“အလှူရေစက်ချတရားတော်”
26.3.2018 ရက်နေ့၊ မနက်(၉း၀၀)နာရီ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ပရိယတ္တိစသင်တိုက်၊ အလှူဒါယကာ ဦးမျိုးသန့်+အလှူဒါယိကာမ ဒေါ်ချစ်ချစ်မာ မိသားစု၏ ရှင်ပြု နာသ အလှူတော်မင်္ဂလာ ရေစက်ချပွဲပါ။
မင်းကင်းမြို့နယ်၊ ကျောက်တန်းရွာ တရားပွဲအပြန် ခါတိုင်းတည်းခိုနေကြဖြစ်တဲ့ မင်္ဂလာဥယျာဉ်ရောက်ခိုက် အလှူနဲ့ကြုံ၍ တရားဟောဖြစ်တာပါ။
အလှူဒကာ ဒကာမတွေလည်း တိုက်တိုက်ဆိုင်ဆိုင် နာယူရလို့ ဝမ်းသာနေကြပါတယ်။ သုမနသုတ္တန် ဟောကြားခဲ့ပါတယ်။
လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲပြားတယ်ဆိုတဲ့သဘောပါပဲ။
နတ်ဖြစ်ရင်လည်း နတ်ထက်မြတ်သောနတ်၊ လူဖြစ်ရင်လည်း လူထက်မြတ်သော လူ၊ ရဟန်းဖြစ်ရင်လည်း ရဟန်းထက်မြတ်သော ရဟန်း စသည်ဖြင့် အထက်တန်းစားခရီးသည်အဖြစ် နိဗ္ဗာန်ပန်းတိုင်ရောက်ချင်တယ်ဆိုရင် အလှူဒါန ပြုကြရပါမယ်။