ပ႒ာန္းပြဲ ယဥ္ေက်းမႈ
“ပ႒ာန္းပြဲ ယဥ္ေက်းမႈ”
ဗုဒၶျမတ္စြာဘုရားသည္ မဟာသကၠရာဇ္(၁၀၃)ခု ကဆုန္လျပည့္ေန႔တြင္ သဗၺညဳတဉာဏ္ေတာ္ရရွိ၍ သဗၺညဳဗုဒၶအျဖစ္သုိ႔ ေရာက္ရွိေတာ္မူသည္။ ဘုရားအျဖစ္သုိ႔ ေရာက္လွ်င္ေရာက္ခ်င္း တရားဓမၼမ်ား ေဟာၾကားေတာ္မမူေသးဘဲ သတၱသတၱာဟ(ရက္သတၱခုနစ္ပတ္)ကာလပတ္လုံး ေရႊဉာဏ္ေတာ္ ကြန္ယက္ကုိ ျဖန္႔က်က္ေတာ္မူေပသည္။ ထုိရက္သတၱခုနစ္ပတ္တြင္ စတုတၳရက္သၱ(စတုတၳသတၱာဟ)တြင္ ရတနာဃရစံအိမ္ေတာ္၌ ပ႒ာန္းေဒသနာေတာ္ကုိ ခုနစ္ရက္ပတ္လုံး ဆင္ျခင္ေတာ္မူေပသည္။ ထုိအခါ ဘုရားရွင္၏ သဗၺညဳတေရႊဉာဏ္ေတာ္ႏွင့္ ပ႒ာန္းေဒသနာေတာ္အာရုံတုိ႔ အံဝင္ခြင္က်ျဖစ္၍ ဘုရားရွႈ္၏ ကုိယ္ေတာ္မွ ေရာက္ျခည္ေတာ္ ေျခာက္ပါးလႊားပ်ံကာ စၾကာဝဠာတံတုိင္းထိ ဝင္းပလင္းလက္၍ သြားေပသည္။ ႀကီးမားေသာ ဉာဏ္ေတာ္ႏွင့္ နက္နဲေသာ ပ႒ာန္းတရားေတာ္တုိ႔ တုိက္ဆုိင္ရာ ထိေတြ႕ရာမွ ထြက္ေပၚလာေသာ အက်ဳိးဆက္ရလဒ္ေကာင္းမ်ားျဖစ္ေပသည္။ ယၡဳေခတ္ယၡဳခါ၌လည္း ထူးကဲထက္ျမတ္ ေသာ လူသားတုိ႔၏ ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ တီထြင္ဆန္းသစ္မႈလုပ္ငန္းမ်ား အံဝင္ခြင္က်ျဖစ္မႈေၾကာင့္ ကြန္ပ်ဴတာ၊ ၿဂဳိလ္တု၊ ဒုံးပ်ံ၊ အာကာသလြန္းပ်ံယာဥ္စသည့္ ထူးဆန္းအံ့ၾသဖြယ္ ရလဒ္မ်ားထြက္ေပၚ ျဖစ္ထြန္းလာသည္ ေတြ႕ျမင္ရလ်က္ရွိေပသည္။ ဤကား ပ႒ာန္းတရားေတာ္၏ စြမ္းအားကုိ ဘုရားရွင္ကုိယ္တုိင္ ေတြ႕ထိခံစားရပုံျဖစ္ေပသည္။
ပ႒ာန္းပြဲ သာသနာ
က်ႏုပ္တုိ႔ ျမန္မာျပည္၌ ပ႒ာန္းသာသနာ ထြန္းကားလ်က္ရွိေပသည္။ မည္သည့္ေခတ္၌ မည္သည့္ဆရာေတာ္က စတင္မည္သည့္ေဒသ၌ စတင္က်င္းပရာမွ ယၡဳလုိ က်ယ္ျပန္႔လာရသည္ကုိ သိႏုိင္ေလာက္ေသာ အေထာက္အထား အခုိင္အလုံကုိ က်ႏုပ္မေတြ႕ခဲ့ဖူးေခ်။ အသံမစဲ ပဟာပ႒ာန္းရြတ္ ဖတ္ပူေဇာ္ပြဲအျဖစ္ ၿမဳိင္တုိင္းရြာတုိင္း က်င္းပေနၾကသည္ကုိသာ ေတြ႕ရွိေနရေပသည္။ အသံမစဲ ဟူေသာ ေဝါဟာရသည္ ျမတ္စြာဘုရား (၇)ဝါအရ၌ တာဝတႎသာနတ္ျပည္မွာ မယ္ေတာ္မာယာဘဝမွ စုေတၿပီး ေသတေကတုနတ္သားအျဖစ္ နတ္နန္းစံေနေသာ မယ္ေတာ္မိနတ္သားကုိ ေမြးေက်းဇူးဆပ္ေသာအားျဖင့္ ဝါတြင္းသုံးလပတ္လုံး အဘိဓမၼာတရားကုိ အသံမစဲ ေဟာၾကားရာမွ ဆင္းသက္လာေသာ နတ္သက္ေဝါ ဟာရျဖစ္ေပသည္။ လူသားဘုရားက နတ္ျပည္၌ ဝါတြင္းသုံးလပတ္လုံး အစာအာဟာရျဖတ္ေတာက္ၿပီး အသံမစဲေဟာၾကားရေလာက္ေအာင္ လူ႔ခႏၶာကုိယ္က မစြမ္းေဆာင္ႏုိင္ပါ။ ထုိ႔ေၾကာင့္ ျမတ္စြာဘုရားသည္ ဆြမ္းခံခ်ိန္ဆြမ္းစားခ်ိန္၌ လူ႔ျပည္သုိ႔ဆင္းၿပီး ဆြမ္းခံၾကြေတာ္မူ ဆြမ္းဘုဥ္းေပးေတာ္မူေပသည္။ ထုိအခ်ိန္၌ နတ္ျပည္၌ နိမၼိတရုပ္ပြားဘုရားတစ္ဆူ ကိုယ္ပြားဆန္ဆင္းကာ ဘုရားရွင္ကုိယ္စား တရားေဟာေတာ္မူေစ ပါသည္။ ဤသုိ႔ ပကတိဘုရားႏွင့္ နိမၼိတရုပ္ပြားေတာ္တုိ႔ အလဲအလွယ္စနစ္ျဖင့္ အဆက္မျပတ္ ေဟာၾကားေတာ္မူျခင္းကုိ အသံမစဲ ဟု ဆုိလုိရင္းျဖစ္ေပသည္။ ဤအသံမစဲ ယဥ္ေက်းမႈကုိ ေဂါတမဗုဒၶက စတင္ထူေထာင္ေတာ္မူ၍ ယေန႔ ဗုဒၶျမတ္စြာ၏ တပည့္အစဥ္အဆက္ ဆက္လက္က်င့္သုံးရာမွ လႊမ္းမုိးလာ ေသာ ပိဋကတ္ေတာ္လာယဥ္ေက်းမႈျဖစ္ေပသည္။ ဗုဒၶျမတ္စြာ တာဝတႎသာမွာ အသံမစဲ အဘိဓမၼာ တရားေဟာၾကားခဲ့သလုိ က်ႏုပ္တုိ႔ ျမန္မာျပည္၌လည္း အသံမစဲ အဘိဓမၼာခုနစ္က်မ္းရြတ္ဖတ္ပူေဇာ္ပြဲ က်င္းပၾကသည္။ ၿမဳိ႕ရြာမ်ားလည္း ရွိေပသည္။ အဘိဓမၼာခုနစ္က်မ္းတြင္မွ တန္ခုိးအႀကီးဆုံး ပ႒ာန္းက်မ္းကုိသာ ေရြးခ်ယ္ပူေဇာ္သည္။ အသံမစဲ မဟာပ႒ာန္းရြတ္ဖတ္ပြဲမ်ားလည္း ရွိေပသည္။ ယေန႔ သာသနာ၌ အဘိဓမၼာခုနစ္က်မ္းလုံးကုိ ရြတ္ဖတ္ပူေဇာ္ပြဲမ်ားထက္ ပ႒ာန္းက်မ္း(၅)အုပ္ကုိသာ ရြတ္ဖတ္ ပူေဇာ္ပြဲမ်ားက ပုိ၍ တြင္က်ယ္ေနသည္ကုိ ေတြ႕ရေပသည္။ ပ႒ာန္းသာသနာဟု ဆုိရမည္ျဖစ္ေပ၏။ ထုိပ႒ာန္းပြဲမ်ားကုိ(၃)ရက္တန္သည္ (၅)ရက္တန္သည္ (၇)ရက္တန္သည္(၉)ရက္တန္သည္ စသည္ျဖင့္ ၿမဳိ႕ရြာႏွင့္ ကုိက္ညီမည့္ အားလပ္ရက္မ်ားကုိ ေရြးခ်ယ္၍ က်င္းပေလရွိေပသည္။ ပ႒ာန္းပြဲစတင္ ရြတ္ဖတ္ သည္မွၿပီးဆုံးသည္အထိ အသံရပ္နားျခင္းမရွိဘဲ တစ္နာရီတစ္ပါးက်စီ ႏွစ္ပါးက်စီ အလဲအလွယ္ျဖင့္ ရြတ္ဖတ္ၾကေပသည္။ တစ္ခ်ဳိ႕မွာဆုိလွ်င္ သီတင္းကၽြတ္ လျပည့္ေန၌ တာဝတႎသာနတ္ျပည္မွ ျပန္ၾကြေတာ္ မူလာေသာ ျမတ္စြာဘုရားကုိ ပ႒ာန္းေဒသနာေတာ္ျဖင့္ ႀကဳိဆုိေသာအားျဖင့္ သီတင္းကၽြတ္လျပည့္ေန႔တြင္ က်င္းပၾကေလသည္။ သီတင္းကၽြတ္ဆီမီးထြန္းပြဲဆုိသည္မွာလည္း ဤသေဘာပင္ျဖစ္သည္။ အဘိဓမၼာ တရားေဟာေတာ္မူၿပီး၍ ၾကြေတာ္မူလာေသာ ျမတ္စြာဘုရားကုိ ရည္မွန္း၍ ဆီမီးျဖင့္ ပူေဇာ္ၾကျခင္း ျဖစ္ေပသည္။ ကုသုိလ္ျဖစ္ မီးထြန္းပြဲမ်ားျဖစ္ၾက၏။ ယၡဳအခါ မီးထြန္းပြဲယဥ္ေက်းမႈထြန္းကားေနေသာ္လည္း ကုသုိလ္ျဖစ္ ထြန္းညွိပူေဇာ္ျခင္းထက္ အေပ်ာ္တမ္း မီးထြန္းၾကသည္က မ်ားေပသည္။
အဘိဓမၼာ ေရစက္
ျမတ္စြာဘုရားသည္ တာဝတႎသာနတ္ျပည္၌ နိမၼိတရုပ္ပြားေတာ္ကုိ ထားေတာ္မူ၍ လူ႔ျပည္သုိ႔ ၾကြလာသည့္ အခါတုိင္း ရွင္သာရိပုၾတာမေထရ္ကုိ အက်ဥ္းအားျဖင့္ ျပန္လည္ေဟာၾကားေတာ္မူေလသည္။ ရွင္သာရိပုၾတာကတစ္ဖန္ လင္ႏုိ႔သားျဖစ္ခဲ့ဖူးေသာ ရဟန္းငါးရာကုိ အက်ယ္ေဝဖန္၍ ေဟာေတာ္မူ ေလသည္။ လင္းႏုိ႔သားငါးရာရဟန္းေတာ္မ်ားသည္ ရွင္သာရိပုၾတာထဲမွ အဘိဓမၼာတရားကုိ အက်ယ္ၾကားနာရ၍ ရဟႏၲာျဖစ္ၾကေလသည္။ ထုိသုိ႔ ရဟန္းငါးရာလုံး အဘိဓမၼာတရားနာယူရင္း ရဟႏၲာ ျဖစ္ၾကျခင္းမွာလည္း အဘိဓမၼာေရစက္ေၾကာင့္ ျဖစ္ေလသည္။ ကႆပ ျမတ္စြာဘုရားရွင္လက္ထက္ ေတာ္က မေထရ္ႏွစ္ပါးသည္ လုိဏ္ဂူထဲတြင္ အဘိဓမၼာတရားေတာ္မ်ားကုိ ရြတ္အံသရဇၥ်ာယ္ေနေပသည္။ ထုိလုိဏ္ဂူထဲ၌ ေနၾကေသာ လင္းႏုိ႔ငွက္ငါးရာတုိ႔သည္ တရားေတာ္၏ အနက္အဓိပၸါယ္ကုိ မသိနားမလည္ ေသာ္လည္း တရားဟူေသာ အမွတ္ျဖင့္ ရုိေသေလးနက္စြာ စူးစုိက္နာယူၾကေလသည္။ တရားဟုသိေသာ အသိတရားသည္ပင္ သူတုိ႔အတြက္ ကုသုိလ္ျဖစ္ေလသည္။ ထုိကုသုိလ္ကုိ ဉာဏဝိပၸယုတ္ (ဉာဏ္မယွဥ္ေသာ)ကုသုိလ္ဟု က်မ္းဂန္၌ဆုိ၏။ ထုိကုသုိလ္သည္ ပါရမီမ်ဳိးေစ့အျဖစ္တည္ရွိလာရာ ေဂါတမ ျမတ္စြာဘုရားလက္ထက္ ရွင္သာရိပုၾတာထဲမွ အဘိဓမၼာတရားကုိ နားယူရသည့္အခါ ပါရမီမ်ဳိးေစသည့္ ဟုန္းခနဲထေတာက္သည့္မီးပမာ မဂ္ဉာဏ္ ဖုိလ္ဉာဏ္အျဖစ္ ေပါက္ေရာက္သီးပြင့္ခဲ့ျခင္း ျဖစ္ေလသည္။ ယေန႔ အဘိဓမၼာတရားေတာ္အျဖစ္ ပိဋကတ္ေတာ္၌ မွတ္တမ္းတင္ထားသည့္ တရားေတာ္မ်ားမွာ ရွင္သာရိပုၾတာက အဆုိပါ ရဟန္းငါးရာကုိ တစ္ဆင့္ျပန္လည္ေဟာၾကားခဲ့ေသာ တရားေတာ္မ်ား ျဖစ္ေပသည္။
ပ႒ာန္းပြဲရည္ရြယ္ခ်က္
ျမတ္စြာဘုရားအား ပ႒ာန္းေဒသနာေတာ္ျဖင့္ ပူေဇာ္လုိျခင္း၊ ပ႒ာန္းသာသနာေတာ္ထြန္းကားလုိျခင္း တုိ႔ေၾကာင့္ ပ႒ာန္းပြဲမ်ား က်င္းပျခင္းျဖစ္ေလသည္။ ထုိႏွစ္ပါးတြင္ ပ႒ာန္းသာနသာေတာ္ ထြန္းကားလုိျခင္းဟူရာ၌ ရွင္းျပစရာလုိေပသည္။ ပရိယတၱိသာသနာကြယ္လွ်င္ အဘိဓမၼာခုနစ္က်မ္းမွ စကြယ္မည္။ အဘိဓမၼာခုနစ္က်မ္းတြင္လည္း ပ႒ာန္းက်မ္းမွ စကြယ္မည္ျဖစ္ေသာေၾကာင့္ ပရိယတၱိ သာသနာေတာ္၌ ပ႒ာန္းက်မ္းသည္ အစဦးဆုံး ကြယ္ေပ်ာက္ရမည့္က်မ္းျမတ္ျဖစ္ေနေပသည္။ ထုိ႔ေၾကာင့္ ပ႒ာန္းေဒသနာ မကြယ္ေပ်ာက္ရေလေအာင္ ေစာင့္ေရွာက္ထိန္းသိမ္းေသာအားျဖင့္ ပ႒ာန္းပြဲမ်ားက်င္းပ ရျခင္းကုိပင္ ပ႒ာန္းသာသနာ ထြန္းကားေအာင္ျပဳျခင္းဟုဆုိလုိရင္းျဖစ္ေပသည္။
ဘုန္းႀကီးအိပ္ပြဲ
ပ႒ာန္းပြဲကုိ ပုံမွန္အားျဖင့္ (၇)ရက္တိတိက်င္းပၾကသည္ကမ်ားေလသည္။ ျပည့္စုံသည့္ၿမဳိ႕ရြာမ်ား၌ (၉)ရက္အထိက်င္းပသည္လည္းရွိၿပီး မျပည့္စုံေသာ ၿမဳိ႕ရြာမ်ား၌ (၃)ရက္(၅)ရက္ က်င္းပသည္လည္း ရွိေပသည္။ အလွည့္က် သံဃာေတာ္မ်ားမွာ ေန႔တစ္ခ်ိန္ ညတစ္ခ်ိန္ ရြတ္ဖတ္ရေလရာ ညအခ်ိန္မေတာ္ အလွည့္က်ေသာသံဃာေတာ္မ်ားသည္ ေန႔ဘက္၌ အတုိးခ်၍ အိပ္စက္ၾကေလသည္။ အျခားသံဃာမ်ား လည္း ေရေႏြးေသာက္သူကေသာက္၊ အလွည့္ေစာင့္ရင္း စာဖတ္ရင္း အိပ္ေပ်ာ္သူကေပ်ာ္ႏွင့္ သံဃာအမ်ားစုမွာ အိပ္ေနၾကသည္သာျဖစ္ေသာေၾကာင့္ ဘုန္းႀကီးအိပ္ပြဲဟု ေခၚၾကျခင္းျဖစ္ေလသည္။
ပ႒ာန္းေရစက္
ပ႒ာန္းပြဲက်င္းပသည့္ရြာမ်ား၌ ဒကာ/မမ်ားသည္ သံဃာမ်ား အားလပ္သည့္ ညေနခ်မ္းတြင္ ကုိယ္စီကုိယ္ငွ အိမ္သုိ႔ပင့္၍ ညခ်င္းသုပ္ႏွင့္ အေအး အေဖ်ာ္ စတုမဓူ စသည္ကပ္တတ္ၾကေပသည္။ ၿမဳိ႕မွ ၾကြလာေသာ ရဟန္းေတာ္မ်ားႏွင့္ ရြာသူရြာသားမ်ား သိကၽြမ္းရာမွ ရင္းႏွီးလာတတ္ၾကေပသည္။ ပ႒ာန္းေရစက္ေၾကာင့္ ေတြ႕ဆုံၾကရျခင္းျဖစ္သည္ဟု ေျပာစမွတ္ျပဳၾက၏။
ပ႒ာန္းခ်စ္သူ
ပ႒ာန္းေရစက္သည္ ထုိမွ်ျဖင့္ မၿပီးေသေပ၊ ပ႒ာန္းပြဲကာလအတြင္း ေတြ႕ဆုံရင္းႏွီးရာမွ ျဗဳန္းစားႀကီး ခြဲခြါၾကရျပန္ရာ က်န္ရစ္သူမ်ားမွာ ေနမထိထုိင္မသာ လြမ္းနာက်ေနခဲ့ေလသည္။ ထုိ႔ေၾကာင့္ ၿမဳိ႕သုိ႔ လုိက္၍ေသာ္လည္းေကာင္း၊ ၿမဳိ႕သုိ႔ ေစ်းဝယ္ထြက္ရင္း၊ အလုပ္လုပ္ရင္းျဖင့္ေသာ္လည္းေကာင္း ပ႒ာန္းကုိယ္ေတာ္ထံသုိ႔ သြားေရာက္လည္ပတ္ၾကေလေတာ့သည္။ တစ္ေခါက္ႏွစ္ေခါက္မွစ၍ ေခ်ာင္းေပါက္ ေလာက္ေအာင္ ဝင္ထြက္ရာမွ သံေယာဇဥ္ျဖစ္ၾက၊ အၾကင္နာပုိၾက၊ ေမတၱာရွိၾကေလေတာ့သည္။ ပ႒ာန္းခ်စ္သူဟု ဆုိႏုိင္၏။
ပ႒ာန္းဖူးစာ
နဖူးစာရြာလည္ဟူေသာ စကားလုိပင္ ပ႒ာန္းေရစက္ေၾကာင့္ ရြာသူႏွင့္ေတြ႕ရၿပီး၊ ပ႒ာန္းသံေယာဇဥ္ေၾကာင့္ ရြာသူႏွင့္ၿငိၾကေလသည္။ ပ႒ာန္းပြဲကုိအေၾကာင္းျပဳ၍ လူပ်ံေတာ္မ်ားႏွင့္ အေၾကာင္းပါေသာရြာသူမ်ားမွာ ေက်ာင္းႀကီးဖ်က္မ ဂုဏ္ပုဒ္အျပင္ ပ႒ာန္းသာသနာဖ်က္ ဂုဏ္ပုဒ္ပါ ထပ္မံေပးအပ္ခံရေလေတာ့သည္။ ပ႒ာန္းရြတ္သံဃာေတာ္မ်ားမွာ တစ္ရက္မွ ႏွစ္ႀကိမ္သာ အလွည့္က်သျဖင့္ က်န္သည့္ အခ်ိန္မ်ား၌ ရြာထဲေရာက္ေနသည္က မ်ားေပသည္။ အိမ္လည္မည္၊ မိတ္ဖြဲ႕မည္၊ အခ်ိန္ျဖဳန္းမည္၊ TV ၾကည့္မည္၊ ဗီြဒီယုိၾကည့္မည္၊ ေဘာလုံးပြဲၾကည့္မည္။ အေဖာ္ေကာင္းလွ်င္ ေဘာလုံးကန္မည္၊ ျခင္းခတ္မည္၊ ထန္းရည္ခ်ဳိမွစ၍ တစ္စတစ္စေသာက္စားလာသည္အထိ ပ်က္စီးလာၾကသည္ကုိ ေတြ႕ရေပသည္။ ရြာမလည္ အိမ္မၾကြေသာ ေထရ္ႀကီးဝါႀကီးမ်ားမွာလည္း လၻက္ရည္ၾကမ္းဝုိင္းတြင္ ေလဝုိင္းဖြဲ႕၍ အခ်ိန္ကုန္ေစရေလသည္။
ကုသုိလ္တစ္ပဲ ငရဲတစ္ပိႆာ
ရြာသူရြာသားမ်ားကလည္း ကုသုိလ္ကုိ သူ႔ထက္ငါဦးသူစနစ္ျဖင့္ အၿပဳိင္ျပဳၾကရာ အိမ္ၾကြလာသည့္ သံဃာမ်ားကုိ ညခ်င္းသုပ္ကပ္ရာမွာပင္ ပုံမွန္အပ္စပ္ေအာင္ ကပ္လွဴျခင္းမ်ဳိးမဟုတ္ေတာ့ေပ။ ဆယ့္ႏွစ္မ်ဳိးခ်င္းသုပ္ကဲ့သုိ႔ ဖြယ္ဖြယ္ရာရာျပင္ဆင္ကာ ေကာင္းသည္ထက္ ေကာင္းေအာင္ျပင္ဆင္ကပ္လွဴ ၾကေလသည္။ ပ႒ာန္းရြတ္သံဃာေတာ္အမ်ားစုမွာ စာသင္သားမ်ားျဖစ္သျဖင့္ ႀကဳံတုန္းႀကဳိက္တုန္း ဝိနည္းမဓုိရ္အားၾကေပ၊ အားရပါးရဘုဥ္းေပးၾကေလ၏။ တစ္ခ်ဳိ႕ရြာမ်ားမွာ ၿမဳိ႕တက္ၿပီး ပံ့သုကူသား ဝယ္ရမည့္အစား ရြာမွာပင္ သားငါးေပၚကာ ကပ္လွဴၾကေလသည္။ ပ႒ာန္းပြဲလည္းၿပီးေရာ ရြာမွာရွိသည့္ ၾကက္မ်ား ဝက္မ်ားလည္း ကုန္ေရာ ဆုိစမွတ္ျပဳၾကသည္လည္း ရွိေပသည္။ ကုသုိလ္ရမရေတာ့မသိဘူး၊ ရြာထဲက ၾကက္ေတြ ဝက္ေတြေတာ့ ကုန္ၿပီဟု ဆုိၾကေလသည္။ တစ္ရက္(၂၄)နာရီရွိသည့္အနက္ ညေန ၆း၀၀ မွ ၁၀း၀၀ အထိ ပ႒ာန္းနာပရိသတ္ အဝင္အထြက္ရွိေလသည္။ ေန႔ခင္းမွာ နာသူမရွိ၊ ညဥ့္နက္ခ်ိန္မ်ားမွာ နာယူမရွိေခ်။ မနက္ပုိင္းသည္ပင္ တစ္ေယာက္စႏွစ္ေယာက္စသာရွိေလ၏။ ညေနပုိင္း ညဦးပုိင္းနာသူမ်ားမွာလည္း ထုံးစံအရသာ နာယူၾကေလသည္။ ခဏလာထုိင္ၿပီး ငါးဆယ္မိနစ္ပင္မၾကာ ဝပ္ခ်ျပန္သြားၾကေလ၏။ ပ႒ာန္းတရားေတာ္၏ အနက္အဓိပၸါယ္ကုိ မသိၾက၍ စိတ္မဝင္စားၾကျခင္းလည္း ျဖစ္ေပမည္။ အေပ်ာ္တန္း တရားနာလာၾကသည္ဟုပင္ ထင္မွတ္စရာရွိေလ၏။
ပ႒ာန္းယဥ္ေက်းမႈကုိၿငီးေငြ႕ၿပီ
ဂလုိဘယ္ေခတ္၌ ႏုိင္ငံျခားသာသနာျပဳသူမ်ား ႏုိင္ငံတကာအျမင္ရွိၾကသူမ်ားသည္ ပ႒ာန္းပြဲယဥ္ေက်းမႈ ႀကီးကုိ ၿငီးေငြ႕လာၾကသည္ကုိ ေတြ႕ရေပသည္။ အိႏၵိယသာသနာျပဳဆရာေတာ္တစ္ပါးက ဓမၼာစရိယတန္း စာသင္သားသံဃာမ်ားကုိ ၾသဝါဒေပးရာ၌ ထန္းပင္အျမင့္ႀကီးေတြေပၚ ဟြန္းႀကီးတင္၊ မုိက္ႀကီးေတြတပ္ၿပီး ကုန္းေအာ္ေနေပမယ့္ ဗုဒၶသာသနာေတာ္ ကမၻာပ်ံ႕မည္မဟုတ္ေၾကာင္း၊ ႏုိင္ငံတကာသုံး ဘာသာစကား မ်ားကုိ ကၽြမ္းက်င္အဆင့္ေရာက္ေအာင္ ေလ့လာၿပီး ဗုဒၶတရားေတာ္မ်ားကုိ ဘာသာျပန္ကာ အင္တာနက္ ဝက္ဘ္ဆုိဒ္မွတစ္ဆင့္ ျဖန္႔လွ်င္ ကမၻာအႏွံ႔ ပ်ံ႕ႏုိင္ေၾကာင္း ၾသဝါဒေပးဖူးေလသည္။ ဆရာေတာ္ႀကီးမ်ား ကလည္း သံဃာမ်ားကုိ ပ႒ာန္းပြဲအထိ လုိက္၍ မအုပ္ခ်ဳပ္ႏုိင္သျဖင့္ စာသင္သားမ်ားသည္ ရြာသူမ်ားႏွင့္ၿငိကုန္သည္က မ်ားေလသည္။ က်ားေမြးရင္း သမင္စားရင္း ျဖစ္သတည္း။ ထုိ႔ေၾကာင့္ သခင္စာ ျဖစ္သြားေသာ က်ားပုိင္ရွင္ဆရာေတာ္ႀကီးမ်ားကလည္း ပ႒ာန္းယဥ္ေက်းမႈကုိ စြန္႔လႊတ္ခ်င္ၾကေလၿပီ။
ပ႒ာန္းရြာႀကီး
က်ႏုပ္သည္ ႏွစ္စဥ္ ပ႒ာန္းပြဲမ်ား အႀကီးအက်ယ္က်င္းပသည့္ ရြာႀကီးတစ္ရြာကုိ ေတြ႕ဖူးေလ၏။ အိမ္ေျခတစ္ေထာင္ေက်ာ္ရွိေသာ ရြာႀကီးျဖစ္၏။ ပ႒ာန္းပြဲကုိ တစ္ႏွစ္တစ္မ်ဳိး မရုိးေအာင္ ေခတ္စနစ္ႏွင့္အညီ က်င္းပေလသည္။ ဗီြဒီယုိရုိက္ျခင္း၊ ဇာတ္ပြဲအၿငိမ့္ပြဲမ်ား၊ တီးဝုိင္းမ်ားျဖင့္ ပ႒ာန္းေအာင္ပြဲက်င္းပေပးျခင္း စသည္တုိ႔ျဖင့္ ပ႒ာန္းေအာင္လံ လႊင့္ထူေနေသာရြာႀကီးျဖစ္၏။ ထုိရြာႀကီးသည္ ထုိသုိ႔ ပ႒ာန္းပြဲမ်ားကုိ ၿခိမ့္ၿခိမ့္သဲက်င္းပကာ သာသနာျပဳေနေသာ္လည္း ရြာစည္းရုိးကုိ လုံေအာင္မကာႏုိင္ခဲ့ေခ်။ တစ္ႏွစ္တစ္ျခား ဗမာအိမ္မ်ားနည္းပါးလာၿပီး ကုလားအိမ္မ်ားတုိးပြားလာေလသည္။ မူဆလင္ေတြ ႀကီးစုိးလာၿပီး ဗလီႀကီးမ်ား ဟီးထလာေလ၏။ ဝမ္းနည္းစရာေကာင္းသည္မွာ မူဆလင္မ်ားသည္ လူမ်ားကုိ ဝါးမ်ဳိရုံတင္မဟုတ္ေတာ့ဘဲ သံဃာမ်ားကုိ ပစ္မွတ္ထားကာ ဖ်က္ဆီးလာျခင္းျဖစ္ေပသည္။ ရဟန္းပ်ဳိတစ္ပါးသည္ ေက်ာင္းထုိင္ျဖစ္ၿပီး မၾကာခင္ ေက်ာင္းသာသနာကုိ ေရာင္ဝါလင္းေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ေပသည္။ ေက်ာင္းအဝင္ဝ လမ္းတစ္ေလွ်ာက္တြင္ မူဆလင္မ်ားႀကီးစုိးေန၍ ေက်ာင္းအဝင္းမုခ္ကုိ ထင္ရွားေပၚလြင္ေအာင္ ခမ္းနားစြာျပဳလုပ္လုိက္ေလသည္။ ေက်ာင္းမုခ္ဦးက ကုလားအိမ္သုိ႔ အရိပ္မုိးသည္ဟုဆုိကာ ကုလားမ်ားႏွင့္ အမႈအခင္းျဖစ္ေလသည္။ ဥပေဒအရ ကုလားမ်ားက မႏုိင္ေသာအခါ အေကာက္ႀကံၾကေလသည္။ ရြာရွိ တစ္ခုလတ္ အမ်ဳိးသမီးႏွင့္ သမီးပ်ဳိကုိ ေငြေပးစည္းရုံးကာ ရဟန္းပ်ဳကုိ ဖ်က္ဆီးခုိင္းေလသည္။ အေမႏွင့္မရလွ်င္ သမီးႏွင့္သိမ္းသြင္းမည္ဟုဆုိကာ သားအမိႏွစ္ေယာက္ လုပ္ငန္းစေလသည္။ ေတာကၽြမ္းေသာ က်ားပင္ျဖစ္ေသာ္လည္း မုဆုိးမဉာဏ္ကုိ မမွီ၍ ေထာင္ေခ်ာက္မိရသည့္ပမာပင္ မာယာေက်ာ့ကြင္းမွာ သက္ဆင္းမိခဲ့ေပသည္။ ၿငိစြန္းသည္ႏွင့္တစ္ၿပဳိင္နက္ တစ္ခုလတ္မေရာ ကုလားကပါ တရားစြဲေလသည္။ ရဟန္းပ်ဳိမွာ လူမသိခင္ ဝန္ခံၿပီး လူဝတ္လဲသြားရေလသည္။ က်ႏုပ္တုိ႔ ရဟန္းေတာ္မ်ား သည္ ေရွ႕သုိ႔တက္ၿပီး ထုိးစစ္ဆင္ဖုိ႔ေလာက္သာ သိေနၿပီး ေနာက္တန္းလုံၿခဳံဖုိ႔ ခံတပ္တည္ေဆာက္ဖုိ႔ကုိ သတိမမူမိတတ္ၾကေပ။ သံေဝဂရဖြယ္ေကာင္းေလစြ။ ႏွစ္စဥ္သံဃာေတာ္မ်ားျဖင့္ စည္ကားလွစြာေသာ ပ႒ာန္းသာသနာျပဳရြာႀကီးတြင္ ကုလားလုပ္ႀကံခံရ၍ ေက်ာင္းထုိင္ဆရာေတာ္တစ္ပါး သာသနာေတာ္မွ ဆုံးရႈံးခဲ့ရသည္မွာ ရွက္တတ္လွ်င္ အသက္ပင္ထြက္ႏုိင္ေပေသးသည္။
စီးပြားေရးပ႒ာန္း
ေရွးဆရာေတာ္ႀကီးမ်ားက ပ႒ာန္းပြဲကုိ သာသနာအတြက္ အမွန္တကယ္လုိအပ္၍ ရည္ရြယ္ခ်က္ ေကာင္းေကာင္းျဖင့္ က်င္းပခဲ့ၾကေသာ္လည္း ယၡဳအခါ၌မူ ပ႒ာန္းပြဲကုိ စီးပြားျဖစ္လုပ္ကုိင္ေနၾကသည္လည္း ရွိေပသည္။ ပ႒ာန္းပြဲက်င္းပမည္၊ အလွဴခံဌာနဖြင့္မည္၊ အလွဴခံမည္၊ တြက္ေျခကုိက္ေအာင္လုပ္မည္ စသည္ျဖင့္ က်င္းပသူကလည္း ကုိယ္က်ဳိးအတြက္၊ ရြတ္ဖတ္သူကလည္း စည္းက်မ္းပ်က္ႏွင့္ ဒကာ/မမ်ားမွာ ၾကားက ဘာမွ်မသိရွာပဲ ပါရမီျဖစ္ေလာက္ေသာ ကုသုိလ္တရားမ်ား နစ္နာခဲ့ရေပသည္။
ပ႒ာန္းအဓိပၸါယ္ နားမလည္
ပ႒ာန္းပါဠိေတာ္မ်ားကုိ ရြတ္ဖတ္ပြဲတြင္ ရြတ္ဖတ္သူအမ်ားစုပင္ ပ႒ာန္းအဓိပၸါယ္ကုိ နားမလည္ၾကေပ။ နာသူမ်ားမွာ ပုိ၍ပင္ေဝးေပသည္။ ဤသုိ႔ အမ်ားနားမလည္ေသာ ပ႒ာန္းကုိ ဘာေၾကာင့္ ရက္ရွည္ပြဲႀကီး အျဖစ္ က်င္းပၾကသနည္း။ ဤေမးခြန္းအတြက္ ပ႒ာန္းပြဲက်င္းပသည့္ဆရာေတာ္မ်ားက လင္းႏုိ႔သား ငါးရာကုိ ကုိးၾကေလသည္။ လင္းႏုိ႔ငွက္ငါးရာသည္ ပ႒ာန္းအဓိပၸါယ္လည္းမသိၾက၊ အဘိဓမၼာဆုိသည္ ကုိလည္း မသိၾက၊ သုိ႔ေသာ္ သူတုိ႔သည္ ဓမၼ-တရား ဆုိသည္ကုိေတာ့ သိၾကေပသည္။ ပ႒ာန္းဟူေသာ ေဝါဟာရကုိပင္ မသိၾကေသာ အဟိတ္တိရစၧာန္မ်ားအတြက္ပင္ မဂ္၊ ဖုိလ္ အက်ဳိးေက်းဇူးျဖစ္ထြန္းႏုိင္လွ်င္ လူသားမ်ားအတြက္ကား ဧကန္ဧကသည္ထက္ပုိ၍ အက်ဳိးေပးလိမ့္မည္ဟု ယုံၾကည္ၾကျခင္း ျဖစ္ေလသည္။ ဤေနရာ၌ ေဟာသူႏွင့္ နာသူ ႏွစ္ဦးႏွစ္ဖက္ကုိလည္း သုံးသပ္ဖုိ႔လုိေပသည္။ ညစဥ္ရြတ္ဖတ္သရဇၥ်ာယ္ ေသာမေထရ္ႏွစ္ပါးမွာ ရဟႏၲာမ်ားျဖစ္ၾကသည္။ ရဟႏၲာသီလ သမာဓိ ပညာ သိကၡာတရားမ်ားေၾကာင့္ လင္းႏုိ႔ငွက္မ်ားက ၾကည္ညဳိစိတ္မ်ားျဖစ္ေပၚေနၾကသည္။ ေတာႀကီး ေတာင္ႀကီးထဲ၌ မည္သည့္တိရစၧာန္မွ် တရားသံမၾကားရ၊ မေထရ္ႏွစ္ပါးထဲမွ တရားသံၾကားရေသာအခါ ထူးဆန္းေနသည္။ မေထရ္ႏွစ္ပါး၏ ၾကည္ညဳိဖြယ္ရာ အသြင္အျပင္မ်ားေၾကာင့္ တရားဆုိသည့္ အသိ ဝင္လာၾကသည္။ ေရငတ္သူသည္ ေရကုိ တစ္ရႈိက္မက္မက္ေသာက္သကဲ့သုိ႔ တရားငတ္ေနေသာ လင္းႏုိ႔ငွက္တုိ႔သည္ တညီတညြတ္တည္း ဧကဂၢတာ(သမာဓိ)က်ေလာက္ေအာင္ ေလးနက္တည္ၾကည္စြာ စိတ္ဝင္တစား နားေထာင္ၾကသည္။ အခ်ိန္ကလည္း ညအခါ။ ေနရာေဒသကလည္း ေတာႀကီးမ်က္မည္းျဖစ္၍ တိတ္ဆိတ္ၿငိမ္သက္ခ်ိန္မွာ တရားသံၾကားရျခင္းသည္ လင္းႏုိ႔ငွက္မ်ားအတြက္ ဓမၼပီတိအျဖစ္ ႏွစ္သိမ့္ၾကည္ႏူးမႈမ်ား တဖြားဖြား ေပၚေပါက္ႏုိင္ေလာက္ေသာ အေျခအေနမွာ ရွိခဲ့ေပသည္။ ထုိ႔ေၾကာင့္ လင္းႏုိ႔ငွက္မ်ား၏ ကုသိုလ္တရားသည္ မဂ္ဉာဏ္ဖုိလ္ဉာဏ္ ရင့္သန္လာေစရန္ လုံေလာက္ေသာ ပါရမီမ်ဳိးေစ့ ျဖစ္ခဲ့ေပသည္။
ယေန႔ ေရႊျမန္မာတုိ႔သည္ ပ႒ာန္းတန္ခုိးႀကီးမွန္း၊ ပ႒ာန္းအက်ဳိးႀကီးမွန္း ေဟာၾက သိၾကေပသည္။ ထုိသုိ႔ တန္ခုိးႀကီး အက်ဳိးႀကီးေသာေၾကာင့္လည္း အသံမစဲ မဟာပ႒ာန္းရြတ္ဖတ္ပူေဇာ္ပြဲမ်ားက်င္းပကာ ဆရာေတာ္ သံဃာေတာ္မ်ားက ဒကာ/မတုိ႔အား ဓမၼာႏုဂၢဟျဖင့္ ခ်ီးေျမွာက္ၾကျခင္း ျဖစ္ေပသည္။ သုိ႔ေသာ္ ဒကာ/မမ်ားက ပ႒ာန္းနာယူသည့္အခါ လင္းႏုိ႔ငွက္မ်ားကဲ့သုိ႔ တရားအာရုံတစ္ခုတည္းမွာ ေလးနက္သက္ဝင္လ်က္ စူးစုိက္တည္ၾကည္စြာ နာယူၾကပါသေလာ၊ ဤသုိ႔လည္း ေစာေၾကာစရာရွိေပသည္။ မုိးကုတ္ေယာဂီမ်ားလုိ တရားမွတ္ရင္း တရားနာ၊ တရားနာရင္း တရားမွတ္ပုံစံျဖင့္ အေလးအနက္ ယုံၾကည္ သက္ဝင္လ်က္ ျမတ္ျမတ္ႏုိးႏုိး နာယူၾကပါေလာ။ဤသုိ႔ ေစာေၾကာလွ်င္ အမ်ားစုက ေခါင္းခါၾကမည္ ျဖစ္ေပသည္။ ဤသုိ႔ဆုိလွ်င္ ပ႒ာန္းတရားနာရေသာ ဉာဏဝိပၸယုတ္ကုသုိလ္သည္ လင္းႏုိသားတုိ႔ကဲ့သုိ႔ အက်ဳိးေပးရန္ မလြယ္ေပ။ ထုိ႔ေၾကာင့္ ဒကာ/မမ်ား ပ႒ာန္းတရားနာတတ္ေအာင္ သြန္သင္ဆုံးမနည္းလမ္းျပ ဖုိ႔လည္း လုိေပလိမ့္မည္။
ပ႒ာန္းတန္ခုိး
ပ႒ာန္းေဒသနာ၏ ဂုဏ္ရည္မ်ားတြင္ အနႏၲနယဟူေသာ ဂုဏ္ပုဒ္လည္း ပါဝင္ေပသည္။ အနႏၲနယဆုိသည္မွာ အနႏၲ အဆုံးမရွိေသာ၊ နယ နည္းလမ္း၊ အနႏၲနယ အဆုံးမရွိေသာ နည္းဗ်ဴဟာမ်ား ျဖင့္ေဟာၾကားထားေသာ ေဒသနာဟု အဓိပၸါယ္ရေလသည္။ လူသားမ်ားက လူႏွင့္တန္သေလာက္ သိၿပီး၊ နတ္ျဗဟၼာမ်ားက နတ္ျဗဟၼာမ်ားႏွင့္တန္သေလာက္သိေပသည္။ လူ နတ္ ျဗဟၼာ တုိ႔တြင္လည္း အတိမ္ကုိ သိသူအတြက္ နည္းတိမ္၊ အနက္ကုိ သိသူအတြက္ နည္းနက္၊ အထူကုိသိသူအတြက္ နည္းထူ၊ အပါးကုိသိသူအတြက္ နည္းပါး၊ အက်ဥ္းကုိသိသူအတြက္ နည္းက်ဥ္း၊ အက်ယ္ကုိသိသူအတြက္ နည္းက်ယ္၊ အလယ္အလတ္ကုိ သိသူအတြက္ နည္းလတ္ စသည္ျဖင့္ ေဝေနယ်တုိ႔၏ ဉာဏ္ႏွင့္ထုိက္တန္ စြာ သိႏုိင္ေအာင္ နယသေခၤပ၊ နယဝိတၳာရစသည္ျဖင့္ နည္းလမ္းေပါင္းစုံလင္စြာ ေဟာၾကားထားေသာ၊ ထုိနည္းလမ္းမ်ားကုိ သခ်ၤာတပ္၍ ဤေရြ႕ဤမွ်ရွိသည္ဟု ေရတြက္၍ မဆုံးႏုိင္ေသာ နည္းလမ္းမ်ားျဖင့္ ျပည့္စုံေသာ ပ႒ာန္းေဒသနာေတာ္ျဖစ္ေပသည္။ ပ႒ာန္းေဒသနာေတာ္က အနႏၲနယဂုဏ္ကုိပုိင္ဆုိင္သည့္ အားေလ်ာ္စြာပ႒ာန္းအက်ဳိးကလည္း အနႏၲပင္ ရွိေပသည္။ ပရိယတၱိတြင္ တန္ခုိးအႀကီးဆုံးေသာ ေဒသနာေတာ္ျဖစ္ေလ၏။ အႏၲရာယ္ကင္းသည္၊ လာဘ္ေကာင္းသည္၊ လူနတ္ခ်စ္ခင္သည္၊ လုိရာဆႏၵျပည့္ဝသည္ စသည္ျဖင့္ ယုံၾကည္မႈအမ်ဳိးမ်ဳိးျဖင့္ ပ႒ာန္းကုိ ကုိးကြယ္ၾကေလသည္။ ဗုဒၶဘာသာဝင္ တုိင္းလုိလုိပင္ အနည္းဆုံး(၂၄)ပစၥည္းကုိေတာ့ အလြတ္ရာက၊ ရြတ္ၾက၊ ပူေဇာ္ၾကေလသည္။ ထုိ႔ထက္အလြန္ ေဆာင္လုိသူမ်ားက ပစၥယနိေဒၵသ(၂၄ပစၥည္းအက်ယ္)ပါဠိကုိ အာဂုံေဆာင္ပူေဇာ္ၾက ေလသည္။ အသက္ထက္ဆုံး ပ႒ာန္းပါဠိေတာ္ကုိ ရြတ္ဖတ္သရဇၥ်ာယ္ေတာ္မူခဲ့ေသာ ဆရာေတာ္ႀကီး မ်ားလည္း မ်ားစြာရွိေပသည္။ က်ႏုပ္သည္ ရဟန္းသိကၡာ(၁)ဝါရမွစ၍ ယေန႔ထက္တုိင္ ညတုိင္း ပစၥယနိေဒၵသပါဠိျဖင့္ အၿမဲမျပတ္ ပူေဇာ္ခဲ့ေပသည္။ အခက္အခဲမ်ားေတြ႕ႀကဳံသည့္အခါ ပ႒ာန္းကုိ အာရုံျပဳ၍ သစၥာဆုိရာ၌ ေအာင္ျမင္မႈမ်ားစြာ ရခဲ့ေလသည္။ ထုိ႔ေၾကာင့္ သင္သည္ပ႒ာန္းတန္ခုိး ပ႒ာန္းအက်ဳိးကုိ သိလုိခံစားလုိလွ်င္ ၂၄ ပစၥည္းကုိ ခုနစ္ရက္တိတိ ေန႔ေရာညပါ၊ သတိရတုိင္း စိတ္ထဲမွာ ရြတ္ပြားၾကည့္ပါ။ ပ႒ာန္းရြတ္သည့္ခုနစ္ရက္သည္ ပ႒ာန္းမရြတ္သည့္ သင့္တစ္သက္ထက္ ထူးျခားမႈရွိသည္ကုိ ေတြ႕ရေပ လိမ့္မည္။
ပ႒ာန္းတန္ခုိး စာတန္ခုိး
ေက်ာက္ဆည္ၿမဳိ႕၌ စာသင္တုိက္ေလး ႏွစ္တုိက္ရွိေပသည္။ ေရႊေပါက္ပင္ႏွင့္ မယ္ဇယ္ပင္ စာသင္တုိက္မ်ားျဖစ္၏။ ႏွစ္တုိက္လုံး၏ ေက်ာင္းထုိင္တုိက္အုပ္ဆရာေတာ္မ်ားမွာ ဓမၼာစရိယဘြဲ႕ရ ဆရာတူတပည့္ငယ္သူငယ္ခ်င္းမ်ားျဖစ္ၾကေလသည္။ မင္းကုန္းတုိက္မႀကီးမွ ခြဲထြက္သည့္ တုိက္ခြဲမ်ား ျဖစ္ၿပီး သံဃာအေရအတြက္လည္း တူညီၾကေလသည္။ မယ္ဇယ္ပင္တုိက္ ခန္းေန လက္ေထာက္ ဆရာေတာ္က သံဃာအားလုံး မနက္ ၅း၀၀ နာရီမွာ ဘုရားဝတ္တက္အၿပီး ပ႒ာန္းပစၥယနိေဒၵသပါဠိ ေတာ္ျဖင့္ အလြတ္ျပန္ဆုိရြတ္ပြားပူေဇာ္ေစေလသည္။ ေရႊေပါက္ပင္ဆရာေတာ္က ပညာေရးကုိ အဓိကထားကာ မနက္ ၅း၀၀ နာရီတြင္ သံဃာအားလုံး စာက်က္ခုိင္းၿပီး စာအံေက်ာင္းကုိယ္တုိင္ ေစာင့္ေလသည္။ မနက္ ဝတ္တက္ၿပီး ပ႒ာန္းပူေဇာ္သည့္ မယ္ဇယ္ပင္ေက်ာင္းတုိက္က (၂)ႏွစ္အတြင္း တုိက္တာအေဆာက္အအုံမ်ားျဖင့္ တစ္ဟုန္ထုိး တုိးတက္သြားၿပီး၊ မနက္တုိင္း စာအံစာက်က္ေသာ ေရႊေပါက္ပင္ေက်ာင္းက မထင္မရွားျဖင့္ မစည္မကား တိမ္က်န္ခဲ့ေလသည္။ ထုိအခါ ေရႊေပါက္ပင္ဆရာေတာ္က မယ္ဇယ္ပင္ဆရာေတာ္ထံမွ နည္းယူကာ ပ႒ာန္းဝတ္တက္ပူေဇာ္ရာမွ တစ္ႏွစ္ အတြင္း သိသိသာသာ တုိးတက္လာရာ ယၡဳထိပင္ ျဖစ္ေလသည္။ ပ႒ာန္းတန္ခုိးႏွင့္ စာတန္ခုိး ကြာျခားပုံမွာ ဤသုိ႔ပင္သိသာထင္ရွားေလသည္။
ယၡဳအခါ ေရႊေပါက္ပင္ဆရာေတာ္သည္ ပ႒ာန္းကုိ အႀကီးအက်ယ္ၾကည္ညဳိၿပီး အၿမဲတန္း အလြတ္ရြတ္ပူေဇာ္သလုိ ပ႒ာန္းက်မ္း(၅)အုပ္ကုိ ညတုိင္းၾကည့္၍ ရြတ္ဖတ္ပူေဇာ္(၂)ႏွစ္ေက်ာ္အတြင္း (၅)ေခါက္တိတိ ေပါက္ခဲ့ဖူးေလသည္။ ထုိသုိ႔ ညတုိင္း စာအုပ္ၾကည့္ ရြတ္ဖတ္ပူေဇာ္ေသာ အေလ့အက်င့္ကုိ က်ႏုပ္တုိ႔ ဆရာ မင္းကုန္းေက်ာင္းတုိက္ ပဓာနနာယကဆရာေတာ္ထံမွ ရရွိခဲ့သည္ဟု ဆုိေလသည္။ မင္းကုန္းဆရာေတာ္ႀကီးသည္ ညစဥ္သိမ္ေက်ာင္းေပၚတြင္ ည ၉း၀၀ မွ ၁၀း၀၀ ထိ ပ႒ာန္းရြတ္ဖတ္ပူေဇာ္ ေတာ္မူေလသည္။ ေနရာမွန္ အခ်ိန္မွန္ ပုံမွန္ရြတ္ဖတ္ပူေဇာ္ျခင္းျဖစ္၏။
ပ႒ာန္းယုံၾကည္ခ်က္
ေရႊေပါက္ပင္ဆရာေတာ္သည္လည္း ပ႒ာန္းပြဲက်င္းပဖုိ႔ အစီအစဥ္ရွိသည္ဟု ၾကားရ၍ ေတြ႕ဆုံေမးေလွ်ာက္ ခဲ့ေလသည္။ ၄င္းက နတ္ေဒဝါတုိ႔လည္း နာေစခ်င္လုိ႔၊ သာသနာကုိ နတ္ေဒဝါမ်ားက ေစာင့္ေရွာက္ေစခ်င္လုိ႔၊ စာသင္သားသံဃာေတြ ပစၥည္းေလးပါး မပင္ပန္း မညွဳိးႏြမ္းဘဲ ပရိယတၱိတာဝန္ ထမ္းေဆာင္ေစခ်င္လုိ႔ ပ႒ာန္းပြဲက်င္းပဖုိ႔ စိတ္ကူးမိျခင္းျဖစ္တယ္ဟု ေျဖေလသည္။ ဆက္လက္ၿပီး ၄င္းက်င္းပမည့္ ပ႒ာန္းပြဲအစီစဥ္မ်ားကုိ ေျပာေလသည္။ ပ႒ာနဘာဏက ပ႒ာန္းေဆာင္ ပ႒ာန္းရြတ္ သံဃာေတြဟာ အနည္းဆုံးအဆင့္ အႀကီးတန္းအထိေရာက္ရမည္။ ပါဠိပါဌ္သား မွန္ကန္ေအာင္ ရြတ္တတ္ၿပီး၊ အနက္အဓိပၸါယ္နားလည္ရမည္။ အစဥ္အတုိင္း ရြတ္ဖတ္ရမည္။ ရြတ္မေကာင္းသည့္ ေနရာမ်ဳိးကုိ ေက်ာ္ပစ္ထားခဲ့တာမ်ဳိး မလုပ္ရ။ ကုိရင္ေလးေတြ အေပ်ာ္တန္း ဝင္ၿပီး ရြတ္ဖတ္တာမ်ဳိးလည္း မရွိေစရ။ ပ႒ာန္းပြဲကာလအတြင္း သီလဝိသုဒၶိျဖစ္ေအာင္ ၾကည္ညဳိဖြယ္ရာအသြင္သဏၭာန္ႏွင့္ ျပည့္စုံေအာင္ ေနထုိင္ရမည္။ TV ၾကည့္ျခင္း၊ ေဘာလုံးပြဲၾကည့္ျခင္း စသည္ကုိ ေရွာင္ရမည္။ ညစဥ္ အာဟာရျဖစ္မည့္ စတုမဓူ၊ ပ်ားရည္၊ အေအး၊ သံပုရာရည္ စသည္တုိ႔ စီမံေပးထားမည္။ စာေမးပြဲၿပီး၍ သံဃာမ်ား အားလပ္ခ်ိန္မွာ က်င္းပမည္၊ စာဝါႏွင့္ စာေမးပြဲကုိ မထိခုိက္ေစရ။ အလွဴခံဌာနလည္း မဖြင့္ဘဲ မနက္၊ ေန႔ည တစ္ေန႔တာ ဆြမ္းခဲဖြယ္ေဘာဇဥ္ အေဖ်ာ္အေအး စသည္တုိ႔ကုိ တာဝန္ခံႏုိင္မွသာ က်င္းပမည္။ ဖြင့္ပြဲႏွင့္ ပိတ္ပြဲေလာက္သာ ေထရ္ႀကီးဝါႀကီးဆရာေတာ္သံဃာေတာ္မ်ားကုိပင့္မည္ျဖစ္ၿပီး၊ ပ႒ာန္းေဆာင္ သံဃာေတြ ကုိေတာ့ တပည့္မ်ားကုိ အမာခံထားၿပီး၊ ကုသုိလ္ျဖစ္ ရြတ္ပြားလုိသူမ်ားကုိလည္း လက္ခံမည္ဟု ဆုိေလသည္။
ဤသုိ႔ေသာ စိတ္ကူး ဤသုိ႔ေသာ အစီအစဥ္မ်ားျဖင့္ စနစ္တက် က်င္းပေသာ ပ႒ာန္းပြဲသည္ ဗုဒၶအလုိေတာ္က် ျဖစ္လိမ့္မည္။ ကုသုိလ္အျပည့္အဝရလိမ့္မည္။ ေအာင္ျမင္မႈလည္း ရွိလိမ့္မည္။ ေလာကီအက်ဳိး အမ်ဳိးမ်ဳိးကုိလည္း ေပးစြမ္းႏုိင္လိမ့္မည္ဟု က်ႏုပ္ယုံၾကည္ေလသည္။
ပ႒ာန္းေက်းရြာ
ေရႊေပါက္ပင္ဆရာေတာ္ ပ႒ာန္းအစီအစဥ္မွာ ၿမဳိ႕ရွိ စာသင္တုိက္မ်ားမွာ ျဖစ္ႏုိင္ေသာ္လည္း ေက်းရြာမ်ား၌ မျဖစ္ႏုိင္ေပ။ သံဃာရွာရသည္၊ ဒကာရွာရသည္၊ သံဃာေပ်ာ္ေအာင္ေမြးရသည္၊ ဒကာ သဒၶါေအာင္ စည္းရုံးရသည္ျဖစ္ရာ အက်ဥ္းရုံး၍ မျဖစ္ႏုိင္ေတာ့ေပ။ ေဝယ်ာဝစၥဒကာမ်ားက ပံ့သုကူသားကုိ ဝယ္ခ်က္ႏုိင္လွ်င္၊ သံဃာေတာ္မ်ားက ပ႒ာန္းခ်ည္းသက္သက္မဟုတ္ဘဲ သင္တန္းတစ္ခုခုႏွင့္ တြဲဘက္ၿပီး က်င္းပလွ်င္ပုိ၍ အသိဉာဏ္ပြင့္မည္ျဖစ္သည္။ ဥပမာ မနက္တန္သည္ ညေနတန္သည္ ရြာရွိ လူငယ္ လူရြယ္မ်ား ဝတ္အသင္းမ်ား၊ လူႀကီးသူမမ်ားကုိ ပ႒ာန္းပစၥယနိေဒၵသ သင္တန္းျဖစ္ေစ၊ အဘိဓမၼာသင္တန္း၊ ဝိပႆနာသင္တန္း၊ လူငယ္ယဥ္ေက်းမႈသင္တန္းျဖစ္ေစ ပုိ႔ခ်ေပးလွ်င္ ကုသုိလ္လည္းရ၊ အသိဉာဏ္လည္း တုိးၿပီး၊ ဉာဏသမၸယုတ္ ကုသိုလ္မ်ဳိးကုိ ဆည္းပူးႏုိင္ၾကလိမ့္မည္ဟု ယုံၾကည္ရေပသည္။
ေခတ္အျမင္ရွိေသာ ဆရာေတာ္မ်ားမွာ ပ႒ာန္းယဥ္ေက်းမႈ ပ႒ာန္းသာသနာကုိ ပစ္ပယ္လုိၾကဟန္ရွိ ေလသည္။ ပ႒ာန္းပြဲက်င္းပေသာရြာမ်ားသည္လည္း အေပ်ာ္တမ္းက်င္းပေနျခင္းမဟုတ္ဘဲ ယုံၾကည္ခ်က္ အျပည့္ျဖင့္ က်င္းပေနျခင္းျဖစ္ေပသည္။ က်ႏုပ္တုိ႔ ေက်ာက္ဆည္ၿမဳိ႕နယ္ရွိ အေရွ႕ငယ္တုိးေက်းရြာႀကီးတြင္ ႏွစ္စဥ္ႏွစ္တုိင္း ပ႒ာန္းပြဲက်င္းပေလသည္။ ရြာစီးပြားေရးမေကာင္း၍ တစ္ႏွစ္တြင္ ပ႒ာန္းပြဲ နားလုိက္ရာ မုိးေခါင္ကပ္ဆုိက္ကာ သီးႏွံလုံးဝမျဖစ္ထြန္းေတာ့ဟု ဆုိေလသည္။ ေနာက္ႏွစ္တြင္ ျပန္လည္က်င္းပပါမွ မုိးေလဝသမွန္ၿပီး သီးႏွံဖြံ႕ၿဖဳိးသည္ဟု အဆုိရွိေလသည္။ က်ႏုပ္တုိ႔သည္ မ်က္စိတစ္ဆုံးကုိသာ ၾကည့္တတ္ၿပီး ျမင္တတ္ၾကေလသည္။ ဉာဏ္တစ္ဆုံးသုိ႔တုိင္ေအာင္ မၾကည့္တတ္ မျမင္တတ္ၾကေခ်။ ပ႒ာန္းကုိ လူနားမလည္ေသာ္လည္း နတ္ နားလည္ေပသည္။ နတ္ျဗဟၼာေတြလည္း ပ႒ာန္းနာယူႏုိင္ၾက ေလသည္။ ပ႒ာန္းပြဲက်င္းပသည့္ရြာမ်ားကုိလည္း နတ္ေဒဝါမ်ားက ေစာင့္ေရွာက္တတ္ေလသည္။ ထုိ႔ေၾကာင့္ ပ႒ာန္းသာသနာကုိ ပစ္ပယ္လုိ႔ မျဖစ္သင့္ေပ။ ဒကာ/မမ်ားက ဓမၼကုိအေလးအနက္ထားနာယူ၍ သံဃာေတာ္မ်ားက သီလသိကၡာကုိ အထူးလုံၿခဳံေအာင္ ေစာင့္ေရွာက္လွ်င္ ပ႒ာန္းသာသနာကုိ ေစာင့္ေရွာက္ရက်ဳိး နပ္ၾကေပမည္။
ပ႒ာန္းေစာင့္ေရွာက္ပုံ
ထုိ႔ထက္ပုိ၍ ပ႒ာန္းသာသနာကုိ ေစာင့္ေရွာက္လုိလွ်င္ ပ႒ာန္းက်မ္း(၅)အုပ္ကုိ က႑မ်ားခြဲကာ တစ္ၿမဳိ႕နယ္စီ၌ တာဝန္က်သည့္အပုိင္းကုိ အာဂုံေဆာင္ၿပီး ညတုိင္း အလြတ္ရြတ္ဆုိ သရဇၥ်ာယ္ပါက ပုိ၍ပင္ ထိေရာက္ေပမည္။ ဥပမာ တိက္(၂၂)တိက္ရွိသည္တြင္ အလွည့္က်ေသာ တိက္ကုိ အလွည့္က်သည့္ အုပ္စုက တာဝန္ယူ က်က္ထားေဆာင္ထားၿပီးလွ်င္၊ သုိ႔မဟုတ္၊ ပဥၥဝါရ၊ ပဋိစၥဝါရ စသည္ျဖင့္ ဝါရအားေလ်ာ္စြာ ခြဲေဝေဆာင္ထားလွ်င္ ပုိၿပီး ထိေရာက္ေပလိမ့္မည္။ ပ႒ာန္းပြဲက်င္းပသည္ထက္ပင္ စရိတ္စက က်ဥ္းက်ဥ္း ေဝယ်ဝစၥနည္းနည္းျဖင့္ နတ္ေဒဝါတုိ႔ အထူးခ်စ္ျမတ္ႏုိးေသာ ပ႒ာန္းသာသနာကုိ ထူေထာင္ၿပီးသား၊ ေစာင့္ေရွာက္ၿပီးသား ျဖစ္သြားေပလိမ့္မည္။
ဝီရသူ(မစုိးရိမ္)
“ပဋ္ဌာန်းပွဲ ယဉ်ကျေးမှု”
ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရရှိ၍ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်ချင်း တရားဓမ္မများ ဟောကြားတော်မမူသေးဘဲ သတ္တသတ္တာဟ(ရက်သတ္တခုနစ်ပတ်)ကာလပတ်လုံး ရွှေဉာဏ်တော် ကွန်ယက်ကို ဖြန့်ကျက်တော်မူပေသည်။ ထိုရက်သတ္တခုနစ်ပတ်တွင် စတုတ္ထရက်သ္တ(စတုတ္ထသတ္တာဟ)တွင် ရတနာဃရစံအိမ်တော်၌ ပဋ္ဌာန်းဒေသနာတော်ကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်တော်မူပေသည်။ ထိုအခါ ဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ်တော်နှင့် ပဋ္ဌာန်းဒေသနာတော်အာရုံတို့ အံဝင်ခွင်ကျဖြစ်၍ ဘုရားရှှု်၏ ကိုယ်တော်မှ ရောက်ခြည်တော် ခြောက်ပါးလွှားပျံကာ စကြာဝဠာတံတိုင်းထိ ဝင်းပလင်းလက်၍ သွားပေသည်။ ကြီးမားသော ဉာဏ်တော်နှင့် နက်နဲသော ပဋ္ဌာန်းတရားတော်တို့ တိုက်ဆိုင်ရာ ထိတွေ့ရာမှ ထွက်ပေါ်လာသော အကျိုးဆက်ရလဒ်ကောင်းများဖြစ်ပေသည်။ ယ္ခုခေတ်ယ္ခုခါ၌လည်း ထူးကဲထက်မြတ် သော လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အံဝင်ခွင်ကျဖြစ်မှုကြောင့် ကွန်ပျူတာ၊ ဂြိုလ်တု၊ ဒုံးပျံ၊ အာကာသလွန်းပျံယာဉ်စသည့် ထူးဆန်းအံ့သြဖွယ် ရလဒ်များထွက်ပေါ် ဖြစ်ထွန်းလာသည် တွေ့မြင်ရလျက်ရှိပေသည်။ ဤကား ပဋ္ဌာန်းတရားတော်၏ စွမ်းအားကို ဘုရားရှင်ကိုယ်တိုင် တွေ့ထိခံစားရပုံဖြစ်ပေသည်။
ပဋ္ဌာန်းပွဲ သာသနာ
ကျနုပ်တို့ မြန်မာပြည်၌ ပဋ္ဌာန်းသာသနာ ထွန်းကားလျက်ရှိပေသည်။ မည်သည့်ခေတ်၌ မည်သည့်ဆရာတော်က စတင်မည်သည့်ဒေသ၌ စတင်ကျင်းပရာမှ ယ္ခုလို ကျယ်ပြန့်လာရသည်ကို သိနိုင်လောက်သော အထောက်အထား အခိုင်အလုံကို ကျနုပ်မတွေ့ခဲ့ဖူးချေ။ အသံမစဲ ပဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲအဖြစ် မြိုင်တိုင်းရွာတိုင်း ကျင်းပနေကြသည်ကိုသာ တွေ့ရှိနေရပေသည်။ အသံမစဲ ဟူသော ဝေါဟာရသည် မြတ်စွာဘုရား (၇)ဝါအရ၌ တာဝတိံသာနတ်ပြည်မှာ မယ်တော်မာယာဘဝမှ စုတေပြီး သေတကေတုနတ်သားအဖြစ် နတ်နန်းစံနေသော မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်သောအားဖြင့် ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို အသံမစဲ ဟောကြားရာမှ ဆင်းသက်လာသော နတ်သက်ဝေါ ဟာရဖြစ်ပေသည်။ လူသားဘုရားက နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး အစာအာဟာရဖြတ်တောက်ပြီး အသံမစဲဟောကြားရလောက်အောင် လူ့ခန္ဓာကိုယ်က မစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဆွမ်းခံချိန်ဆွမ်းစားချိန်၌ လူ့ပြည်သို့ဆင်းပြီး ဆွမ်းခံကြွတော်မူ ဆွမ်းဘုဉ်းပေးတော်မူပေသည်။ ထိုအချိန်၌ နတ်ပြည်၌ နိမ္မိတရုပ်ပွားဘုရားတစ်ဆူ ကိုယ်ပွားဆန်ဆင်းကာ ဘုရားရှင်ကိုယ်စား တရားဟောတော်မူစေ ပါသည်။ ဤသို့ ပကတိဘုရားနှင့် နိမ္မိတရုပ်ပွားတော်တို့ အလဲအလှယ်စနစ်ဖြင့် အဆက်မပြတ် ဟောကြားတော်မူခြင်းကို အသံမစဲ ဟု ဆိုလိုရင်းဖြစ်ပေသည်။ ဤအသံမစဲ ယဉ်ကျေးမှုကို ဂေါတမဗုဒ္ဓက စတင်ထူထောင်တော်မူ၍ ယနေ့ ဗုဒ္ဓမြတ်စွာ၏ တပည့်အစဉ်အဆက် ဆက်လက်ကျင့်သုံးရာမှ လွှမ်းမိုးလာ သော ပိဋကတ်တော်လာယဉ်ကျေးမှုဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အသံမစဲ အဘိဓမ္မာ တရားဟောကြားခဲ့သလို ကျနုပ်တို့ မြန်မာပြည်၌လည်း အသံမစဲ အဘိဓမ္မာခုနစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပကြသည်။ မြို့ရွာများလည်း ရှိပေသည်။ အဘိဓမ္မာခုနစ်ကျမ်းတွင်မှ တန်ခိုးအကြီးဆုံး ပဋ္ဌာန်းကျမ်းကိုသာ ရွေးချယ်ပူဇော်သည်။ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပွဲများလည်း ရှိပေသည်။ ယနေ့ သာသနာ၌ အဘိဓမ္မာခုနစ်ကျမ်းလုံးကို ရွတ်ဖတ်ပူဇော်ပွဲများထက် ပဋ္ဌာန်းကျမ်း(၅)အုပ်ကိုသာ ရွတ်ဖတ် ပူဇော်ပွဲများက ပို၍ တွင်ကျယ်နေသည်ကို တွေ့ရပေသည်။ ပဋ္ဌာန်းသာသနာဟု ဆိုရမည်ဖြစ်ပေ၏။ ထိုပဋ္ဌာန်းပွဲများကို(၃)ရက်တန်သည် (၅)ရက်တန်သည် (၇)ရက်တန်သည်(၉)ရက်တန်သည် စသည်ဖြင့် မြို့ရွာနှင့် ကိုက်ညီမည့် အားလပ်ရက်များကို ရွေးချယ်၍ ကျင်းပလေရှိပေသည်။ ပဋ္ဌာန်းပွဲစတင် ရွတ်ဖတ် သည်မှပြီးဆုံးသည်အထိ အသံရပ်နားခြင်းမရှိဘဲ တစ်နာရီတစ်ပါးကျစီ နှစ်ပါးကျစီ အလဲအလှယ်ဖြင့် ရွတ်ဖတ်ကြပေသည်။ တစ်ချို့မှာဆိုလျှင် သီတင်းကျွတ် လပြည့်နေ၌ တာဝတိံသာနတ်ပြည်မှ ပြန်ကြွတော် မူလာသော မြတ်စွာဘုရားကို ပဋ္ဌာန်းဒေသနာတော်ဖြင့် ကြိုဆိုသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပကြလေသည်။ သီတင်းကျွတ်ဆီမီးထွန်းပွဲဆိုသည်မှာလည်း ဤသဘောပင်ဖြစ်သည်။ အဘိဓမ္မာ တရားဟောတော်မူပြီး၍ ကြွတော်မူလာသော မြတ်စွာဘုရားကို ရည်မှန်း၍ ဆီမီးဖြင့် ပူဇော်ကြခြင်း ဖြစ်ပေသည်။ ကုသိုလ်ဖြစ် မီးထွန်းပွဲများဖြစ်ကြ၏။ ယ္ခုအခါ မီးထွန်းပွဲယဉ်ကျေးမှုထွန်းကားနေသော်လည်း ကုသိုလ်ဖြစ် ထွန်းညှိပူဇော်ခြင်းထက် အပျော်တမ်း မီးထွန်းကြသည်က များပေသည်။
အဘိဓမ္မာ ရေစက်
မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်ကို ထားတော်မူ၍ လူ့ပြည်သို့ ကြွလာသည့် အခါတိုင်း ရှင်သာရိပုတြာမထေရ်ကို အကျဉ်းအားဖြင့် ပြန်လည်ဟောကြားတော်မူလေသည်။ ရှင်သာရိပုတြာကတစ်ဖန် လင်နို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာကို အကျယ်ဝေဖန်၍ ဟောတော်မူ လေသည်။ လင်းနို့သားငါးရာရဟန်းတော်များသည် ရှင်သာရိပုတြာထဲမှ အဘိဓမ္မာတရားကို အကျယ်ကြားနာရ၍ ရဟန္တာဖြစ်ကြလေသည်။ ထိုသို့ ရဟန်းငါးရာလုံး အဘိဓမ္မာတရားနာယူရင်း ရဟန္တာ ဖြစ်ကြခြင်းမှာလည်း အဘိဓမ္မာရေစက်ကြောင့် ဖြစ်လေသည်။ ကဿပ မြတ်စွာဘုရားရှင်လက်ထက် တော်က မထေရ်နှစ်ပါးသည် လိုဏ်ဂူထဲတွင် အဘိဓမ္မာတရားတော်များကို ရွတ်အံသရဇ္ဈာယ်နေပေသည်။ ထိုလိုဏ်ဂူထဲ၌ နေကြသော လင်းနို့ငှက်ငါးရာတို့သည် တရားတော်၏ အနက်အဓိပ္ပါယ်ကို မသိနားမလည် သော်လည်း တရားဟူသော အမှတ်ဖြင့် ရိုသေလေးနက်စွာ စူးစိုက်နာယူကြလေသည်။ တရားဟုသိသော အသိတရားသည်ပင် သူတို့အတွက် ကုသိုလ်ဖြစ်လေသည်။ ထိုကုသိုလ်ကို ဉာဏဝိပ္ပယုတ် (ဉာဏ်မယှဉ်သော)ကုသိုလ်ဟု ကျမ်းဂန်၌ဆို၏။ ထိုကုသိုလ်သည် ပါရမီမျိုးစေ့အဖြစ်တည်ရှိလာရာ ဂေါတမ မြတ်စွာဘုရားလက်ထက် ရှင်သာရိပုတြာထဲမှ အဘိဓမ္မာတရားကို နားယူရသည့်အခါ ပါရမီမျိုးစေသည့် ဟုန်းခနဲထတောက်သည့်မီးပမာ မဂ်ဉာဏ် ဖိုလ်ဉာဏ်အဖြစ် ပေါက်ရောက်သီးပွင့်ခဲ့ခြင်း ဖြစ်လေသည်။ ယနေ့ အဘိဓမ္မာတရားတော်အဖြစ် ပိဋကတ်တော်၌ မှတ်တမ်းတင်ထားသည့် တရားတော်များမှာ ရှင်သာရိပုတြာက အဆိုပါ ရဟန်းငါးရာကို တစ်ဆင့်ပြန်လည်ဟောကြားခဲ့သော တရားတော်များ ဖြစ်ပေသည်။
ပဋ္ဌာန်းပွဲရည်ရွယ်ချက်
မြတ်စွာဘုရားအား ပဋ္ဌာန်းဒေသနာတော်ဖြင့် ပူဇော်လိုခြင်း၊ ပဋ္ဌာန်းသာသနာတော်ထွန်းကားလိုခြင်း တို့ကြောင့် ပဋ္ဌာန်းပွဲများ ကျင်းပခြင်းဖြစ်လေသည်။ ထိုနှစ်ပါးတွင် ပဋ္ဌာန်းသာနသာတော် ထွန်းကားလိုခြင်းဟူရာ၌ ရှင်းပြစရာလိုပေသည်။ ပရိယတ္တိသာသနာကွယ်လျှင် အဘိဓမ္မာခုနစ်ကျမ်းမှ စကွယ်မည်။ အဘိဓမ္မာခုနစ်ကျမ်းတွင်လည်း ပဋ္ဌာန်းကျမ်းမှ စကွယ်မည်ဖြစ်သောကြောင့် ပရိယတ္တိ သာသနာတော်၌ ပဋ္ဌာန်းကျမ်းသည် အစဦးဆုံး ကွယ်ပျောက်ရမည့်ကျမ်းမြတ်ဖြစ်နေပေသည်။ ထို့ကြောင့် ပဋ္ဌာန်းဒေသနာ မကွယ်ပျောက်ရလေအောင် စောင့်ရှောက်ထိန်းသိမ်းသောအားဖြင့် ပဋ္ဌာန်းပွဲများကျင်းပ ရခြင်းကိုပင် ပဋ္ဌာန်းသာသနာ ထွန်းကားအောင်ပြုခြင်းဟုဆိုလိုရင်းဖြစ်ပေသည်။
ဘုန်းကြီးအိပ်ပွဲ
ပဋ္ဌာန်းပွဲကို ပုံမှန်အားဖြင့် (၇)ရက်တိတိကျင်းပကြသည်ကများလေသည်။ ပြည့်စုံသည့်မြို့ရွာများ၌ (၉)ရက်အထိကျင်းပသည်လည်းရှိပြီး မပြည့်စုံသော မြို့ရွာများ၌ (၃)ရက်(၅)ရက် ကျင်းပသည်လည်း ရှိပေသည်။ အလှည့်ကျ သံဃာတော်များမှာ နေ့တစ်ချိန် ညတစ်ချိန် ရွတ်ဖတ်ရလေရာ ညအချိန်မတော် အလှည့်ကျသောသံဃာတော်များသည် နေ့ဘက်၌ အတိုးချ၍ အိပ်စက်ကြလေသည်။ အခြားသံဃာများ လည်း ရေနွေးသောက်သူကသောက်၊ အလှည့်စောင့်ရင်း စာဖတ်ရင်း အိပ်ပျော်သူကပျော်နှင့် သံဃာအများစုမှာ အိပ်နေကြသည်သာဖြစ်သောကြောင့် ဘုန်းကြီးအိပ်ပွဲဟု ခေါ်ကြခြင်းဖြစ်လေသည်။
ပဋ္ဌာန်းရေစက်
ပဋ္ဌာန်းပွဲကျင်းပသည့်ရွာများ၌ ဒကာ/မများသည် သံဃာများ အားလပ်သည့် ညနေချမ်းတွင် ကိုယ်စီကိုယ်ငှ အိမ်သို့ပင့်၍ ညချင်းသုပ်နှင့် အအေး အဖျော် စတုမဓူ စသည်ကပ်တတ်ကြပေသည်။ မြို့မှ ကြွလာသော ရဟန်းတော်များနှင့် ရွာသူရွာသားများ သိကျွမ်းရာမှ ရင်းနှီးလာတတ်ကြပေသည်။ ပဋ္ဌာန်းရေစက်ကြောင့် တွေ့ဆုံကြရခြင်းဖြစ်သည်ဟု ပြောစမှတ်ပြုကြ၏။
ပဋ္ဌာန်းချစ်သူ
ပဋ္ဌာန်းရေစက်သည် ထိုမျှဖြင့် မပြီးသေပေ၊ ပဋ္ဌာန်းပွဲကာလအတွင်း တွေ့ဆုံရင်းနှီးရာမှ ဗြုန်းစားကြီး ခွဲခွါကြရပြန်ရာ ကျန်ရစ်သူများမှာ နေမထိထိုင်မသာ လွမ်းနာကျနေခဲ့လေသည်။ ထို့ကြောင့် မြို့သို့ လိုက်၍သော်လည်းကောင်း၊ မြို့သို့ ဈေးဝယ်ထွက်ရင်း၊ အလုပ်လုပ်ရင်းဖြင့်သော်လည်းကောင်း ပဋ္ဌာန်းကိုယ်တော်ထံသို့ သွားရောက်လည်ပတ်ကြလေတော့သည်။ တစ်ခေါက်နှစ်ခေါက်မှစ၍ ချောင်းပေါက် လောက်အောင် ဝင်ထွက်ရာမှ သံယောဇဉ်ဖြစ်ကြ၊ အကြင်နာပိုကြ၊ မေတ္တာရှိကြလေတော့သည်။ ပဋ္ဌာန်းချစ်သူဟု ဆိုနိုင်၏။
ပဋ္ဌာန်းဖူးစာ
နဖူးစာရွာလည်ဟူသော စကားလိုပင် ပဋ္ဌာန်းရေစက်ကြောင့် ရွာသူနှင့်တွေ့ရပြီး၊ ပဋ္ဌာန်းသံယောဇဉ်ကြောင့် ရွာသူနှင့်ငြိကြလေသည်။ ပဋ္ဌာန်းပွဲကိုအကြောင်းပြု၍ လူပျံတော်များနှင့် အကြောင်းပါသောရွာသူများမှာ ကျောင်းကြီးဖျက်မ ဂုဏ်ပုဒ်အပြင် ပဋ္ဌာန်းသာသနာဖျက် ဂုဏ်ပုဒ်ပါ ထပ်မံပေးအပ်ခံရလေတော့သည်။ ပဋ္ဌာန်းရွတ်သံဃာတော်များမှာ တစ်ရက်မှ နှစ်ကြိမ်သာ အလှည့်ကျသဖြင့် ကျန်သည့် အချိန်များ၌ ရွာထဲရောက်နေသည်က များပေသည်။ အိမ်လည်မည်၊ မိတ်ဖွဲ့မည်၊ အချိန်ဖြုန်းမည်၊ TV ကြည့်မည်၊ ဗွီဒီယိုကြည့်မည်၊ ဘောလုံးပွဲကြည့်မည်။ အဖော်ကောင်းလျှင် ဘောလုံးကန်မည်၊ ခြင်းခတ်မည်၊ ထန်းရည်ချိုမှစ၍ တစ်စတစ်စသောက်စားလာသည်အထိ ပျက်စီးလာကြသည်ကို တွေ့ရပေသည်။ ရွာမလည် အိမ်မကြွသော ထေရ်ကြီးဝါကြီးများမှာလည်း လ္ဘက်ရည်ကြမ်းဝိုင်းတွင် လေဝိုင်းဖွဲ့၍ အချိန်ကုန်စေရလေသည်။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
ရွာသူရွာသားများကလည်း ကုသိုလ်ကို သူ့ထက်ငါဦးသူစနစ်ဖြင့် အပြိုင်ပြုကြရာ အိမ်ကြွလာသည့် သံဃာများကို ညချင်းသုပ်ကပ်ရာမှာပင် ပုံမှန်အပ်စပ်အောင် ကပ်လှူခြင်းမျိုးမဟုတ်တော့ပေ။ ဆယ့်နှစ်မျိုးချင်းသုပ်ကဲ့သို့ ဖွယ်ဖွယ်ရာရာပြင်ဆင်ကာ ကောင်းသည်ထက် ကောင်းအောင်ပြင်ဆင်ကပ်လှူ ကြလေသည်။ ပဋ္ဌာန်းရွတ်သံဃာတော်အများစုမှာ စာသင်သားများဖြစ်သဖြင့် ကြုံတုန်းကြိုက်တုန်း ဝိနည်းမဓိုရ်အားကြပေ၊ အားရပါးရဘုဉ်းပေးကြလေ၏။ တစ်ချို့ရွာများမှာ မြို့တက်ပြီး ပံ့သုကူသား ဝယ်ရမည့်အစား ရွာမှာပင် သားငါးပေါ်ကာ ကပ်လှူကြလေသည်။ ပဋ္ဌာန်းပွဲလည်းပြီးရော ရွာမှာရှိသည့် ကြက်များ ဝက်များလည်း ကုန်ရော ဆိုစမှတ်ပြုကြသည်လည်း ရှိပေသည်။ ကုသိုလ်ရမရတော့မသိဘူး၊ ရွာထဲက ကြက်တွေ ဝက်တွေတော့ ကုန်ပြီဟု ဆိုကြလေသည်။ တစ်ရက်(၂၄)နာရီရှိသည့်အနက် ညနေ ၆း၀၀ မှ ၁၀း၀၀ အထိ ပဋ္ဌာန်းနာပရိသတ် အဝင်အထွက်ရှိလေသည်။ နေ့ခင်းမှာ နာသူမရှိ၊ ညဉ့်နက်ချိန်များမှာ နာယူမရှိချေ။ မနက်ပိုင်းသည်ပင် တစ်ယောက်စနှစ်ယောက်စသာရှိလေ၏။ ညနေပိုင်း ညဦးပိုင်းနာသူများမှာလည်း ထုံးစံအရသာ နာယူကြလေသည်။ ခဏလာထိုင်ပြီး ငါးဆယ်မိနစ်ပင်မကြာ ဝပ်ချပြန်သွားကြလေ၏။ ပဋ္ဌာန်းတရားတော်၏ အနက်အဓိပ္ပါယ်ကို မသိကြ၍ စိတ်မဝင်စားကြခြင်းလည်း ဖြစ်ပေမည်။ အပျော်တန်း တရားနာလာကြသည်ဟုပင် ထင်မှတ်စရာရှိလေ၏။
ပဋ္ဌာန်းယဉ်ကျေးမှုကိုငြီးငွေ့ပြီ
ဂလိုဘယ်ခေတ်၌ နိုင်ငံခြားသာသနာပြုသူများ နိုင်ငံတကာအမြင်ရှိကြသူများသည် ပဋ္ဌာန်းပွဲယဉ်ကျေးမှု ကြီးကို ငြီးငွေ့လာကြသည်ကို တွေ့ရပေသည်။ အိန္ဒိယသာသနာပြုဆရာတော်တစ်ပါးက ဓမ္မာစရိယတန်း စာသင်သားသံဃာများကို သြဝါဒပေးရာ၌ ထန်းပင်အမြင့်ကြီးတွေပေါ် ဟွန်းကြီးတင်၊ မိုက်ကြီးတွေတပ်ပြီး ကုန်းအော်နေပေမယ့် ဗုဒ္ဓသာသနာတော် ကမ္ဘာပျံ့မည်မဟုတ်ကြောင်း၊ နိုင်ငံတကာသုံး ဘာသာစကား များကို ကျွမ်းကျင်အဆင့်ရောက်အောင် လေ့လာပြီး ဗုဒ္ဓတရားတော်များကို ဘာသာပြန်ကာ အင်တာနက် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဖြန့်လျှင် ကမ္ဘာအနှံ့ ပျံ့နိုင်ကြောင်း သြဝါဒပေးဖူးလေသည်။ ဆရာတော်ကြီးများ ကလည်း သံဃာများကို ပဋ္ဌာန်းပွဲအထိ လိုက်၍ မအုပ်ချုပ်နိုင်သဖြင့် စာသင်သားများသည် ရွာသူများနှင့်ငြိကုန်သည်က များလေသည်။ ကျားမွေးရင်း သမင်စားရင်း ဖြစ်သတည်း။ ထို့ကြောင့် သခင်စာ ဖြစ်သွားသော ကျားပိုင်ရှင်ဆရာတော်ကြီးများကလည်း ပဋ္ဌာန်းယဉ်ကျေးမှုကို စွန့်လွှတ်ချင်ကြလေပြီ။
ပဋ္ဌာန်းရွာကြီး
ကျနုပ်သည် နှစ်စဉ် ပဋ္ဌာန်းပွဲများ အကြီးအကျယ်ကျင်းပသည့် ရွာကြီးတစ်ရွာကို တွေ့ဖူးလေ၏။ အိမ်ခြေတစ်ထောင်ကျော်ရှိသော ရွာကြီးဖြစ်၏။ ပဋ္ဌာန်းပွဲကို တစ်နှစ်တစ်မျိုး မရိုးအောင် ခေတ်စနစ်နှင့်အညီ ကျင်းပလေသည်။ ဗွီဒီယိုရိုက်ခြင်း၊ ဇာတ်ပွဲအငြိမ့်ပွဲများ၊ တီးဝိုင်းများဖြင့် ပဋ္ဌာန်းအောင်ပွဲကျင်းပပေးခြင်း စသည်တို့ဖြင့် ပဋ္ဌာန်းအောင်လံ လွှင့်ထူနေသောရွာကြီးဖြစ်၏။ ထိုရွာကြီးသည် ထိုသို့ ပဋ္ဌာန်းပွဲများကို ခြိမ့်ခြိမ့်သဲကျင်းပကာ သာသနာပြုနေသော်လည်း ရွာစည်းရိုးကို လုံအောင်မကာနိုင်ခဲ့ချေ။ တစ်နှစ်တစ်ခြား ဗမာအိမ်များနည်းပါးလာပြီး ကုလားအိမ်များတိုးပွားလာလေသည်။ မူဆလင်တွေ ကြီးစိုးလာပြီး ဗလီကြီးများ ဟီးထလာလေ၏။ ဝမ်းနည်းစရာကောင်းသည်မှာ မူဆလင်များသည် လူများကို ဝါးမျိုရုံတင်မဟုတ်တော့ဘဲ သံဃာများကို ပစ်မှတ်ထားကာ ဖျက်ဆီးလာခြင်းဖြစ်ပေသည်။ ရဟန်းပျိုတစ်ပါးသည် ကျောင်းထိုင်ဖြစ်ပြီး မကြာခင် ကျောင်းသာသနာကို ရောင်ဝါလင်းအောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။ ကျောင်းအဝင်ဝ လမ်းတစ်လျှောက်တွင် မူဆလင်များကြီးစိုးနေ၍ ကျောင်းအဝင်းမုခ်ကို ထင်ရှားပေါ်လွင်အောင် ခမ်းနားစွာပြုလုပ်လိုက်လေသည်။ ကျောင်းမုခ်ဦးက ကုလားအိမ်သို့ အရိပ်မိုးသည်ဟုဆိုကာ ကုလားများနှင့် အမှုအခင်းဖြစ်လေသည်။ ဥပဒေအရ ကုလားများက မနိုင်သောအခါ အကောက်ကြံကြလေသည်။ ရွာရှိ တစ်ခုလတ် အမျိုးသမီးနှင့် သမီးပျိုကို ငွေပေးစည်းရုံးကာ ရဟန်းပျုကို ဖျက်ဆီးခိုင်းလေသည်။ အမေနှင့်မရလျှင် သမီးနှင့်သိမ်းသွင်းမည်ဟုဆိုကာ သားအမိနှစ်ယောက် လုပ်ငန်းစလေသည်။ တောကျွမ်းသော ကျားပင်ဖြစ်သော်လည်း မုဆိုးမဉာဏ်ကို မမှီ၍ ထောင်ချောက်မိရသည့်ပမာပင် မာယာကျော့ကွင်းမှာ သက်ဆင်းမိခဲ့ပေသည်။ ငြိစွန်းသည်နှင့်တစ်ပြိုင်နက် တစ်ခုလတ်မရော ကုလားကပါ တရားစွဲလေသည်။ ရဟန်းပျိုမှာ လူမသိခင် ဝန်ခံပြီး လူဝတ်လဲသွားရလေသည်။ ကျနုပ်တို့ ရဟန်းတော်များ သည် ရှေ့သို့တက်ပြီး ထိုးစစ်ဆင်ဖို့လောက်သာ သိနေပြီး နောက်တန်းလုံခြုံဖို့ ခံတပ်တည်ဆောက်ဖို့ကို သတိမမူမိတတ်ကြပေ။ သံဝေဂရဖွယ်ကောင်းလေစွ။ နှစ်စဉ်သံဃာတော်များဖြင့် စည်ကားလှစွာသော ပဋ္ဌာန်းသာသနာပြုရွာကြီးတွင် ကုလားလုပ်ကြံခံရ၍ ကျောင်းထိုင်ဆရာတော်တစ်ပါး သာသနာတော်မှ ဆုံးရှုံးခဲ့ရသည်မှာ ရှက်တတ်လျှင် အသက်ပင်ထွက်နိုင်ပေသေးသည်။
စီးပွားရေးပဋ္ဌာန်း
ရှေးဆရာတော်ကြီးများက ပဋ္ဌာန်းပွဲကို သာသနာအတွက် အမှန်တကယ်လိုအပ်၍ ရည်ရွယ်ချက် ကောင်းကောင်းဖြင့် ကျင်းပခဲ့ကြသော်လည်း ယ္ခုအခါ၌မူ ပဋ္ဌာန်းပွဲကို စီးပွားဖြစ်လုပ်ကိုင်နေကြသည်လည်း ရှိပေသည်။ ပဋ္ဌာန်းပွဲကျင်းပမည်၊ အလှူခံဌာနဖွင့်မည်၊ အလှူခံမည်၊ တွက်ခြေကိုက်အောင်လုပ်မည် စသည်ဖြင့် ကျင်းပသူကလည်း ကိုယ်ကျိုးအတွက်၊ ရွတ်ဖတ်သူကလည်း စည်းကျမ်းပျက်နှင့် ဒကာ/မများမှာ ကြားက ဘာမျှမသိရှာပဲ ပါရမီဖြစ်လောက်သော ကုသိုလ်တရားများ နစ်နာခဲ့ရပေသည်။
ပဋ္ဌာန်းအဓိပ္ပါယ် နားမလည်
ပဋ္ဌာန်းပါဠိတော်များကို ရွတ်ဖတ်ပွဲတွင် ရွတ်ဖတ်သူအများစုပင် ပဋ္ဌာန်းအဓိပ္ပါယ်ကို နားမလည်ကြပေ။ နာသူများမှာ ပို၍ပင်ဝေးပေသည်။ ဤသို့ အများနားမလည်သော ပဋ္ဌာန်းကို ဘာကြောင့် ရက်ရှည်ပွဲကြီး အဖြစ် ကျင်းပကြသနည်း။ ဤမေးခွန်းအတွက် ပဋ္ဌာန်းပွဲကျင်းပသည့်ဆရာတော်များက လင်းနို့သား ငါးရာကို ကိုးကြလေသည်။ လင်းနို့ငှက်ငါးရာသည် ပဋ္ဌာန်းအဓိပ္ပါယ်လည်းမသိကြ၊ အဘိဓမ္မာဆိုသည် ကိုလည်း မသိကြ၊ သို့သော် သူတို့သည် ဓမ္မ-တရား ဆိုသည်ကိုတော့ သိကြပေသည်။ ပဋ္ဌာန်းဟူသော ဝေါဟာရကိုပင် မသိကြသော အဟိတ်တိရစ္ဆာန်များအတွက်ပင် မဂ်၊ ဖိုလ် အကျိုးကျေးဇူးဖြစ်ထွန်းနိုင်လျှင် လူသားများအတွက်ကား ဧကန်ဧကသည်ထက်ပို၍ အကျိုးပေးလိမ့်မည်ဟု ယုံကြည်ကြခြင်း ဖြစ်လေသည်။ ဤနေရာ၌ ဟောသူနှင့် နာသူ နှစ်ဦးနှစ်ဖက်ကိုလည်း သုံးသပ်ဖို့လိုပေသည်။ ညစဉ်ရွတ်ဖတ်သရဇ္ဈာယ် သောမထေရ်နှစ်ပါးမှာ ရဟန္တာများဖြစ်ကြသည်။ ရဟန္တာသီလ သမာဓိ ပညာ သိက္ခာတရားများကြောင့် လင်းနို့ငှက်များက ကြည်ညိုစိတ်များဖြစ်ပေါ်နေကြသည်။ တောကြီး တောင်ကြီးထဲ၌ မည်သည့်တိရစ္ဆာန်မျှ တရားသံမကြားရ၊ မထေရ်နှစ်ပါးထဲမှ တရားသံကြားရသောအခါ ထူးဆန်းနေသည်။ မထေရ်နှစ်ပါး၏ ကြည်ညိုဖွယ်ရာ အသွင်အပြင်များကြောင့် တရားဆိုသည့် အသိ ဝင်လာကြသည်။ ရေငတ်သူသည် ရေကို တစ်ရှိုက်မက်မက်သောက်သကဲ့သို့ တရားငတ်နေသော လင်းနို့ငှက်တို့သည် တညီတညွတ်တည်း ဧကဂ္ဂတာ(သမာဓိ)ကျလောက်အောင် လေးနက်တည်ကြည်စွာ စိတ်ဝင်တစား နားထောင်ကြသည်။ အချိန်ကလည်း ညအခါ။ နေရာဒေသကလည်း တောကြီးမျက်မည်းဖြစ်၍ တိတ်ဆိတ်ငြိမ်သက်ချိန်မှာ တရားသံကြားရခြင်းသည် လင်းနို့ငှက်များအတွက် ဓမ္မပီတိအဖြစ် နှစ်သိမ့်ကြည်နူးမှုများ တဖွားဖွား ပေါ်ပေါက်နိုင်လောက်သော အခြေအနေမှာ ရှိခဲ့ပေသည်။ ထို့ကြောင့် လင်းနို့ငှက်များ၏ ကုသိုလ်တရားသည် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရင့်သန်လာစေရန် လုံလောက်သော ပါရမီမျိုးစေ့ ဖြစ်ခဲ့ပေသည်။
ယနေ့ ရွှေမြန်မာတို့သည် ပဋ္ဌာန်းတန်ခိုးကြီးမှန်း၊ ပဋ္ဌာန်းအကျိုးကြီးမှန်း ဟောကြ သိကြပေသည်။ ထိုသို့ တန်ခိုးကြီး အကျိုးကြီးသောကြောင့်လည်း အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကျင်းပကာ ဆရာတော် သံဃာတော်များက ဒကာ/မတို့အား ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်ကြခြင်း ဖြစ်ပေသည်။ သို့သော် ဒကာ/မများက ပဋ္ဌာန်းနာယူသည့်အခါ လင်းနို့ငှက်များကဲ့သို့ တရားအာရုံတစ်ခုတည်းမှာ လေးနက်သက်ဝင်လျက် စူးစိုက်တည်ကြည်စွာ နာယူကြပါသလော၊ ဤသို့လည်း စောကြောစရာရှိပေသည်။ မိုးကုတ်ယောဂီများလို တရားမှတ်ရင်း တရားနာ၊ တရားနာရင်း တရားမှတ်ပုံစံဖြင့် အလေးအနက် ယုံကြည် သက်ဝင်လျက် မြတ်မြတ်နိုးနိုး နာယူကြပါလော။ဤသို့ စောကြောလျှင် အများစုက ခေါင်းခါကြမည် ဖြစ်ပေသည်။ ဤသို့ဆိုလျှင် ပဋ္ဌာန်းတရားနာရသော ဉာဏဝိပ္ပယုတ်ကုသိုလ်သည် လင်းနိုသားတို့ကဲ့သို့ အကျိုးပေးရန် မလွယ်ပေ။ ထို့ကြောင့် ဒကာ/မများ ပဋ္ဌာန်းတရားနာတတ်အောင် သွန်သင်ဆုံးမနည်းလမ်းပြ ဖို့လည်း လိုပေလိမ့်မည်။
ပဋ္ဌာန်းတန်ခိုး
ပဋ္ဌာန်းဒေသနာ၏ ဂုဏ်ရည်များတွင် အနန္တနယဟူသော ဂုဏ်ပုဒ်လည်း ပါဝင်ပေသည်။ အနန္တနယဆိုသည်မှာ အနန္တ အဆုံးမရှိသော၊ နယ နည်းလမ်း၊ အနန္တနယ အဆုံးမရှိသော နည်းဗျူဟာများ ဖြင့်ဟောကြားထားသော ဒေသနာဟု အဓိပ္ပါယ်ရလေသည်။ လူသားများက လူနှင့်တန်သလောက် သိပြီး၊ နတ်ဗြဟ္မာများက နတ်ဗြဟ္မာများနှင့်တန်သလောက်သိပေသည်။ လူ နတ် ဗြဟ္မာ တို့တွင်လည်း အတိမ်ကို သိသူအတွက် နည်းတိမ်၊ အနက်ကို သိသူအတွက် နည်းနက်၊ အထူကိုသိသူအတွက် နည်းထူ၊ အပါးကိုသိသူအတွက် နည်းပါး၊ အကျဉ်းကိုသိသူအတွက် နည်းကျဉ်း၊ အကျယ်ကိုသိသူအတွက် နည်းကျယ်၊ အလယ်အလတ်ကို သိသူအတွက် နည်းလတ် စသည်ဖြင့် ဝေနေယျတို့၏ ဉာဏ်နှင့်ထိုက်တန် စွာ သိနိုင်အောင် နယသင်္ခေပ၊ နယဝိတ္ထာရစသည်ဖြင့် နည်းလမ်းပေါင်းစုံလင်စွာ ဟောကြားထားသော၊ ထိုနည်းလမ်းများကို သင်္ချာတပ်၍ ဤရွေ့ဤမျှရှိသည်ဟု ရေတွက်၍ မဆုံးနိုင်သော နည်းလမ်းများဖြင့် ပြည့်စုံသော ပဋ္ဌာန်းဒေသနာတော်ဖြစ်ပေသည်။ ပဋ္ဌာန်းဒေသနာတော်က အနန္တနယဂုဏ်ကိုပိုင်ဆိုင်သည့် အားလျော်စွာပဋ္ဌာန်းအကျိုးကလည်း အနန္တပင် ရှိပေသည်။ ပရိယတ္တိတွင် တန်ခိုးအကြီးဆုံးသော ဒေသနာတော်ဖြစ်လေ၏။ အန္တရာယ်ကင်းသည်၊ လာဘ်ကောင်းသည်၊ လူနတ်ချစ်ခင်သည်၊ လိုရာဆန္ဒပြည့်ဝသည် စသည်ဖြင့် ယုံကြည်မှုအမျိုးမျိုးဖြင့် ပဋ္ဌာန်းကို ကိုးကွယ်ကြလေသည်။ ဗုဒ္ဓဘာသာဝင် တိုင်းလိုလိုပင် အနည်းဆုံး(၂၄)ပစ္စည်းကိုတော့ အလွတ်ရာက၊ ရွတ်ကြ၊ ပူဇော်ကြလေသည်။ ထို့ထက်အလွန် ဆောင်လိုသူများက ပစ္စယနိဒ္ဒေသ(၂၄ပစ္စည်းအကျယ်)ပါဠိကို အာဂုံဆောင်ပူဇော်ကြ လေသည်။ အသက်ထက်ဆုံး ပဋ္ဌာန်းပါဠိတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့သော ဆရာတော်ကြီး များလည်း များစွာရှိပေသည်။ ကျနုပ်သည် ရဟန်းသိက္ခာ(၁)ဝါရမှစ၍ ယနေ့ထက်တိုင် ညတိုင်း ပစ္စယနိဒ္ဒေသပါဠိဖြင့် အမြဲမပြတ် ပူဇော်ခဲ့ပေသည်။ အခက်အခဲများတွေ့ကြုံသည့်အခါ ပဋ္ဌာန်းကို အာရုံပြု၍ သစ္စာဆိုရာ၌ အောင်မြင်မှုများစွာ ရခဲ့လေသည်။ ထို့ကြောင့် သင်သည်ပဋ္ဌာန်းတန်ခိုး ပဋ္ဌာန်းအကျိုးကို သိလိုခံစားလိုလျှင် ၂၄ ပစ္စည်းကို ခုနစ်ရက်တိတိ နေ့ရောညပါ၊ သတိရတိုင်း စိတ်ထဲမှာ ရွတ်ပွားကြည့်ပါ။ ပဋ္ဌာန်းရွတ်သည့်ခုနစ်ရက်သည် ပဋ္ဌာန်းမရွတ်သည့် သင့်တစ်သက်ထက် ထူးခြားမှုရှိသည်ကို တွေ့ရပေ လိမ့်မည်။
ပဋ္ဌာန်းတန်ခိုး စာတန်ခိုး
ကျောက်ဆည်မြို့၌ စာသင်တိုက်လေး နှစ်တိုက်ရှိပေသည်။ ရွှေပေါက်ပင်နှင့် မယ်ဇယ်ပင် စာသင်တိုက်များဖြစ်၏။ နှစ်တိုက်လုံး၏ ကျောင်းထိုင်တိုက်အုပ်ဆရာတော်များမှာ ဓမ္မာစရိယဘွဲ့ရ ဆရာတူတပည့်ငယ်သူငယ်ချင်းများဖြစ်ကြလေသည်။ မင်းကုန်းတိုက်မကြီးမှ ခွဲထွက်သည့် တိုက်ခွဲများ ဖြစ်ပြီး သံဃာအရေအတွက်လည်း တူညီကြလေသည်။ မယ်ဇယ်ပင်တိုက် ခန်းနေ လက်ထောက် ဆရာတော်က သံဃာအားလုံး မနက် ၅း၀၀ နာရီမှာ ဘုရားဝတ်တက်အပြီး ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိ တော်ဖြင့် အလွတ်ပြန်ဆိုရွတ်ပွားပူဇော်စေလေသည်။ ရွှေပေါက်ပင်ဆရာတော်က ပညာရေးကို အဓိကထားကာ မနက် ၅း၀၀ နာရီတွင် သံဃာအားလုံး စာကျက်ခိုင်းပြီး စာအံကျောင်းကိုယ်တိုင် စောင့်လေသည်။ မနက် ဝတ်တက်ပြီး ပဋ္ဌာန်းပူဇော်သည့် မယ်ဇယ်ပင်ကျောင်းတိုက်က (၂)နှစ်အတွင်း တိုက်တာအဆောက်အအုံများဖြင့် တစ်ဟုန်ထိုး တိုးတက်သွားပြီး၊ မနက်တိုင်း စာအံစာကျက်သော ရွှေပေါက်ပင်ကျောင်းက မထင်မရှားဖြင့် မစည်မကား တိမ်ကျန်ခဲ့လေသည်။ ထိုအခါ ရွှေပေါက်ပင်ဆရာတော်က မယ်ဇယ်ပင်ဆရာတော်ထံမှ နည်းယူကာ ပဋ္ဌာန်းဝတ်တက်ပူဇော်ရာမှ တစ်နှစ် အတွင်း သိသိသာသာ တိုးတက်လာရာ ယ္ခုထိပင် ဖြစ်လေသည်။ ပဋ္ဌာန်းတန်ခိုးနှင့် စာတန်ခိုး ကွာခြားပုံမှာ ဤသို့ပင်သိသာထင်ရှားလေသည်။
ယ္ခုအခါ ရွှေပေါက်ပင်ဆရာတော်သည် ပဋ္ဌာန်းကို အကြီးအကျယ်ကြည်ညိုပြီး အမြဲတန်း အလွတ်ရွတ်ပူဇော်သလို ပဋ္ဌာန်းကျမ်း(၅)အုပ်ကို ညတိုင်းကြည့်၍ ရွတ်ဖတ်ပူဇော်(၂)နှစ်ကျော်အတွင်း (၅)ခေါက်တိတိ ပေါက်ခဲ့ဖူးလေသည်။ ထိုသို့ ညတိုင်း စာအုပ်ကြည့် ရွတ်ဖတ်ပူဇော်သော အလေ့အကျင့်ကို ကျနုပ်တို့ ဆရာ မင်းကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ရရှိခဲ့သည်ဟု ဆိုလေသည်။ မင်းကုန်းဆရာတော်ကြီးသည် ညစဉ်သိမ်ကျောင်းပေါ်တွင် ည ၉း၀၀ မှ ၁၀း၀၀ ထိ ပဋ္ဌာန်းရွတ်ဖတ်ပူဇော် တော်မူလေသည်။ နေရာမှန် အချိန်မှန် ပုံမှန်ရွတ်ဖတ်ပူဇော်ခြင်းဖြစ်၏။
ပဋ္ဌာန်းယုံကြည်ချက်
ရွှေပေါက်ပင်ဆရာတော်သည်လည်း ပဋ္ဌာန်းပွဲကျင်းပဖို့ အစီအစဉ်ရှိသည်ဟု ကြားရ၍ တွေ့ဆုံမေးလျှောက် ခဲ့လေသည်။ ၎င်းက နတ်ဒေဝါတို့လည်း နာစေချင်လို့၊ သာသနာကို နတ်ဒေဝါများက စောင့်ရှောက်စေချင်လို့၊ စာသင်သားသံဃာတွေ ပစ္စည်းလေးပါး မပင်ပန်း မညှိုးနွမ်းဘဲ ပရိယတ္တိတာဝန် ထမ်းဆောင်စေချင်လို့ ပဋ္ဌာန်းပွဲကျင်းပဖို့ စိတ်ကူးမိခြင်းဖြစ်တယ်ဟု ဖြေလေသည်။ ဆက်လက်ပြီး ၎င်းကျင်းပမည့် ပဋ္ဌာန်းပွဲအစီစဉ်များကို ပြောလေသည်။ ပဋ္ဌာနဘာဏက ပဋ္ဌာန်းဆောင် ပဋ္ဌာန်းရွတ် သံဃာတွေဟာ အနည်းဆုံးအဆင့် အကြီးတန်းအထိရောက်ရမည်။ ပါဠိပါဌ်သား မှန်ကန်အောင် ရွတ်တတ်ပြီး၊ အနက်အဓိပ္ပါယ်နားလည်ရမည်။ အစဉ်အတိုင်း ရွတ်ဖတ်ရမည်။ ရွတ်မကောင်းသည့် နေရာမျိုးကို ကျော်ပစ်ထားခဲ့တာမျိုး မလုပ်ရ။ ကိုရင်လေးတွေ အပျော်တန်း ဝင်ပြီး ရွတ်ဖတ်တာမျိုးလည်း မရှိစေရ။ ပဋ္ဌာန်းပွဲကာလအတွင်း သီလဝိသုဒ္ဓိဖြစ်အောင် ကြည်ညိုဖွယ်ရာအသွင်သဏ္ဌာန်နှင့် ပြည့်စုံအောင် နေထိုင်ရမည်။ TV ကြည့်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း စသည်ကို ရှောင်ရမည်။ ညစဉ် အာဟာရဖြစ်မည့် စတုမဓူ၊ ပျားရည်၊ အအေး၊ သံပုရာရည် စသည်တို့ စီမံပေးထားမည်။ စာမေးပွဲပြီး၍ သံဃာများ အားလပ်ချိန်မှာ ကျင်းပမည်၊ စာဝါနှင့် စာမေးပွဲကို မထိခိုက်စေရ။ အလှူခံဌာနလည်း မဖွင့်ဘဲ မနက်၊ နေ့ည တစ်နေ့တာ ဆွမ်းခဲဖွယ်ဘောဇဉ် အဖျော်အအေး စသည်တို့ကို တာဝန်ခံနိုင်မှသာ ကျင်းပမည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲလောက်သာ ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်များကိုပင့်မည်ဖြစ်ပြီး၊ ပဋ္ဌာန်းဆောင် သံဃာတွေ ကိုတော့ တပည့်များကို အမာခံထားပြီး၊ ကုသိုလ်ဖြစ် ရွတ်ပွားလိုသူများကိုလည်း လက်ခံမည်ဟု ဆိုလေသည်။
ဤသို့သော စိတ်ကူး ဤသို့သော အစီအစဉ်များဖြင့် စနစ်တကျ ကျင်းပသော ပဋ္ဌာန်းပွဲသည် ဗုဒ္ဓအလိုတော်ကျ ဖြစ်လိမ့်မည်။ ကုသိုလ်အပြည့်အဝရလိမ့်မည်။ အောင်မြင်မှုလည်း ရှိလိမ့်မည်။ လောကီအကျိုး အမျိုးမျိုးကိုလည်း ပေးစွမ်းနိုင်လိမ့်မည်ဟု ကျနုပ်ယုံကြည်လေသည်။
ပဋ္ဌာန်းကျေးရွာ
ရွှေပေါက်ပင်ဆရာတော် ပဋ္ဌာန်းအစီအစဉ်မှာ မြို့ရှိ စာသင်တိုက်များမှာ ဖြစ်နိုင်သော်လည်း ကျေးရွာများ၌ မဖြစ်နိုင်ပေ။ သံဃာရှာရသည်၊ ဒကာရှာရသည်၊ သံဃာပျော်အောင်မွေးရသည်၊ ဒကာ သဒ္ဓါအောင် စည်းရုံးရသည်ဖြစ်ရာ အကျဉ်းရုံး၍ မဖြစ်နိုင်တော့ပေ။ ဝေယျာဝစ္စဒကာများက ပံ့သုကူသားကို ဝယ်ချက်နိုင်လျှင်၊ သံဃာတော်များက ပဋ္ဌာန်းချည်းသက်သက်မဟုတ်ဘဲ သင်တန်းတစ်ခုခုနှင့် တွဲဘက်ပြီး ကျင်းပလျှင်ပို၍ အသိဉာဏ်ပွင့်မည်ဖြစ်သည်။ ဥပမာ မနက်တန်သည် ညနေတန်သည် ရွာရှိ လူငယ် လူရွယ်များ ဝတ်အသင်းများ၊ လူကြီးသူမများကို ပဋ္ဌာန်းပစ္စယနိဒ္ဒေသ သင်တန်းဖြစ်စေ၊ အဘိဓမ္မာသင်တန်း၊ ဝိပဿနာသင်တန်း၊ လူငယ်ယဉ်ကျေးမှုသင်တန်းဖြစ်စေ ပို့ချပေးလျှင် ကုသိုလ်လည်းရ၊ အသိဉာဏ်လည်း တိုးပြီး၊ ဉာဏသမ္ပယုတ် ကုသိုလ်မျိုးကို ဆည်းပူးနိုင်ကြလိမ့်မည်ဟု ယုံကြည်ရပေသည်။
ခေတ်အမြင်ရှိသော ဆရာတော်များမှာ ပဋ္ဌာန်းယဉ်ကျေးမှု ပဋ္ဌာန်းသာသနာကို ပစ်ပယ်လိုကြဟန်ရှိ လေသည်။ ပဋ္ဌာန်းပွဲကျင်းပသောရွာများသည်လည်း အပျော်တမ်းကျင်းပနေခြင်းမဟုတ်ဘဲ ယုံကြည်ချက် အပြည့်ဖြင့် ကျင်းပနေခြင်းဖြစ်ပေသည်။ ကျနုပ်တို့ ကျောက်ဆည်မြို့နယ်ရှိ အရှေ့ငယ်တိုးကျေးရွာကြီးတွင် နှစ်စဉ်နှစ်တိုင်း ပဋ္ဌာန်းပွဲကျင်းပလေသည်။ ရွာစီးပွားရေးမကောင်း၍ တစ်နှစ်တွင် ပဋ္ဌာန်းပွဲ နားလိုက်ရာ မိုးခေါင်ကပ်ဆိုက်ကာ သီးနှံလုံးဝမဖြစ်ထွန်းတော့ဟု ဆိုလေသည်။ နောက်နှစ်တွင် ပြန်လည်ကျင်းပပါမှ မိုးလေဝသမှန်ပြီး သီးနှံဖွံ့ဖြိုးသည်ဟု အဆိုရှိလေသည်။ ကျနုပ်တို့သည် မျက်စိတစ်ဆုံးကိုသာ ကြည့်တတ်ပြီး မြင်တတ်ကြလေသည်။ ဉာဏ်တစ်ဆုံးသို့တိုင်အောင် မကြည့်တတ် မမြင်တတ်ကြချေ။ ပဋ္ဌာန်းကို လူနားမလည်သော်လည်း နတ် နားလည်ပေသည်။ နတ်ဗြဟ္မာတွေလည်း ပဋ္ဌာန်းနာယူနိုင်ကြ လေသည်။ ပဋ္ဌာန်းပွဲကျင်းပသည့်ရွာများကိုလည်း နတ်ဒေဝါများက စောင့်ရှောက်တတ်လေသည်။ ထို့ကြောင့် ပဋ္ဌာန်းသာသနာကို ပစ်ပယ်လို့ မဖြစ်သင့်ပေ။ ဒကာ/မများက ဓမ္မကိုအလေးအနက်ထားနာယူ၍ သံဃာတော်များက သီလသိက္ခာကို အထူးလုံခြုံအောင် စောင့်ရှောက်လျှင် ပဋ္ဌာန်းသာသနာကို စောင့်ရှောက်ရကျိုး နပ်ကြပေမည်။
ပဋ္ဌာန်းစောင့်ရှောက်ပုံ
ထို့ထက်ပို၍ ပဋ္ဌာန်းသာသနာကို စောင့်ရှောက်လိုလျှင် ပဋ္ဌာန်းကျမ်း(၅)အုပ်ကို ကဏ္ဍများခွဲကာ တစ်မြို့နယ်စီ၌ တာဝန်ကျသည့်အပိုင်းကို အာဂုံဆောင်ပြီး ညတိုင်း အလွတ်ရွတ်ဆို သရဇ္ဈာယ်ပါက ပို၍ပင် ထိရောက်ပေမည်။ ဥပမာ တိက်(၂၂)တိက်ရှိသည်တွင် အလှည့်ကျသော တိက်ကို အလှည့်ကျသည့် အုပ်စုက တာဝန်ယူ ကျက်ထားဆောင်ထားပြီးလျှင်၊ သို့မဟုတ်၊ ပဉ္စဝါရ၊ ပဋိစ္စဝါရ စသည်ဖြင့် ဝါရအားလျော်စွာ ခွဲဝေဆောင်ထားလျှင် ပိုပြီး ထိရောက်ပေလိမ့်မည်။ ပဋ္ဌာန်းပွဲကျင်းပသည်ထက်ပင် စရိတ်စက ကျဉ်းကျဉ်း ဝေယျဝစ္စနည်းနည်းဖြင့် နတ်ဒေဝါတို့ အထူးချစ်မြတ်နိုးသော ပဋ္ဌာန်းသာသနာကို ထူထောင်ပြီးသား၊ စောင့်ရှောက်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ဝီရသူ(မစိုးရိမ်)