သတင္း

ေတာင္ႀကီးခရီးစဥ္-၂(ေန႔ဆြမ္းအႏုေမာဒနာတရားေတာ္)”

20.3.2018 ေန႔ ၁၁း၀၀ နာရီ ရွမ္းျပည္နယ္ေတာင္းပုိင္း၊ ေတာင္ႀကီးၿမဳိ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ေရႊသူေ႒းကုန္း နယ္ေျမ-၈ေန ဦးတင့္လြင္+ေဒၚလွဆန္းျမင့္တုိ႔ ေနအိမ္မွာ က်င္းပပါတယ္။

သိမ္ေတာင္ေက်ာင္းမွ စာခ်ဆရာေတာ္ ဘဒၵႏၲပညာသိကၡာလကၤာရာဘိဝံသႏွင့္ အမ်ဳိးသားေရးဓမၼကထိက ရဟန္းပ်ဳိေလးမ်ားျဖစ္တဲ့ ေဒါက္တာအရွင္ဝိမလဝံသႏွင့္ အရွင္ဂႏၶသာရတုိ႔ ၾကြေရာက္ခ်ီးေျမွာက္ၾကပါတယ္။

ေန႔ဆြမ္းစားအၿပီးမွာ အႏုေမာဒနာျပဳပါတယ္။ ကာကြယ္ေရး လက္နက္ငါးပါးတရားေတာ္ပါ။ ဝါစာရယ္၊ ပညာရယ္၊ အသျပာရယ္၊ အာဏာရယ္၊ ခႏၶာရယ္ ဒီငါးပါးႏွင့္ ကာကြယ္လုိ႔ရေၾကာင္း။ ျပည္သူအားလုံး တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီ သိထားဖုိ႔ အမ်ဳိးသားေရးသမားမ်ားမွာ တာဝန္ရွိေၾကာင္း ေဟာၾကားခဲ့တာပါ။

 

“တောင်ကြီးခရီးစဉ်-၂(နေ့ဆွမ်းအနုမောဒနာတရားတော်)”

20.3.2018 နေ့ ၁၁း၀၀ နာရီ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူေဋ္ဌးကုန်း နယ်မြေ-၈နေ ဦးတင့်လွင်+ဒေါ်လှဆန်းမြင့်တို့ နေအိမ်မှာ ကျင်းပပါတယ်။

သိမ်တောင်ကျောင်းမှ စာချဆရာတော် ဘဒ္ဒန္တပညာသိက္ခာလင်္ကာရာဘိဝံသနှင့် အမျိုးသားရေးဓမ္မကထိက ရဟန်းပျိုလေးများဖြစ်တဲ့ ဒေါက်တာအရှင်ဝိမလဝံသနှင့် အရှင်ဂန္ဓသာရတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။

နေ့ဆွမ်းစားအပြီးမှာ အနုမောဒနာပြုပါတယ်။ ကာကွယ်ရေး လက်နက်ငါးပါးတရားတော်ပါ။ ဝါစာရယ်၊ ပညာရယ်၊ အသပြာရယ်၊ အာဏာရယ်၊ ခန္ဓာရယ် ဒီငါးပါးနှင့် ကာကွယ်လို့ရကြောင်း။ ပြည်သူအားလုံး တစ်ဦးချင်းတစ်ယောက်ချင်းစီ သိထားဖို့ အမျိုးသားရေးသမားများမှာ တာဝန်ရှိကြောင်း ဟောကြားခဲ့တာပါ။