သတင္း

မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး၏ စတုတၳအႀကိမ္ေျမာက္ အားေပးျခင္း

ဒီကေန႔ 2.4.2018 ရက္ေန႔ မြန္းလြဲ ၁း၀၀ နာရီမွာ ဦးဝင္းေဆြတုိ႔ ဆရာတပည့္ေတြ ေရာက္ရွိလာပါတယ္။ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး စြန္႔ႀကဲလုိက္ေသာ သကၤန္းႏွင့္ လွဴဖြယ္မ်ား လာေရာက္ဆက္ကပ္ျခင္းပါ။ ႏွစ္ထပ္သကၤန္းႀကီးလည္း ပါပါတယ္။
သကၤန္းဒြိစုံလည္း ပါပါတယ္။

အျခား ဖိနပ္တုိ႔၊ ခါးပန္းႀကဳိးတုိ႔၊ တဘက္တုိ႔လည္း ပါပါတယ္။ စာေရးသူဝတ္ဆင္တဲ့ သကၤန္းေရာင္မ်ဳိး ေရြးခ်ယ္ၿပီး စြန္႔ႀကဲလုိက္တာျဖစ္ေၾကာင္း ေလွ်ာက္ထားၾကပါတယ္။ ဦးဝင္းေဆြဆုိတာ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးရဲ႕ ညီဝမ္းကြဲလည္းျဖစ္၊ တူေတာ္ေမာင္လည္းျဖစ္ပါတယ္။

မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး စာေရးသူကုိ အခုလုိ ေထာက္ပံ့အားေပးတာ ေလးႀကိမ္ေျမာက္ရွိပါၿပီ။ စာေရးသူႏွင့္ တုိက္ရုိက္ ႀကဳံေတြ႕ရတာေတာ့ သုံးႀကိမ္ေျမာက္ပါ။ အျခားတစ္ႀကိမ္က စာေရးသူ ခရီးထြက္ေနလုိ႔ လွဴဖြယ္ဝတၳဳေတြပဲ ေက်ာင္းမွာ အပ္ႏွံသြားခဲ့တာပါ။

အေရးႀကဳံလွ်င္ ႀကဳံသလုိလဲ အမွားစကားပါးၿပီး ႏွစ္သိမ့္အားေပးတတ္ပါတယ္။ ဆရာေတာ္ႀကီးအၿမဲတမ္းအမွာစကားကေတာ့ တုိ႔မလုပ္ႏုိင္တဲ့အလုပ္ေတြ တုိ႔လုပ္ခ်င္တဲ့အလုပ္ေတြ လုပ္ေနတဲ့သူမုိ႔ အားေပးရမယ္။ ဦးဝီရသူႏွင့္ တုိ႔ဟာ တစ္စိတ္တစ္ဝမ္းတည္းရွိတယ္ဆုိတာပါပဲ။

စာေရးသူအေၾကာင္း ေရးစပ္ထားတဲ့ ကဗ်ာရွည္ႀကီးတစ္ပုဒ္လည္း ရွိပါေသးတယ္။ အဲဒီကဗ်ာကုိ စာေရးသူအတြက္ ရည္ရြယ္စပ္ဆုိတာ မျဖစ္ႏုိင္ဘူးလုိ႔ ယူဆေနၾကတဲ့သူေတြအတြက္ ဒီကေန႔ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး လူႀကဳံျဖင့္ ေထာက္ပံ့လုိက္ေသာ သကၤန္းပရိကၡရာမ်ား လွဴဒါန္းပုံကုိ တကူးတကဓာတ္ပုံရုိက္ၿပီး မွတ္တမ္းတင္ထားလုိက္ပါတယ္။ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးႏွင့္အတူ တပည့္သာဝကမ်ား ေဖးဘုတ္ပရိသတ္မ်ားအားလုံး ကုိယ္က်န္းမာ စိတ္ခ်မ္းသာ၍ အမ်ဳိးဘာသာ သာသနာအက်ဳိး သယ္ပုိးႏုိင္ၾကပါေစေသာ္……ဝ္။

ဝီရသူ(မစုိးရိမ္)
2.4.2018]
PM 7:07

 

“မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ စတုတ္ထအကြိမ်မြောက် အားပေးခြင်း”

ဒီကနေ့ 2.4.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီမှာ ဦးဝင်းဆွေတို့ ဆရာတပည့်တွေ ရောက်ရှိလာပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး စွန့်ကြဲလိုက်သော သင်္ကန်းနှင့် လှူဖွယ်များ လာရောက်ဆက်ကပ်ခြင်းပါ။ နှစ်ထပ်သင်္ကန်းကြီးလည်း ပါပါတယ်။

သင်္ကန်းဒွိစုံလည်း ပါပါတယ်။ အခြား ဖိနပ်တို့၊ ခါးပန်းကြိုးတို့၊ တဘက်တို့လည်း ပါပါတယ်။ စာရေးသူဝတ်ဆင်တဲ့ သင်္ကန်းရောင်မျိုး ရွေးချယ်ပြီး စွန့်ကြဲလိုက်တာဖြစ်ကြောင်း လျှောက်ထားကြပါတယ်။ ဦးဝင်းဆွေဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ညီဝမ်းကွဲလည်းဖြစ်၊ တူတော်မောင်လည်းဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး စာရေးသူကို အခုလို ထောက်ပံ့အားပေးတာ လေးကြိမ်မြောက်ရှိပါပြီ။ စာရေးသူနှင့် တိုက်ရိုက် ကြုံတွေ့ရတာတော့ သုံးကြိမ်မြောက်ပါ။ အခြားတစ်ကြိမ်က စာရေးသူ ခရီးထွက်နေလို့ လှူဖွယ်ဝတ္ထုတွေပဲ ကျောင်းမှာ အပ်နှံသွားခဲ့တာပါ။

အရေးကြုံလျှင် ကြုံသလိုလဲ အမှားစကားပါးပြီး နှစ်သိမ့်အားပေးတတ်ပါတယ်။ ဆရာတော်ကြီးအမြဲတမ်းအမှာစကားကတော့ တို့မလုပ်နိုင်တဲ့အလုပ်တွေ တို့လုပ်ချင်တဲ့အလုပ်တွေ လုပ်နေတဲ့သူမို့ အားပေးရမယ်။ ဦးဝီရသူနှင့် တို့ဟာ တစ်စိတ်တစ်ဝမ်းတည်းရှိတယ်ဆိုတာပါပဲ။

စာရေးသူအကြောင်း ရေးစပ်ထားတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်လည်း ရှိပါသေးတယ်။ အဲဒီကဗျာကို စာရေးသူအတွက် ရည်ရွယ်စပ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆနေကြတဲ့သူတွေအတွက် ဒီကနေ့ မဟာဗောဓိမြိုင်ဆရာတော်ကြီး လူကြုံဖြင့် ထောက်ပံ့လိုက်သော သင်္ကန်းပရိက္ခရာများ လှူဒါန်းပုံကို တကူးတကဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့်အတူ တပည့်သာဝကများ ဖေးဘုတ်ပရိသတ်များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေသော်……ဝ်။

ဝီရသူ(မစိုးရိမ်)
2.4.2018]
PM 7:07