ကျောင်းအလှူ ဆွမ်းကပ်ပွဲ
27.8.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတိုက်၊ ဦးဉာဏောဘာသကျောင်းမှာ ကျင်းပပါတယ်။ ဦးဉာဏောဘာသကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကုသလမထေရ်က သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူဆရာတော်ကြီး ဖြစ်ပါတယ်။ မန်း မဘသ အဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးကုသလသီတင်းသုံးရာ ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကြတာပါ။ ကျောင်းဒကာ ဒကာမများက လူငယ်အမျိုးသားရေးသမားတွေပါပဲ။ ဆရာတော်သံဃာတော်များနှင့်အတူ ဆွမ်းစားရင်း အမျိုးဘာသာ သာသနာအရေး ပြောဖြစ်ကြပါတယ်။ မေတ္တာသုတ်ရွတ်ဖတ်ပြီး နှုတ်ဆက်ပြန်လာခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်တကွ ကျောင်းဒကာ ဒကာမ အလှူဒကာ ဒကာမများ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ကျန်းမာချမ်းသာ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ နန်းဦးကျောင်းဆရာတော် ဦးဝဏ္ဏိတမှ အလှူငွေ ၁၀၀၀၀၀ိ )တစ်သိန်းကျပ် လှူဒါန်းပါသည်။ (30.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (1.7.2018)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ အသင်းသား/သူ (၁၃၀)အတွက် တစ်ဦးလျှင် ၁၀၀၀၀၀(တစ်သိန်း)ကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် ...
စတုတ္ထဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ
“စတုတ္ထဆုရ ရိုးရာ(ဂန္ထဝင်)ကဗျာ” ============= ကဗျာဆရာ – ဝေဒဂူ ကဗျာအမည် – ကြိုးစားလိုက်ပါ မျိုးချစ်တို့ရာ ရမှတ် – (၃၂)မှတ် —————————— “ကြိုးစားလိုက်ပါ မျိုးချစ်တို့ရာ” မွတ္တာချစ် မီဒီယာ ကိုယ်ပိုင်ထုတ်ဝေ လုပ်ကြတာ မျိုးချစ်တွေမှာ ဖြစ်ဖို့ဝေး မီဒီယာခေတ် မရောက်သေး။ မွတ္တာချစ်က ရှေ့နေပါ တတ်အောင်သင်လို့ မှုခင်းသာ မျိုးချစ်တွေမှာ ဖြစ်ဖို့ဝေး တတ်ချင်စိတ်တောင် မဖြစ်သေး။ မွတ္တာချစ်က ကြီးကဲအရာ ရာထူးရဖို့ ကြိုးစားလာ မျိုးချစ်တွေမှာ မဖြစ်သေး နောက်လိုက်ဘဝ စိတ်ကျေးအေး။ ...
စတုတ္ထ(၁)ဆုရ မော်ဒန်ကဗျာ
”စတုတ္ထ(၁)ဆုရ မော်ဒန်ကဗျာ” ============= ကဗျာဆရာ – ဗိုလ်နိ (မဘသ-ရွှေဘို) ကဗျာအမည် – ပုံပြောကောင်းသူနှင့် ဝီရသူ ရမှတ် – (၃၁)မှတ် —————————— “ပုံပြောကောင်းသူနှင့် ဝီရသူ” မာယာအသင်္ချေနဲ့ ပုံပြင်တွေ အသက်သွင်းလို့ ချစ်ခြင်းတို့ အရယူ “ပုံပြောကောင်းသူ”…။ မုသားတွေ ဗလပွနဲ့ ပြည်သူကို မှိုင်းသွင်းလို့ သူလုပ်ချင်တာ လုပ်နေသူ “ပုံပြောကောင်းသူ”…။ ပရိယာယ်တွေ အနန္တနဲ့ ဖြစ်သလို သူမြူဆွယ် ရာထူးအာဏာ အပိုင်သိမ်းခဲ့သူ “ပုံပြောကောင်းသူ”…။ သြော်… အခုတော့ … ...
ကျောက်ချောရွာ ကျူရှင်ကျောင်းသို့ တစ်ခေါက်
27.6.2018 ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ မန်း မဟော်သဓာ အမျိုးသားရေးအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ဖွင့်လှစ်ထားတဲ့ ပညာဒါန ကျူရှင်ကျောင်း လက်ရှိအခြေအနေသိရှိရအောင် သွားရောက်ခဲ့တာပါ။ (၉)တန်း (၁၀)တန်း ကျောင်းသူကျောင်းသားများ စိတ်ဝင်တစား ပညာသင်ယူနေတာ တွေ့ရပါတယ်။ ဆရာ ဆရာမများလည်း ပရဟိတသမားများပီပီ စေတနာထားပြီး သင်ကြားပေးနေတာတွေ့ရပါတယ်။ 24.6.2018 နေ့ကမှ ဖွင့်လှစ်ခဲ့တာပါ။ 25.6.2018 နေ့ရောက်မှ စတင်သင်ကြားပေးတာပါ။ ကျောင်းသူကျောင်းသားများ မိဘပြည်သူများ ကံကောင်းကြပါတယ်။ စာသင်ခုံလည်း ...
မတ္တရာ သူဌေးကျောင်းဆရာတော်ကြီး ဈာပနပွဲ
29.6.2018 ရက်နေ့၊ မွန်းလွဲပိုင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သူဌေးတန်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တမာနိတသိရီဘိဝံသ၏ အန္တိမ အဂ္ဂိဈာပနအခမ်းအနားသို့ ရောက်ရှိခဲ့ပါတယ်။ သူဌေးတန်းဆရတော်ကြီးက တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးပါ။ သက်တော် (၈၄)၊ သိက္ခာတော် (၆၄)မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး၏ နောက်ဆုံးခရီးမှာ တပည့်ဆိုးလေးလည်း လိုက်ပါပို့ဆောင်ရင်း နောက်ဆုံးရှိခိုးခြင်း ပစ္ဆိမဝန္ဒနာဖြင့် ရှိခိုးပူဇော်လျက် ကုသိုလ်ယူခဲ့ပါတယ်။ ဖားအောက်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ စည်ရှင်ဆရာတော်ကြီး ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ သံဃာတော်များ၊ တပည့်ဒကာ ဒကာမများ စံလင်လှပါတယ်။ အနီနှင့် အစိမ်းတွေလည်း တွေ့ပါတယ်။ ထုံးစံအတိုင်းပေါ့နော် ဝီရသူကိုတွေ့တာနဲ့ အနီတွေက ...
ပဉ္စမဆုရ မော်ဒန်ကဗျာ
ကဗျာဆရာ – ဗိုလ်နိ (မဘသ-ရွှေဘို) ကဗျာအမည် – ပုံပြောကောင်းသူနှင့် ဝီရသူ ရမှတ် – (၃၁)မှတ် —————————— “ပုံပြောကောင်းသူနှင့် ဝီရသူ” မာယာအသင်္ချေနဲ့ ပုံပြင်တွေ အသက်သွင်းလို့ ချစ်ခြင်းတို့ အရယူ “ပုံပြောကောင်းသူ”…။ မုသားတွေ ဗလပွနဲ့ ပြည်သူကို မှိုင်းသွင်းလို့ သူလုပ်ချင်တာ လုပ်နေသူ “ပုံပြောကောင်းသူ”…။ ပရိယာယ်တွေ အနန္တနဲ့ ဖြစ်သလို သူမြူဆွယ် ရာထူးအာဏာ အပိုင်သိမ်းခဲ့သူ “ပုံပြောကောင်းသူ”…။ သြော်… အခုတော့ … ဒို့ပြည်သူတွေ ပုံပြောကောင်းသူကိုမှ ပုံအပ်မိ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၀
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဦးမောင်မောင်လွင်(သီဟဖောင်ဒေးရှင်းဥက္ကဋ္ဌ)+ဒေါ်ခင်သီတာအေး(ရွှေမြန်မာဟိုတယ်) မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (27.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ...
သူဌေးတန်းဆရာတော်ကြီး ရုပ်ကလာပ်တော်အား ဖူးမြော်ပူဇော်
27.6.2018 ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ အလယ်တိုက်ကြီးအပေါ်ထပ်မှာ ပင့်ဆောင်ပူဇော်ထားအပ်သော သူဌေးတန်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို သွားရောက်ပူဇော်ပါတယ်။ တိပိဋက ယောဆရာတော်ကြီး၏ ဓမ္မသဘင်နှင့် တိုက်ဆိုင်နေပါတယ်။ ရုပ်ကလာပ်တော်အား ဖူးမြော်ပူဇော် ဝန်ချတောင်းပန်ပြီး သံဃာတော်များအား တိုးတိုးတိတ်တိတ် နှုတ်ဆက်ကာ ဈာပနကော်မတီအကြီးအကဲ အဝေရာရာမ ရန်ကင်းဆရာတော်ကြီးအား ဖူးမြော်ခဲ့ပါတယ်။ သြဝါဒခံယူကာ တရားဓမ္မလည်း နာယူခဲ့ပါတယ်။ ပြန်ခါနီးမှာ ဈာပနမှတ်တမ်းစာအုပ်မှာ သူဌေးတန်းဆရာတော်ကြီးနှင့်ပတ်သက်ပြီး ကြည်ညိုဖွယ်ရာစကားများ မှတ်တမ်းတင်ခဲ့ပါတယ်။ ‘ရဟန်းသိက္ခာ လေးဝါအရွယ်မှစပြီး ဒီကနေ့အထိ အာပတ်သင့်မိတယ်လို့ကို မထင်ဘူး’ ...
အမျိုးသားရေးကဗျာပြိုင်ပွဲ ဆုရရှိကြသူများ
ပြိုင်ပွဲဝင်ကဗျာ (၆၈)ပုဒ်ပါ။ ကိုယ်တိုင်ရွတ်ဆိုသူ ကိုယ်စားလှယ်ရွတ်ဆိုသူ ကဗျာပေါင်း (၃၃)ပုဒ်ပါ။ အမှတ်အများဆုံး (၁၁)ဦး ဆန်ကာတင် ရွေးချယ်လိုက်ပါတယ်။ အဲဒီထဲကမှ (၁၀)ဦးကို ဆုပေးပါတယ်။ မော်ဒန်ကဗျာ (၅)ဦး (၁) မိုးတိမ် (ရွှေကာ)၊ ကဗျာအမည်- ငြမ်း၊ ရမှတ်- (၄၅.၅)မှတ် (၂) နေမင်းနွယ်၊ ကဗျာအမည်- ဆောင်းအိပ်မက်နှင့် ရွှေပြည်တော်၊ ရမှတ် (၄၅)မှတ် (၃) သုမန (လောကအလင်း)၊ ကဗျာအမည်-နှုတ်ဆက်လိုက်ပါတယ်၊ ရမှတ် (၃၇)မှတ် (၄) တက္ကသိုလ်အောင်လင်း၊ ကဗျာအမည်-ကျွန်ုပ်၏ ဆန္ဒ၊ ရမှတ် ...
ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (28.6.2018) မွန်းလွဲ(၄း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းဝင် ဦးအေးမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောက် အရှင်ခေမိန္ဒ (ဝီရခေမိန်)တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ...
အမျိုးသားရေးကဗျာပြိုင်ပွဲကြီး
စာရေးသူရဲ့ ရွှေရတုမွေးနေ့အထိမ်းအမှတ် အမျိုးသားရေးကဗျာပြိုင်ပွဲကြီးကို 26.6.2018 ရက်နေ့၊ ည ၇း၀၀ နာရီမှာ ကျင်းပပါတယ်။ စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို့၊ မိခင်စာသင်တိုက်ဖြစ်တဲ့ မင်းကုန်းကျောင်းတိုက်မှာ ကျင်းပတာပါ။ ကဗျာပြိုင်ပွဲဝင် သံဃာတော်များ၊ သီလရှင်များ၊ ကဗျာဆရာ ကဗျာဆရာမများ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ကဗျာပေးပို့သူ (၆၈)ဦးမှ ကိုယ်တိုင်ရွတ်ဖတ်သူ ကိုယ်စားရွတ်ဖတ်သူ စုစုပေါင်း (၃၃)ဦးကို ပဏာမအဆင့် ရွေးချယ်ကြပါတယ်။ ၎င်း (၃၃)ဦးထဲမှ အမှတ်အများဆုံး (၁၁)ဦးကို ပြန်လည်ရွေးချယ်ပါတယ်။ ဆုပေးမှာက (၁၀)ဦးတည်းပါ။ ဒါကြောင့် အမှတ်တူနေတဲ့ နှစ်ယောက်ကို ပြန်လည်စိစစ်ပါတယ်။ ဒိုင် (၅)ဦးလုံး ပြန်လည်စိစစ်ပြီး ဆုရသူ ...
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (27.6.2018) မွန်းလွဲ(၃း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းတန်း(၁၁၃)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် ...
မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကြီး
26.6.2018 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်၊ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပပါတယ်။ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မျိုးချစ်မောင်မယ်များ၊ ကျောင်းသူကျောင်းသားများ လာရောက်လှူဒါန်းကြပါတယ်။ မနက်ပိုင်းမှာ သွေးလှူရှင်များနှင့် မွေးနေ့ပွဲလာ ပရိသတ်များကို သမီးလေး နှင်းချယ်ရီက တေးသီချင်းများနှင့် ဖျော်ဖြေဧည့်ခံပါတယ်။ နေ့လည်ပိုင်းမှာ သမီးလေး သဒ္ဒါနန်းထိုက်က သီဆိုဖျော်ဖြေပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်များ စုပေါင်းလှူဒါန်းသည့် သွေးအိတ်ပေါင်း (၃၉၈)အိတ် ရရှိပါတယ်။ သွေးလိုအပ်သော လူနာမှန်သမျှအား သွေးလှူဘဏ်ဝန်ထမ်းများမှတစ်ဆင့် လှူဒါန်းပေးသွားမှာပါ။ လူမျိုးမရွေး ဘာသာမရွေး သွေးလိုအပ်သူမှန်သမျှ သွေးရရှိမှာ ဖြစ်ပါတယ်။ ...
ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်းဖွင့်ပွဲ
24.6.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ ပညာဒါနကျူရှင်ကျောင်း ဖွင့်ပွဲအခမ်းအနားပါ။ တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ သံဃာတော်များ၊ မန်း မဟော်သဓာ အမျိုးသားရေး အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အောင်မြင်သူများနှင့် မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်သူများအား ဆုပေးပွဲနှင့် ပူးတွဲကျင်းပတာပါ။ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ကျောင်းသားကျောင်းသူများနှင့် ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၁၈
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ဒေါ်ပေါရွှေ (အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေး အကျိုးတော်ဆောင်)မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (24.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ...
ကျောက်သားလေးလို ဖွေးဖြူသော ဆရာတော်ရဲ့စိတ်ဓာတ်၊ ကျောက်သားလေးလို မာကျောသော စိတ်ဓာတ်၊ ငါးကလေးလို မဆုတ်မနစ် ကူးခတ်တတ်သော စိတ်ဖြင့် ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုးအပေါ် မလျှော့သောဇွဲဖြင့် စေတနာ မေတ္တာ အနစ်နာခံ၍ ဆောင်ရွက်တော်မူနေသော သာသနာ့အာဇာနည်ဆရာတော်ဘုရားအား ထာဝရဦးထိပ်ပန်ဆင်လျက် ဂုဏ်ပြုသောအားဖြင့် အမှတ်တရလက်ဆောင် ပေးအပ်လှူဒါန်းပါသည်ဘုရား…။ ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ…။ ဦးအောင်မိုး+ဒေါ်ကြည်ကြည်ဦး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ရွာ ဆရာတော်ဦးဝီရသူ မွေးနေ့မင်္ဂလာ အမှတ်တရ” ကျောက်သားလေးလို ဖွေးဖြူသော ဆရာတော်ရဲ့စိတ်ဓာတ်၊ ကျောက်သားလေးလို မာကျောသော စိတ်ဓာတ်၊ ...