Tag: သတင်း
သတင်း
တပည့် ရှင်တေဇောဘာသ ရဟန်းခံပွဲ
10.4.2018 ရက်နေ့၊ မနက်(၇း၃၀)နာရီ၊ သိမ်ဝင်ပါတယ်။ ရဟန်းဒကာ ရဟန်းဒကာမ မိသားစုများထဲက နှစ်ဦး ဒုလ္လဘရဟန်းခံပါတယ်။ ရဟန်းလောင်းသုံးပါး စုပေါင်းရဟန်းခံပွဲပါ။ မစိုးရိမ်တိုက်သစ်၊မဟာနာယကဆရာတော်များဖြစ်တဲ့ ဓမ္မသမိဒ္ဓိဆရာတော်၊ ဓမ္မာဓိပတိဆရာတော်နှင့် နာယကဆရာတော်များ၊ ရှင်တေဇောဘာသ၏ ငယ်ဆရာတော်များ ကြွရောက်ကြပါတယ်။ ဓမ္မသမိဒ္ဓိကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ဥပ္ပဇ္ဈာယ်ဆရာတော်အဖြစ်ဆောင်ရွက်ပြီး ဓမ္မသုဝဏ္ဏမေတ္တာကျောင်းနာယကဆရာတော် ဘဒ္ဒန္တကဝိန္ဒာဘိဝံသက အနုသာသကဆရာတော်အဖြစ် ဆောင်ရွက်ပါတယ်။ သိမ်ဆင်းလောင်းအပြီးမှာ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်က တရားဟော ရေစက်ချ ပြုလုပ်အပြီး သံဃာတော်များအား နေ့ဆွမ်းကပ်ပါတယ်။ နေ့ဆွမ်းကပ်ပြီးတဲ့အခါ စာရေးသူထံမှာ သြဝါဒခံယူကြပါတယ်။ ရဟန်းဒကာ ဒကာမများက ကိုဖိုးမောင်+မသူဇာ ဆွမ်းဒကာ ဒကာမများဖြစ်ကြပါတယ်။ တပည့် ရှင်တေဇောဘာသက ပထမကြီးတန်း ရောက်ပါပြီ။ ပထမကြီးတန်း ...
သတင်း
တောင်ကြီးခရီးစဉ် (၆)
22.3.2018 ရက်နေ့၊ မနက်ပိုင်း နောင်တရားမြို့နယ်၊ တီကျစ်ရွာကြီးမှ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မနက်(၁၀း၀၀)နာရီကျော်မှာ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်၊ သာသနာလင်္ကရကျောင်းမှာ ခဏနားပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာအား စာစောင်နှင့် ရေဒီယိုစတစ်များလှူဒါန်းကာ နေ့ဆွမ်းစားဖို့ ထွက်ခွာလာခဲ့ပါတယ်။ မိုးဗြဲမြို့၊ ကွက်သစ်ရပ်ကွက်၊ ဦးကျော်စိုးဝင်+ဒေါ်ခင်လေးနွယ် မိသားစုအိမ်မှာ နေ့ဆွမ်းစားပါတယ်။ ဒေသခံဆရာတော် သံဃာတော်များ ကြွရောက်အားပေးကြပါတယ်။ ဆွမ်းစားအပြီးမှာ ဆရာတော်သံဃာတော်များက အိမ်အပေါ်ထပ်မှာ ပရိတ်တရားချီးမြှင့်ပြီး စာရေးသူက မဏ္ဍပ်ထဲမှာ တရားဟောကြားပါတယ်။ အင်မတန်ခေါင်တဲ့နေရာများမှာ နေကြရတဲ့ ပြည်သူတွေဖြစ်လို့ နမောတဿတရား ဟောကြားခဲ့ပါတယ်။ နမောတဿ ဘုရားဂုဏ်တော်ပွားများပုံကို လက်တွေ့ထိုင်ခိုင်းကာ ပွားများခိုင်းပါတယ်။ နမောတဿ ပွားများပါ၊ ဘေးရန်ကင်းလို့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၆
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဦးသောင်းညွန့်အားရည်စူး၍ ဒေါ်အေး မိသားစုက အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (1.4.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်း
လားရှိုးခရီးစဉ်(၃)/ ၂၀၁၈ ဒသမဓမ္မသဘင်
6.4.2018 ရက်နေ့၊ ည(၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မဟာမြတ်မုနိမြတ်စွာဘုရားရင်ပြင်တော်မှာကျင်းပပါတယ်။ လားရှိုးမြို့၊ အမျိုးသားရေးအင်အားစုများအဖွဲ့က ဦးစီးကျင်းပတာပါ။ အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။ တရားဟောအပြီးမှာ ဓမ္မပူဇာအလှူငွေများ ဆက်ကပ်လှူဒါန်းပါတယ်။ အလှူရှင်တစ်ဦးချင်းအလိုက် အမည်ခေါ်ပြီး အလှူငွေပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းများ ပြုလုပ်ကြရာ လားရှိုးမြို့သူမြို့သား ပရိသတ်များ သာဓုခေါ်ကြပါတယ်။ အလှူရှင်ဦးရေက များသော်လည်း လားရှိုးမြို့သူမြို့သားများက သာဓုမြိုင်မြိုင်ခေါ်ကာ ဝမ်းသာအားရ အားပေးကြပါတယ်။ “အမျိုးသားရေးတရားတော်” ၁။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကို မြှင့်တင်တာ။ ၂။ အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းတာ။ ၃။ အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။ ၄။ ...
သတင်း
တောင်ကြီးခရီးစဉ်(၅)
22.3.2018 ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ရွာမှာ မနက် အရုဏ်ဆွမ်းစားပါတယ်။ တီကျစ်ဆရာတော်ကြီး ဖူးမြော်ကန်တော့ပြီး တီကျစ်ရွာသူရွာသားတွေကပ်လှူတဲ့ အရုဏ်ဆွမ်းကို ညီတော်မောင်များနှင့်အတူ စားကြတာပါ။ ပအိုဝ့်ဝီရသူတို့နာမည်ကြီးတဲ့ ဆရာတော်လေးတစ်ပါးလည်း ရောက်ရှိလာပါတယ်။ သူတို့ကတော့ ဖယ်ခုံမြို့ အနောက်ကယန်းဒေသ တရားပွဲအတွက် လာရောက်ပင့်ဆောင်ကြတာပါ။ တီကျစ်ရွာအရုဏ်ဆွမ်းအပြီးမှာ မန်း မဟော်သဓာအတွက် အလှူငွေတွေ လှူဒါန်းကြပါတယ်။ တီကျစ်ဆရာတော်ကြီးက သြဝါဒပေးဖို့ တိုက်တွန်းတာကြောင့် ကာကွယ်ရေးဗျူဟာ ငါးပါးတရား ဟောကြားခဲ့ပါတယ်။ တီကျစ်ရွာသူရွာသားတွေကတော့ အမျိုးသားရေးသမားတွေဖြစ်လေတော့ အမြဲတမ်းတက်ကြွလို့နေတော့တာပါပဲ။ “ကာကွယ်ရေးဗျာဟာ (၅)ပါး” ဝါစာနဲ့လည်း ကာကွယ်ပါ။ အသပြာနဲ့လည်း ကာကွယ်ပါ။ ပညာနဲ့လည်း ကာကွယ်ပါ။ ...
သတင်း
အလှူရေစက်ချတရားတော်
26.3.2018 ရက်နေ့၊ မနက်(၉း၀၀)နာရီ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ပရိယတ္တိစသင်တိုက်၊ အလှူဒါယကာ ဦးမျိုးသန့်+အလှူဒါယိကာမ ဒေါ်ချစ်ချစ်မာ မိသားစု၏ ရှင်ပြု နာသ အလှူတော်မင်္ဂလာ ရေစက်ချပွဲပါ။ မင်းကင်းမြို့နယ်၊ ကျောက်တန်းရွာ တရားပွဲအပြန် ခါတိုင်းတည်းခိုနေကြဖြစ်တဲ့ မင်္ဂလာဥယျာဉ်ရောက်ခိုက် အလှူနဲ့ကြုံ၍ တရားဟောဖြစ်တာပါ။ အလှူဒကာ ဒကာမတွေလည်း တိုက်တိုက်ဆိုင်ဆိုင် နာယူရလို့ ဝမ်းသာနေကြပါတယ်။ သုမနသုတ္တန် ဟောကြားခဲ့ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲပြားတယ်ဆိုတဲ့သဘောပါပဲ။ နတ်ဖြစ်ရင်လည်း နတ်ထက်မြတ်သောနတ်၊ လူဖြစ်ရင်လည်း လူထက်မြတ်သော လူ၊ ရဟန်းဖြစ်ရင်လည်း ရဟန်းထက်မြတ်သော ရဟန်း စသည်ဖြင့် အထက်တန်းစားခရီးသည်အဖြစ် နိဗ္ဗာန်ပန်းတိုင်ရောက်ချင်တယ်ဆိုရင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသီတဂူကျောင်း၊ အရှင်ဝါသဝ က အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (30.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း
လားရှိုးခရီးစဉ်(၂)/ ၂၀၁၈ နဝမ ဓမ္မသဘင်
5.4.2018 ရက်နေ့၊ ည (၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက် အလှူဒါယကာ ဦးခင်မောင်+အလှူဒါယိကာမ ဒေါ်ခင်ဌေးရီ မိသားစုတို့ရဲ့ ကံထပ် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အလှူဦး ဓမ္မသဘင်။ ပေတဝတ္ထုပါဠိတော်၊ ဥဗ္ဗရိဝဂ်၊ သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု(ပေတ၊ ဋ္ဌ။ ၇၂) ဟောကြားခဲ့ပါတယ်။ တရားအမည်ကတော့ သံဃာစော်ကား မယ်တော်ဘုရား၏ ဘဝနိဂုံးပါ။ ရှင်သာရိပုတ္တရာ၏ လွန်ခဲ့သော ငါးခုမြောက် ဘဝက သားအမိတော်စပ်ခဲ့သော ပုဏ္ဏေးမကြီး ပြိတ္တာဘဝရောက်ပြီး ရှင်သာရိပုတ္တရာထံ လာရောက်အကူအညီတောင်းတဲ့ ဝတ္ထုပါ။ သံဃာတော်တွေနှင့် ဘိုးဘွားများ ဖုန်းတောင်းယာစကာများကို ...
သတင်း
မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၂)”
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။ ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။ အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။ ဒီကနေ့ ကြေညာမှာကတော့ ဆရာတော်ဘုရားကြီး၏ သြဝါဒဆိုင်ရာစာမူများပဲဖြစ်ပါတယ်။ (၁) ဘက်မလိုက်နဲ့ (၂) ...
သတင်း
တောင်ကြီးခရီးစဉ် (၄)
သတင်း
လားရှိုးခရီးစဉ်(၁)
5.4.2018 ရက်နေ့၊ မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာ မြို့မကျောင်းသို့ ရောက်ရှိပါတယ်။ မြို့မကျောင်းဆရာတော် နောင်တော်ကြီး ဦးပညာသာရနှင့်အတူ နောင်တော်ကြီးဦးကောဝိဒ(သပြေဒိုးရွာ)တို့အား နှုတ်ဆက်ဂါရဝပြုပါတယ်။ နေ့ဆွမ်းစားပြီး ညီနောင်သုံးပါးလုံး ရေနွေးပွဲမြီးရင်း အမျိုးဘာသာ သာသနာရေး ဆွေးနွေးကြပါတယ်။ နေ့ဆွမ်းစားလို့ တော်တော်ကောင်းပါတယ်။ ဒေသအစားအစာတွေပဲ ရွေးစားတာပါ။ များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေများပါတယ်။ ဆွမ်းပွဲနှင့် ဟင်းခွက် မလိုက်ဖက်ပါဘူး။ ဟင်းခွက်က များပြီး စားပွဲက သေးနေပါတယ်။ နေ့စဉ်နေ့တိုင်း ဆွမ်းချိုင့်ပို့သူ ပေါများတယ်လို့ ဆိုပါတယ်။ တောကျောင်းဆရာတော်တစ်ပါးရဲ့ နစ္စဓုဝ ဆွမ်းချိုင့်တွေပဲဖြစ်ပါတယ်။ ညနေပိုင်းတွင် လားရှိုးမြို့သို့ ရောက်ပါတယ်။ တိုးဂိတ်မှာ ကြိုဆိုရေးအဖွဲ့က စောင့်ကြိုနေကြပါတယ်။ တိုင်းရင်းသားရိုးရာဝတ်စုံများ တူရိယာများဖြင့် ...
သတင်း
ဟင်းရွက်စုဆရာတော်ကြီးမွေးနေ့ပွဲ
1.4.2018 မနက် (၉း၀၀)နာရီ၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဟင်းရွက်စုရွာမှာ ကျင်းပပါတယ်။ ဟင်းရွက်စုဆရာတော်ကြီး သက်တော်(၈၀)ပြည့်မွေးနေ့ပါ။ ဟင်းရွက်စုဆရာတော်ကြီး ဘဒ္ဒန္တသောဘိတမထေရ်ကြီးက မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးများရဲ့ တပည့်ကြီးဖြစ်ပါတယ်။ လက်ရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါလကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသီလိတာဘိဝံသ မထေရ်က ဟင်းရွက်စုဆရာတော်ကြီးရဲ့ တပည့်ရင်းဖြစ်ပါတယ်။ ဟင်းရွက်စုရွာမှာ နှစ်စဉ်နှစ်တိုင်း ပဋ္ဌာန်းပွဲကျင်းပတဲ့အခါ မစိုးရိမ်တိုက်သစ်နာယကများ နာယကလောင်းများ စာချ စာသင် သံဃာတော်များကို ပင့်ဖိတ်လေ့ရှိပါတယ်။ စာရေးသူလည်း ဟင်းရွက်စုရွာသို့ အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ဖူးပါတယ်။ မဲဇာလွန်တောရမှအပြန် တစ်ခါမှ မရောက်ဖြစ်တာနဲ့ ဆရာတော်ကြီးမွေးနေ့ပွဲကို အားခဲပြီး သွားလိုက်ပါတယ်။ ဆရာတော်ကြီးအား စာစောင်များ ...
နဂါးနီစုဘူးသတင်း
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (12.4.2018) မနက်(၁၀းဝဝ)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင်(၁၆၀)ဦး တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီနှင့် တစ်သိန်းတန်း(၁၁၃)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၂၇၃)ဦးရှိပြီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၄
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ဦးသိန်းဆောင်+ဒေါ်ခင်မ မိသားစုက အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းစဉ်။ (30.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...
သတင်း
မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။ ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။ အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။ ဒီကနေ့ ကြေညာမှာကတော့ ဆရာတော်ဘုရားကြီး၏ သြဝါဒဆိုင်ရာစာမူများပဲဖြစ်ပါတယ်။   “မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကြို့ပင်ကောက်မြို့၊ ဦးထွန်းဝင်း+ဒေါ်ဝမ်း မိသားစုမှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းစဉ်။ (30.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း
အမျိုးသားရေးသဝဏ်လွှာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းရေးအခမ်းအနား သို့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်) ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဗောဓိရတနာစာသင်တိုက်အတွင်း၌ ကျင်းပအပ်သော ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းရေးအခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့ ယနေ့အခါ အမိမြန်မာပြည်သည် အမျိုးသားအန္တရာယ်ကျရောက်နေသော အချိန်အခါဖြစ်ပါသည်။ မြန်မာပြည်၏ နောက်တံခါးနှင့် အနောက်မြောက်တံခါးတို့သည် ကျိုးပဲ့ပျက်စီးသွားပေပြီ။ မောင်းတံဂိတ်များ ရုပ်သိမ်းသွားခြင်း၊ စစ်ဆေးရေးဂိတ်များ ...
သတင်း
ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းခြင်း
8.4.2018 နေ့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဗောဓိရတနာစာသင်တိုက်အတွင်း၌ ကျင်းပခဲ့ပါသည်။ ညောင်ပင်ကြီးပဝါရဏာအဖွဲ့၊ ခေါင်ရမ်း၊ သာဂရ ပဝါရဏာအဖွဲ့ သံဃာတော်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညောင်ပင်ကြီးကျေးရွာ ရပ်မိရပ်ဖများ စုပေါင်းဖွဲ့စည်းကြသော ဝံသာနုရက္ခိတအဖွဲ့ ဖြစ်ပါတယ်။ အခမ်းအနားသို့ ထင်သော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ကြသလို မန်း မဘသမှ ဦးဆောင်ဆရာတော်များဖြစ်ကြသော ဦးကုသလ(ပါဠိပါရဂူ)၊ ဦးပညာသာမိ၊ ဦးဣန္ဒာစက္ကာဘိဝံသတို့အမှူးပြုသော အမျိုးသားရေးအင်အားစုများလည်း တက်ရောက်ကြပါတယ်။ ဝသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ဆရာတော်ဦးဝီရသူက သဝဏ်လွှာပေးပို့ခဲ့ပြီး ၎င်းသဝဏ်လွှာကို မန်း မဘသမှ ဆရာတော်ဦးကုဏ္ဍလ(ရွှေဒါးဗိုလ်)က ...
သတင်း
မိစ္ဆာသတိ
သတင်း
ဘက်မလိုက်နဲ့
ရဟန်းသံဃာဆိုတာ နှစ်ပက္ခကွဲလျှင် ဘယ်ဘက်မှ မပါရဘူး။ ကိုယ့်အမေနှင့် တခြားတစ်ယောက် ရန်ဖြစ်လျှင် ကိုယ့်အမေဘက်ကတောင် မပါရဘူး။ ပါချင်ရင် ဖြန်ဖြေတဲ့သူအဖြစ်နဲ့ ပါရတယ်။ သာသနာ ကိုးကွယ်ရင် သူပုန်လည်း ကိုယ့်ဒကာပဲ၊ အစိုးရလည်း ကိုယ့်ဒကာပဲ။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ အဘိဓဇ မဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် အဓိပတိမဟာနာယက။