ဝါေခါင္လဆန္း ၈ ရက္ (19.8.2018) ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာ ပညာဒါနက်ဴရွင္ေက်ာင္းေစာင့္ေရွာက္ေရးအဖြဲ႔အျဖစ္ မိဘဆရာမ်ားအသင္း ဖြဲ႔စည္းပါတယ္။
မန္း မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး အေက်ာင္းဝင္းအတြင္းရွိ ရွင္းလင္းေဆာင္မွာ က်င္းပပါတယ္။ အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းမ်ား ေက်ာင္းသားမိဘမ်ား ရပ္မိရပ္ဖမ်ား မန္း မေဟာ္သဓာ ပညာေရးေကာ္မတီဝင္မ်ား တက္ေရာက္ၾကပါတယ္။
အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းမ်ားမွ ဆယ္အိမ္ေခါင္းမ်ား၊ ရာအိမ္မွဴးမ်ား၊ အုပ္ခ်ဳပ္ေရးမွဴးမ်ားကိုလည္းေကာင္း၊ ေက်ာင္းသားမိဘမ်ားကိုလည္းေကာင္း၊ ရပ္မိရပ္ဖမ်ားကိုလည္းေကာင္း ေရြးခ်ယ္ဖြဲ႔စည္းႏိုင္ခဲ့ပါတယ္။
မိဘဆရာမ်ားကို ဥကၠ႒အျဖစ္ က်ဴရွင္ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဌးေဌးျမင့္ (လက္ေထာက္ပညာေရးမွဴး-ၿငိမ္း) အတြင္းေရးမွဴးအျဖစ္ ေဘာဂေဗဒျပ ဆရာဦးေအးျမင့္ႏိုင္တုိ႔ကို ေရြးခ်ယ္တင္ေျမႇာက္ကာ နာယကအျဖစ္ ပညာေရးေကာ္မတီဥကၠ႒ ဆရာႀကီးဦးမ်ဳိးခ်စ္၊ ဗိုလ္မွဴး သူရေရႊလွ၊ ဆရာဦးျဖဴဝင္းတုိ႔ကို ေရြးခ်ယ္ကာ ၾသဝါဒါစရိယအျဖစ္ စာေရးသူႏွင့္ ဦးဣႏၵက (M.A)တုိ႔ကို ေရြးခ်ယ္တင္ေျမႇာက္ပါတယ္။
က်န္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ေက်ာင္းသားမိဘမ်ား၊ ရပ္မိရပ္ဖမ်ားကို အဖြဲ႔ဝင္အျဖစ္ အတည္ျပဳႏိုင္ခဲ့ၾကပါတယ္။ မိဘဆရာမ်ားအသင္းမွ မိဘမ်ား ရပ္မိရပ္ဖမ်ားက ေက်ာင္းသူေက်ာင္းသားေတြႏွင့္ပတ္သက္ၿပီး တုိးတက္ရာတုိးတက္ေၾကာင္း အႀကံျပဳၾကပါတယ္။ ဆရာႀကီးဦးမ်ဳိးခ်စ္၊ ဆရာမႀကီးေဒၚေဌးေဌးျမင့္၊ ဆရာေတာ္ဦးဣႏၵကတုိ႔က ျပန္လည္ေဆြးေႏြးခဲ့ၾကပါတယ္။
“ကျောက်ချောရွာ ကျူရှင်ကျောင်း မိဘဆရာများအသင်း ဖွဲ့စည်း”
ဝါခေါင်လဆန်း ၈ ရက် (19.8.2018) ရက်နေ့၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းစောင့်ရှောက်ရေးအဖွဲ့အဖြစ် မိဘဆရာများအသင်း ဖွဲ့စည်းပါတယ်။ မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။
အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကျောင်းသားမိဘများ ရပ်မိရပ်ဖများ မန်း မဟော်သဓာ ပညာရေးကော်မတီဝင်များ တက်ရောက်ကြပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဆယ်အိမ်ခေါင်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ ကျောင်းသားမိဘများကိုလည်းကောင်း၊ ရပ်မိရပ်ဖများကိုလည်းကောင်း ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မိဘဆရာများကို ဥက္ကဋ္ဌအဖြစ် ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့် (လက်ထောက်ပညာရေးမှူး-ငြိမ်း) အတွင်းရေးမှူးအဖြစ် ဘောဂဗေဒပြ ဆရာဦးအေးမြင့်နိုင်တို့ကို ရွေးချယ်တင်မြှောက်ကာ နာယကအဖြစ် ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ဗိုလ်မှူး သူရရွှေလှ၊ ဆရာဦးဖြူဝင်းတို့ကို ရွေးချယ်ကာ သြဝါဒါစရိယအဖြစ် စာရေးသူနှင့် ဦးဣန္ဒက (M.A)တို့ကို ရွေးချယ်တင်မြှောက်ပါတယ်။
ကျန်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများကို အဖွဲ့ဝင်အဖြစ် အတည်ပြုနိုင်ခဲ့ကြပါတယ်။ မိဘဆရာများအသင်းမှ မိဘများ ရပ်မိရပ်ဖများက ကျောင်းသူကျောင်းသားတွေနှင့်ပတ်သက်ပြီး တိုးတက်ရာတိုးတက်ကြောင်း အကြံပြုကြပါတယ်။ ဆရာကြီးဦးမျိုးချစ်၊ ဆရာမကြီးဒေါ်ဌေးဌေးမြင့်၊ ဆရာတော်ဦးဣန္ဒကတို့က ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။