Tag: သတင်း

သတင်း

ရေဘေးကူညီရေး အလှူတော် (၁၀)

တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ ရေဘေးကူညီရေး အလှူတော် (၁၀) တပ်ကုန်းမြို့၊ဘုန်းတော်ကြီးကျောင်းများ ———————————————–       ရမည်းသင်းမြို့ ၊ ညောင်လေးပင်ရွာမှ ၊ ထွက်ခွါလာခဲ့ပါတယ်။       တပ်ကုန်းမြို့သို့ ညနေစောင်းလေးမှာ ရောက်ပါတယ်။       ပထမဦးဆုံး(          )ဘုန်းကြီးကျောင်းသို့ ရောက်ပါတယ်။ ရေကျသွားပေမဲ့ ကျောင်းဝင်းတစ်ခုလုံး အမှိုက်သရိက် ဒိုက်တွေနဲ့ နွံတွေ ပြည့်နှက်နေပါတယ်။       ကျောင်းထိုင်ဆရာတော်လေးက ကိုယ်ရေးဘေးသင့်တာကို မမှုအားဘဲ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်လဲလှူ အလှူခံလဲပေးနဲ့ ပြန်ကူနေပါတယ်။       ကျောင်းတိုက် ပြုပြင်ဖို့အတွက်ဖြစ်စေ၊ ဆုံးရှုံးသွားတာတွေ ပြန်ဝယ်ဖို့ အတွက်ဖြစ်စေ ...
သတင်း

ရေဘေးကူညီရေးအလှူတော် (၉)

ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ရွာ ရေဘေးကူညီရေးအလှူတော် (၉) ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ရွာ ——————————————- စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ရန်အောင်မင်းကျောင်းမှ ထွက်ခွါလာခဲ့ပါတယ်။ ညောင်လေးပင်ရွာကို ရောက်ပါတယ်။ နောင်တော်ကြီး ဦးတိက္ခနဲ့ ညီတောင်မောင် ဦးစန္ဒောတို့ လိုက်ပို့တာပါ။ ရေဘေးသင့်ပြည်သူတွေ အသင့်စောင့်နေကြပါတယ်။ ညီတော်မောင် အရှင်ကောလိနိယ ကျောင်းထိုင်ရာ ရွာပါ။ ညီတော်မမောင့် ကျောင်းမှာပဲ တွေ့ဆုံကြတာပါ။ အိမ်ပါသွားလို့ ခိုကိုးရာမဲ့ခဲ့တဲ့ မိသားစု ၉ စုကို ငါးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။ စုစုပေါင်း ၄၅သိန်းပေါ့။ သြဝါဒလဲ မပေးနိုင်တော့ပါဘူး။ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၈)

ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ ————————————- ရေဘေးကူညီရေး အလှူတော်(၈) ရမည်းသင်းမြို့ ကျောင်းဖြူကုန်းရွာ ————————————-       စက်တင်ဘာလ ၂၆ရက် ညနေ သိမ်ကုန်းရွာ မုဉ္စလိန္ဒာကျောင်းမှ အပြန် ကျောင်းဖြူကုန်းရွာသို့ ရောက်ရှိခဲ့ပါတယ်။       ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားများ စာကျက်နေတာ တွေ့ရပါတယ်။       မိုးဖွဲဖွဲလေးကလဲ ကျနေ။ တစ်နေကုန်လဲ ပင်ပန်းနေ ခရီးဆက်ရန်ကလဲ ရှိနေလို့ အခမ်းအနားရယ်လို့ မလုပ်တော့ပါဘူး။ ကျောင်းသား ကျောင်းသူ ငါးဦးနဲ့ စုပေါင်း ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့ပါတယ်။       သူတို့လေးတွေက ...
သတင်း

ရေဘေးကူညီရေး အလှူတော် (၇)

မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ရေဘေးကူညီရေး အလှူတော် (၇) မုဉ္စလိန္ဒာ သိမ်ကုန်းရွာ ————————————————        စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းဝါးပင်တပ်ရွာမှ အပြန် ကားဆရာဦးဆယ်အိမ်မှာ နေ့ဆွမ်းစားကြပါတယ်။        သံဃာ ရှစ်ပါးစာ အရေးပေါ် ချက်ပြုတ်ထားကြတာပါ။ တောထမင်း တောဟင်းများဖြစ်၍ စားရတာ မြိန်ပါတယ်။ ရေနွေးပွဲမှာ နွားနို့စစ်စစ် တစ်ခွက်စီ သောက်ရပါတယ်။        နေ့ဆွမ်းစားပြီး လက်ဆေးပါးစပ်ဆေးလုပ်ကာ အပေါ့အပါးသွားပြီး ခြံဝင်းထဲ လှည့်ပတ်ကြည့်ပါတယ်။        ကားဆရာတွေ ထမင်းစားနေချိန်လေး တောရှုခင်းအလှ သဘာဝတရားလေးတွေ ...
သတင်း

ရေဘေးကူညီရေးအလှူတော် (၆)

ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ ရေဘေးကူညီရေးအလှူတော် (၆) ရမည်းသင်းမြို့ ၊ ဝါးပင်တပ်ရွာ ————————————-        သပြေပင်ရွာကအပြန် ဝါးပင်တပ်ရွာကို ရောက်ပါတယ်။ ဝါးပင်တပ်ရွာကို တကူးတက အရောက်သွားလို့ ရောက်တာမျိုးမဟုတ်ဘဲ အလိုလို ရောက်သွားတာပါ။        သပြေပင်ရွာကနေ ဆင်းလိုက်ရင် ဝါးပင်တပ်ရွာကို တန်းရောက်လို့ပါပဲ။ သပြေပင်နဲ့ ဝါးပင်တပ်က တောင်ပေါ်နဲ့ တောင်အောက်လေးတင် ဝေးတာပါ။        ဝါးပင်တပ်ကနေ တက်လိုက်ရင် သပြေပင်ရွာသို့ ရောက်ပြီး ၊ သပြေပင်ကနေဆင်းလိုက်ရင် ဝါးပင်တပ်သို့ ရောက်တာပါပဲ။ ဖြတ်သွားလို့သာ ရပေမဲ့ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၅)

ရမည်းသင်းမြို့နယ် သပြေပင်ရွာ ရေဘေးကူညီရေး အလှူတော်(၅) ရမည်းသင်းမြို့နယ် သပြေပင်ရွာ ———————————————        စက်တင်ဘာလ ၂၅ရက်နေ့ မနက်အာရုဏ်ဆွမ်းအဖြစ် ရန်အောင်မင်းကျောင်း မှာ ယာဂု(ဆန်ပြုတ်) ဘုန်းပေးပါတယ်။ တောမြို့ဆိုတော့ ကျေးလက်အဟာရလေး တွေက မရိုးနိုင်အောင် စားကောင်းပါတယ်။        တောင်ပေါ်တက်ကြတော့မှာဆိုတော့ ပါလာတဲ့ကားတွေနဲ့အဆင်မပြေပါဘူး။ ဒါကြောင့် ဦးစန္ဒောနဲ့ ဦးတိက္ခ – ညီနောင်နှစ်ပါးက တွဲလက်ညီ ရွှေသမားတွေကို ချောခေါ်ပါတယ်။ ဦးစိုးထွန်းရှိန်ရဲ့ မန်နေဂျာ ကိုဉာဏ်ဝင်းလဲ ပါလာပါတယ်။        ကားတွေက အမြင့်ကြီးတွေပါ။ ရွှေတောသို့ တက်နေကျကားတွေဖြစ်ပါတယ်။ ...
သတင်း

ရေဘေးကူညီရေး အလှူတော်(၄)

ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ ရေဘေးကူညီရေး အလှူတော်(၄) ရမည်းသင်းမြို့နယ် ဇီးဖြူကုန်းရွာ —————————————        ထီးလှိုင်ရွာမှ ထွက်ခဲ့ပြီး ဇီးဖြူကုန်းရွာသို့ ရောက်ပါတယ်။ ဘုန်းကြီးကျောင်းမရောက်ခင် ရွာထဲမှာပဲ မျက်စိလည်နေကြပါတယ်။ နေ့ဘက်တောင် မျက်စိလည်တဲ့ ရွာလို့ ဆိုပါတယ်။ မြို့ခံက လိုက်ပို့တာဆိုတော့ ရွာခံလောက် လမ်းမကျွမ်းဘူးလေ။        ပိုဆိုးတာက မန္တလေးကကားပါ။ ဗွက်ထဲနစ်နေတာ အကြာကြီး၊ ဝိုင်းပြီးတွန်းကြ၊ ဆင်းပြီးတွန်းကြ ၊ ကျောက်ခဲတွေခုကြနဲ့ အတော်ကြီး ရုန်းကန်လိုက်ရပါတယ်။        ပရဟိတဆိုတာ လွယ်တယ်မထင်နဲ့နော်        လက်သုံး ချောင်းနိုင်ငံရေးကသာ ...
သတင်း

ရေဘေးကူညီရေး အလှူတော် (၃)

ရမည်းသင်းမြို့နယ်၊ ထီးလှိုင်ရွာ ရေဘေးကူညီရေး အလှူတော် (၃) ရမည်းသင်းမြို့နယ်၊ ထီးလှိုင်ရွာ ———————————–        စက်တင်ဘာလ ၂၄ရက်၊ ညနေပိုင်းမှာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက် အုပ်စု၊ အလယ်ရွာမှ ရမည်းသင်းမြို့သို့ ဆက်လက် ထွက်ခွါလာခဲ့ကြပါတယ်။        ရမည်းသင်းမြို့ ၊ ရန်အောင်မင်းကျောင်းသို့ ရောက်ရှိပြီး တိုက်အုပ်ဆရာတော် ဦးစန္ဒော၊ ရွာတန်းရွာမှ နောင်တော်ကြီး ဦးတိက္ခတို့နှင့် ဆွေးနွေးတိုင်ပင်ကြပါတယ်။        “ရွှေလုပ်ကွက်နဲ့ နီးတဲ့ ရွာတွေက ပြန်လည်ထူထောင်ဖို့ လွယ်ကူပြီး ၊ ရွှေလုပ်ကွက်နဲ့ တစ်ခြားစီမှာ ရှိတဲ့ ...
သတင်း

ရေဘေးကူညီရေး အလှူတော် (၂)

ဇေယျာသီရိ မြို့နယ်၊ အလယ်ရွာ ရေဘေးကူညီရေး အလှူတော် (၂) ဇေယျာသီရိ မြို့နယ်၊ အလယ်ရွာ ——————————————–        စက်တင်ဘာလ ၂၄ရက်နေ့ နေ့ဆွမ်းစားအပြီးမှာ ရေဘေးကူညီရေး အလှူတော် တပ်ဖွဲ့ဟာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အုပ်စု၊ အလယ်ရွာသို့ ချီတက်ခဲ့ကြပါတယ်။        တပ်ကုန်းမြို့နယ်၊ မန်ကျည်းပင်အုပ်စု၊ ရှားတုံးအိုင်ရွာမှ ချီတက်လာကြခြင်း ဖြစ်ပါတယ်။        အလယ်ရွာ မရောက်ခင် နေပြည်တော်လမ်းမကြီးတွေပေါ် ရေလွှမ်းခဲ့တာ စက်လှေနဲ့ သွားရတယ်ဆိုပဲ။ မယုံနိုင်စရာဖြစ်ရပ်ဆိုးကြီးပါ။        အလယ်ရွာရောက်တော့ မြင်မကောင်းရှုမကောင်းတော့ပါ။ ဘုန်းကြီးကျောင်းတောင် ...
သတင်း

“ရေဘေးကူညီရေး အလှူတော်(၁)”

ရှားတုံးအိုင်ရွာ “ရေဘေးကူညီရေး အလှူတော်(၁)” ရှားတုံးအိုင်ရွာ ———————————————-       ဒီလ စက်တင်ဘာ ၂၄ရက်နဲ့ ၂၅ရက်နေ့တုန်းက တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော်သို့ ရောက်ခဲ့ပါတယ်။       ရေဘေးအကူအညီ ခရီးစဉ်ပေါ့။       ၂၄ရက်နေ့မနက် ၉း၀၀ နာရီလောက်မှာ တပ်ကုန်းမြို့နယ်၊ ရှားတုံးအိုင်ရွာကို ရောက်ခဲ့ပါတယ်။       ရှားတုံးအိုင်ဆိုတာ နာမည်ကျော် မန်ကျည်းပင်အုပ်စုထဲက တစ်ခုပေါ့။       ပေါက်ကိုယ်တော်က တစ်အိမ်ထောင် တစ်သိန်းကျပ်စီလှူပြီး အင်္ကျီအသစ်တွေ လှူဒါန်းဝေငှ၊စာရေးသူက နတ်မျက်စဉ်းတွေ ပေးဝေပြီး သြဝါဒပေး – ...
သတင်း

တရားတော်

သတင်း

“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ”

“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ” ————————————————-         စက္ခုအလင်း ကျောင်းဆောင် ရေစက်ချပွဲကို ဝါဆိုလပြည့်ကျော် ၁၅ရက် (4.8.2024) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။         မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊၅၃×၁၁၇လမ်း၊ လောကအလင်းကျောင်းတိုက်မှာ ကျင်းပတာပါ။         အမရပုရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ၊ သက်တော်ရှည် ဆရာတော်ကြီး အမှုးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့် ပရိသတ်များ တက်ရောက်ကြပါတယ်။         မနက် ၆း၀၀ နာရီမှာ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် ပါဠိများ ရွတ်ဆိုပူ ဇော်ကြပြီး အရုဏ်ဆွမ်း ဆက်ကပ်ကြပါတယ်။         သံဃာတော်များက ...
သတင်း

“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ”

“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ” =========။=========         မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဝါဆိုတော်မူကြသော ဝါဆိုသံဃာ ၂၆၀၁ ပါးအား ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၄း၀၀ နာရီမှာ ကျင်းပခဲ့ပါတယ်။         အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး မဟာနယက ဆရာတော်များ၊ နာယကဆရာတော်များနှင့် သံဃာတော်များက ဝါဆိုဝါကပ်ပုံ ပါဠိတောများ ရွတ်ဆိုကာ ဝါဆိုတော်မူကြပါတယ်။         ...
သတင်း

“ကံထပ် မင်္ဂလာ အလှူတော်”

========။======== “ကံထပ် မင်္ဂလာ အလှူတော်” ========။========         မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက – အရှင်ဝီရသူ(မစိုးရိမ်)အား ပုနောပသမ္ပဒါအဖြစ် သိက္ခာထပ် ကံထပ်ပွဲ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည်ကျော်၁ရက် ( 21.7.2024) တနေင်္ဂတွေနေ့မှာ ကျင်းပပါတယ်။         မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက် ဇေယျာ ရွှေမြေကျောင်းမှာ ကျင်းပတာပါ။         ဝါခင်းကုန်း – ဗြဟ္မစိုရ်ဆရာတော်ကြီး၊ ပုသိမ်ကြီးမြို့နယ် ကျောက်ချောဆရာတော်ကြီး၊ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ ...
သတင်း

“ရွှေအိမ်ထာဝရ အနုဂါမိက အလှူတော်”

“ရွှေအိမ်ထာဝရ အနုဂါမိက အလှူတော်” =============။==============         နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ်(စတိုး)ပိုင်ရှင် ဦးတင်မောင်ဝင်း+ ဒေါ်ဌေး မိသားစုနေအိမ်၌ ကျင်းပပါတယ်။         မောင်အေးကို+မဝင်းဝင်းနွယ် မင်္ဂလာဆွမ်းကပ်တဲ့ ဝါဆိုလ္ဆန်း၁၄ရက်(19.7.2024) ရက် သောကြာနေ့မှာပဲ ကျင်းပတာပါ။         မင်္ဂလာဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကပ် အထိမ်းအမှတ်နဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။         အလှူစာရင်းကတော့ ပေ၄၀×၆၀ မြေကွက်တစ်ကွက် (တစ်ထပ်တိုက်အိမ်တစ်လုံးအပါ) အိမ်ခြံမြေနဲ့ ပေ၄၀×၆၀ မြေကွက်နှစ်ကွက်တွဲ (တစ်ထပ်တိုက်အိမ်၊ နှစ်ထပ်တိုက်အိမ်တစ်လုံးစီအပါ) အိမ်ခြံမြေဖြစ်ပါတယ်။         တစ်ထပ်တိုက်အိမ် ပါဝင်တဲ့ အိမ်ခြံမြေတစ်ကွက်ကို ...
သတင်း

မင်္ဂလာဆွမ်း အနုမောဒနာ တရားတော်

———————-။———————- မင်္ဂလာဆွမ်း အနုမောဒနာ တရားတော် ———————-။———————-           မောင်အေးကို+မဝင်းဝင်းနွယ်တို့ရဲ့ မင်္ဂလာဆွမ်းကပ်ပွဲပါ။           နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ်စတိုးဆိုင်မှာ ကျင်းပပါတယ်။           ၁၃၈၆ခုနှစ် ဝါဆိုလဆန်း ၁၄ရက်၊ (19.7.2024) ရက်နေ့မှာ ကျင်းပတာပါ။           မင်္ဂလာဆွမ်းကပ်ပွဲမှာ ရန်ကုန်၊ မန္တလေး၊ ဖြုး၊ ရေတာရှည်၊ တောင်ငူ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ မိတ္ထီလာ၊ ကျောက်ဆည်နှင့် နေပြည်တော်ရှစ်မြို့နယ်မှ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။           ပျော်ဘွယ်မြို့မှ ထေရ်ကြီး ...
သတင်း

ခေါင်းဆောင်ကောင်းမှ

အောင်ပွဲရ တရားတော်
ပါရမီပျိုးခင်းသွေးလှူအသင်း

ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ၅၆ နှစ်ပြည့်မွေးနေ့ စုပေါင်းသွေးလှူဒါန်းပွဲ(မန္တလေး)

ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ၅၆ နှစ်ပြည့်မွေးနေ့ စုပေါင်းသွေးလှူဒါန်းပွဲ(မန္တလေး)
ပါရမီပျိုးခင်းသွေးလှူအသင်း

ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ၅၆ နှစ်ပြည့်မွေးနေ့ စုပေါင်းသွေးလှူဒါန်းပွဲ(ရန်ကုန်)

ပါရမီပျိုးခင်းသွေးလှူအသင်း

‘ဒါနဥပပါရမီကုသိုလ်ရှင်များအတွက်

ဒါနပါရမီကုသိုလ်ရှင်များ’ ‘ဒါနဥပပါရမီကုသိုလ်ရှင်များအတွက် ဒါနပါရမီကုသိုလ်ရှင်များ’ ————————————————————— မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော်၅၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျဉ်းပပြုလုပ်သော ပါရမီပျိုးခင်းသွေးလှူရှင်များ အသင်းကြီး၏ (၂၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယ္ခုလ ၂၆ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနှင့် ခုတင်၃၀၀ ဆေးရုံတို့၌ တစ်ပြိုင်နက် ကျဉ်းပခဲ့ပါသည်။ ထိုသွေးလှူဒါန်းပွဲ၌ သွေးလှူရှင်များအား လက်ဆောင်ပစ္စည်းပေးလှူခြင်း၊ ထမင်းနှင့်ရေဘူးများ၊ အားဆေးနှင့် အအေးဘူးများပေးလှူခြင်း၊ သွေးလှူရှင် မိသားစုများအား ဧည့်ခံကျွေးမွေးခြင်း၊ မော်တော်ယဉ်များ၊ စက်လှေများ၊ ဆိုင်ကယ်များဖြင့် လာရောက် ...