သတင်း
“နှောင်းလူတို့ အတွက်”
ထေရ်အရဟံ အရှင်မြတ်
ချန်ရစ်တဲ့  သာသနာ
ထွန်းလင်းပြောင်ခဲ့။
စဉ်အဆက်နှင့် သံဃာတွေ
ရှေ့လူတို့ ဇွဲ
ထိုမှတဖန်  အတွင်းရန်က
ဒီအသွင် ဒီအဖြစ်ကို
“ပြိုင်ပွဲဝင်ကဗျာများ (၃)”
===============
“နှောင်းလူတို့အတွက်”
ထေရ်အရဟံ အရှင်မြတ်
လမ်းညွှန်ချက် ဦးထိပ်ပန်ကာ
အနော်ရထာ မင်းကျန်စစ်တို့
ချန်ရစ်တဲ့ သာသနာ
မြန်မာမှာ ကမ္ဘာချဉ်းအောင်
ထွန်းလင်းပြောင်ခဲ့။
ပုဂံမြင်စိုင်း စစ်ကိုင်းပင်းယ
အင်းဝကုန်းဘောင် မြန်ဂုဏ်ဆောင်
ခေတ်တိုင်းတွင် သမိုင်းတင်
ရှုမျှော်စမ်းပါဘိ ရှင်ဘုရင်
စဉ်အဆက်နှင့် သံဃာတွေ
လက်တွဲယှဉ်လို့ ဖျက်စီးဖို့ကြံ
လူ့မိစ္ဆာရန်က တွန်းလှန်ကာ
ဖြိုဖျက်လျက် နောင်မျိုးဆက်အတွက်
ရှေ့တက်ကာ ကြိုးပမ်းခဲ့ကြတယ်။
ရှေ့လူတို့ဇွဲ
နှောင်းလူအဖြစ် ငါတို့ခေတ်မှ
မျိုးညစ်မိစ္ဆာ လူမသမာတို့
ခြူခြာနယ်ချဲ့ ဘာသာချဲ့လျက်
လူကိုလူချင်း သိမ်းယူသွင်း
မျိုးရင်းမြန်မာ တို့ပြည်ရွာကို
လုလာရန်စ ကျူးကျော်ကြ၏။
ထိုမှတဖန် အတွင်းရန်က
ပြည်ပသြဇာခံ ကျွန်စော်နံသည့်
အသားကလောက်ထွက် မျိုးပျက်တစ်သိုက်က
ပြည်သူ့အကြိုက် ဂရုမစိုက်ဘဲ
နိုင်ငံခြားအကြိုက် တဖက်သတ်လိုက်
သူယုတ်မာစရိုက်နဲ့ ရှေးရိုးစဉ်လာ
မြန်မာယဉ်ကျေး ဘာသာသွေးကို
ဖျက်ရေးကြံစည် ဉာဏ်ပလီနှင့်
တို့တင် အစိုးရ ကိုယ်တိုင်ကပင်
ကုလားအခွင့်အရေး တောင်းဆိုပေး၏။
ဒီအသွင် ဒီအဖြစ်ကို
တွေးစစ်လို့မဆင်ခြင် ပညာဉာဏ်ဖြင့်
ပြုပြင်ကာ မကာကွယ်ကြလျှင်
နောင်တွင်မျိုးဆက် အနာဂတ်ဝယ်
ဘာသာလည်းမှောက် လူမျိုးနှောက်
တိုင်းပျောက်ပြည်ပျက် အဖက်ဖက်က
နိမ့်ကျယိုယွင်း ပျက်စီးခြင်းသို့
မယွင်းဧကန် ရောက်မည်မှန်၏။
သို့အတွက်ကြောင့် တို့လက်ထက်မှာ
ရှေးခါဘိုးဘေး သွေးနှင့်ရေး
ပေးခဲ့သာသနာ တို့ပြည်ရွာကို
သေချာတွေးရှု ဂရုပြုလျက်
သတိဆင်ခြင် ဉာဏ်မျှော်မြင်ဖြင့်
ကောင်းအောင်ပြင်မှ တော်ကာကျလိမ့်
နှောင်းလူမျိုးဆက်တွက်ပါကို။ ။
အရှင်သုနန္ဒ (ပျူမြို့သား)