခားနည္းလမ္းေတြနဲ႔ ကမၻာသိေအာင္ လုပ္ေဆာင္သြားမယ္လို႔ သတင္းေထာက္ေတြကို မိန္႔ခဲ့ပါတယ္။ အမ်ဳိးသားေရးသမားေတြက အမွန္တရားကိုုလုုပ္ေဆာင္ေနတာလုုိ႔ စိတ္ထဲမွာမွတ္ယူထားၾကဖုုိ႔လည္း တရားနာ ပရိသတ္ကိုု တုိက္တြန္းခဲ့ပါတယ္။ ဆရာေတာ္၀ီရသူကိုု ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔က ၂၀၁၇ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔ကစၿပီး တစ္ႏွစ္ တရားေဟာေျပာခြင့္ ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။

https://www.rfa.org/burmese/news/wirathu-speech-03102018073816.html

 

“ဦးဝီရသူ ဟောပြောခွင့်ပြန်လည်ရရှိတဲ့ ကြိုဆိုပွဲအခမ်းအနား ကျင်းပ”

ဆရာတော် ဦးဝီရသူက ဟောပြောခွင့်ပြန်လည်ရရှိတဲ့ ဒီနေ့ကစပြီး ဗမာတရားပဲ ဟောပြောတော့မယ်လို့ မိန့်ကြား လိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ ဦးဝီရသူ ဟောပြောခွင့် ပြန်လည်ရရှိတဲ့ ကြိုဆိုပွဲအခမ်းအနားမှာ အခုလို မိန့်ကြားခဲ့တာဖြစ်ပါတယ်။

“ဒီကနေ့ အစိုးရက ကုလားတရား ဟောလို့ဆိုပြီး အမုန်းတရားခေါင်းစဉ်တပ် တရားပွဲ ၁ နှစ် ပိတ်လိုက်ပါတယ် ။ဒီကနေ့ ပြန်ပွင့်ပါပြီ၊ ဟိုအရင်တုန်းက ဟိုးအရင်အစိုးရကို ပြောခဲ့တဲ့စကား ပြန်ပြောပါမယ်၊ ဒီကနေ့ကနေစပြီး ဗမာတရားပဲ ဟောပါ့မယ်၊ ကုလားတရား ဟောတုန်းက ဗမာအကြောင်း တစ်လုံးနှစ်လုံးပဲပါတာတောင်မှ အနာပေါ်တုတ်ကျသလိုခံရရင် ဗမာတရားကြီးပဲ သီသန့်လုံးချင်းပဲ ဟောမယ်ဆိုရင်တော့ နာဖို့သာပြင် ထားပေတော့”

အရင်ကအမျိုးသားရေးကိုု လူမှုကွန်ယက် ဖေ့ဘွတ်စ်ကနေ စာတွေဓာတ်ပုံုတွေတင်ပြီး လှုပ်ရှားရာကနေ ဖေ့ဘွတ်စ်က အကောင့်ကို ပိတ်လိုက်တာကြောင့် တွစ်တာ ၊ youtube တို့ကနေ အမျိုးသားရေးအတွက် ဆက်လက်လှုပ်ရှားနေပြီး အခြားနည်းလမ်းတွေနဲ့ ကမ္ဘာသိအောင် လုပ်ဆောင်သွားမယ်လို့ သတင်းထောက်တွေကို မိန့်ခဲ့ပါတယ်။ အမျိုးသားရေးသမားတွေက အမှန်တရားကိုုလုုပ်ဆောင်နေတာလိုု့ စိတ်ထဲမှာမှတ်ယူထားကြဖိုု့လည်း တရားနာ ပရိသတ်ကိုု တိုက်တွန်းခဲ့ပါတယ်။
ဆရာတော်ဝီရသူကိုု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ကစပြီး တစ်နှစ် တရားဟောပြောခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

https://www.rfa.org/burmese/news/wirathu-speech-03102018073816.html