အရင်ပွဲတုန်းက
အရေးနိမ့်သူကိုအားပေး
ကရုဏာပေါင်းများစွာနဲ့
စာနာစိတ်တွေစီးဆင်းခဲ့ရ
သြော်……ပွဲမြန်မြန်ပြီးပါစေသတည်း။
အခုပွဲကျ
အောင်ပွဲရတာကိုကျေနပ်
အောင်နိုင်သူနှင့်အတူ
မုဒိတာတွေစီးဆင်း
အောင်ပွဲခံချိန်ကိုပဲရောက်ချင်နေမိတယ်။
ဝီရသူ(မစိုးရိမ်)
1.7.2017
PM 5:48
Tagsသတင်း