မဟော်သဓာကလေးငယ်များအား ပဲနို့တိုက်ကျွေး
29.3.2018 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာရှိ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ တိုက်ကျွေးပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းသူ သင်တန်းသားလေးများအား ပဲနို့များ တိုက်ကျွေးတာပါ။ သဘာဝပဲနို့ဖြစ်ပြီး ပဲနို့ကြိတ်စက်ဖြင့် ပဲပိစပ်များကို ကြိတ်ပြီး ပြန်လည်ကြိုချက်ကာ အရသာရှိအောင် ပြင်ဆင်ပြီး တိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။ ဓာတုဗေဒကင်းစင်ပြီး လတ်လတ်ဆက်ဆက် ပဲနို့အစစ်များသောက်ကြရလို့ မဟော်သဓာကလေးငယ်များ ကံကောင်းကြပါတယ်။ နှစ်ကြိမ်သုံးကြိမ်ထပ်တောင်းသူများ နှစ်ခွက်သုံးခွက်သောက်သူများဖြင့် ပျော်စရာကောင်းပါတယ်။ 31 ရက်နေ့ဆိုရင် စာမေးပွဲကျင်းပပေးမှာပါ။ 31 ရက်နေ့မှာ ကြာဇံဟင်းခါး တိုက်ကျွေးမည့်အလှူရှင်ရှိပါတယ်။ လိမ္မာရေးခြားရှိသည့် မဟော်သဓာကလေးငယ်များ အနာဂတ်အမိမြန်မာပြည်ကို ...
၂၀၁၈ အဋ္ဌမဓမ္မသဘင် (ပြည်ကြီးတံခွန် ဆ/ရပ်ကွက်)
တန်ခူးလဆန်း ၁၂ရက်၊ 28.3.2018 ရက်နေ့ ည ၈း၀၀ နာရီ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ်၊ ဆ/ရပ်ကွက် ၅၃×၅၄လမ်းကြား အေးမေတ္တာလမ်း၊ အမက ၁၈ ကျောင်းဝင်း ဘောလုံးကွင်းအတွင်းမှာ ကျင်းပပါတယ်။ ငါးရက်တာ တရားပွဲဖြစ်ပြီး 24 ရက်နေ့မှ 28 ရက်နေ့အထိ ဓမ္မကထိကဆရာတော်ငါးပါး ဟောကြားကြတာပါ။ စာရေးသူကတော့ ပထမဦးဆုံး စိတ္တသုခပတ္တမြားကျောင်းမှာ ခဏနားပါတယ်။ တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်မိသားစုနှင့် တွေ့ဆုံပါတယ်။ ကြိုဆိုရေးအဖွဲ့တွေကိုလည်း သော့ချိတ်လေးတွေ လက်ဆောင်ပေးပါတယ်။ စိတ္တသုခပတ္တမြားဆရာတော်လေးနှင့် တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်တို့ကို စာအုပ် စာစောင်များနှင့် သော့ချိတ်များ လက်ဆောင်ပေးပါတယ်။ ရှစ်နာရီထိုးမှ ...
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို ၁၃၈၀ပြည့်နှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ (၂၆.၄.၂၀၁၈)နေ့တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းကြီး၌ နံနက်(၉း၀၀)နာရီအချိန် စတင်ကျင်းပ ပူဇော်ကြမည်ဖြစ်ပါ၍ တပည့်များစုံညီကျင်းပနိုင်ပါရန် ကဆုန်လဆန်း(၁၁)ရက်နေ့ (25.4.2018) ည(၇း၀၀)နာရီအရောက် မစိုးရိမ်တိုက်သစ်သို့ ကြွရောက်ကြပါမည့်အကြောင်း(နီး+ဝေး)တပည့်အပေါင်းတို့အား ပင့်ဖိတ်လျှောက်ထားအပ်ပါသည်ဘုရား။ ပူဇော်ပွဲဖြစ်မြောက်ရေးဦးဆောင်စီမံအဖွဲ့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ဖုန်း-09.259004300/09.2035013 “၁၅နှစ်ပြည့် အထိမ်းအမှတ်ပူဇာမင်္ဂလာ ပင့်ဖိတ်လွှာ နှင့် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီးအမည်ရှိ အထူးထုတ်စာစောင်ကြီး” ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အင်းလေး သပလောက်ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဦးသြဘာသမှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
“မွန်ပြည်နယ် အစိုးရနှင့် မီးသတ်အုပ်စုက ကျိုက္ခမီမြို့မှ ဘုရားဝတ္တကမြေအား ကျူးကျော်ရဲသော်လည်း ဘီးလင်းမြို့ရှိ တရားမဝင်ဗလီကို အရေးယူမှု မရှိ”
“မွန်ပြည်နယ် အစိုးရနှင့် မီးသတ်အုပ်စုက ကျိုက္ခမီမြို့မှ ဘုရားဝတ္တကမြေအား ကျူးကျော်ရဲသော်လည်း ဘီးလင်းမြို့ရှိ တရားမဝင်ဗလီကို အရေးယူမှု မရှိ”
20.3.2018 နေ့ ၁၁း၀၀ နာရီ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဋ္ဌေးကုန်း နယ်မြေ-၈နေ ဦးတင့်လွင်+ဒေါ်လှဆန်းမြင့်တို့ နေအိမ်မှာ ကျင်းပပါတယ်။ သိမ်တောင်ကျောင်းမှ စာချဆရာတော် ဘဒ္ဒန္တပညာသိက္ခာလင်္ကာရာဘိဝံသနှင့် အမျိုးသားရေးဓမ္မကထိက ရဟန်းပျိုလေးများဖြစ်တဲ့ ဒေါက်တာအရှင်ဝိမလဝံသနှင့် အရှင်ဂန္ဓသာရတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။ နေ့ဆွမ်းစားအပြီးမှာ အနုမောဒနာပြုပါတယ်။ ကာကွယ်ရေး လက်နက်ငါးပါးတရားတော်ပါ။ ဝါစာရယ်၊ ပညာရယ်၊ အသပြာရယ်၊ အာဏာရယ်၊ ခန္ဓာရယ် ဒီငါးပါးနှင့် ကာကွယ်လို့ရကြောင်း။ ပြည်သူအားလုံး တစ်ဦးချင်းတစ်ယောက်ချင်းစီ သိထားဖို့ အမျိုးသားရေးသမားများမှာ တာဝန်ရှိကြောင်း ဟောကြားခဲ့တာပါ။ “တောင်ကြီးခရီးစဉ်-၂(နေ့ဆွမ်းအနုမောဒနာတရားတော်)” 20.3.2018 နေ့ ၁၁း၀၀ နာရီ ...
၂၀၁၈ သတ္တမ ဓမ္မသဘင်(မင်းကင်းကျောက်တန်းရွာ)”
တန်ခူးလဆန်း(၉)ရက် 25.3.2018 ရက်နေ့ ည ၈း၀၀ နာရီမှာ ဟောကြားပါတယ်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာမှာ ဟောကြားတာပါ။ MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသ ဇာတိရွာဖြစ်ပါတယ်။ 23ရက်နေ့မှ 28 ရက်နေ့အထိ ၆ ညတိုင်တိုင် ကျင်းပတဲ့ဓမ္မသဘင်ပါ။ စာရေးသူက သုံးရက်မြောက်မှာ ဟောကြားရတာပါ။ ရွှေရတုတိပိဋကဆရာတော်၊ MRTV-4 ဆရာတော်၊ ဒေါက်တာအရှင်သောပါကဆရာတော်၊ စာရေးသူနဲ့ ဟိတဓရဆရာတော်၊ မြနန်းဆရာတော်တို့ပဲ ဖြစ်ပါတယ်။ ဆရာတော်များ မဟောကြားမီ ဆရာမောင်သွေးချွန်၊ ဆရာဦးအေးပိုင်၊ ဆရာသူရိန်စိုး၊ ဆရာမိုးအောင်လင်းနိုင်၊ ဆရာငြိမ်းချမ်းသာတို့လည်း အမျိုးသားရေးအတွေးအမြင်များ ဟောပြောကြပါတယ်။ နေ့စဉ် ရွာသူရွာသားများအား စတုဒီသာကျွေးမွေးကြပါတယ်။ ရေလမ်းခရီး ဖြစ်သဖြင့် ...
အမေ့နှစ်ပတ်လည် ဆွမ်းကပ်အလှူတော်
28.3.2018 ရက်နေ့ မနက် ၉း၃၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပတာပါ။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသ ရေစက်ချတရား ဟောကြားပါတယ်။ စာရေးသူရဲ့ မိသားစုများနှင့် သံဃာတော်များ သီလရှင်များ ကြွရောက်ကြပါတယ်။ တရားပွဲပြီးတဲ့အခါ နေ့ဆွမ်းကပ်ပါတယ်။ နေ့ဆွမ်းကုသိုလ်ကို စာရေးသူရဲ့ အမ မိသားစုက လှူဒါန်းကြပါတယ်။ စာရေးသူက မင်းကုန်းမဟာစာသင်တိုက် စာချဆရာတော်များနှင့် စာရေးသူ သာသနာ့ဘောင်ဝင်ခဲ့ရာ ရွှေလှံထောင်ကျောင်းတိုက်မှ သံဃာတော်များအား နဝကမ္မ အလှူငွေ တစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။ စာရေးသူရဲ့မိခင် ဒေါ်တင်တင်ဦး ကွယ်လွန်ခဲ့တာ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၄
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဦးသန်းထွန်းလာ+ဒေါ်သန္တာလင်း မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၁)
ဒီနေ့ နှောင်းတန်ခူးလပြည့်ကျော်(၁)ရက်၊ (1.4.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ လက်ဖက်ရည် ပေါင်မုန့်ကြက်ဥကြော် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ အငယ်တန်းမှ ဇာတ်၊ အလတ်တန်း သံဃာတော်များက အကြီးတန်း သံဃာတော်များက ပဋ္ဌာန်း ဖြစ်ပါတယ်။ 2.4.2018 ရက်နေ့မှာတော့ အလတ်တန်း အကြီးတန်း များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် တောင်ကြီးမြို့၊ မြို့မဈေး ဦးမြင့်ဦး+ဒေါ်တင်တင်အေး မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၀)
ဒီနေ့ နှောင်းတန်ခူးလပြည့်၊ (31.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ ထမင်းဆီဆမ်း၊ ကြက်သားကြော်၊ ပဲတီချဉ်သုပ်၊ ပုဇွန်ခြောက်ကြော်ဖြင့် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ မူလတန်း အငယ်တန်း အလတ်တန်း သံဃာတော်များက ညဝါ၊ အကြီးတန်း သံဃာတော်များက ဆန်း ဖြစ်ပါတယ်။ 1.4.2018 ရက်နေ့မှာတော့ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၂
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဦးသန်းဇော်+ဒေါ်ချယ်ရီ ပင်လောင်းမြို့နယ်၊ တီကျစ်ရွာမှ အလှူငွေ ၁,၀၀၀,၀၀၀(ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ...
ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၂ နိဂုံး)”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- အာစီယံထိပ်သီးညီလာခံများအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ ဆန္ဒပြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာနုတ်ခမ်းမွှေးတပ်ပြီး အာဏာရှင်ပုံစံမျိုး ဆန္ဒပြတာနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲဘုရား။ ဖြေ- အဲဒါကတော့ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးအမြင်ယှဉ်ကြည့်ရမှာပေါ့နော်။ အမျိုးသားရေးအမြင်နဲ့ကြည့်မယ်ဆိုရင် ဒါက အခွင့်ကောင်းယူပြီးတော့ ခြိမ်းခြောက်တာ။ ဖိအားပေးတာပဲလေ။ အဲဒီအပေါ်မှာ ကိုယ်က ဒါတွေကို ကြောက်လန့်သွားပြီး လိုက်လျောမိသွားရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာက ပဲ့ပါသွားမှာပဲလေ။ အဲဒီတော့ အမျိုးသားရေးအမြင်နဲ့ ပြောရရင် အဲဒီလို ...
စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၉)
ဒီနေ့ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ (30.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ ရှမ်းခေါက်ဆွဲ အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုမည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုရမည့် ဘာသာရပ်ကတော့ သဂြုင်္ိဟ် ဖြစ်ပါတယ်။ 31.3.2018 ရက်နေ့မှာတော့ မူလ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် ...
မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များအား သြဝါဒစကားပြောကြား
27.3.2018 ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းမှာ ကျင်းပပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူကျောင်းသားလေးများအား သြဝါဒပေးတာပါ။ ယဉ်ကျေးလိမ္မာ ကလေးငယ်များ ဘုန်းကံကြီးမားကြပါတယ်။ နေ့စဉ် အအေးနှင့်မုန့် ကျွေးမွေး လှူဒါန်းမည့်သူရှိသလို၊ ဒီနေ့လည်း ထမင်းဗူးများ လာဝေတဲ့အလှူရှင်ကို တွေ့ရပါတယ်။ အလှူရှင်သားအမိက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ မယ်တော်ကြီးဒေါ်သိန်းခင်အား အမှူးထား၍ အိမ့်နဒီခန့်မိသားစု ဖြစ်ပါတယ်။ ထမင်းနှင့် ကိတ်မုန့်အပြင် ကလေးတစ်ယောက်လျှင် ငွေ ၂၀၀ ...
ကလေးမြို့ နေသာပညာဒါန ကျောင်းသူကျောင်းသားများအား သြဝါဒပေး
တန်ခူးလဆန်း(၉)ရက် 25.3.2018 မွန်းလွဲ ၁း၀၀ နာရီ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နေသာပညာဒါနကျောင်းမှာ ဟောပြောပါတယ်။ ကိုးတန်း ဆယ်တန်းကျောင်းသူကျောင်းသားလေးများကို ဟောကြားတာပါ။ နေသာဆရာတော် အရှင်ဓမ္မိက ခရီးကြွနေ၍ မတွေ့ရသော်လည်း ရောက်တုန်းရောက်ခိုက် ခါတိုင်းလိုပဲ ကျောင်းသူကျောင်းသားများကို သြဝါဒပေးဖို့ လျှောက်ထားကြလို့ ဟောဖြစ်သွားတာပါ။ ကလေးငယ်တွေကလည်း လိမ္မာရေးခြားရှိကြပါတယ်။ အဖိုးတန်အမုန်းတရား ခေါင်းစဉ်နှင့် သံပေါက်ကလေးတွေ တိုင်ပေးပြီး ဟောကြားခဲ့တာပါ။ “အဖိုးတန်အမုန်းတရား” အဖိုးအဖွားလည်း ရိုက်ပါတယ် ဒေါသကြောင့်ပါကွယ် ကောင်းစေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။ မိဘနှစ်ပါးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ် ပြုပြင်လိုတဲ့စေတနာထား အဖိုးတန်အမုန်းတရား။ ဆရာကြီးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ် တော်စေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။ ...
ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၁)
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ပထမဆုံးအနေနဲ့ တရားပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုး၊ တရားမျိုး ဟောမယ်လို့ အရှင်ဘုရားပြောထားတော့ ပုံစံပြောင်းဟောရတဲ့ အခြေအနေက ဘယ်လိုများ ရှိပါသလဲဘုရား။ ဖြေ – ပုံစံပြောင်းဟောတော့ သက်တောင့်သက်သာရှိတာပေါ့ကွာ။ အမျိုးသားရေးတရားဟောတုန်းက အမှားအယွင်းမရှိအောင် တစ်လုံးချင်း ဂရုစိုက်ရတဲ့အတွက် တာဝန်ကြီးတာပေါ့နော့။ အခုကျတော့ ပါဠိတော်အတိုင်းဟောပြီးတော့မှ ခေတ်အဖြစ်အပျက်ကို ကိုယ်သိထားတဲ့အတိုင်း ရင်ထဲရှိတဲ့အတိုင်း ရှင်းရှင်းလင်းလင်းဖွင့်ချရတာဆိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အတော်သက်သာတာပေါ့နော်။ မေး- တရားပွဲတွေဟောရတာ အဆင်ပြေရဲ့လားဘုရား။ ဆိုလိုတာက အနှောင့်အယှက်အဟန့်အတားတွေ ရှိနေလားဘုရား။ ဖြေ ...
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကြို့ပင်ကောက်မြို့ အဖွားဒေါ်ပန်းရီ အမှူးထား၍ ဦးခိုင်လေး+ဒေါ်မြသောင်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၈)”
ဒီနေ့ နှောင်းတန်ခူးလဆန်း(၁၃)ရက်၊ (29.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုမည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုရမည့် ဘာသာရပ်ကတော့ သဒ္ဒါ ဖြစ်ပါတယ်။ 30.3.2018 ရက်နေ့မှာတော့ မူလ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် ...