သတင္း

ဒီမိုကေရစီကို အသေရမဖ်က္မိေအာင္ ေစာင့္ထိန္းပါ (အပုိင္း-၁)

(ဆရာေတာ္ဦး၀ီရသူႏွင့္ ေမးသမွ်၊ ေျဖသမွ်)

ဒီတစ္ပတ္မွာေတာ့ ဆရာေတာ္ဦး၀ီရသူနဲ႔ ႏုိင္ငံေတာ္ရဲ႕ ဆယ္ေရာက္ေျမာက္ သမၼတသစ္အေပၚ အျမင္နဲ႔ သံုးသပ္ခ်က္ေတြ၊ ဘဂၤါလီအေရးနဲ႔ လူမႈကြန္ရက္အသံုးအျပဳနည္းေတြကို ေမးျမန္းျဖစ္ခဲ့ပါတယ္။ ဆရာေတာ္ဦး၀ီရသူဟာ တရားျပန္ေဟာခြင့္ရၿပီျဖစ္ေပမယ့္ ဆရာေတာ္ရဲ႕ တရားပြဲေတြမွာ ကန္႔သတ္ဟန္႔တားခ်က္ေတြ ရွိေနေသးတာေတြနဲ႔ပတ္သက္ၿပီးလည္း ေမးျမန္းျဖစ္ခဲ့ပါတယ္။ ဆရာေတာ္ရဲ႕ ႏုိင္ငံေရးအယူအဆနဲ႔ ဖိႏွိပ္ခံဘ၀ေတြကို ထင္ဟပ္ျမင္သာေအာင္ ဆရာေတာ္နဲ႔ အပတ္စဥ္ အင္တာဗ်ဴးမ်ားကို ေမးျမန္းတင္ဆက္ေနျခင္းျဖစ္ပါေၾကာင္း …။

ေမး – ပထမဆံုးအေနနဲ႔ သမၼတအသစ္ရဲ႕ မိန္႔ခြန္းစကားနဲ႔ပဲ စခ်င္ပါတယ္ဘုရား။ အားလံုးထင္ေၾကးေပးထားတဲ့အတုိင္းပဲ ဦး၀င္းျမင့္က ျမန္မာႏုိင္ငံရဲ႕ ဆယ္ဦးေျမာက္ သမၼတျဖစ္ခဲ့ၿပီေပါ့ဘုရား။ သူ႕ရဲ႕ ပထမဆံုးမိန္႔ခြန္းမွာပဲ (၁) တရားဥပေဒစိုးမိုးေရးနဲ႔ ျပည္သူမ်ားရဲ႕ လူမႈစီးပြားေရးဘ၀ကို တိုးတက္ျမင့္မားေရး၊ (၂)အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး (၃) ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အေျခခံအုတ္ျမစ္ျဖစ္တဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးေတြကို ဦးတည္ႀကိဳးပမ္းေဆာင္ရြက္မယ္လို႔ ေျပာပါတယ္ဘုရား။ အဲဒီကတိက၀တ္ေတြအတြက္ သူဘယ္ေလာက္စြမ္းေဆာင္ႏုိင္မယ္လို႔ အရွင္ဘုရား ထင္ပါသလဲဘုရား။ အရွင္ဘုရားရဲ႕ သံုးသပ္ခ်က္ကို သိခ်င္ပါတယ္ဘုရား။

ေျဖ – သူတို႔အထက္က အတုိင္ပင္ခံအမ်ိဳးသမီးႀကီးအေပၚ မူတည္တာေလ။ အရင္တုန္းကေတာ့ သတင္းသမားကို သမၼတက ဆုေပးတာေတာင္မွ သမၼတက လက္မွတ္ထိုးခြင့္မရတဲ့ဘ၀ေလ။ အဲဒီ သေဘာမ်ိဳးဆိုေတာ့ ဘယ္သူပဲ ျဖစ္ျဖစ္ ဒီေနရာကိုေရာက္သြားရင္ နာမည္လိုခ်င္တဲ့ အတုိင္းအတာ တစ္ခုျဖစ္လာတယ္၊ အမွတ္ေတြလုိခ်င္လာၾကတယ္။ အမွတ္ရေအာင္လည္းပဲ အစြမ္းအစေတြ ျပခ်င္ ၾကတာေပါ့ေနာ့။ အဲေတာ့ သူျဖစ္ခ်င္တာေတြ၊ သူအမွန္တကယ္ လုပ္ပိုင္ခြင့္ရမယ္၊ လုပ္ႏုိင္မယ္ဆိုရင္ေတာ့ သာဓုေခၚရမွာေပါ့ေနာ္။

တစ္ခုစိုးရိမ္တာကေတာ့ သူက ဖက္ဒရယ္ျပည္ေထာင္စုတို႔ ဘာတို႔အျမဲတမ္းေၾကြးေၾကာ္ေနတာကိုး။ ဖက္ဒရယ္ျပည္ေထာင္စုနဲ႔ပတ္သက္လာရင္ သူတို႔အတိုက္အခံဘ၀တုန္းက ေဆြးေႏြးခဲ့ၾကတဲ့ ၈ ျပည္နယ္ ျပည္ေထာင္စုမူဆိုတာရွိတယ္။ အဲဒါႀကီးကိုေတာ့ အင္မတန္ အႏၱရာယ္ႀကီးတဲ့ မူႀကီးအျဖစ္ ဦးဇင္းတို႔က ျမင္တယ္။ အဲေတာ့ အင္မတန္အႏၱရာယ္ႀကီးတဲ့မူႀကီးကို ဖက္ဒရယ္ေခါင္းစဥ္နဲ႔ လုပ္လာမယ္ဆိုရင္ေတာ့ ျပႆနာက ႀကီးဦးမွာေပါ့ေလ။

ေမး – သမၼတသစ္ရဲ႕ ပထမဆံုးမိန္႔ခြန္းမွာပဲ ဒီတပ္မေတာ္က အၿမဲတမ္းကိုင္စြဲထားတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ေရး ႀကိဳးပမ္းမယ္ဆိုတာကို ေျပာလာေတာ့ ႏုိင္ငံေရးသုေတသီေတြ သံုးသပ္ေနၾကတဲ့ စစ္ဘက္-အရပ္ဘက္ဆက္ဆံေရးက ဘယ္လိုေတြျဖစ္လာႏုိင္မယ္လို႔ ထင္ပါသလဲဘုရား။

ေျဖ – အဲဒါကလည္း မခက္ပါဘူး။ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ခ်င္ရင္ေတာ့ ဖြဲ႕စည္းပံုအေျခခံဥပေဒထဲမွာျပ႒ာန္းထားတဲ့ နည္းလမ္းအတိုင္းပဲ ျပင္ရမွာေလ။ ေျခဥထဲကအတုိင္းဆိုရင္ေတာ့ လႊတ္ေတာ္ထဲမွာ ျပင္ရမွာေပါ့ေနာ့။ အမိန္႔အာဏာနဲ႔ျပင္ရမယ့္အလုပ္မဟုတ္ဘူး။ လမ္းေပၚထြက္ၿပီးေတာ့ လမ္းေပၚမွာ ျပင္ရမယ့္အလုပ္မဟုတ္ဘူး။ အေျခခံဥပေဒအတုိင္းျပင္မယ္ဆိုရင္ေတာ့ ျပင္လို႔ရတဲ့အတြက္ေၾကာင့္ အဲဒီဟာကို ဥပေဒေဘာင္ထဲက ျပင္ႏုိင္ပါေစလို႔ပဲ ဆႏၵျပဳရမွာေပါ့ေနာ္။

ေမး- သမၼတသစ္ျဖစ္လာတဲ့ ဦး၀င္းျမင့္ရဲ႕ မိန္႔ခြန္းမွာ တရားစီရင္ေရး၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး၊ လူ႕အခြင့္အေရး၊ မူးယစ္ေဆး၊ လယ္ယာေျမျပသနာ၊ အဆင့္ျမင့္ပညာသင္ၾကားႏုိင္ေရးဒါေတြကိုလည္း ေဖာ္ေဆာင္မယ္လို႔ ေျပာပါတယ္။ အဲဒါေတြအတြက္ ဘယ္သူေတြက ဘယ္ကေနဘယ္လို စလုပ္ၾကရမလဲဘုရား။ သူတို႔အတြက္ အခ်ိန္ကလည္း သိပ္မက်န္ေတာ့ဘူးဆိုေတာ့ေလ။

ေျဖ- တကယ္တမ္းက်ေတာ့ ဒါ ခက္ခဲတဲ့အလုပ္ေတြ မဟုတ္ပါဘူး။ တစ္ဦးတစ္ေယာက္ရဲ႕ အမိန္႔အာဏာနဲ႔ သြားေနလို႔သာ သူတို႔လုပ္ပိုင္ခြင့္မရၾကတာေလ။ တစ္ဦးတစ္ေယာက္က လုပ္ပိုင္ခြင့္ အျပည့္အ၀ေပးမယ္ဆိုရင္ ဒါေတြ လုပ္ႏုိင္မွာ ေသခ်ာတာေပါ့။ တစ္ဦးတစ္ေယာက္က ခ်ဳပ္ကိုင္ထားတာ မဟုတ္ဘဲနဲ႔ သမၼတႀကီးဦး၀င္းျမင့္ လုပ္ပိုင္ခြင့္အျပည့္အ၀ရပါေစလို႔ပဲ ထပ္မံၿပီး ဆႏၵျပဳခ်င္တာေပါ့ေနာ္။

ေမး- ျပည္သူမ်ားျမင္ေတြ႕လိုေသာ အေျပာင္းအလဲမ်ားကို ျမင္ႏိုင္ေအာင္ ျပည္သူမ်ားနဲ႔အတူ မမွိတ္မသုန္ႀကိဳးပမ္းေဆာင္ရြက္မယ္လို႔လည္း သမၼတရဲ႕မိန္႔ခြန္းမွာ ပါပါတယ္။ ဆိုေတာ့ ျပည္သူေတြက ေခါင္းေဆာင္ႀကီးေတြေလွ်ာက္တဲ့လမ္းေပၚေရာက္ဖို႔ ဘာေတြထပ္လုပ္ေပးၾကရဦးမလဲဘုရား။

ေျဖ- ျပည္သူေတြကေတာ့ တာ၀န္ေက်ပါၿပီ။ ျပည္သူေတြက NLD ပါတီကို အစိုးရအျဖစ္နဲ႔ တစ္ခဲနက္ ေရြးခ်ယ္တင္ေျမွာက္လိုက္ကတည္းက တာ၀န္ေက်ခဲ့တာေလ။ အစိုးရက ျပည္သူကို အလုပ္အေကၽြးျပဳလိမ့္မယ္၊ အစိုးရက ျပည္သူကို ႀကီးပြားခ်မ္းသာေအာင္ လုပ္ေပးလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္အျပည့္အ၀နဲ႔ ေရြးခ်ယ္လိုက္ၾကတာေပါ့ေနာ့။ ဒါေပမယ့္ အစိုးရတက္လာတဲ့အခါက်ေတာ့ ျပည္သူကို ရွာမေကၽြးတဲ့အျပင္ ျပည္သူအိတ္ထဲကပဲ ႏိႈက္ေနတာေတြ မ်ားေနသလားလို႔။ အဲေတာ့ ျပည္သူေတြဘက္ကေတာ့ တာ၀န္ေက်ပါၿပီ။ အစိုးရက ျပည္သူကို အက်ိဳးျပဳဖို႔ တစ္ခုတည္းပဲ လိုအပ္တာပါလို႔ေျပာခ်င္ပါတယ္။

ေမး – သမၼတေရြးခ်ယ္ပြဲမွာ ဦး၀င္းျမင့္ မဲေပးတာနဲ႔ပတ္သက္ၿပီးလည္း ေတာ္ေတာ္ေလး က်ယ္က်ယ္ ေလာင္ေလာင္ေ၀ဖန္ၾကတာရွိသလို ဥပေဒေၾကာင္းအရ ေျပာစရာေတြရွိတယ္ဆိုၿပီး ေထာက္ျပေျပာဆို ေနတာေတြလည္းရွိပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီးလည္း အရွင္ဘုရားရဲ႕အျမင္ကို သိခ်င္ပါတယ္ဘုရား။

ေျဖ – ဒုတိယသမၼတအျဖစ္ ေရြးခ်ယ္ခံလိုက္ရၿပီဆိုရင္ အလိုလိုပဲ ပါတီနဲ႔ပတ္သက္မႈမရွိရေတာ့ဘူးေပါ့။ ပါတီနဲ႔ပတ္သက္မႈမရွိရသလို သူသည္ လႊတ္ေတာ္ကိုယ္စားလွယ္လည္းမဟုတ္ေတာ့ဘူး။ လႊတ္ေတ္ာ ကိုယ္စားလွယ္မဟုတ္ေတာ့တဲ့အတြက္သူသည္ လႊတ္ေတ္ာကိုယ္စားလွယ္ေတြနဲ႔အတူ မဲေပးခြင့္ မရွိေတာ့ဘူးေပါ့။
အဲဒီကိစၥက အစိုးရသတ္မွတ္ထားတဲ့ အေျခခံဥပေဒပဲျဖစ္ျဖစ္၊ ေရြးေကာက္ပြဲဥပေဒပဲ ျဖစ္ျဖစ္၊ ဒါေတြကို မေလးစားရာေရာက္တာေပါ့။

ေမး- တစ္ဆက္တည္းမွာပဲ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္ကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဒုတိယဥကၠ႒(၁)
အျဖစ္ ခန္႔အပ္တာ၀န္ေပးတာနဲ႔ပတ္သက္ၿပီးေရာ အရွင္ဘုရားအေနနဲ႔ ဘာေျပာခ်င္ပါသလဲဘုရား။

ေျဖ – NLD ပါတီအေနနဲ႔ ျပည္သူလူထုအက်ိဳးျပဳ၊ ျပည္သူလူထုကို ေက်ာသားရင္သားမခြဲျခားဘဲ တကယ္အက်ိဳးျပဳမယ္ဆိုလို႔ရွိရင္ ပါတီတံဆိပ္ေတြ တပ္တာတို႔၊ ပါတီအခမ္းအနားေတြတက္တာတို႔၊ ပင္နီအက်ီ၀တ္တာတို႔ကို ေရွာင္က်ဥ္ရေတာ့မွာေလ။ ငါတို႔တေတြသည္ အစိုးရဖြဲ႕စည္းႏုိင္ခဲ့တဲ့ေန႔ကေနစၿပီးေတာ့၊ သို႔မဟုတ္ အစိုးရတစ္ရပ္အျဖစ္ တာ၀န္ထမ္းေဆာင္တဲ့ေန႔ကေနစၿပီးေတာ့ ငါတို႔သည္ ပါတီတစ္ခုတည္းကို ကိုယ္စားျပဳတဲ့သူေတြမဟုတ္ေတာ့ဘူး။ ငါတို႔ ပါတီကိုေထာက္ခံတဲ့သူေတြအတြက္နဲ႔ ငါတို႔ပါတီအတြက္သာ ငါတို႔ အလုပ္လုပ္ရေတာ့မွာမဟုတ္ေတာ့ဘူး၊ တုိင္းသူျပည္သားအားလံုးအတြက္အလုပ္လုပ္ရေတာ့မွာ။ ပါတီကိုယ္စားျပဳပုဂၢိဳလ္ေတြမဟုတ္ေတာ့ဘဲနဲ႔ တုိင္းျပည္ကိုယ္စားျပဳပုဂၢိဳလ္ေတြျဖစ္ရေတာ့မွာမို႔ ပါတီနဲ႔ တစိမ္းျပင္ျပင္ေနၿပီးေတာ့ ျပည္သူအားလံုးအတြက္ကို အလုပ္ေတြလုပ္ၾကရေတာ့မွာေလ။ အဲဒါကို ပါတီဒုတိယဥကၠ႒(၁) ခန္႔လိုက္တဲ့ကိစၥေတြ၊ ပါတီနဲ႔ပတ္သက္တဲ့အမွတ္အသားေတြကို အခုခ်ိန္ထိ အသံုးျပဳေနတာေတြဟာ အေျခခံဥပေဒကို မေလးစားရာေရာက္တယ္၊ ေရြးေကာက္ပြဲေကာ္မရွင္ကို မေလးစားရာေရာက္ေတာေပါ့ေနာ္။ အဲဒီလိုမေလးစားတဲ့ပုဂၢိဳလ္ေတြက တရားဥပေဒစိုးမိုးေရးကို ေဖာ္ေဆာင္ေပးမယ္ဆုိတာကို ဘယ္လိုယံုၾကည္ရမွာလဲေပါ့။ အဲေတာ့ မိမိကိုယ္တုိင္ကိုက အရင္ဦးဆံုး ဥေဒကိုေလးစားလိုက္နာပါ၊ ၿပီးမွ ျပည္သူအားလံုးအတြက္ တရားဥေဒစိုးမိုးေရးနဲ႔ တရားဥေဒ စိုးမိုးမႈရွိ ေအာင္လုပ္ေပးပါလို႔ သမၼတအသစ္ႀကီးကုိ ေတာင္းဆိုခ်င္တာေပါ့ေလ။

ေမး – ေနာက္တစ္ခုကေတာ့ မတ္လ ၈ ရက္ေန႔က မႏၱေလးၿမိဳ႕ ၅၄ လမ္း ေအးသုခလမ္းမွာ အရွင္ဘုရားေဟာတဲ့ တရားပြဲနဲ႔႔ပတ္သက္ၿပီး အစိုးရအၾကည္ညိဳပ်က္ေစတဲ့ တရားပြဲျဖစ္ရင္၊ အစိုးရကို အၾကည္ညိဳပ်က္ေစတာေတြေဟာၾကားခဲ့ရင္ တရားပြဲက်င္းပခြင့္ေတာင္းခံတဲ့ အဖြဲ႕အစည္းက တာ၀န္ခံရဖို႔ သေဘာတူညီခ်က္နဲ႔ ၀န္ႀကီးခ်ဳပ္က တရားပြဲကို ခြင့္ျပဳခဲ့တာလို႔ Dvb ရဲ႕ သတင္းတစ္ပုဒ္မွာ ဖတ္ရပါတယ္။ တရားပြဲေတြနဲ႔႔ပတ္သက္လာရင္ အရွင္ဘုရားမွ ဘာေၾကာင့္ ကန္႔သတ္တားျမစ္ခ်က္ေတြ သိပ္မ်ားေနရတာလဲဘုရား။

ေျဖ- အဓိကကေတာ့ လက္ေတြ၊ ေျခေတြ၊ ပါးစပ္ေတြကို ခ်ဳပ္ကိုင္ခ်င္လာၾကတာေပါ့ေနာ္။ ဒီမိုကေရစီေခါင္းစဥ္ကလည္း တပ္ထားတဲ့အခါက်ေတာ့ အာဏာရွင္ေတြလို အမိန္႔အာဏာနဲ႔ ခ်ဳပ္ကိုင္လို႔က မရဘူးေလ။ အဲေတာ့ ေဟာခြင့္ေျပာခြင့္ကလည္း အတင္းအက်ပ္ႀကီး အၿမဲ ပိတ္ပင္တားဆီးေနလို႔ကလည္းမျဖစ္တဲ့အခါက်ေတာ့ ေဟာခြင့္ေျပာခြင့္လည္း ေပးထားတယ္၊ သူတို႔ကုိ ေ၀ဖန္တာေတြ ေထာက္ျပတာေတြ လုပ္လို႔မရေအာင္လည္း (ဆိုၾကပါစို႔) သူတို႔နည္း သူတို႔ဟန္နဲ႔လည္း ထိန္းခ်ဳပ္ထားတယ္ဆိုတဲ့ သေဘာေပါ့ေနာ္။

ဒါေပမယ့္ သူတို႔စဥ္းစားရမွာက ေ၀ဖန္ေထာက္ျပတုိင္း အၾကည္ညိဳပ်က္ေအာင္လုပ္တာမဟုတ္ဘူး ဆိုတာကို သိထားရမယ္ေလ။ ေ၀ဖန္ေထာက္ျပတာကိုပဲ အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့စကားနဲ႔ အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ ပုဒ္မနဲ႔ဆြဲခ်င္တယ္ဆိုရင္ေတာ့ ငါတို႔ဟာ ဒီမိုကေရစီအစိုးရမဟုတ္ေတာ့ဘူးလို႔ ျပည္သူေတြကို ေျဖာင့္ခ်က္ေပးေနတဲ့ သေဘာပါပဲေနာ္။ အဲဒီ ကိုယ္မေက်နပ္တာ၊ ကိုယ္မႀကိဳက္တာ၊ ကိုယ့္ေ၀ဖန္တာ မလိုလားဘူးဆိုရင္ေတာ့ ဒီမိုကေရစီကို ငါတို႔တေတြ သိကၡာခ်မိေတာ့မွာပဲ၊ ဒီမိုကေရစီကို အသေရမဖ်က္မိေအာင္ ေစာင့္ထိန္းမွျဖစ္ေတာ့မယ္ဆုိတဲ့ အေတြးေလးနဲ႔ ဒီမိုကေရစီကို အသေရမဖ်က္မိေအာင္ ေစာင့္ထိန္းပါလို႔ပဲ သတိေပးခ်င္တာေပါ့ေလ။

(ဆက္လက္ေဖာ္ျပပါမည္)

 

“ဒီမိုကရေစီကို အသရေမဖျက်မိအောင် စောင့်ထိန်းပါ (အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူနဲ့ နိုင်ငံတော်ရဲ့ ဆယ်ရောက်မြောက် သမ္မတသစ်အပေါ် အမြင်နဲ့ သုံးသပ်ချက်တွေ၊ ဘင်္ဂါလီအရေးနဲ့ လူမှုကွန်ရက်အသုံးအပြုနည်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူဟာ တရားပြန်ဟောခွင့်ရပြီဖြစ်ပေမယ့် ဆရာတော်ရဲ့ တရားပွဲတွေမှာ ကန့်သတ်ဟန့်တားချက်တွေ ရှိနေသေးတာတွေနဲ့ပတ်သက်ပြီးလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ နိုင်ငံရေးအယူအဆနဲ့ ဖိနှိပ်ခံဘဝတွေကို ထင်ဟပ်မြင်သာအောင် ဆရာတော်နဲ့ အပတ်စဉ် အင်တာဗျူးများကို မေးမြန်းတင်ဆက်နေခြင်းဖြစ်ပါကြောင်း …။

မေး – ပထမဆုံးအနေနဲ့ သမ္မတအသစ်ရဲ့ မိန့်ခွန်းစကားနဲ့ပဲ စချင်ပါတယ်ဘုရား။ အားလုံးထင်ကြေးပေးထားတဲ့အတိုင်းပဲ ဦးဝင်းမြင့်က မြန်မာနိုင်ငံရဲ့ ဆယ်ဦးမြောက် သမ္မတဖြစ်ခဲ့ပြီပေါ့ဘုရား။ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာပဲ (၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘဝကို တိုးတက်မြင့်မားရေး၊ (၂)အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွေကို ဦးတည်ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောပါတယ်ဘုရား။ အဲဒီကတိကဝတ်တွေအတွက် သူဘယ်လောက်စွမ်းဆောင်နိုင်မယ်လို့ အရှင်ဘုရား ထင်ပါသလဲဘုရား။ အရှင်ဘုရားရဲ့ သုံးသပ်ချက်ကို သိချင်ပါတယ်ဘုရား။

ဖြေ – သူတို့အထက်က အတိုင်ပင်ခံအမျိုးသမီးကြီးအပေါ် မူတည်တာလေ။ အရင်တုန်းကတော့ သတင်းသမားကို သမ္မတက ဆုပေးတာတောင်မှ သမ္မတက လက်မှတ်ထိုးခွင့်မရတဲ့ဘဝလေ။ အဲဒီ သဘောမျိုးဆိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီနေရာကိုရောက်သွားရင် နာမည်လိုချင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်လာတယ်၊ အမှတ်တွေလိုချင်လာကြတယ်။ အမှတ်ရအောင်လည်းပဲ အစွမ်းအစတွေ ပြချင် ကြတာပေါ့နော့။ အဲတော့ သူဖြစ်ချင်တာတွေ၊ သူအမှန်တကယ် လုပ်ပိုင်ခွင့်ရမယ်၊ လုပ်နိုင်မယ်ဆိုရင်တော့ သာဓုခေါ်ရမှာပေါ့နော်။

တစ်ခုစိုးရိမ်တာကတော့ သူက ဖက်ဒရယ်ပြည်ထောင်စုတို့ ဘာတို့အမြဲတမ်းကြွေးကြော်နေတာကိုး။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လာရင် သူတို့အတိုက်အခံဘဝတုန်းက ဆွေးနွေးခဲ့ကြတဲ့ ၈ ပြည်နယ် ပြည်ထောင်စုမူဆိုတာရှိတယ်။ အဲဒါကြီးကိုတော့ အင်မတန် အန္တရာယ်ကြီးတဲ့ မူကြီးအဖြစ် ဦးဇင်းတို့က မြင်တယ်။ အဲတော့ အင်မတန်အန္တရာယ်ကြီးတဲ့မူကြီးကို ဖက်ဒရယ်ခေါင်းစဉ်နဲ့ လုပ်လာမယ်ဆိုရင်တော့ ပြဿနာက ကြီးဦးမှာပေါ့လေ။

မေး – သမ္မတသစ်ရဲ့ ပထမဆုံးမိန့်ခွန်းမှာပဲ ဒီတပ်မတော်က အမြဲတမ်းကိုင်စွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ကြိုးပမ်းမယ်ဆိုတာကို ပြောလာတော့ နိုင်ငံရေးသုတေသီတွေ သုံးသပ်နေကြတဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးက ဘယ်လိုတွေဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲဘုရား။

ဖြေ – အဲဒါကလည်း မခက်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ချင်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့ နည်းလမ်းအတိုင်းပဲ ပြင်ရမှာလေ။ ခြေဥထဲကအတိုင်းဆိုရင်တော့ လွှတ်တော်ထဲမှာ ပြင်ရမှာပေါ့နော့။ အမိန့်အာဏာနဲ့ပြင်ရမယ့်အလုပ်မဟုတ်ဘူး။ လမ်းပေါ်ထွက်ပြီးတော့ လမ်းပေါ်မှာ ပြင်ရမယ့်အလုပ်မဟုတ်ဘူး။ အခြေခံဥပဒေအတိုင်းပြင်မယ်ဆိုရင်တော့ ပြင်လို့ရတဲ့အတွက်ကြောင့် အဲဒီဟာကို ဥပဒေဘောင်ထဲက ပြင်နိုင်ပါစေလို့ပဲ ဆန္ဒပြုရမှာပေါ့နော်။

မေး- သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာ တရားစီရင်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး၊ မူးယစ်ဆေး၊ လယ်ယာမြေပြသနာ၊ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးဒါတွေကိုလည်း ဖော်ဆောင်မယ်လို့ ပြောပါတယ်။ အဲဒါတွေအတွက် ဘယ်သူတွေက ဘယ်ကနေဘယ်လို စလုပ်ကြရမလဲဘုရား။ သူတို့အတွက် အချိန်ကလည်း သိပ်မကျန်တော့ဘူးဆိုတော့လေ။

ဖြေ- တကယ်တမ်းကျတော့ ဒါ ခက်ခဲတဲ့အလုပ်တွေ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်ရဲ့ အမိန့်အာဏာနဲ့ သွားနေလို့သာ သူတို့လုပ်ပိုင်ခွင့်မရကြတာလေ။ တစ်ဦးတစ်ယောက်က လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ်ဆိုရင် ဒါတွေ လုပ်နိုင်မှာ သေချာတာပေါ့။ တစ်ဦးတစ်ယောက်က ချုပ်ကိုင်ထားတာ မဟုတ်ဘဲနဲ့ သမ္မတကြီးဦးဝင်းမြင့် လုပ်ပိုင်ခွင့်အပြည့်အဝရပါစေလို့ပဲ ထပ်မံပြီး ဆန္ဒပြုချင်တာပေါ့နော်။

မေး- ပြည်သူများမြင်တွေ့လိုသော အပြောင်းအလဲများကို မြင်နိုင်အောင် ပြည်သူများနဲ့အတူ မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်မယ်လို့လည်း သမ္မတရဲ့မိန့်ခွန်းမှာ ပါပါတယ်။ ဆိုတော့ ပြည်သူတွေက ခေါင်းဆောင်ကြီးတွေလျှောက်တဲ့လမ်းပေါ်ရောက်ဖို့ ဘာတွေထပ်လုပ်ပေးကြရဦးမလဲဘုရား။

ဖြေ- ပြည်သူတွေကတော့ တာဝန်ကျေပါပြီ။ ပြည်သူတွေက NLD ပါတီကို အစိုးရအဖြစ်နဲ့ တစ်ခဲနက် ရွေးချယ်တင်မြှောက်လိုက်ကတည်းက တာဝန်ကျေခဲ့တာလေ။ အစိုးရက ပြည်သူကို အလုပ်အကျွေးပြုလိမ့်မယ်၊ အစိုးရက ပြည်သူကို ကြီးပွားချမ်းသာအောင် လုပ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အပြည့်အဝနဲ့ ရွေးချယ်လိုက်ကြတာပေါ့နော့။ ဒါပေမယ့် အစိုးရတက်လာတဲ့အခါကျတော့ ပြည်သူကို ရှာမကျွေးတဲ့အပြင် ပြည်သူအိတ်ထဲကပဲ နှိုက်နေတာတွေ များနေသလားလို့။ အဲတော့ ပြည်သူတွေဘက်ကတော့ တာဝန်ကျေပါပြီ။ အစိုးရက ပြည်သူကို အကျိုးပြုဖို့ တစ်ခုတည်းပဲ လိုအပ်တာပါလို့ပြောချင်ပါတယ်။

မေး – သမ္မတရွေးချယ်ပွဲမှာ ဦးဝင်းမြင့် မဲပေးတာနဲ့ပတ်သက်ပြီးလည်း တော်တော်လေး ကျယ်ကျယ် လောင်လောင်ဝေဖန်ကြတာရှိသလို ဥပဒေကြောင်းအရ ပြောစရာတွေရှိတယ်ဆိုပြီး ထောက်ပြပြောဆို နေတာတွေလည်းရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း အရှင်ဘုရားရဲ့အမြင်ကို သိချင်ပါတယ်ဘုရား။

ဖြေ – ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပြီဆိုရင် အလိုလိုပဲ ပါတီနဲ့ပတ်သက်မှုမရှိရတော့ဘူးပေါ့။ ပါတီနဲ့ပတ်သက်မှုမရှိရသလို သူသည် လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်တော့ဘူး။ လွှတ်တေ်ာ ကိုယ်စားလှယ်မဟုတ်တော့တဲ့အတွက်သူသည် လွှတ်တေ်ာကိုယ်စားလှယ်တွေနဲ့အတူ မဲပေးခွင့် မရှိတော့ဘူးပေါ့။
အဲဒီကိစ္စက အစိုးရသတ်မှတ်ထားတဲ့ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဥပဒေပဲ ဖြစ်ဖြစ်၊ ဒါတွေကို မလေးစားရာရောက်တာပေါ့။

မေး- တစ်ဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ(၁)
အဖြစ် ခန့်အပ်တာဝန်ပေးတာနဲ့ပတ်သက်ပြီးရော အရှင်ဘုရားအနေနဲ့ ဘာပြောချင်ပါသလဲဘုရား။

ဖြေ – NLD ပါတီအနေနဲ့ ပြည်သူလူထုအကျိုးပြု၊ ပြည်သူလူထုကို ကျောသားရင်သားမခွဲခြားဘဲ တကယ်အကျိုးပြုမယ်ဆိုလို့ရှိရင် ပါတီတံဆိပ်တွေ တပ်တာတို့၊ ပါတီအခမ်းအနားတွေတက်တာတို့၊ ပင်နီအကျီဝတ်တာတို့ကို ရှောင်ကျဉ်ရတော့မှာလေ။ ငါတို့တတွေသည် အစိုးရဖွဲ့စည်းနိုင်ခဲ့တဲ့နေ့ကနေစပြီးတော့၊ သို့မဟုတ် အစိုးရတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့နေ့ကနေစပြီးတော့ ငါတို့သည် ပါတီတစ်ခုတည်းကို ကိုယ်စားပြုတဲ့သူတွေမဟုတ်တော့ဘူး။ ငါတို့ ပါတီကိုထောက်ခံတဲ့သူတွေအတွက်နဲ့ ငါတို့ပါတီအတွက်သာ ငါတို့ အလုပ်လုပ်ရတော့မှာမဟုတ်တော့ဘူး၊ တိုင်းသူပြည်သားအားလုံးအတွက်အလုပ်လုပ်ရတော့မှာ။ ပါတီကိုယ်စားပြုပုဂ္ဂိုလ်တွေမဟုတ်တော့ဘဲနဲ့ တိုင်းပြည်ကိုယ်စားပြုပုဂ္ဂိုလ်တွေဖြစ်ရတော့မှာမို့ ပါတီနဲ့ တစိမ်းပြင်ပြင်နေပြီးတော့ ပြည်သူအားလုံးအတွက်ကို အလုပ်တွေလုပ်ကြရတော့မှာလေ။ အဲဒါကို ပါတီဒုတိယဥက္ကဋ္ဌ(၁) ခန့်လိုက်တဲ့ကိစ္စတွေ၊ ပါတီနဲ့ပတ်သက်တဲ့အမှတ်အသားတွေကို အခုချိန်ထိ အသုံးပြုနေတာတွေဟာ အခြေခံဥပဒေကို မလေးစားရာရောက်တယ်၊ ရွေးကောက်ပွဲကော်မရှင်ကို မလေးစားရာရောက်တောပေါ့နော်။ အဲဒီလိုမလေးစားတဲ့ပုဂ္ဂိုလ်တွေက တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ပေးမယ်ဆိုတာကို ဘယ်လိုယုံကြည်ရမှာလဲပေါ့။ အဲတော့ မိမိကိုယ်တိုင်ကိုက အရင်ဦးဆုံး ဥဒေကိုလေးစားလိုက်နာပါ၊ ပြီးမှ ပြည်သူအားလုံးအတွက် တရားဥဒေစိုးမိုးရေးနဲ့ တရားဥဒေ စိုးမိုးမှုရှိ အောင်လုပ်ပေးပါလို့ သမ္မတအသစ်ကြီးကို တောင်းဆိုချင်တာပေါ့လေ။

မေး – နောက်တစ်ခုကတော့ မတ်လ ၈ ရက်နေ့က မန္တလေးမြို့ ၅၄ လမ်း အေးသုခလမ်းမှာ အရှင်ဘုရားဟောတဲ့ တရားပွဲနဲ့ပတ်သက်ပြီး အစိုးရအကြည်ညိုပျက်စေတဲ့ တရားပွဲဖြစ်ရင်၊ အစိုးရကို အကြည်ညိုပျက်စေတာတွေဟောကြားခဲ့ရင် တရားပွဲကျင်းပခွင့်တောင်းခံတဲ့ အဖွဲ့အစည်းက တာဝန်ခံရဖို့ သဘောတူညီချက်နဲ့ ဝန်ကြီးချုပ်က တရားပွဲကို ခွင့်ပြုခဲ့တာလို့ Dvb ရဲ့ သတင်းတစ်ပုဒ်မှာ ဖတ်ရပါတယ်။ တရားပွဲတွေနဲ့ပတ်သက်လာရင် အရှင်ဘုရားမှ ဘာကြောင့် ကန့်သတ်တားမြစ်ချက်တွေ သိပ်များနေရတာလဲဘုရား။

ဖြေ- အဓိကကတော့ လက်တွေ၊ ခြေတွေ၊ ပါးစပ်တွေကို ချုပ်ကိုင်ချင်လာကြတာပေါ့နော်။ ဒီမိုကရေစီခေါင်းစဉ်ကလည်း တပ်ထားတဲ့အခါကျတော့ အာဏာရှင်တွေလို အမိန့်အာဏာနဲ့ ချုပ်ကိုင်လို့က မရဘူးလေ။ အဲတော့ ဟောခွင့်ပြောခွင့်ကလည်း အတင်းအကျပ်ကြီး အမြဲ ပိတ်ပင်တားဆီးနေလို့ကလည်းမဖြစ်တဲ့အခါကျတော့ ဟောခွင့်ပြောခွင့်လည်း ပေးထားတယ်၊ သူတို့ကို ဝေဖန်တာတွေ ထောက်ပြတာတွေ လုပ်လို့မရအောင်လည်း (ဆိုကြပါစို့) သူတို့နည်း သူတို့ဟန်နဲ့လည်း ထိန်းချုပ်ထားတယ်ဆိုတဲ့ သဘောပေါ့နော်။

ဒါပေမယ့် သူတို့စဉ်းစားရမှာက ဝေဖန်ထောက်ပြတိုင်း အကြည်ညိုပျက်အောင်လုပ်တာမဟုတ်ဘူး ဆိုတာကို သိထားရမယ်လေ။ ဝေဖန်ထောက်ပြတာကိုပဲ အကြည်ညိုပျက်စေတယ်ဆိုတဲ့စကားနဲ့ အကြည်ညိုပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ဆွဲချင်တယ်ဆိုရင်တော့ ငါတို့ဟာ ဒီမိုကရေစီအစိုးရမဟုတ်တော့ဘူးလို့ ပြည်သူတွေကို ဖြောင့်ချက်ပေးနေတဲ့ သဘောပါပဲနော်။ အဲဒီ ကိုယ်မကျေနပ်တာ၊ ကိုယ်မကြိုက်တာ၊ ကိုယ့်ဝေဖန်တာ မလိုလားဘူးဆိုရင်တော့ ဒီမိုကရေစီကို ငါတို့တတွေ သိက္ခာချမိတော့မှာပဲ၊ ဒီမိုကရေစီကို အသရေမဖျက်မိအောင် စောင့်ထိန်းမှဖြစ်တော့မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒီမိုကရေစီကို အသရေမဖျက်မိအောင် စောင့်ထိန်းပါလို့ပဲ သတိပေးချင်တာပေါ့လေ။

(ဆက်လက်ဖော်ပြပါမည်)