သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက် အဖြစ် လတ်တလောဖြစ်ပျက်သမျှ နိုင် ငံရေးသုံးသပ်ချက်တွေကို အောင်ဇေယျ တုမှာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာ တော်ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်၊ ဆရာတော်ရဲ့ ပရဟိတလုပ်ငန်းများကို လည်းပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဝေဖန် မှုရှိနေတဲ့ တချို့အကြောင်းအရာတွေ ကိုလည်းပဲ ဆရာတော်ဦးဝီရသူဘက်က ပြန်လည် ဖြေရှင်းနိုင်စေဖို့ အချို့သော မေးခွန်းတွေကို ကြိုးစားတည်ဆောက် ထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ ခံ ယူချက်နဲ့ ကြိုးစားမှုတွေကို ဆရာတော် ရဲ့အဖြေတွေမှာ ရှာဖွေနိုင်ဖို့ အထူးရည် ရွယ်ပါကြောင်း …။

မေး – မစိုးရိမ်တိုက်သစ်ကြီးများ ရဲ့ အဓိပတိမဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မက အဘိဝံသဆရာတော် တစ်ပါးဟာ တန်ဖိုးဖြတ်လို့မရဘူး၊ သိန်းတစ်သောင်းရှိရင် ကျောင်းဝယ်ဆောက်လို့ ရ ရင်ရနိုင်လိမ့်မယ် မစိုးရိမ်တိုက်သစ်မှာတော့ နာယကလုပ်လို့မရဘူးလို့ မိန့်ခဲ့ဖူးပါတယ်။ ဆိုတော့ မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော်တစ်ပါးအနေနဲ့ ဆရာတော်ကြီးနဲ့ ကြုံခဲ့ဆုံခဲ့တာတွေ အ မှတ်တရရှိခဲ့တာတွေ ရှိရင် မိန့်ပေးပါဦးဘုရား။
ဖြေ – ပြောရရင်တော့ တို့ ကျောက်ဆည်ကနေ တက်လာတုန်း ကတော့ မျက်စိသူငယ် နားသူငယ်ပေါ့ ကွာ။ မစိုးရိမ်ရောက်တဲ့ အခါကျမှ ဆရာတော်ကြီးအကြောင်း သိရတာပေါ့။ အဲဒီတုန်းက ဆရာတော်ကြီးက မော်စကိုမှာ ထိန်းသိမ်းခံထားရချိန်ပေါ့။
အဲဒီအချိန်မှာ ဆရာတော်ဟောတဲ့ တရားတစ်ပုဒ်က တော်တော် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်သူလူထုထံရောက်ရှိ နေခဲ့တာပေါ့။ တရားတော်နာမည်က စံပြခေါင်းဆောင် ဂဝေသီ တဲ့။ အဲဒီ တရားကိုနာပြီး ဝီရသူရဲ့ စံပြပုဂ္ဂိုလ်ဟာ ဆရာတော်ကြီးဖြစ်သွားတာပေါ့။
ဦးဇင်းရဲ့ စံပြပုဂ္ဂိုလ်ဟာ ဆရာတော်ကြီး ဦးရာဇဓမ္မပါပဲ။
နောက်ပိုင်းတော့ ဆရာတော်က ထောင်ကလွတ် လာတယ်၊ ဦးဇင်းက ဆရာတော် နေခဲ့တဲ့နေရာကို ရောက် သွားတယ်။ ပြန်လာတဲ့အခါကျတော့ ဆရာတော်က မင်းနဲ့ငါ့ကို မီဒီယာတွေက ခွဲလိမ့်မယ်။ နိုင်ငံရေး သမားတွေက ခွဲလိမ့်မယ်၊ မင်းကြပ်ကြပ် ဂရုစိုက် ဆိုပြီး သတိပေးခဲ့တယ်။
သင်္ကန်းပြန်ဝတ်တဲ့နေကျတော့ ဆရာတော်ကြီးက နိုင်ငံခြားခရီးစဉ် ထွက်နေတယ်။ ပြန်လာလို့ သွားကန်တော့တဲ့အချိန်မှာ ဆရာတော်ကြီးက အမျိုးသားနိုင်ငံရေးလုပ်တာကို မတားမြစ်ဘူး။
ငါလည်း နိုင်ငံရေးလုပ်ခဲ့တာပဲ။ မင်းနိုင်ငံရေးလုပ်တာကိုလည်း ငါလက် ခံတယ်တဲ့။ ဒါပေမဲ့ ဆရာတော်ကြီးက အချက်သုံး ချက်တောင်းဆိုခဲ့တယ်။
တစ်အချက်-စာချမပျက်ဖို့။
နှစ်အချက်-နာယကဆွမ်းစားဆောင်ကို ဆွမ်းအမြဲလာစားဖို့။
သုံးအချက်ကတော့ -တိုက်တာကိစ္စတွေ မလစ်ဟင်းစေဖို့ပေါ့။
အဲဒီအချက်သုံးချက် မပျက်ကွက်ရင် နိုင်ငံရေးလုပ်ခွင့်ရှိတယ်ပေါ့ကွာ။
ဒါကြောင့်မို့ မန္တလေးမှာ ဦးဇင်းတို့ နာယကဆရာတော်တွေ ကာယသမဂ္ဂီ(ညီညွတ်မှု)မပျက်အောင် ဆွမ်းစားကွမ်းစားတွေပင့်ရင်တောင် တော်တန်ရုံဆွမ်းစားမျိုးဆို လိုက်လေ့မရှိပါဘူး။ ဒါကတော့ ဦးဇင်းနဲ့ ဆရာတော်ကြားက အမှတ်တရလေးတွေပါ။

မေး – အရှင်ဘုရားထောင်ကျနေစဉ်ကာလအတွင်းမှာ ထောင်တွင်း ဝိပဿတရားစခန်းတွေကို ၁၁ ကြိမ် အထိပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်ဘုရား။ နောက်ပြီး စာပေဘက်မှာဆိုရင်လည်း ပရိယတ္တိရွှေချိန်ခွင်လိုစာအုပ်တွေကို ရေးခဲ့တယ်ပေါ့ဘုရား။ ဒါပေမဲ့ ခုချိန်မှာ အဲလိုအရာတွေမလုပ်ဘဲ ဘာကြောင့် အမျိုးသားရေးတွေလုပ်နေတာလဲဆိုတာ မိန့်ပေးပါဦးဘုရား။
ဖြေ – ဦးဇင်းရဲ့ မူလရည်ရွယ်ချက်ကတော့ ဆရာဖေမြင့်ရေးတဲ့ မဟာကရုဏာရှင်များစာအုပ်ထဲက ဂျော့ဝါရှင်တန်ကာဗာလိုမျိုး အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ချင်စိတ်ဖြစ်ခဲ့တာပါ။ ဦးဇင်းစိတ်ကူးယဉ် ထားတာကတော့ ဂျော့ဝါရှင်တန်ကာဗာလိုပဲ ဂျစ်ကားမာမာတစ်စီးနဲ့ ရွာတွေ အနှံ့လိုက်ပြီးတော့ ဝိပဿနာတရားပြ မယ်ဆိုပြီး ရည်မှန်းထားတာပေါ့။
နောက်ကျတော့ ဦးဇင်းပြောင်းလဲသွားတယ်။ ဒီဝိပဿနာပြမည့်သူက များတယ်၊ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားရေးကိုအခြေခံပြီး သာသနာပြုတဲ့ သံဃာတော်တွေက မရှိသလောက် ရှားတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားဟောတဲ့သူက ပေါတယ်။ အမျိုး သားရေးတရားဟောတဲ့သူက မရှိဘူးပေါ့နော်။
အဲတော့ အမျိုးသားရေးတရားဟာ ပိဋကတ်တော်ရဲ့ အနှစ်သာရမဟုတ်မှန်း အမျိုးသားရေးတရားဟာ အကာမှန်းသိတယ်။ ဒါပေမဲ့ ကြက်ဥအနှစ် မပျောက်ပျက်ဖို့အတွက် ကြက်ဥအခွံဆိုတဲ့ အကာလိုအပ်တယ်။ အဲ တော့ နိဗ္ဗာန်ရောက်ကြောင်းတရား မပျောက်ပျက်ဖို့အတွက် အမျိုးသားရေး တရားဟာ လိုအပ်တယ်။ အဲဒါနဲ့ပဲ ဦးဇင်းက အမျိုးသားရေးလမ်းကြောင်းပေါ်ကို ရောက်လာတာပါ။

မေး – အမျိုးသားရေးတရားတွေ ဟောတဲ့နေရာမှာ အရှင်ဘုရားကို ဝေဖန်တိုက်ခိုက်ကြမယ့်သူတွေက အများကြီးပေါ့ဘုရား။ သံဃာအချင်းချင်းတွေကလည်း တိုက်ခိုက်တယ်။ မီဒီယာပေါင်းစုံကလည်း တိုက်ခိုက်တယ်။ ဆိုတော့ အဲဒါတွေကို ဘယ်လိုစိတ်ထားမျိုးနဲ့ ရင်ဆိုင်ကျော်ဖြတ်ရပါသလဲဘုရား။
ဖြေ – တကယ်တမ်းပြောရရင်တော့ ဦးဇင်းတို့က ရေဆန်ကိုလှော်ပြီး တက်ရတဲ့သူပေါ့နော်။ လမ်းရိုးကို သွားတာမဟုတ်ဘူး၊ လမ်းသစ်ထွင်တာလေ။ လမ်းသစ်ထွင်မယ် ဆိုကတည်းကိုက ရှေးရိုးစွဲသမားတွေရဲ့ ထိုးနှက်ချက်ကို ခံရတော့မယ်ဆိုတာ သေချာပေါက်တွက်ထားတာပေါ့။
ဥပမာ အင်္ဂလိပ်ခေတ်တုန်းက အင်္ဂလိပ်စာသင်တာကို သခင်စိတ်ရှိသူတွေက ကျွန်စာပဲဆိုပြီး တားမြစ်ကြတယ်။ ဒီကနေ့ကျတော့လည်း ဘိုလိုမှမမှုတ်ရင် လူမဟုတ်ဘူးဆိုတဲ့ စိတ်တွေ သူတို့ဆီမှာရောက်နေပြန်ရော။
အဲဒီလိုပါပဲ။ ကိုယ်ကစပြီးလမ်းဖောက်မယ်ဆိုရင်တော့ ကုလားလည်း ရုပ်နဲ့နာမ်၊ ဗမာလည်း ရုပ်နဲ့ နာမ်ဆိုတဲ့ ဝိပဿနာသမားတွေနဲ့ စတွေ့ရမယ်။ လူ့အခွင့်အရေးဆိုတဲ့ နိုင်ငံရေးသမားတွေနဲ့ စတွေ့ရမယ်။ ဂျီဟတ်ဝါဒီဆိုတဲ့ အကြမ်းဖက် မွတ်ဆလင်တွေနဲ့ စတင်ရင်ဆိုင်ရမယ်။ အဲဒါတွေကို ကြိုတင်သိထားတဲ့အခါ ကျတော့၊ စစ်ပွဲတစ်ပွဲကို ကြိုတင်သိပြီးတော့ ချပ်မိန်ညိုတွေ၊ ကျည်ကာတွေဝတ်ပြီး တိုက်ခိုက် ရတဲ့သူတစ်ယောက်ဟာ ကျန်တဲ့ဟာတွေမမှုသလိုပေါ့။
ဒီထိုးနှက်ချက်လောကဓံ မှန်သမျှကို လောကဓံလိုသဘောမထားဘဲ သမားရိုးကျ မိုးပေါက်ကလေးတွေလိုပဲ အောက်မေ့ပြီးတော့ ဆက်ချီတက်နေတာပေါ့နော်။

မေး – ဇွန်လ ၂၆ ရက်နေ့ကျရင် အရှင်ဘုရား ၄၉ နှစ်ပြည့်ပြီလို့ သိရပါတယ်ဘုရား။ ဖြတ်သန်းလာတဲ့ ၄၉ နှစ်အတွင်းမှာ အရှင်ဘုရား ကျေနပ်အားအရဆုံးအရာက ဘာဖြစ်မလဲ။ နောက်ပြီးတော့ နောင်တရစရာရှိရင် လည်းပဲ နောင်တအရဆုံးအရာက ဘာဖြစ်မလဲ။
ဖြေ – သကျသီဟဘွဲ့ရတဲ့(၁၉၉၉)ခုနှစ် မဟာစည်ရိပ်သာမှာ နှစ်လနီးပါး တရားအားထုတ်ဖြစ်သွားတဲ့ အချိန်ဟာ ကိုယ့်ဘဝကိုယ် အကျေနပ်ဆုံးအချိန်ပေါ့။
ရိပ်သာကပြန်လာတဲ့အခါ စာချရင်းနဲ့ ကျမ်းပြုတယ်။ အဲဒီကျမ်းက ဝိပဿနာအတွက်၊ ထေရဝါဒသာသနာ တော်တစ်ခုလုံးကို ကာကွယ်လိုက်နိုင်တယ်လေ။ အဲဒီ ထေရဝါဒတိုက်ပွဲ သို့မဟုတ် ထေရဝါဒတို့တိုင်းပြည်ဆိုတဲ့ စာအုပ်နဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်တွေကတော့ ဦးဇင်းဘဝအတွက် အားအရဆုံး အောင်မြင်မှုတွေပါ။
ဦးဇင်းမှာ နောင်တရစရာတော့ မရှိပါဘူး။ ကိုယ်က မကောင်းတာလုပ်တာမှမဟုတ်တာလေ။ ကိုယ့်ကိုယ်ကိုယ်လည်း အမျိုးကိုချစ်နေရုံနဲ့ မပြီးဘူး။ သာသနာကို ချစ်နေရုံနဲ့ မပြီးဘူး။ စိတ်ထားဖြောင့်မတ်ဖို့လိုတယ်။ စာရိတ္တကောင်းမွန်ဖို့လိုတယ်။ ကိုယ်ကျင့်သီလဖြူစင်ဖို့လိုတယ်။ အဲဒီလို အမြဲတမ်းဆင်ခြင်ထားတဲ့အတွက် ဦးဇင်းမှာ နောင်တ ရလောက်အောင် မှားခဲ့တဲ့ အမှားကွက်ကြီးတွေ မရှိပါဘူး။
(ဆက်လက်ဖော်ပြပါမည်)