သဟာယကျောင်း အရုဏ်ဆွမ်းအလှူ
တန်ဆောင်မုန်းလပြည့်ကျော်(၁၃)ရက် 16.11.2017 မနက် ၆း၀၀ နာရီ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း စာသင်သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ခေါပုပ်နှင့်ငါးခြောက် ကပ်လှူပါတယ်။ စာသင်သံဃာတော်များအား ခေါပုပ်နှင့်ငါးခြောက် ကပ်လှူသော အလှူရှင်ကတော့ ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဖြစ်ပါတယ်။ ဦးမြင့်+ဒေါ်တင်လှ မိသားစုတို့ဟာ စာရေးသူအား နေ့စဉ် အရုဏ်ဆွမ်းအဖြစ် နွားနို့ဆန်ပြုတ် ကပ်လှူသောမိသားစုဖြစ်ပြီး မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ နေ့ဆွမ်းကိုလည်း တစ်လတစ်ကြိမ် ဆက်ကပ်လှူဒါန်းပါတယ်။ ဒကာကြီးဦးမြင့်ကတော့ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းကျူရှင်ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရင်း မြန်မာစာ စာစီစာကုံး သင်ပြပေးနေပါတယ်။ ဦးမြင့်+ဒေါ်တင်လှ မိသားစုနှင့်အတူ အလှူရှင်အသီးသီး ကျန်းမာချမ်းသာဘေးရန်ကွာ၍ ...
ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၂-နိဂုံး)
(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း) ======================================================== မေး- နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ Facebook မှာ ဟိုတုန်းက တရားပွဲလေးတွေ ပြန်တင်နေတာ တွေ့ပါတယ်ဘုရား။ အရှင်ဘုရားဟောခဲ့တဲ့ “လောကငြိမ်းချမ်း နိဗ္ဗာန် လမ်း၊ နမော တဿ တန်ဖိုး၊ ဆွေမျိုးဆိုတာ များလေကောင်းလေ၊ ထေရဝါဒခံတပ်ကြီး၊ မြေခွေးလူသား ရှောင်ကြဉ်ထား” စသည်ဖြင့် တရားတွေဟောခဲ့တယ်။ အဲဒီအထဲမှာ ဘယ်တရားကို အကြိုက်ဆုံး၊ ဒါမှမဟုတ် အားအရဆုံးဖြစ်မလဲဘုရား။ ဖြေ – ၂ဝ၁၂ ဒီမှာဘက်ပိုင်းတော့ -အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့-ဆိုတာကို အားရတာပေါ့နော်။ နောက် စစ်မနိုင်မြို့တော်ဆိုတာကို ...
အိုးကမပူ စလောင်းကပူ တကယ်ပူတာလည်း ဟုတ်ဘဲနဲ့
ဘကကျောင်းတွေက အမေ့အိမ်ဆိုတာတွေထက် အများကြီး သာလွန်တယ်။ စေတနာပိုင်းမှာရော သင်ကြားစီမံရေးအပိုင်းမှာပါ အစစအရာရာ သာလွန်တာ။ ဘကကျောင်းတွေကို ရမယ်ရှာနေတာကြာပြီ။ ကျောင်းသားတွေ လှုပ်ရှားတုန်းက တစ်ခါ။ ဧရာဝတီတိုင်း ဆယ်တန်းအောင်ချက်နည်းတုန်းက တစ်ခါ။ ပြည်သူ့နီတိဆိုပြီး ကုလားကျမ်းစာ မူစတာဖာတုန်းက တစ်ခါ။ အခု တစ်ခါ။ အင်း ဒီလွှတ်တော်နဲ့ ဒီအစိုးရကတော့ အတိုင်အဖောက်ညီညီနဲ့ စိတ်တိုင်းကျ ဖျက်ဆီးနေကြပြီ။ ပညာရေးမို့လို့ ကူညီထောက်ပံ့မလားမှတ်တယ်။ ခေါင်းစဉ်လှလှလေးပြပြီး အာဏာသိမ်းတော့မည့် သဘောပဲ။ ဘုန်းကြီးတွေထမ်းထားရတာ ခင်္ဗျားတို့အပူမဟုတ်ပါဘူးဗျာ။ ဘုန်းကြီးတွေအပေါ်စေတနာထားမည့်သူတွေ မဟုတ်မှန်းလည်း အားလုံးက သိနေကြပါတယ်ဗျာ။ ရည်ရွယ်ချက်ရှိရှိနဲ့ ...
မင်းပြားမြို့နယ်တွင် ၀ါးဖောင်ဖြင့်ရပ်နားနေသူ နှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ပြီး ပစ္စည်းများလုယက်မှုဖြစ်ပွား
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ၀ါးဖောင်ဖြင့် ရပ်နားနေသူနှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ကာ ပစ္စည်းများလုယူမှု နိုဝင်ဘာ ၁၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မင်းပြားမြို့နယ် ပန်းဇင်းမော်ကျေးရွာအနီးရှိ မင်းမချောင်းတွင် ၀ါးဖောင်ဖြင့် ညအိပ်ရပ်နားနေသည့် ၀ါးဖောင်သမားနှစ်ဦးဖြစ်သော ပြောင်းပြာကျေးရွာမှ ဦးစိန်နှင်းကြိုင်နှင့် ဦးစောဝင်းတို့နှစ်ဦးအား ည ၁၂ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ ဘင်္ဂါလီသုံးဦးခန့်က ၀ါးဖောင်ပေါ်သို့တက်လာပြီး ဓားဖြင့်ခုတ်ကာ ဖမ်းဆီးချုပ်နှောင်ပြီးပစ္စည်းများ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မျက်နှာဖုံးစွပ်ထားသူများအ နက်ချောင်းကမ်းပါးထက်တွင် စောင့်ဆိုင်းနေသူများလည်းရှိကာ ဗမာစကားပြောဆိုသော်လည်း ဗမာစကားကို ကောင်းစွာပြောဆိုနိုင်သူမဟုတ်၍ ဘင်္ဂါလီများပြောဆိုသည့် ...
ရွှေစေတီဆရာတော်ကြီး မွေးနေ့အကြိုအခမ်းအနား
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ရွာ ရွှေစေတီဆရာတော်ဘုရားကြီး သက်တော်(၉၀)ပြည့် မွေးနေ့ပွဲအကြို အခမ်းအနားကို ရွှေစေတီကျောင်းဝန်းအတွင်း ရပ်တော်မူ ရုပ်ပွားတော်ကြီးရှေ့တော်မှောက်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ရေဖြူထွေအုပ် ပြန်သွားပြီး မကြာခင်မှာပဲ အသံချဲ့စက်မသုံးဖို့ လာတားမြစ်ပါတယ်။ ရွာထဲအသံမရောက်အောင် အသံချဲ့စက်တွေမသုံးဘဲ စောင်းဘောက်နှစ်လုံးသားသုံးဖို့ လာပြောတာပါ။ အသံချဲ့စက်ဆရာက စာရေးသူတို့ကိုလာလျှောက်ပြီး ကြောက်လန့်နေပါတယ်။ စာရေးသူတို့ပြန်သွားရင် သူ့ကိုဖမ်းနိုင်ကြောင်းလည်း လျှောက်ထားပါတယ်။ ဒါကြောင့် ငှားထားတဲ့ စက်တွေအကုန်ဖြုတ်ပြီး ပြန်ပေးလိုက်ပါတယ်။ ကျောင်းပိုင်စက်နှင့်ပဲ အခမ်းအနားစပါတယ်။ ဆရာတော်ကြီးက သီလပေး တရားဟောပါတယ်။ စာရေးသူက စစ်မနိုင်မြို့ တရားဟောပါတယ်။ ရွာသူရွာသားတွေကတော့ အကြောက်တရားတွေ လွှမ်းမိုးနေလို့ သိပ်မလာကြပါဘူး။ ငှက်နာတွေ ငှက်ဆိုးတွေကြောင့် မလာရဲတာလည်း ...
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ အမေရိကန်နိုင်ငံနေ ဦးခိုင်လင်းမှ အလှူငွေ ၇၅၀၀၀(ခုနစ်သောင်းငါးထောင်)ကျပ် လှူဒါန်းပါသည်။ (15.11.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ
မြန်မာနိုင်ငံတော်ကြီး အန္တရာယ်ကင်း၍ ငြိမ်းချမ်းသာယာစေရန် မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအဖွဲ့ကြီးမှ မတည်လှူဒါန်းမှုဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့(ဗဟို)တို့မှ ပူးပေါင်းကျင်းပအပ်သော ပထမအကြိမ် မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကြီးကို တစ်ဖက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးနိုင်ပါရန် လေးစားစွာလျှောက်ထား/ဖိတ်ကြားအပ်ပါသည်။ မဟာမင်္ဂလာအခမ်းအနားကြီး ဖြစ်မြောက်ရေးကော်မတီ မင်္ဂလာအခမ်းအနားအစီအစဉ် နေ့ရက်(အစ-အဆုံး)-၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ (27.11.2017မှ 3.12.2017 အထိ) အခမ်းအနားအဖွင့်-နံနက်(၉း၀၀)နာရီ ၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၉)ရက်နေ့။ 27.11.2017(တနင်္လာနေ့)။ အောင်ပွဲ-နေ့လယ်(၂း၀၀)နာရီ၊ ၁၃၇၉ ...
ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၁)
(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း) မေး – ရန်ကုန်က မြို့နယ် ၁၁ ခုမှာ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်မပေးတာနဲ့ပတ်သက်ပြီးဘယ်လို မြင်လဲပါသလဲဘုရား။ ဖြေ – တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်သလိုမျိုး ဆက်လုပ်သွားဖို့ ခြေလှမ်းတွေ လှမ်းလာတဲ့သဘောပါပဲ။ ဒါတွေကို ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ခြယ်လာမှာပေါ့ကွာ။ မေး -ချုပ်ခြယ်မှုဆိုလို့ တစ်နေ့က သတင်းတစ်ပုဒ်အကြောင်း ပြည့်ပြည့်စုံစုံလေးပြန်ပြောချင်ပါတယ်ဘုရား။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ“လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ...
မန်း မဘသ ရခိုင်ခရီးစဉ်(၁၅)”
16.10.2017 ရက်နေ့ မနက်ပိုင်းမှာတော့ ကျီးကန်းပြင် ဇေယျသုခတပ်ဦးကျောင်း၊ စစ်ဗျူဟာ၊ နယ်ခြားစောင့်ဌာနချုပ်တို့ဆီ ရောက်ပါတယ်။ ဇေယျသုခတပ်ဦးကျောင်းမှာ ဗျူဟာမှူးတို့ တပ်စွဲထားတာပါ။ တပ်ဦးကျောင်းဆရာတော်ကို နဝကမ္မ တစ်သိန်းကျပ်၊ လ္ဘက်ခြောက်တစ်ထုပ်၊ ထိုးမုန့်နှစ်ဗူး လှူဒါန်းခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးအတွက် သုံးသိန်းကျပ်ကို ဗျူဟာမှူးထံအပ်နှံပြီး ထိုးမုန့်ဆယ်ဗူး လက်ဆောင်ပေးခဲ့ပါတယ်။ ကျီးကန်းပြင် ဌာနချုပ်သို့ ရောက်ရှိပါတယ်။ ကွပ်ကဲရေးမှူးအသစ်နှင့် တွေ့ပါတယ်။ ကွပ်ကဲရေးမှူးကြီးက ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလတုန်းက ပုဂံညောင်ဦး ဗုဒ္ဓဝေယျာဝစ္စလုပ်အားပေး ကုသိုလ်ပြုပွဲမှာ တွေ့ခဲ့ရတဲ့ ဒကာကြီးဦးမြင့်တိုးပါ။ ကျဆုံးသွားတဲ့ ရဲဘော်၁၁ဦး၊ လဝက ၁ဦး၊ ပြင်းထန်ဒဏ်ရာရသူ ၄ဦးတို့အား တစ်သိန်းကျပ်စီ ...
13.11.2017 ရက်နေ့ မိတ္ထီလာမြို့၊ ဝေယံဘုံသာကျောင်းတိုက်၌ ကျင်းပအပ်သော မိတ္ထီလာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ...
မိတ္ထီလာမြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်ပါသည်။ အမျိုးသားနေ့မှာ အမျိုးသားရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခြင်းသည် ထီလာသူ ထီလာသားတို့အတွက် အဖိုးအနဂ္ဃ ထိုက်တန်သော သမိုင်းမှတ်တိုင်ကြီးတစ်ခုပင် ဖြစ်ပါသည်။ ယနေ့ဆိုလျှင် မိတ္ထီလာမဘသအဖွဲ့ကြီး ဖွဲ့စည်းခဲ့သည်မှာ ငါးနှစ်မြောက်ပင်ရှိခဲ့ပါပြီ။ ဤအတောအတွင်း မိတ္ထီလာ မဘသ၏ ဆောင်ရွက်ချက်ကား အံ့မခန်းနိုင်ခဲ့ပါ။ တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇသည် မိတ္ထီလာမြို့၏ ခံတပ်မှူးကြီးဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော မိတ္ထီလာမြို့၏ အသည်းနှလုံးပင် ...
မွေးနေ့ရှင်ဆရာတော်ကြီး ကံမကောင်းရှာ
11.11.2017 ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး (၉၀)နှစ်ပြည့် မွေးနေ့ပွဲအတွက် စာရေးသူကို တကူးတက ဖိတ်ပါတယ်။ စာရေးသူလည်း ကုန်းတစ်တန် လေတစ်တန် ခရီးကို အရောက်သွားခဲ့ပါတယ်။ ထားဝယ်မြို့ ညီတော်မောင် မဘသ ဆရာတော်လေးများက ကံပေါက်ရွာထိ လိုက်ပို့ကြပါတယ်။ စာရေးသူရောက်လာလို့ ဆရာတော်ကြီးလည်း ဝမ်းသာတော်မူပါတယ်။ ရွာသူရွာသားတွေလည်း ဝမ်းသာအားရ လာရောက်ဖူးမြော်ကြပါတယ်။ စာရေးသူထိုင်လို့မှ မကြာသေးဘူး လူတစ်ဦးရောက်ရှိလာပါတယ်။ တိုက်ပုံအင်္ကျီနှင့် ရင်ထိုးနှင့်ဆိုတော့ ဌာနဆိုင်ရာကပဲလို့ အောက်မေ့ပြီး စောင့်ကြည့်နေပါတယ်။ သူလာတော့ ထိုင်နေတဲ့ပရိသတ်က ဘေးကိုရွှေ့ပြီး လမ်းပေးကြပါတယ်။ စကားပြောသံတွေလည်း မကြားရတော့ပါဘူး။ ဒါကိုထောက်ရင် အာဏာပိုင်တစ်ဦးတစ်ယောက်ဆိုတာကိုတော့ ...
ကျောက်မျက်ရတနာ ရုပ်ပွားတော်ပန်းချီကား အလှူတော်
ဒီကနေ့ 15.11.2017 ရက်နေ့ မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄-၆၅ကြား၊ တ-၆/၉၁နေ ဦးမင်းမင်း+ဒေါ်မြသန္တာ (အိမ်ခြံမြေရောင်းဝယ်ရေး) မိသားစုက မိုးကုတ်ကျောက်မျက်ရတနာများဖြင့် စီချယ်ထားသော ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများ လာရောက်လှူဒါန်းပါတယ်။ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်လည်း လှူဒါန်းသွားပါတယ်။ ဦးမင်းမင်းမိသားစုဟာ 4.6.2017 ရက်နေ့တုန်းကလည်း အိမ်ပင့် ဆွမ်းကပ်ဖူးပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် အလုပ်မဖြစ်တော့လို့ စီးပွားကြပ်တဲ့ပြည်သူတွေထဲမှာလည်း ဦးမင်းမင်းမိသားစု ပါပါတယ်။ ဒါကြောင့် ရည်မှန်းထားသလောက် မလှူနိုင်သေးကြောင်း လျှောက်ထားလာပါတယ်။ ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများကို ရေးဆွဲတာတောင် အချိန်တစ်လကျော် ကြာတယ်လို့ သိရပါတယ်။ တန်ဖိုးကိုတော့ မှန်းဆကြည့်လို့ရပါတယ်။ အားလုံး ရတနာအစစ်တွေပါ။ ဆွမ်းကပ်ပွဲတုန်းက သတင်းလေးပါ ပူးတွဲတင်ပြပေးလိုက်ပါတယ်။ ...
မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၅)”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြိုင်မြို့နယ်၊ ခတက်ပင်ဂူကျောင်း ဒေါ်ရေဝတီ၊ ဒေါ်ပညာစာရီမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မြိုင်မြို့နယ်၊ ဗအင်းရွာ (ဦးအေးမြ+ဒေါ်လေးငယ်)သားသမီးမြေးတစ်ခုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မြိုင်မြို့နယ်၊ ဗအင်းရွာ ဦးကိုကိုမြင့်+ဒေါ်ရွှေနိုင်(သမီး)မပန်းရောင်ကို၊ မခရမ်းရောင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် စုစုပေါင်း ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။(11.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ...
မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)
ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၃၂၀၀၀၀ (သုံးသိန်းနှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (15.11.2017) အခုအကြိမ်သည် (၁၅)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က (၁၇၀၀၀၀ိ။) ကျပ်၊ ...
ဘုန်းကြီးတွေ ထောင်ကျတဲ့ခေတ်က မကုန်နိုင်တော့ဘူးလားဗျာ
ဘုန်းကြီးတွေ ထောင်ကျတဲ့ခေတ်က မကုန်နိုင်တော့ဘူးလားဗျာ https://m.facebook.com/story.php…
မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ဖမ်းဆီးချုပ်နှောင်ခံရခြင်းအပေါ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို)မှ ကြေညာချက် တစ်စောင်ထုတ်ပြန်
သဘောထား ထုတ်ပြန်ကြေညာချက် —————————————————– မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ၁၂-၁၁-၂ဝ၁၇၊ တနင်္ဂနွေနေ့၌ ပုဒ်မ(၁၉)၊ ပုဒ်မ ၅ဝ၅(ခ)တို့ ဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ်လဲ ခိုင်းပြီး လက်ထိတ် ခတ်၍ ယင်းနေ့ ည ၆ နာရီအချိန်ခန့် မှာပင် ကမာရွတ်တရားရုံးတွင် ရက်ချိန်း ရီမန်ယူ၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးတွင် ချုပ်နှောင်ထားခဲ့ပါသည်။ ၁၄-၁၁-၂ဝ၁၇ အင်္ဂါ နေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေး၍ မြို့နယ် တရားသူကြီးမှ ပုဒ်မ ၁၉ အတွက် ၁ဝ ...
ဦးဝီရသူကို တရားဟောခွင့် ပြန်ပေးဖို့ လျှောက်ထား
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကျင်းပနေတဲ့ အစည်းအဝေးမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပေးဖို့ ဆရာတော် ၂ ပါးက လျှေက်ထားတဲ့ အပေါ် အစည်း အဝေး ဆုံးဖြတ်ချက် အရ အရင် ညွန်ကြားချက် အတိုင်း တရားဟောခွင့် ဆက်ပိတ် ထားဖို့ ညွန်ကြား လိုက်ပါတယ်။ အခုလို ဆက်လက် ပိတ်ပင်ထားတဲ့ အပေါ် ဆရာတော် အနေနဲ့ ဘာမှ မဖြစ်ကြောင်း၊ ဒါပေမယ့် ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် ...
ဂျပန်မဂ္ဂဇင်း အယ်ဒီတာအမေးကို ဖြေကြားချက်များ(၂)”
10.11.2017 ရက်နေ့ မနက် ၈း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပါတယ်။ The Shukyo-Mondai Quarterly Religion Magazine အယ်ဒီတာချုပ် Kandai Oga wa လာရောက်မေးလျှောက်တာပါ။ တစ်နာရီကြာ မေးဖြေကြပါတယ်။ ဘာသာပြန်သူကတော့ ရခိုင်အမျိုးသား ထွန်းအောင်ကျော်ပါ။ အားမာန်အပြည့်အဝနှင့် ဘာသာပြန်ပေးတာ တွေ့ရပါတယ်။ ဂျပန်မဂ္ဂဇင်းအယ်ဒီတာနှင့် အမေးအဖြေများကို အပိုင်း(၂)အဖြစ် ဆက်လက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ======================================================== မေး- သူ မနေ့ကပေါ့နော် သမိုင်းဆရာတွေ နိုင်ငံရေးသမားတွေနဲ့ ရွာမကျောင်းက မဘသဆရာတော်တွေကို သွားမေးတယ်ပေါ့ဘုရား သူတို့နဲ့ဆုံတယ်ပေါ့ဘုရား အနောက်တိုင်းသတင်းစာတွေမှာရေးနေတဲ့ ဖိက်နယူးတွေကများနေတယ်ဆိုတာ သူ သဘောပေါက်တယ်ပေါ့ဘုရား။ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၄)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (သမီး)ကိုအောင်သက်ပိုင်+မကေခိုင်ဌေး၊ ကိုကိုဝင်း+မသူသူဌေး၊ မရည်မွန်ဌေး၊ (မြေး)မောင်သုနှိုင်းထက်၊ မောင်ရဲဝံ့ထက်၊ မောင်ပိုင်ဝါဇော်မျိုးချစ်၊ မအိသုမဉ္ဇူရီမေ (ရွှေမန်းမေ-အထည်ဆိုင်) မိသားစုမှ သိန်းနှစ်ဆယ်ကျပ် လှူဒါန်းစဉ်။(14.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...
“စိန်ပန်းရပ်ကွက် နေ့ဆွမ်းအလှူ
10.11.2017 ရက်နေ့ မနက် 11:00 နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်(ဦးတင်အေး)+ဒေါ်လှညွန့်နေအိမ် ဆွမ်းကပ်ပွဲပါ။ ပုဂံတိုက် တိုက်အုပ်ဆရာတော်ကြီး ကြွရောက်ချီးမြှောက်ပါတယ်။ မစိုးရိမ်တိုက် ဓမ္မဝိနယရံသီကျောင်းနာယကဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ၏ ဆွမ်းဒကာ ဆွမ်းဒကာမများ၏ အလှူဖြစ်ပါတယ်။ စာရေးသူကတော့ အခုမှ တွေ့ဖူးရောက်ဖူးကြွဖူးတာပါ။ အင်မတန်ဖော်ရွေပြီး သဒ္ဓါအားကောင်းတဲ့ မိသားစုတွေပါ။ ပုဂံတိုက် တိုက်အုပ်ဆရာတော်ကြီးကိုယ်တိုင် တရားချီးမြှင့်ပါတယ်။