ပညာရေးအကယ်ဒမီ သြဝါဒ
ပထမဝါဆိုလဆန်း (၈)ရက်၊ (20.6.2018)ရက်နေ့၊ ည ၆း၃၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဟောပြောပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှ ပညာရေးအကယ်ဒမီ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများအား ဟောပြောတာပါ။ သရဏဂုံရဲ့ ဂုဏ်ကျေးဇူးနှင့် ပညာရေးတန်ဖိုး ဟောပြောခဲ့တာပါ။ ဆရာ ဆရာမနှင့် ကျောင်းသူကျောင်းသားပေါင်း (၁၅၀)ရှိပါတယ်။ (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသူကျောင်းသားများအား နေ့ရော ညပါ ထိန်းကျောင်းပြုပြင် သွင်သင်ဆုံးမ ပြသသင်ကြားနေတဲ့ကျောင်းပါ။ ကျောင်းထိုင်ဆရာတော် အရှင်နာဂိန္ဒာလင်္ကာရ၊ ၎င်း၏ညီ အရှင်သုမနာလင်္ကာရ ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ၊ လက်ထောက်ဆရာတော် အရှင်သောဘိတ(သောကြာကြယ်)တို့ ဦးစီးဆောင်ရွက်နေကြတာပါ။ ဝီရသူ (မစိုးရိမ်) ...
နေပြည်တော်မစိုးရိမ်တိုက်သစ် အလှူတော်
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ထိုင်းနိုင်ငံ စူဠဌာနီနေ ဦးမောင်အေး+ဒေါ်မိုး မိသားစုမှ ဒေါ်မိုး၏ (၅၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နဝကမ္မအလှူငွေ ၅၅၀၀၀၀ိ (ငါးသိန်းငါးသောင်းကျပ်) လှူဒါန်းပါသည်။ (21.6.2018) အလှူရှင် ဦးမောင်အေး+ဒေါ်မိုး မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ...
မျိုးချစ်များအတွက် ဖိတ်စာ
26.6.2018 ရက်နေ့တွင်ကျရောက်မည့် စာရေးသူ၏ (၅၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ၌ အမျိုးသားရေးကဗျာပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ လက်လှမ်းမီရာ အဖွဲ့အစည်းများကို အွန်လိုင်းမှတစ်ဆင့် ပင့်ဖိတ်ပြီး ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး၊ အမျိုးသားရေးအင်အားစု စသည်ဖြင့် အဖွဲ့အစည်းအမည်များ ခေါင်းတပ် ဖိတ်ကြားထားသော်လည်း ဝံသာနုမောင်မယ်များ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့အစည်းများကိုပါ ရည်ရွယ်ပါသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီ ဖိတ်ကြားထားခြင်းမျိုး မရှိသော်လည်း မျိုးချစ်ပုဂ္ဂိုလ်မှန်သမျှ တက်ရောက်နိုင်ပါသည်။ လိုင်းကားနှင့်လာလျှင် လိုင်းကားခ၊ ရထားနှင့်လာလျှင် ရထားခ၊ ကိုယ်ပိုင်ကားနှင့်လာလျှင် စက်ဆီဖိုး ပြန်လည်လှူဒါန်းသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်ပုဂ္ဂိုလ်မှန်သမျှ တက်ရောက်နိုင်ပါကြောင်း…။ ...
မြိုင် မဘသ နှစ်ပတ်လည်အခမ်းအနား
16.6.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ ကိုးဆောင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။ ယဉ်ကျေးလိမ္မာဆုပေးပွဲနှင့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနားပါ။ မနက်ပိုင်းမှာ မြိုင်တစ်မြို့နယ်လုံးမှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအမှူးပြုသော ဆရာတော် သံဃာတော်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ စာရေးသူတို့ မန်း မဘသ ဝိုင်းတော်သားများကတော့ နေ့လည်ပိုင်းအခမ်းအနားအမီ ရောက်လာခဲ့ကြပါတယ်။ ကလေးအဆိုတော် အိသက်ထားမွန်လည်း လာရောက်သီဆိုဧည့်ခံနေတာတွေ့ရပါတယ်။ နေ့လည်ပိုင်းအခမ်းအနားမှာ မြိုင်တစ်မြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာစာမေးပွဲ ပ ဒု တ ရရှိသူများ၊ အထူးအောင်သူများကို ဆုငွေနှင့် ဆုတံဆိပ်များ၊ အောင်လက်မှတ်များဆုချပြီး အမျိုးဘာသာ ...
မြိုင်မြို့ ကိုးဆောင်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်
16.6.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ ကိုးဆောင်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။ သက်တော်ရှည် ကိုးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒအား သွားရောက်ဖူးမြော်ကြတာပါ။ မြိုင် မဘသ နှစ်ပတ်လည်အခမ်းအနားတက်ရင်း ကိုးဆောင်ဆရာတော်ကြီးအား မန်း မဘသ ဝိုင်းတော်သားများအားလုံး ဖူးမြော်ပူဇော်ပြီး သြဝါဒနာယူခဲ့ကြပါတယ်။ ဆရာတော်ကြီးက သက်တော် (၉၁)နှစ်ရှိပါပြီ။ မိုးကုတ်ဝိပဿနာကမ္မဋ္ဌာန်းဆရာတော်ကြီးဖြစ်ပါတယ်။ အမျိုးသားရေးသြဝါဒများ ချီးမြှင့်တော်မူပါတယ်။ စာရေးသူ ထောင်မကျခင်က ဟောကြားခဲ့တဲ့ အမျိုးသားရေးတရားတွေကို နားထောင်ပြီး ထပ်မံကူးယူကာ ဖြန့်ဝေခဲ့တယ်လို့ မိန့်တော်မူပါတယ်။ မျိုးချစ်စိတ်ဘယ်လောက်ကြီးမားလဲဆိုရင် အဲဒီကတည်းက စာရေးသူကို တွေ့ချင်နေတာ အခုမှပဲတွေ့ရတယ်လို့ မိန့်တော်မူပါတယ်။ ငါ့တစ်သက် ...
 ကရင်ပြည်နယ် အမျိုးသားရေးအဖွဲ့များအတွက် အွန်လိုင်းဖိတ်စာ
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၁၇
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြဇေယျာပရိယတ္တိစာသင်တိုက်၊ ဦးရေဝတလှူဒါန်းသော အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)ကို ရွှေမန်းမေ မိသားစုက ဆက်ကပ်လှူဒါန်းစဉ်။ (9.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး အစည်းအဝေး
နယုန်လဆုတ် ၁၂ ရက်၊ (10.6.2018) တနင်္ဂနွေနေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်း မဟော်သဓာကျောင်းအဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာကျင်းပပါတယ်။ မန်း မဟော်သဓာ ပညာရေးကော်မတီ အကြီးအကဲများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။ ယခု စာသင်နှစ်မှာ ၉ တန်း ၁၀ တန်း ကျူရှင်ဖွင့်လှစ်နိုင်ရန် သင်ကြားရေးဆရာ ဆရာမများ၊ ဂိုက်ဆရာ ဆရာမများ စုစည်းပြီး အချိန်ဇယားဆွဲကြတာပါ။ လောလောဆယ် မိုးတွေအဆက်မပြတ်ရွာနေလို့ စာသင်ခုံများ ဆေးသုတ်လို့ မပြီးသေးပါ။ မကြာမီ ဖွင့်လှစ်တော့မှာပါ။ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၁၆
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဝက်လက်မြို့နယ်၊ နတ်နန်းရွာ ဦးလေးမောင်+ဒေါ်ဗျား မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)လှူဒါန်းစဉ်။ (8.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...
11.6.2018 ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ အင်းစိန် ရွာမမှာ ကျင်းပပါတယ်။ ဥက္ကဋ္ဌ ရွာမဆရာတော်ကြီး၊ မြစေတီရဲကျောင်းဆရာတော်ကြီး၊ ရှင်မတောင်ဆရာတော်ကြီး၊ ပန်းတနော်ဆရာတော်ကြီးအပါအဝင် ဦးဆောင်ဆရာတော်များ တက်ရောက်ကြပါတယ်။ ရွာမဆရာတော်ကြီး သြဝါဒပေးအပြီးမှာ ဆွေးနွေးကြပါတယ်။ ကြေညာချက်ထုတ်ပြန်ဖို့ကိစ္စနှင့် အမျိုးဘာသာ သာသနာလုံခြုံရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်နိုင်ရေးအပါအဝင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးကြပါတယ်။ ဖေ့စ်ဘုတ်ဒီမိုကရေစီ မျက်နှာလိုက်မှုကြီးနှင့် တစ်ဖက်သတ်နှိပ်ကွပ်မှုကိစ္စ၊ နိုင်ငံတကာက မြန်မာ့ပြည်တွင်းရေးဝင်ရောက်စွက်ဖက်နေသည့်ကိစ္စအတွက် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ (ကြေညာချက် တင်ပြီးပါပြီ) “ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အရေးပေါ်အစည်းအဝေး” 11.6.2018 ရက်နေ့၊ ညနေ ...
မွေးနေ့သွေးလှူဒါန်းပွဲ ကုသိုလ်ရှင်များ (၁)
၁။ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစု၊ မော်လမြိုင်မြို့၊ ၁၀၀၀၀၀၀ိ (ဆယ်သိန်းကျပ်) ၂။ ဒေါ်နန်းတင် မိသားစု၊ တောင်ကြီးမြို့၊ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) ၃။ ဒေါ်ပေါရွှေ၊ ရန်ကုန်၊ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) ၄။ ဒေါ်မြင့်မြင့်စိုး၊ ဒေါ်နုနုယဉ် ညီအစ်မတစ်စု၊ ရန်ကုန်၊ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) ၅။ ကိုသန်းဇော်မြင့်၊ မဝင်းမာ၊ သမီး၊ မေမြတ်နိုး မိသားစု၊ မန္တလေး၊ (နေ့ဆွမ်းအလှူ) စာရေးသူ၏ (၅၀)နှစ်ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်အပ်သော စုပေါင်းသွေးလှူဒါန်းပွဲနှင့် အမျိုးသားရေးကဗျာပြိုင်ပွဲအတွက် လှူဒါန်းကြသော အလှူရှင်အားလုံး ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၁၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပလိပ်မြို့ ဦးမြသန်း+ဒေါ်ခင်သက်ဝင်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (8.6.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...
မန်း ဟော်သဓာ အလှူငွေပေးအပ်ပွဲ
နယုန်လဆုတ် (၈)ရက်၊ 6.6.2018 ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်း မဟော်သဓာ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ အလှူရှင်များကတော့ တပည့် အရှင်ကောသလ္လ(ဘိက္ခုကောသလ္လ)၊ တပည့် အရှင်ဇောတိက(အရှင်ဇောတိက မစိုးရိမ် ရေစကြို)တို့နှင့် ကိုင်းတန်းဈေး ဈေးချိုမှ ဦးတင်မောင်+ဒေါ်ခင်တင့် (ရတနာထွန်း ရေချိုကုန်ရောင်းဝယ်ရေး)မိသားစုတို့ပါ။ မစိုးရိမ် ရေစကြို အရှင်ဇောတိကနှင့် အရှင်ကောသလ္လတို့က (၂)သိန်းကျပ်၊ ဦးတင်မောင်+ဒေါ်ခင်တင့် ရတနာထွန်း မိသားစုက (၁၀)သိန်းကျပ်၊ သမီး မခိုင်ခိုင်ထွေး (ရတနာထွန်း)က (၁)သိန်းကျပ်၊ စုစုပေါင်း (၁၃)သိန်းကျပ် လှူဒါန်းပါတယ်။ ...
ဗုဒ္ဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ကြေညာချက်
လတ်တလော လူမှုကွန်ရက်စာမျက်နှာ (SOCIAL NETWORK)ပေါ်တွင် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ Facebook Account နှင့် Page စာမျက်နှများ၊ နိုင်ငံတဝှမ်းလုံးရှိ မဘသနှင့် အမျိုးသားရေးလှုပ်ရှားသူများ၏ Facebook Account နှင့် Page စာမျက်နှာများသာမက အစိုးရ၏လိုအပ်ချက် အားနည်ချက် ချို့ယွင်းချက် စသည်များကို ကြောင်းကျိုးသင့် ထောက်ပြဝေဖန်ရေးသားနေကြသော Facebook Account နှင့် Page စာမျက်နှာများ၊ Facebook Team ၏ တရားဝင်အသိအမှတ်ပြုခံထားရသည့် Blue Mark ရ ...