Tag: သတင်း
သတင်းအင်တာဗျူး
တရားထဲထည့်ဟောခံနေရပြီဆိုမှတော့ ဒီအစိုးရ အသုံးမကျလို့ပဲ(၂/နိဂုံး)
မေး – အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ပေါ့ ဘုရား။ အမျိုးသားရေး လှိုင်းသစ်လှုပ်ရှားမှု ဆိုတဲ့စကားလုံးကို တလောကပဲ ဆရာမောင်သွေးချွန်ရဲ့ ဆောင်းပါးထဲမှာ ဖတ်ခဲ့ရပါတယ် ဘုရား။ မေးချင်တာက အဲဒီလှိုင်းတွေ ငြိမ်လွန်း နေသလားဘုရား၊ ငြိမ်နေခဲ့ရင် ဘယ်လို အချက်တွေကြောင့်ဖြစ်မလဲဘုရား။ ဖြေ – အားမရဘူးပေါ့နော်။ ဘယ်လို အချက်တွေကြောင့် ငြိမ်လဲဆိုတော့ အစိုးရ အပေါ် မူတည်သွားတာပေါ့နော့။ အများစုက အစိုးရ အားပေးထောက်ပံ့ လက်ခံပါမှလုပ်ချင် တဲ့သူကများတာလေ။ အဲဒါကြောင့် အများစုကတော့ အစိုးရအပေါ် မူတည်ပြီး မလုပ်ကြတော့တာပေါ့။ နောက်တစ်ချက်ကတော့ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
မင်းကွန်းပုထိုးတော်ကြီးသို့ နောက်တစ်ခေါက်
နယုန်လဆန်း(၈)ရက်၊ (22.5.2018)ရက်နေ့၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကျောင်းသူကျောင်းသားများ ဆရာ ဆရာမများ စားပွဲတစ်ဝိုင်းစာစီ သင်ကြားပြသ သင်ယူကျက်မှတ်နေတာကို တွေ့ရပါတယ်။ (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသူကျောင်းသားများ (၁၀၀)ကျော်ရှိပါတယ်။ တိုင်းရင်းသား ပြည်နယ်ကလေးငယ်တွေကများပြီး ပြည်မကြီးမှ ကလေးလေးတွေလည်း ရှိပါတယ်။ အတန်းအလိုက် တစ်နေ့စာ တစ်နေ့ကျက်ပြီး အလွတ်ပြန်ဆိုရပါတယ်။ ဆရာ ဆရာမများက အလွတ်မရမချင်း ထိုင်စောင့်ပေးနေတာပါ။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဟာ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။ ကျောင်းအုပ်ဆရာတော်နှစ်ပါး ကျောင်းဆရာ ဆရာမ (၂၇)ဦးဖြင့် ...
သတင်းအင်တာဗျူး
တရားထဲထည့်ဟောနေရပြီ ဆိုကတည်းက ဒီအစိုးရ အသုံးမကျလို့ပဲ
ဆရာတော်ဦးဝီရသူနဲ့အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး ရဟန်း ရှင်လူများရဲ့ နှစ်ခြိုက်သဘောကျမှုနဲ့အတူ စောင့်ကြည့်၊ စောင့်ဖတ်ရတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ရှင်သန် အားကောင်းခဲ့ပါတယ်။ မြန်မာ့ဥဒါန်းဂျာနယ်ကို ရပ်နားထားရချိန်မှာ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်သမျှ ဆရာတော်ရဲ့ ပြောဆိုမိန့်ကြားသုံးသပ်ချက်တွေကို အားလုံးသိရှိနိုင်စေဖို့အတွက် ဆရာတော်နဲ့ ဆက်သွယ် မေးမြန်းထားသမျှကို ပြည်ချစ်သားဂျာနယ်ရဲ့ စာမျက်နှာများမှတစ်ဆင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်အရေး ဆွေးနွေးသုံးသပ်ချက်များနဲ့အတူ ငြိမ်သက်နေတဲ့ အမျိုသားရေး လှိုင်းသစ် လှုပ်ရှားမှုများကို ဦးစားပေးမေးမြန်းဖြစ်ခဲ့ပါကြောင်း။ မေး- အစ္စလာမ္မစ်နိုင်ငံခြားရေးဝန်ကြီး တွေ (အိုအိုင်စီအဖွဲ့ဝင်နိုင်ငံက ဝန်ကြီးတွေ)က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီး ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
သတင်း
မန်း မဟော်သဓာ သီးပင်စားပင်စိုက်ပျိုးရေး
နယုန်လဆန်း(၈)ရက်၊ 22.5.2018  ရက်နေ့၊ ညနေပိုင်းမှာ မန်း မဟော်သဓာတည်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဘုရားကြီးတိုက် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်အတူ သွားရောက်ခဲ့တာပါ။ ကျောက်ချောရွာ ကျူရှင်ကျောင်းအတွက် စာသင်ခုံများ ပြုလုပ်နေတာတွေ၊ သီးပင်စားပင်စိုက်ပျိုးဖို့အတွက် ကျင်းများတူးနေတာတွေ တွေ့ရှိရပါတယ်။ ထို့အတူ ကျူရှင်ကျောင်းမှာ ပညာသင်ယူကြဖို့အတွက် ကျောင်းသားကျောင်းသူများ စာရင်းလာပေးထားတာ (၁၀၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ကျောက်ချောရွာ ရွာသူရွာသားများကတော့ ကံကောင်းပြီးရင်း ကံကောင်းနေဆဲပါပဲ။ (၉)တန်း (၁၀)တန်း ကျောင်းသားကျောင်းသူများကို အခမဲ့ သင်ကြားပေးမည့် ကျူရှင်ကျောင်းကြီးပါ။ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ...
ဂျာနယ်သတင်း
ဒီမိုကရေစီလို့ပြောရင် ယုံမှာတောာင်မဟုတ်ဘူး (၁၅)
ဒီမိုကရေစီလို့ပြောရင် ယုံမှာတောာင်မဟုတ်ဘူး (၁၅) (ပြည်ချစ်သား ဂျာနယ်ပါ ဆောင်းပါး။) NVC ကတ် ရရှိထားသည့် တရားမဝင် ရောက်ရှိနေသော ဘင်္ဂါလီများကို တစ်နိုင်ငံလုံး လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထား ပြီဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲမှာ ပြောလာပါတယ်။ နိုင်ငံရေး ပါတီများ၊ မျိုးချစ်ပြည်သူများ၊ ရဟန်းသံဃာတော်များ အပြင်းအထန် ကန့်ကွက်ကြပါတော့တယ်။ ကန့်ကွက်လောက်အောင်လည်း အင်မတန် အန္တရာယ်ကြီးပါတယ်။ အဲဒီနောက် နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဆွေက NVC ကတ် ကိုင်ဆောင်ရုံနဲ့ တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပေး ...
သတင်း
အပြည့်ခံ နှလုံးသားနဲ့ အမုန်းခံလူစား
ထွက်ပါပြီ 📚 ၂၀၁၈ ခုနှစ်အတွက် စာရေးသူရဲ့ တတိယမြောက်စာအုပ်📙 ဦးဝီရသူကို အမြင်းစောင်းနေသူတွေကော အကောင်းမြင်သူတွေပါ သူ့အကြောင်း ကောင်းကောင်းသိဖို့ ဖတ်ရမယ့်စာအုပ် 🔹အဖြည့်ခံနှလုံးသားပိုင်ရှင်တစ်ဦးအတွက် အကြောင်းပြနိဒါန်း🔹 ပထမဆုံးအရေးတစ်ကြီးပြောချင်တာကတော့ ယခုစာအုပ်ငယ်ဟာ လော်ဘီအမြင်နဲ့ လော်လီပြီးရေးထားတဲ့ စာအုပ်မဟုတ်သလို မျက်စေ့စုံမှိတ်ပြီး ဘုန်းတော်ဘွဲ့တွေကို ဇွတ်ရေးထားတာမဟုတ်ဘူးဆိုတာပါပဲ။ အင်တာနက်စာမျက်နှာများနဲ့ ပြင်ပလောကမှာပါ ပညာလည်းတတ် သီလလည်းရှိတဲ့ ပရိယတ္တိဝန်ဆောင် ဆရာတော်တပါးကို အမနာပ ရစရာမရှိအောင် ပုတ်ခတ်ဝေဘန်ပြီး ပျော်ပျော်ပါးပါးကြီး စော်ကားနေတာကိုတွေ့ရတော့ ရဟန်းတပါးအနေနဲ့ ထိတ်လန့်မိသလို စော်ကားသူတွေကိုလည်း သနားစိတ်ဖြစ်မိတယ်။ ဆရာတော်ကိုဆဲဆိုနေကြသူတွေအထဲမှာ ဘာသာခြားတွေပါသလို ပုဂ္ဂိုလ်စွဲအတ္တစိတ်အားကြီးတဲ့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၄
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မေတ္တာကမ်းမည့်လက်များ ထေရဝါဒ ဗုဒ္ဓသာသနာအထောက်အကူပြု ပရဟိတအဖွဲ့က အလှူငွေ ၁၆၀၀၀၀ိ (တစ်သိန်း ခြောက်သောင်းကျပ်) လှူဒါန်းစဉ်။ (22.5.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
နဂါးနီစုဘူးသတင်း
မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (21.5.2018) မွန်းလွဲ(၂း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက တက်ရောက်ကြပြီး သြဝါဒချီးမြှင့်ပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၅၉)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၈)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၇၇)ဦးရှိပြီး နှစ်သိန်းတန်း(၅၉)ဦး၊ တစ်သိန်းတန်း(၁၈)ဦး ဖြစ်ပါတယ်။ ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ...
သတင်း
ဂျပန်သတင်းသမားလေး ဇွဲကြီးသည်
17.5.2018 ရက်နေ့၊ မနက်ပိုင်းမှာ သဟာယကျောင်းသို့ရောက်ရှိလာပါတယ်။ ကြိုတင်ချိတ်ဆက်ထားသူမဟုတ်တော့ လက်မခံလိုက်ပါ။ ဗျူးဖို့ရည်ရွယ်ထားသူတွေထဲမှာ ရှင်မတောင်ဆရာတော်၊ နိရုတ္တိဆရာတော်အပါအဝင် မဘသဆရာတော်များစာရင်း တွေ့ရှိရပါတယ်။ မဟော်သဓာ၊ ဘက စတဲ့ ကျောင်းစာရင်းတွေလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် အတွေ့မခံတော့ဘဲ နိရုတ္တိသို့ လွှတ်လိုက်ပါတယ်။ နိရုတ္တိသွားပြီးတဲ့အခါ စာရေးသူထံပြန်လာပါတယ်။ တပည့်လေးတွေက အထောက်အထားတောင်းတဲ့အခါ ဘာမှမပြနိုင်လို့ ပြန်လွှတ်လိုက်ပါတယ်။ နေ့လည်ပိုင်းရောက်တော့ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းကို သွားကြောင်း သိရပါတယ်။ အဲဒီကနေတစ်ဆင့် မန်း မဟော်သဓာသို့ ဆက်သွားမယ်လို့ သိရပါတယ်။ အင်တာဗျူးတော့ ဖြေမပေးနိုင်ဘူး၊ ဝါစာချနေတာကို ရိုက်ကူးချင်ရင်တော့လာခဲ့လို့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နေ ဦးဖြူဝင်း(မန်း မဟော်သဓာဗဟိုအတွင်းရေးမှူး)က အလှူငွေ ၁၁၈၀၀၀ိ (တစ်သိန်း တစ်သောင်း ရှစ်ထောင်ကျပ်) လှူဒါန်းစဉ်။ (20.5.2018) ဦးဖြူဝင်းသည် အလှူခံဖြတ်ပိုင်းစာအုပ်နံပါတ်(၆၁)ဖြင့် အလှူခံရရှိငွေ ၂၅၅၀၀၀ိ (နှစ်သိန်း ငါးသောင်း ငါးထောင်ကျပ်)၊ အလှူခံဖြတ်ပိုင်းနံပါတ် (၁၅၈)ဖြင့် အလှူခံရရှိငွေ ၃၁၀၀၀၀ိ (သုံးသိန်း တစ်သောင်းကျပ်)၊ အလှူခံဖြတ်ပိုင်းနံပါတ် (၁၅၉)ဖြင့် အလှူခံရရှိငွေ ၁၁၈၀၀၀ိ (တစ်သိန်း တစ်သောင်း ရှစ်ထောင်ကျပ်) သုံးကြိမ် ပေးအပ်လှူဒါန်းပြီး ဖြစ်ပါသည်။ မန်း ...
သတင်း
ဘုရားတွေကို မျက်စောင်းထိုးလာပြီ
၈၈ အရေးအခင်းအပြီးမှာ ပေါ်လာခဲ့တဲ့ NLD ပါတီကို ဦးဆောင်တဲ့သူသုံးဦးကတော့ အောင် စု တင် တို့ပါ။ နောက်တော့ ဦးအောင်ကြီးနှုတ်ထွက်သွားတယ်။ အကြောင်းပြချက်ကတော့ NLD မှာ ကွန်မြူနစ်တွေ ကြီးစိုးနေလို့ဆိုပဲ။ NLD ပါတီကို စတင်တည်ထောင်သူတွေနှင့် ဒေါ်စုကို စင်ပေါ်တင်ခဲ့သူတွေထဲမှာ ကွန်မြူနစ်တွေက အများဆုံးပါ။ မူလက LND ဟု အမည်မှည့်သော်လည်း နောက်တော့ NLD ဖြစ်သွားခဲ့ပါတယ်။ ဦးအောင်ကြီးအကြောင်းပြတာ မှန်မမှန်တော့ မသိဘူး။ အခုချိန်ထိ ကွန်မြူနစ်ဆန်ဆန် ဘာသာမဲ့ဆန်ဆန် ဘာသာတရားကို ဖိနှိပ်လာတာတွေ့ရပါတယ်။ အခုနောက်ဆုံး ရွှေတိဂုံတို့ ...
သတင်း
နိုင်ငံရေးသမားဆိုတာ ဒီလိုပါပဲ
နိုင်ငံတကာလက်ခုပ်သြဘာတွေ ရချင်တော့ နိုင်ငံတကာကိုမျက်နှာလုပ်၊ ပြည်သူတွေရဲ့ဆန္ဒမဲတွေရချင်တော့ ပြည်သူတွေကိုမျက်နှာလုပ်၊ ရာထူးတွေ အာဏာတွေတည်မြဲရေးအတွက် ဟိုလူကိုမျက်နှာချိုသွေး၊ ဒီလူကိုမျက်နှာချိုသွေးနဲ့ နောက်ဆုံးတော့ တိုင်းပြည်ဟာ မြွေပွေးခါးပိုက်ပိုက်ထားလိုက်ရသလိုပါပဲ။ သံဝေဂယူကြပါ။ ဟိုဟာမကြီးအပါအဝင် သူတော်ကောင်းအပေါင်းတို့…။ ဝီရသူ (မစိုးရိမ်) 18.5.2018 ———————————— အစ္စလာမ်သည် ဂျာမနီ၏ အစိတ်အပိုင်းမဟုတ်ဟု ပြည်ထဲရေးဝန်ကြီးသစ် ပြောကြား 18-Mar-2018 tagged as ဝန်ကြီး ပြည်ထဲရေး ဂျာမနီ အစ္စလာမ် ဘာလင်၊ မတ် ၁၇ ဂျာမနီအဓိပတိ မာကယ်လ်၏ သဘောထားတင်းမာသော ပြည်ထဲရေးဝန်ကြီးသစ်က အစ္စလာမ်သည် “ဂျာမနီ၏ အစိတ်အပိုင်းမဟုတ်”ဟု ...
သတင်းလောကအလင်းပညာဒါနကျောင်း
7.5.2018 ရက်နေ့မှာ ၂၀၁၈ စာသင်နှစ်အတွက် ကျောင်းစဖွင့်ပါတယ်။ 8.5.2018 ရက်နေ့မှာ စတင်သင်ကြားနေပါပြီ။ ကိုးတန်းအောင်သူများအတွက် ကြိုတင်ဖွင့်လှစ်ထားပါတယ်။  ဆယ်တန်းအောင်စာရင်းထွက်တဲ့အခါ Repeater တန်းတွေအတွက် ထပ်မံဖွင့်လှစ်ပေးရတတ်ပါတယ်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းကို 2012 ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။ စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများနှင့် ကျောင်းသားများ ဆရာ ဆရာမများ ကျောင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတာပါ။  သီးခြားအလှူရှင်များမရှိသလို ပုဂ္ဂိုလ် အဖွဲ့အစည်းတို့ရဲ့အထောက်အပံ့မျိုးလည်း မရှိပါ။ လောကအလင်းဆောင်ပုဒ်က သာသနာ ပညာ ယဉ်ကျေးမှု ကောင်း တော် ယဉ်အောင်ပြု ဖြစ်ပါတယ်။   “လောကအလင်း ပညာဒါနကျူရှင်ကျောင်း ဖွင့်လှစ်သင်ကြားခြင်း” 7.5.2018 ရက်နေ့မှာ ...
သတင်း
ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရန် နှိုးဆော်လွှာ
သာသနာတော်နှစ် ၂၅၆၂-ခု အထိမ်းအမှတ် သံဃာတော် ၂၅၆၂-ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရန် နှိုးဆော်လွှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီ တွေ့ဆုံ သြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကြီးကို အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း၊ ကျောက်တော်ကြီးဘုရား၊ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍- သာသနာတော်နှစ် ၂၅၆၂-ခုကို အထိမ်းအမှတ် ပြုသောအားဖြင့် မြန်မာပြည် အရပ်ရပ် တိုင်းနှင့် ပြည်နယ်အသီးသီးမှြ<ွကရောက်လာကြသော သံဃာတော် အပါး ၂၅၆၂-ပါးတို့အား ကြုံတောင့်ကြုံခဲ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး၌ လောင်းလှူလိုသူများအနေဖြင့် ...
သတင်း
ဂျော့ဆိုးရော့စ်ကို ဟန်ဂေရီကနှင်ထုတ်လိုက်ပြီ
ဂျော့ဆိုးရော့စ်ဟာ နိုင်ငံရေးပွဲစားကြီးတစ်ဦးပါ။ အခုတော့ လူကုန်ကူးမှုတွေတောင် လုပ်နေပါပြီ။ ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး ရွှေ့ပြောင်းမူဆလင်တွေကို နိုင်ငံတကာကိုတင်သွင်းနေတဲ့ လူကုန်သည်အကြီးစားကြီးပါ။ ဟန်ဂေရီက သူမနေနိုင်အောင် ဥပဒေတွေထုတ်ပြန်ပြီးကန့်သတ်လိုက်လို့ အခုထွက်ပြေးရပါပြီ။ မြန်မာပြည်မှာတော့ သူဝယ်ထားတဲ့ မြန်မာ O.S.F ရှိပါတယ်။ အဲဒီအဖွဲ့ဟာ အရင်တုန်းက ပြည်သူ့အတွက်ဆိုပြီး မိုးလားကဲလား သဲပြခဲ့ကြတဲ့သူတွေပါ။ ဇိမ်ခံကားကြီးတွေနဲ့၊ ဇိမ်ခံပစ္စည်းတွေနဲ့ သာယာနေကြပြီဖြစ်လို့ ပြည်သူတွေအတွက် ဘာတစ်ခုမှ လုပ်မပေးကြတော့ဘဲ ပါတီထောင်မှာလိုလို၊ လွှတ်တော်ပြင်ပနိုင်ငံရေးအဖွဲ့လိုလို ယောင်ခြောက်ဆယ်ထိုင်စားနေကြတဲ့ အလုပ်လက်မဲ့အဖွဲ့အစည်းကြီးပါ။ အဲဒီလိုပဲ ဟိုဟာမကြီးနဲ့လည်း ဂျော့ဆိုးရော့စ်ကိုယ်တိုင် လာတွေ့ခဲ့ဖူးပါတယ်။ ရခိုင်အထိတောင် သွားခွင့်ရရှိခဲ့သူပါ။ အခုတော့ သူ့အစား သူ့သားလေးကို စေလွှတ်နေပါပြီ။ ...
သတင်း
ရှင်ပြုအလှူ အနုမောဒနာတရားတော်
ကဆုန်လပြည့်ကျော်(၁၄)ရက်၊ (13.5.2018)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သစ်ဆိမ့်တိုက်၊ ရတနာသိင်္ဃကျောင်းမှာ ကျင်းပပါတယ်။ အလှူဒါယကာ ဦးမြင့်အောင်+အလှူဒါယိကာမ ဒေါ်ညွန့်ညွန့်ခိုင် မိသားစုတို့ရဲ့ ရှင်ပြုအလှူလေးပါ။ နေ့ဆွမ်းဆက်ကပ်အပြီးမှာ ရေစက်ချတရား နာယူကြတာပါ။ ကျောင်းထိုင်ဆရာတော် အရှင်ဝါသဝ(မန်း မဘသ)နှင့် ပင့်သံဃာသုံးပါးတို့ ကြွရောက်ကြပါတယ်။ ပရိတ်တရားဟောကြားအပြီးမှာ စာရေးသူက အနုမောဒနာတရားဟောကြားပါတယ်။ ဒါနနှင့်ပတ်သက်တဲ့ တရားအတိုလေးပါ။ သုမနသုတ္တန် ဖြစ်ပါတယ်။ လူချင်းတူပေမဲ့ အသက်ရှူချင်း ကွဲပြားသလိုပါပဲ လူ့ဘဝရောက်တာချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် လူ့စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ နတ်ချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် နတ်စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ ရဟန်းချင်းအတူတူ လှူတဲ့သူက မလှူတဲ့သူအပေါ် ...
သတင်း
ငပလီမြို့ ကျောင်းရေစက်ချပွဲ(၄)
5.5.2018 ရက်နေ့၊ မနက်ပိုင်းမှာ မြပြင်ရွာ မဟာဗောဓိရုက္ခပေါ်တော်မူဘုရားမှ ဂျိတ်တောရပ်ကွက် ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် အပေါ်ထပ်မှာ အခမ်းအနားကျင်းပပါတယ်။ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ပူဇော်ပွဲအခမ်းအနားပါ။ ပုသိမ်ဆရာတော်ကြီးက ဒီနှစ်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတာပါ။ ရခိုင်ပြည်မှာ ပထမဦးဆုံး အဘိဓဇမဟာရဋ္ဌဂုရ ရရှိတဲ့ဆရတော်ကြီးဖြစ်လို့ အာဒိကမ္မိက အဘိဓဇမဟာရဋ္ဌဂုရု ပူဇော်ပွဲကျင်းပတာဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူကတော့ ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဒာစာရပဲ ဖြစ်ပါတယ်။ ပုသိမ်ဆရာတော်ကြီးက သြဝါဒမိန့်ကြားသလို ပုလဲဆရာတော်ကလည်း ပူဇော်ပွဲကျင်းပရခြင်းအကြောင်းကို လျှောက်ထားပါတယ်။ အဲဒီနောက်တော့ စာရေးသူလည်း ညီတော်မောင်များနှင့်အတူ နေ့ဆွမ်းစားပြီး တည်းခိုဆောင်သို့ ထွက်လာခဲ့ပါတယ်။   “ငပလီမြို့ ...
သတင်း
ဥပုသ်နေ့တစ်နေ့တာ (၃)
ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ည (၆း၀၀)နာရီကျော်မှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ပုထိုးတော်ကြီးပညာဒါနစာသင်ကျောင်း ဖွင့်လှစ်ထားလို့ပါ။ စစ်ကိုင်းမြို့ သဒ္ဓမ္မပါလဆရာတော်လေး အရှင်ကောဝိဒ၊ မန္တလေးမြို့ ဓမ္မိကာရာမတိုက် စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒတို့ လိုက်ပါကြပါတယ်။ စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒက စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်မှ နာဂသမီးငယ်လေးတွေကို ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသို့ လိုက်ပို့တာပါ။ နာဂသမီးငယ်လေးတွေက ချစ်စရာလေးတွေပါ။ ပုထိုးတော်ကြီးစာသင်ကျောင်းမှာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ (၆၀)မှ (၈၀)အထိ ရှိပါတယ်။ ဆရာ ဆရာမ (၃၀)နီးပါးရှိပြီး နေ့ရောညပါ ...
သတင်း
ဥပုသ်နေ့တစ်နေ့တာ (၂)
ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဝိလာသက (၂၈)ဝါ ရှိပါပြီ။ ဘကပညာရေးတည်ထောင်တာ (၁၅)နှစ်တောင် ရှိပါပြီ။ လက်ရှိမှာ ကျောင်းသားကျောင်းသူ (၂၂၈၀)ရှိပါတယ်။ အမြဲနေကျောင်းအိပ်ကျောင်းစား ကိုရင် သီလရှင် ကျောင်းသား ကျောင်းသူ (၃၀၀)ကျော်ရှိပါတယ်။ ဗမာစကားမတတ်သေးတဲ့ ကလေးငယ်တွေ၊ မူလတန်း အလယ်တန်းအောင်ပြီး ရွာမှာ တက်စရာကျောင်းမရှိတော့တဲ့ကငယ်တွေနှင့် စစ်ကိုင်းမြို့ဝန်းကျင်မှ ကျောင်းသူကျောင်းသားလေးများ တက်ရောက်သင်ယူကြတယ်လို့ ဆိုပါတယ်။ အဆောက်အဦးကလည်း များပြား၊ ကစားစရာတွေလည်းလုပ်ထား၊ စာကြည့်တိုက်ကလည်း သီးသန့် စုံနေလို့ပါပဲ။ ဗမာစကားမတတ်တဲ့ကိုရင်လေးတွေကို ဗမာဇာတ်ကားပြထားတာ ...