“သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာဟောပြောပွဲ”
16.3.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာ ရိပ်သာမှာ ဟောကြားပါတယ်။
ကိုရင်လေးတွေ သီလရှင်လေးတွေ ယောဂီလေးတွေ စုစုပေါင်း ၁၃၀၀ ကျော် နာယူကြပါတယ်။ သစ္စဝေဒဂူဆရာတော် ဘဒ္ဒန္တခေမာစာရ ဦးဆောင်ပြီး နွေရာသီ ယဉ်ကျေးလိမ္မာရက်ရှည်သင်တန်း ပို့ချလာတာ ၂၀၀၃ခုနှစ်ကတည်းက ပါ။
တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီမို့ အောင်မြင်မှုကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ သင်တန်းသူ သင်တန်းသားတွေကို အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။
အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကို မြှင့်တင်မှာ
အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းမှာ
အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ
အမျိုးသားရေးဆိုသည်မှာ တရားထိုင်တာ စာကျက်တာ
အမျိုးသားရေးဆိုသည်မှာ ပရဟိတဆောင်ရွက်တာ
အမျိုးသားရေးဆိုသည်မှာ ကုသိုလ်တရားစည်းပူးတာ
အမျိုးသားရေးဆိုသည်မှာ ဘုရားလောင်းတို့လမ်းစဉ်ပါ
အမျိုးသားရေးဆိုသည်မှာ မြတ်စွာဘုရားကိုယ်တိုင်ကျင့်သုံးတာ