မန်း မဘသ ရခိုင်ခရီးစဉ်(၁၆)
16.10.2017 ရက်နေ့ မနက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ်မှ ပြန်လာပြီး မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်သို့ ရောက်ရှိခဲ့ပါတယ်။ လေးမိုင်ရပ်ကွက် အထက(၂)မှာ ဒုက္ခသည်စခန်း ဖွင့်ထားပါတယ်။ လူဦးရေကတော့ များများစားစားမရှိတော့ပါဘူး။ အိမ်ထောင်စု ၃၇ စုပဲ ကျန်ပါတော့တယ်။ အားလုံးဟာ ဒိုင်းနက်လူမျိုးနှင့် သက်လူမျိုးတွေဖြစ်ကြပါတယ်။ အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်စီ=၇၄၀၀၀၀ကျပ်နှင့် အဝတ်အထည် ငါးရာ လှူဒါန်းခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လေးဦးအား ငါးသောင်းကျပ်စီ=၂၀၀၀၀၀ကျပ် လှူဒါန်းခဲ့သလို ကလေးများအား အအေးဗူး သကြားလုံးတွေ ဝေငှပေးခဲ့ပါတယ်။ အထက(၂)မှာပဲ ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေနေတာတွေ့ရလို့ အအေးနှင့် မုန့်များ ဝင်ရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပြည်တွင်းပြည်ပမှ လှူဒါန်းကြကုန်သော အလှူရှင်အသီးသီးရဲ့ အလှူငွေနှင့်လှူဖွယ်တွေကို မန်း ...
မြဝတီနှင့် ဆဗ္ဗဂ္ဂီတစ်သိုက် သိစေရန်
သီတဂူဆရာတော်ကြီး၏ ဒုဋ္ဌဂါမဏိတရားတော်နှင့်ပတ်သက်ပြီး တစ်ဖက်သက်ရပ်တည်ကာ ဆရာတော်ကြီးကို ပြစ်မှားစော်ကားနေတဲ့ မြဝတီတဏှာရူးကြီးနှင့် ထမီခြုံဆဗ္ဗဂ္ဂီများ သိစေရန် မဟာဝံသလာ သီဟိုဠ်ရဟန္တာတို့၏ အဆုံးအဖြတ်သည် ထေရဝါဒပိဋကတ်တော်နှင့် အညီဖြစ်ကြောင်း ကျမ်းဂန်သာဓက ကိုးကားပြပါမယ်။ ပါဏာတိပါတနှင့်ပတ်သက်တဲ့ အပ္ပသာဝဇ္ဇ(အပြစ်သေး)၊ မဟာသာဝဇ္ဇ(အပြစ်ကြီး)အဆုံးအဖြတ်ကို ဂုဏ်ကျေးဇူးနှင့် တိုင်းတာရပါတယ်။ ဂုဏ်ကျေးဇူးမရှိသော တိရစ္ဆာန်များဆိုလျှင် အပြစ်မကြီးပါ။ ဂုဏ်ကျေးဇူးရှိသော လူ ရဟန်း အရိယာ စသည်တို့ဆိုလျှင် အပြစ်ကြီးပါသည်။ ဂုဏ်ဆိုသည်မှာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကို ဆိုလိုပါသည်။ တိရစ္ဆာန်တို့မှာ ထိုသို့သောဂုဏ်များမရှိသောကြောင့် တိရစ္ဆာန်တို့ကိုသတ်လျှင် လူသတ်သလောက် အပြစ်မကြီးပါ။ လူတွေမှာ ထိုဂုဏ်များရှိသောကြောင့် လူသတ်လျှင် တိရစ္ဆာန်ကိုသတ်သည်ထက် ...
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေး အမရပူရမြို့နယ် အမှတ် ၅ ရပ်ကွက် ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း(သမီး) မခင်ဇာခြည်ဝင်း(MK ကျောက်မျက်ရတနာ)မိသားစုမှ နဝကမ္မအလှူငွေ၂၀၀၀၀၀ (နှစ်သိန်း)ကျပ်၊ မြင်းခြံမဘသ ဆရာတော် ဦးဇာဂရအား နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ လောကအလင်း ပညာဒါနကျူရှင်ကျောင်း နည်းပြဆရာတော်လေးပါးအား ၂၀၀၀၀၀(နှစ်သိန်း)ကျပ်၊ ဆရာတော်ဦးဝီရသူ၏ အနီးနေတပည့်လေးပါးအား ၂၀၀၀၀၀(နှစ်သိန်း)ကျပ် စုစုပေါင်း ၇၀၀၀၀၀(ခုနစ်သိန်း)ကျပ်နှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းပါသည်။(22.11.2017) အလှူရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း(သမီး) မခင်ဇာခြည်ဝင်း(MK ...
ကံပေါက်ရွာတရားစခန်း ပွဲမိန့်ခံရမည်ဟု ရေဖြူထွေအုပ်က သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးကို အာဏာပြ
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ရွာ( 25.11.2017) မှာ ကျင်းပမည့် တရားစခန်းပွဲကို ထွေအုပ်ထံအမိန့်ခံပြီးမှ ပြုလုပ်ရမယ်ဆိုလို့ တရားစခန်း မကျင်းပဖြစ်တော့ကြောင်း ရွှေစေတီဆရာတေိာကြီးက မိန့်ပါတယ်။ နှစ်ပေါင်း ငါးဆယ်တိုင်တိုင် နတ်တော်လဆန်း ၇ ရက်နေ့မှာ ကျင်းပလာခဲ့တာ တစ်ခါမှ ပွဲမိန့်မခံခဲ့ရကြောင်း အခုမှ ပွဲမိန့်ခံခိုင်းလာလို့ ကျင်းပလိုစိတ်မရှိတော့ခြင်းဖြစ်ကြောင်း ဆက်လက်မိန့်ကြားတော်မူပါတယ်။ ပွဲမိန့်ခံပြီးမှကျင်းပဖို့ကို ကံပေါက်ထွေအုပ်က ကိုယ်တိုင်လာရောက်လျှောက်ထားခြင်း မဟုတ်ဘဲ ကံပေါက်ရွာသားတစ်ဦးကို မှာကြားလိုက်ခြင်းဖြစ်ကြောင်း ကံပေါက်ထွေအုပ်ကိုလည်း ရေဖြူထွေအုပ်က အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ကံပေါက်ဆရာတော်ကြီး၏ အနီးနေကပ္ပိယကပြောကြားပါတယ်။ ကံပေါက်ရွာတွင် ၁၂.၁၁.၂၀၁၇ ရက်နေ့က ရွှေစေတီဆာတော်ကြီး၏ သက်တော် ၉၀ ပြည့် ...
မြတ်ရှင်မော် ဘုရားဖူးကုသိုလ်
12.11.2017 ရက်နေ့ ညနေပိုင်းမှာ ထားဝယ်မြို့ မြို့မယဉ်ငေးရိပ်သာမှ မြတ်ရှင်မော်ဘုရားသို့ ထွက်ခွါခဲ့ပါတယ်။ မြတ်ရှင်မော်ဘုရားမရောက်ခင် ထားဝယ်မဘသ ညီတော်မောင် အရှင်သာဂရကျောင်းမှာ ခဏနားပါတယ်။ ရောက်တုန်းရောက်ခိုက် စကားတစ်ခွန်း နှစ်ခွန်းလောက် ပြောပါဆိုလို့ ရွာသူ ရွာသားအချို့ကို သိလိုတာမေးကြဖို့ သံသယရှိတာမေးကြဖို့ ဖိတ်ခေါ်လိုက်ပေမယ့် မမေးဝံ့ကြပါဘူး။ ဒါနဲ့ စာရေးသူလည်း မလိုသူတွေရဲ့ မဟုတ်မဟတ် လုပ်ကြံဇာတ်ခင်းတာတွေကို အနည်းအကျဉ်းပြောပြလိုက်ပါတယ်။ ကျုပ်ကို အောင်သောင်းက တစ်ပြားမှ မလှူခဲ့ဘူး၊ ခင်ညွန့်လည်း တစ်ပြားမှမလှူခဲ့ဘူး၊ ဘယ်ခရိုနီမှလည်း တစ်ပြားမှ မလှူခဲ့ဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ ကျုပ်က သူဌေးဖြစ်နေတယ်။ နာမည်ကြီးတော့ ...
မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့ ကိုသန်းဇော်မြင့်+မဝင်းမာ (သမီး)မမေမြတ်နိုး မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (21.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြစန္ဒီကွင်း၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ် သော ...
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်းတို့…. ယနေ့အချိန်အခါသည် သုနက္ခတ္တံ သုမင်္ဂလံဆိုသည့်အတိုင်း ကောင်းသောနက္ခတ် ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသော မင်္ဂလာနေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ကရင်တိုင်းရင်းသူတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုဝတ်စုံများဖြင့် အင်တိုက်အားတိုက် တက်ရောက်အားပေးနေကြမည်ကို တွေးကြည့်ရုံမျှပင် ကျက်သရေမင်္ဂလာ ရှိလှပေသည်။ ကရင်ပြည်နယ်သည် အစဉ်အလာကောင်းများဖြစ်ထွန်းပေါ်ပေါက်ရာ ထူးခြားသည့်ပြည်နယ်ကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ သာမညဆရာတော်ဘုရားကြီး၊ ဇွဲကပင်ဆရာတော်ဘုရားကြီး၊ မြိုင်ကြီးငူ ဆရာတော်ကြီးတို့သည် ကရင်ပြည်နယ်၏ အဖိုးအနဂ္ဃထိုက်တန်သည့် နှလုံးသည်းအူများဖြစ်ကြပါသည်။ ထို့အတူပင် အမျိုးဘာသာ သာသနာအတွက် ခိုင်ခံ့သော ခံတပ်ကြီးများသဖွယ် အကာအကွယ် ပေးတော်မူသော ...
ထားဝယ်မြို့ ဝင်းသိင်္ဂီမိသားစု အလှူတော
13.11.2017 ရက်နေ့ မနက် 11:00 နာရီ ထားဝယ်မြို့ သစ်စေးပင်ကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ဝင်းသိင်္ဂီစတိုးမိသားစုရဲ့ အလှူတော်ပါ။ ထားဝယ်မဘသ နောင်တော်ညီတော်များနှင့် ဆွမ်းအတူစားပြီး အလှူရှင်မိသားစုနှင့် မှတ်တမ်းတင်ကြပါတယ်။ ဝေယျာဝစ္စအဖွဲ့ ကလေးငယ်များအား သြဝါဒပေးကြပါတယ်။ သာသနာရယ် ပညာရယ် ယဉ်ကျေးမှုရယ် ဘဝတစ်ခုအတွက် အရေးအကြီးဆုံး အချက်သုံးခုပါ။ သာသနာကို ဦးထိပ်ထားလို့ ပညာရေးကို ဦးစားပေးဖို့ ယဉ်ကျေးမှုကို မြတ်နိုးဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။ သစ်စေးပင်ကျောင်းဆရာတော်လေးနှင့်လည်း ခင်မင်ရင်းနှီးခဲ့ပါတယ်။
လောကအလင်း အောင်စာရင်း
အောက်တိုဘာလမှာကျင်းပခဲ့တဲ့ လောကအလင်း ပထမအကြိမ်နှစ်ဝက်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရသူများ စာရင်းဖြစ်ပါတယ်။ အောင်သူတွေကြည့်လိုက်ရင် နှစ်ကျက များပါတယ်။ ကိုးတန်းအောင် ဆယ်တန်းတက် အသစ်နှစ်ယောက်ပဲ ပါပါတယ်။ ဂုဏ်ထူးရသူတွေကို ကြည့်လိုက်ရင်လည်း တစ်ဘာသာဂုဏ်ထူးရှင်တွေပဲ ဖြစ်နေပါတယ်။ ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက ကိုးတန်းအောင်သမားတွေကို စတင်သင်ကြားပေးခဲ့ပေမယ့် အခြေခံအားနည်းတာကြောင့် Fresher သမားတွေ အအောင်နည်းတာပါ။ လောကအလင်းကတော့ Repeater သမားတွေကို အောင်မြင်အောင် မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးတစ်ခုလို ဖြစ်နေတာပါ။ ဆင်းရဲသူဆင်းရဲသား ကလေးတွေဖြစ်လို့ မိဘရော သားသမီးတွေပါ ရည်မှန်းချက် ယုံကြည်ချက် ခံယူချက် မနည်းပြုပြင်နေရတာကြောင့် သူများတကာတွေလို အများကြီးမြှင့်တွက်ထားလို့တော့ မရပါဘူး။ ဒါပေမဲ့ အရိုင်းပန်းလေးတွေ တော်ဝင်အောင်တော့ ...
လူသားဝါဒီဒိုင်းမွန်းရွှေကြည်မှ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ရဟန်းရှင်လူ၊ မိဘပြည်သူသို့ ပန်ကြားအပ်ပါသည်
(မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်ကလည်း တပ်မတော်ကိုထောက်ခံတဲ့သူပါပဲ။ တပ်မတော်ထောက်ခံပွဲတွေကို တပ်မတော်ထောက်ခံတဲ့ မူဆလင်တွေလည်း ကျင်းပသင့်တယ်လို့ ခံယူထားသူပါ။ ဒီကနေ့ သူပေးပို့လာတာက မူဆလင်အမျိုးအစားနှင့် ငြိမ်းချမ်းရေးတည်ဆောက်လို့ရနိုင်သည့် မူဆလင်မျိုးကို ခွဲခြားနားလည်ဖို့ ပေးပို့လိုက်တာဖြစ်ပါတယ်။ မူဆလင်တွေမှာ ရှေ့သွားရှိပြီးသားပါ။ အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ဆရာကြီးဦးရာဇတ်၊ အခုခေတ်မှာဆိုရင် ဒိုင်းမွန်းရွှေကြည်။ သူတို့တတွေဟာ အမိမြန်မာပြည်ကိုချစ်မြတ်နိုးကြောင်း ပြသနေသူတွေဖြစ်ပါတယ်။ မြန်မာပြည်ရှိမူဆလင်တိုင်း ဒိုင်းမွန်းရွှေကြည်လို ပုဂ္ဂိုလ်မျိုးတွေချည်း ဖြစ်မယ်ဆိုရင်တော့ ဝီရသူနှင့် ပုခုံးဖက်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဝီရသူကလည်း မိတ်ဆွေရင်း ညီအစ်ကိုရင်းလို သတ်မှတ်ပြီး ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်သွားမှာပါ။) ဝီရသူ(မစိုးရိမ်) 20.11.2017 PM ...
လမ်းဘေးက ဓမ္မစကူးလ်သင်တန်းလေး
စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ(၄)၊ သာသနဟိတဗိမာန်ဘေးက ဓမ္မစကူးလ်သင်တန်းလေးသတင်း လိုင်းပေါ်တက်လာတာ စိတ်မကောင်းစရာပါ။ မူဆလင်မှ ဗုဒ္ဓဘာသာခံယူထားသူ အနီရောင်ဓမ္မာရုံဂေါပကကြီးနှင့် အမျိုးသားရေး ပရဟိတသမားတွေ ကြားက ဓမ္မစကူးလ်သင်တန်းသူ သင်တန်းသား ကလေးငယ်လေးတွေ လမ်းဘေးမှာ ဘုရားစာသင်ရတဲ့ ဘဝမျိုး ရောက်ရှိခဲ့ရတာပါ။ ဓမ္မာရုံဆောက်လုပ်ဖို့ မြေနေရာကို သံဃာတော်များနှင့် ပြည်သူများ အတိုက်အခံအတော်လုပ်ခဲ့ရပါတယ်။ ဓမ္မာရုံဆောက်လုပ်ပြန်တော့လည်း ပရဟိတလူငယ်အဖွဲ့နှင့် ဓမ္မာရုံဂေါပကတို့ ဦးစီးခဲ့တာပါပဲ။ အခုပြဿနာက ပရဟိတလူငယ်အဖွဲ့နှင့် ဂေါပကအဖွဲ့တို့ အားပြိုင်ရာမှ စတာပါ။ ဂေါပကအဖွဲ့က ပရဟိတလူငယ်တွေရဲ့ ထိုင်ခုံအပါအဝင် ပစ္စည်းပစ္စယတွေ ဓမ္မာရုံထဲမှာ အထားမခံနိုင်ဘူး။ ပရဟိတလူငယ်တွေကလည်း ရပ်ကွက်ပိုင်ဓမ္မာရုံမှတစ်ပါး ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၆)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဖြူးမြို့၊ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တစိန္တိတာဘိဝံသလှူဒါန်းသော အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ်နှင့် နဝကမ္မ ၁၀၀၀၀၀(တစ်သိန်း)ကျပ်ကို ဖြူးမြို့ ဝီရသွေးအဖွဲ့မှ လှူဒါန်းစဉ်။(18.11.2017) ဖြူးမြို့၊ ကျော်မင်းနိုင်၊ ရန်မျိုးနိုင်၊ ကျော်မျိုးလွင်၊ ထွန်းမိုး၊ ဖြူးသားဦးဇင်း၊ တင်မောင်ဆွေ၊ စစ်နိုင်ဦး၊ ဝေဖုန်းတို့မှ အလှူငွေ ၄၀၀၀၀(လေးသောင်း)ကျပ် လှူဒါန်းစဉ်။ (18.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ...
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (28.11.2017) မနက်(9:00)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော်၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ တို့ တက်ရောက်ကာ ဂျပန်ကျောင်းဆရာတော် ဦးသုဇာတက သြဝါဒချီးမြှင့်ပြီးနောက် ဥက္ကဋ္ဌခေါ်ကြည်ကြည်မှာက အသိပညာပေးဟောပြောပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင်(၁၆၀)ဦး တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၂၆၄)ဦးရှိပြီး တစ်သိန်းခွဲတန်း(၁၆၀)ဦး၊ တစ်သိန်းတန်း(၄၅)ဦး၊ ငါးသောင်းတန်း(၅၉)ဦးဖြစ်ပါတယ်။ ...
အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံဟစ်တိုင်ကွင်းမှာ ကျင်းပအပ်သော မြန်မာ့ တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ။ ====================================================== မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြ ကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် တစ်ကမ္ဘာလုံးကြိမ်မီးအုံးသကဲ့သို့ ကမ္ဘာသူကမ္ဘာသားများ အစ္စလာမ် မိုက်ဇေးရှင်းအန္တရာယ်ကို ခါးစီးခံနေရသော ဂျီဟဒ်ကပ်ဘေးကြီး ဆိုက်ရောက်နေသည့် ခေတ်ဆိုးကာလကြီး ဖြစ်ပါသည်။ ကမ္ဘာကြီးထဲက နိုင်ငံငယ်လေးတစ်ခုဖြစ်သော အမိမြန်မာပြည်ကြီးသည်လည်း နိုင်ငံတကာနည်းတူ အစ္စလာမ်မိုက်ဇေးရှင်းဒဏ် အလူးအလဲခံနေရပေပြီ။ မြန်မာပြည်သမိုင်းတစ်လျှောက် ကြုံခဲ့ရဖူးသော ...
မြန်မာ့တပ်မတော်နှင့် နိုင်င့ဝန်ထမ်းကောင်းများထောက်ခံပွဲ
မြန်မာ့တပ်မတော်နှင့် နိုင်င့ဝန်ထမ်းကောင်းများထောက်ခံပွဲ
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲ မန္တလေးမြို့ (၂)
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲ မန္တလေးမြို့ (၂)
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲ မန္တလေးမြို့
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲ မန္တလေးမြို့
ဘုရားပန်းတင်လို့ အသတ်ခံရသူ မြန်မာမိန်းကလေး (သို့) အမျိုးစောင့်ဥပဒေပြယုဂ်
ဗဒုံမြို့ခေါ် အလုံမြို့သည် မုံရွာမြို့နယ်၌ တည်ရှိပြီး ချင်းတွင်းမြစ်၏ ကုန်စည်စီးဆင်းရာဒေသဖြစ်၍ ကုန်ရောင်း ကုန်ဝယ်တို့ဖြင့် စည်ကားပါသည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားသည် အိမ်နိမ့်စံ ဘဝတွင် ယခုအလုံမြို့၌ ဗဒုံဟူသောအမည်ဖြင့် မြို့တည်၍ စိုးစံခဲ့သောကြောင့် သမိုင်းအရလည်း ထင်ရှားပါတယ်။ ချင်းတွင်းမြစ်ကမ်းနဖူး၌ တည်ထားသောကြောင့်လည်း သာယာလှပပါသည်။ မြို့သူမြို့သားတို့သည် ချင်းတွင်းရေကြည်သောက်များ ဖြစ်သည့်အလျောက် အသားအရေ စိုပြေလှကြပါတယ်။ ချင်းတွင်းမြစ်သည် အလုံမြို့သူ မြို့သားတို့၏ နှလုံးသားဖြစ်ခဲ့လေတော့သည်။ မစုစုလတ်သည် ဦးလှမြတ်၊ ဒေါ်စန်းရီဟူသော မိဘနှစ်ပါး မောင်ညီမများနှင့် အတူ အလုံမြို့ရှိ ရွှေတံခါးရပ်၌ နေထိုင်ကြသည်။ ...
မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ
နေ့ရက် = ၂၀-၁၁-၂၀၁၇(တနင်္လာနေ့) အချိန် = နေ့လည်(၁း၀၀)အချိန်မှ(၃း၀၀)နာရီအချိန်ထိ နေရာ = စီးတီးစတားဟိုတယ် မြို့တော်ခန်းမအနီး ကျောက်တံတားမြို့နယ် စိတ်ဝင်စားသူ အားလုံးကို ဖိတ်ပါတယ်ခင်ဗျာ။ မကွေးကျောင်းဆရာတော်အမှု့ ကူညီဆောင်ရွက်သူများအဖွဲ့
သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး မွေးနေ့ပွဲ
12.11.2017 ရက်နေ့ မနက် ၆း၀၀ နာရီမှာ ကျင်းပပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရွှေစေတီရိပ်သာမှာ ကျင်းပတာပါ။ ဆရာတော်ကြီးရဲ့ စာသင်ဖက်များ၊ ဓမ္မမိတ်ဆွေများ၊ ဆရာတူတပည့်များဖြစ်သည့် သက်တော်ရှည် ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်အပြီးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးအား အနေကဇာတင်ပါဠိတော်များရွတ်ဆိုပြီး ပူဇော်ကြပါတယ်။ ဆရာတော်ကြီးက သက်တော်(၉၀)ဆိုပေမဲ့ အနေကဇာကို ထိုင်လျက် အစအဆုံး တင်နိုင်သလို၊ အနေကဇာတင်အပြီးမှာလည်း အမွှန်းဂါထာများ ထိုင်လျက်ပင် ရွတ်ဆိုနိုင်ပါတယ်။ ကျန်းမာရေး အင်မတန်ကောင်းတာကို တွေ့ရပါတယ်။ အဲဒီနောက် ကျောင်းဝန်းထဲမှာ ဆွမ်းခြောက်လောင်းလှူပါတယ်။ လောင်းလှူကြတဲ့ ကုသိုလ်ရှင် ရွာသူရွာသားများက ...