သတင်း

HRDP အဖွဲ့ကို သတိထားကြဟေ့

HRDP ဆိုတာ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဖြစ်ပါတယ်။ ရုံးချုပ်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အရှေ့ရပ်ကွက် မကျည်းတန်းမြောက်၊ နတ်စင်လမ်း အမှတ် ၈၂ မှာ ဖြစ်ပါတယ်။ HRDP အဖွဲ့က ဖျာပုံမြို့မှာ သင်တန်းပို့ချတဲ့အထဲ မဘသ ဝီရသူ ၉၆၉ အမျိုးစောင့်ဥပဒေ စတာတွေကို ထည့်သွင်းပို့ချသွားတဲ့အခါ ဦးမောင်မောင်လေးက တပ်မတော်ကလူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး လက်နက်ကိုင်သူပုန်တို့က လူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်း မဟုတ်ဘူးဆိုတာ ပါပါတယ်။

လူသတ်တာချင်းအတူတူ ဘယ်လိုကွာခြားတယ်ဆိုတာတော့ သူတို့မှ သိမှာပါ။ အမျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးချိုးဖောက်ထားတယ်လို့ ဆိုသွားပါတယ်။ သူတို့ဖြန့်ဝေထားတဲ့ စာထဲမှာပါတဲ့ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းက အတည်ပြုပြဌာန်းလိုက်တဲ့ အထဲမှာ မပါဘူးဆိုတာ ရှေ့နေတွေဖြစ်ပြီး လူ့အခွင့်အရေးသမားတွေဖြစ်ပြီး လုံးဝမသိရှာပါဘူး။ အမျိုးစောင့်ဥပဒေအားလုံး လူ့အခွင့်အရေးနှင့်ညီကြောင်း လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်တွေကို ထောက်ပြပြီး HRDP အဖွဲ့နှင့် ထိပ်တိုက် ဆွေးနွေးချင်ပါတယ်။ ဥပဒေကြမ်းကြီးကို အဟုတ်ထင်ပြီး အမျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေးနှင့် မညီဘူးလို့ လိုက်လံပို့ချနေတာဟာ ဥပဒေနှင့် ညီညွတ်ပါသလား? ဥပဒေသမားတွေ စဉ်းစားမိဖို့ လိုပါတယ်။

HRDP အဖွဲ့ဟာ ၂၀၁၇ မေလ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ဖျာပုံမြို့ ၆ရပ်ကွက် ပထမလမ်း အမှတ် ၁၉ 7 Star ဟိုတယ် စတုတ္ထထပ်မှာလည်း သင်တန်းပို့ချခဲ့ဘူးပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ဖျာပုံမြို့မှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းအောင်(အမှတ်-၁၈ရပ်ကွက်)  ဦးကျော်ဝင်း(အမှတ်-၁၅ရပ်ကွက်) ကိုကျော်မင်းထွန်း(မြို့ပတ်လမ်း-NLD)တို့ ဖြစ်ပါတယ်။
ဒီမတိုင်ခင် ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့(ULPA) အဖွဲ့ကလည်း ဖျာပုံမြို့ အမှတ်၁ရပ်ကွက် ပထမလမ်း ရွာမဘုန်းတော်ကြီးကျောင်းမှာ ၂၀၁၇ အောက်တိုဘာလ ၂၈ ၂၉ နှစ်ရက်တိုင်တိုင် ပို့ချခဲ့ပါသေးတယ်။
၎င်း ULPA အဖွဲ့ပို့ချတုန်းက တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဦးဌေး၊ ဒေါ်ချိုချိုခိုင်တို့က ပို့ချခဲ့တာပါ။

HRDP ဖြစ်စေ ULPA ဖြစ်စေ အဖွဲ့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဖို့အတွက်ပါပဲ။ သူတို့ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိတယ် သူတို့ကို ဘယ်သူတွေက ထောက်ပံ့နေတယ်ဆိုတာကိုတော့ ပြေးကြည့်စရာမလိုလောက်ပါဘူး။

မြန်မာပြည်မှာ
၁။ မြန်မာနိုင်ငံရှေ့နေများကွန်ရက်(MLL)
၂။ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ILAM)
၃။ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့(ULPA) ဟု သုံးဖွဲ့ရှိပါတယ်။
သုံးဖွဲ့လုံး NLD လော်ဘီများဖြစ်ပြီး မြို့နယ်တိုင်းက NLD တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားနေကြတာပါ။ ခြေဥပြင်တာတွေ ပြုတာတွေ မပြောလိုပေမယ့် အမျိုးစောင့်ဥပဒေ မဘသ ၉၆၉ ဝီရသူတို့ကို ခလုတ်တိုက်နေတာကတော့ ဆိုးပါတယ်။ အမျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုရင် အဲ့ဒီ ရှေ့နေအဖွဲ့သုံးဖွဲ့လုံးရဲ့ ခေါင်းဆောင်များနှင့် ဝီရသူတစ်ပါးတည်း ဆွေးနွေးပါမယ် လောလောဆယ် သူထုတ်ပြထားတဲ့ အပိုဒ်နဲ့ တကယ်ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။

မြန်မာ့ဥဒါန်း အမှတ်(၁၃)ပါ သတင်းကိုလည်း ပူးတွဲ တင်ပြပေးလိုက်ပါတယ်။
========================================================
မျိုးစောင့်ဥပဒေများကို ဖျက်သိမ်းသင့်ကြောင်း၊ မဘသအဖွဲ့သည် အစွန်းရောက်အဖွဲ့ဖြစ်ကြောင်ျးွီံဏ အဖွဲ့မှ

ဖျာပုံမြို့တွင် သင်တန်းပို့ချ
==================================

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄၊ ၁၅၊ ၁၆ ရက်နေ့များတွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဒုတိယလမ်း၊ (၁၁)ရပ်ကွက်

ဂွကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ (ျွံီံဏ)မှ ဒလူ့အခွင့်အရေး

ချိုး ဖောက်ခံရမှုတွေ ကူညီဖို့ လူ့အခွင့်အရေး ဆိုင်ရာသင်တန်းဒကို ဖျာပုံမြို့ပေါ်နေ ပြည်သူများအား ပို့ချခဲ့ကြောင်း

သိရ သည်။
သင်တန်းဖြစ်မြောက်ရေးအတွက် ဖျာပုံမြို့နေ ကိုကျော်မင်းထွန်းမှ ဦးဆောင် ပြုလုပ်ခဲ့ပြီး သင်တန်းကို

ရန်ကုန်မြိွုျံီံ့ဏ အဖွဲ့မှ စီမံချက်မန်နေဂျာ ဦး မောင်မောင်လေး၊ သင်တန်းမှူး ဦးအေး နိုင်၊

လက်ထောက်သင်တန်းမှူး ဦးတင် ဝင်းကို၊ ဘိုကလေးမြို့နယ်ျွီံဏ အ ဖွဲ့မှ ဦးစောဘန်ကူးတို့မှ လူ့အခွင့်အရေး

ဆိုင်ရာကိစ္စများကို ပို့ချခဲ့ကြောင်း သိရ သည်။
အဆိုပါသင်တန်း ဒုတိယနေ့နှင့် တတိယနေ့၌ ဦးမောင်မောင်လေးက သင်တန်းပို့ချခဲ့ရာတွင်

ဒဒတပ်မတော်က လူသတ်သည်မှာ လူ့အခွင့်အရေး ချိုး ဖောက်ခြင်းသာဖြစ်ပြီး လက်နက်ကိုင် သူပုန်တို့က

လူသတ်သည်မှာ လူ့အခွင့် အရေး ချိုးဖောက်ခြင်းမဟုတ်ကြောင်း၊ အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့

(မဘသ)သည် အစွန်းရောက် အဖွဲ့သာဖြစ်ပြီး ဘာသာရေးပဋိပက္ခဖြစ် ပွားအောင် ပြုလုပ်နေသောအဖွဲ့သာဖြစ်

ကြောင်း၊ မဘသဆရာတော်များမှ ဗုဒ္ဓ တရားတော်နှင့်အညီ မဟုတ်ဘဲ အမုန်း တရားများကို ဟောကြားနေခြင်းဖြစ်

ကြောင်း၊ တရားပွဲအကြောင်းပြပြီး အ မုန်းတရားများ ဆက်လက်ဟောကြား လာပါက ဥပဒေအရ အရေးယူသွားမည်

ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေ လေးရပ် သည် လူ့အခွင့်အရေးချိုးဖောက်ထား သောဥပဒေများဖြစ်ခြင်းကြောင့် ထိုဥပ

ဒေလေးရပ်မှာ မရှိသင့်ဘဲ ဖျက်ဆီးသင့် ကြောင်း၊ ရွေးကောက်ပွဲများသည် တရား မျှတမှုမရှိကြောင်း၊

တစ်ဘာသာနှင့်တစ် ဘာသာ ပဋိပက္ခဖြစ်အောင်၊ ဟိုလူမျိုး နှင့် ဒီလူမျိုး ပဋိပက္ခဖြစ်အောင် အမုန်း

စကားပြောဆိုခြင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်အား တလွဲအသုံးချခြင်းဖြစ် ကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပ

ဒေမှာ လူ့အခွင့်အရေးနှင့် ညီညွတ်ခြင်း မရှိသဖြင့် ပြန်လည်ပြင်ဆင်ရန် လိုအပ် ကြောင်းဒ အကျယ်တဝင့်

ရှင်းလင်းပြော ကြားခဲ့သည်။
အဆိုပါသင်တန်းကို ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီး ဌာနသို့

ခွင့်ပြုချက်မတောင်းဘဲ ပြုလုပ် ခဲ့ပြီး ၁၅-၁၂-၂ဝ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ဖျာပုံမြို့နယ် အထွေထွေ

အုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်လက်မပြု လုပ်ရန်နှင့် ခွင့်ပြုချက်နှင့်အညီပြုလုပ် ရန် ခေါ်ယူသတိပေးရာ သင်တန်းတာ

ဝန်ခံ ဦးနိုင်ဝင်းအောင်မှ ရပ်နားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံ ပြောဆိုပြီးနောက် ၁၆-၁၂-၂ဝ၁၇ ရက်

နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၏တားမြစ်ချက်ကို မလိုက်နာဘဲ သင် တန်းကို ဆက်လက်ပို့ချ၍

သင်တန်းပြီး ဆုံးသည်အထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ျွီံဏ အဖွဲ့မှ ဦးမောင်မောင် လေး ပို့ချပြောကြားမှုနှင့်ပတ်သက်၍ ဖျာပုံမြို့မှ

အမျိုးသားရေးတက်ကြွလှုပ် ရှားသူ ဦးစိုးနိုင်မှ နိုင်ငံခြားသားများ ရုံးထိုင်တဲ့ အဖွဲ့အစည်းတွေက ¤င်းတို့ နှင့်

မပတ်သက်တဲ့ ၂ဝဝ၈ ခြေ။ဥပြင် ဆင်ရေးကို မြို့နယ်တိုင်းကို ပို့ချမှိုင်းတိုက် နေတာဟာ

ရည်ရွယ်ချက်ကြီးကြီးမားမား ရှိကြောင်း၊ လူ့အခွင့်အရေးသည် မြန်မာ ပြည်ကို အစဉ်တစိုက် ဒုက္ခပေးနေခဲ့ ကြောင်း၊

မဘသအဖွဲ့သည် အစွန်း ရောက်မဟုတ်ဘဲ ကာကွယ်ရေးအတွက် လမ်းပြနေခြင်းဖြစ်ကြောင်း၊ ဥပဒေအရ

ပေးထားသော အခွင့်အရေးသည် ပြီး ပြည့်စုံပြီးဖြစ်သဖြင့် လူ့အခွင့်အရေးမလို အပ်ဟု ပြောခဲ့ကြောင်း သိရသည်။