Tag: သတင်း

ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ၏ သဘောထား ထုတ်ပြန် ကြေညာချက်

ယခုတလော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီးနှင့် ပတ်သက်၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို မလိုလားသူများက ပြည်တွင်းရော ပြည်ပပါ ပူးပေါင်း၍ နည်းအမျိုးမျိုး ပုံစံ အမျိုးမျိုး အခြေအနေ အမျိုးမျိုးကနေ ရသည့်နည်းဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ထိုးနှက် ဖျက်ဆီးနေကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်ပင် သူတို့၏ လှည့်ကွက်ထဲသို့ ၀င်ရောက်မိနေကြသည်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းကို မလိုလားသူများ၏- ၁။ ကိုးကားချက် အထောက်အထားမျာ ၂။ ထောက်ပြ ဝေဖန်ချက်များသည် ...
သတင်း

ဒါတွေ ဘာကြောင့် ချန်ထားခဲ့တာလဲ

(ဒါကတော့ VOICE သတင်းထောက် J-07(ခ)ကျော်စိုးဦးနဲ့ဆရာတော်ကြီး အင်တာဗျူးအပြည့်အစုံပါ။ ကျော်စိုးဦးက စာရေးသူနှင့် နိရုတ္တိဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသတို့ထံလည်း လာရောက်ပါသေးတယ်။ အယုံအကြည်မရှိလို့ လက်မခံလိုက်တာပါ။ မြင်တဲ့အတိုင်းပဲ သူရေးသွားတာက တစ်ဖက်သတ်ဘယ်လောက်ဆန်လဲ သိသာပါတယ်။ စာနယ်ဇင်းသမားဆိုတာ တစ်ဖက်သတ်ရေးသားခွင့် မရှိပါဘူး။ အကောင်းရော အဆိုးရော ထောက်ခံတာရော ကန့်ကွက်တာရော ကြည်ဖြူတာရော မကြည်ဖြူတာရော ရှုထောင့်အသီးသီး အစုံအလင်ထည့်ရပါမယ်။ အခုတော့ မဟနကလည်း မဘသမကောင်းကြောင်း မဘသကလည်း မဟနမကောင်းကြောင်းပြောနေကြ ဘယ်ဘက်လိုက်ရမှန်းမသိဖြစ်နေဆိုတာတွေကို ချန်ခဲ့ပါတယ်။ မဟနအဖွဲ့နှင့် မဘသအဖွဲ့ အစိုးရအဖွဲ့၏ အဓိကပြဿနာသိချင်ရင် အစိုးရအဖွဲ့ကို သွားမေးပါ။ ...
သတင်း

ဒီမိုကရေစီအရေးတစ်ခုတည်းနဲ့တော့ တို့နိုင်ငံကြီးကို တည်ဆောက်လို့ မရဘူး။ အမျိုးဘာသာသာသနာကို ပစ်ပယ်ပြီး နိုင်ငံရေးလုပ်လို့ မဖြစ်ဘူး(၁)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံရေးရှုမြင်ချက်များအဖြစ် စစ်အစိုးရလက်ထက် နိုင်ငံရေးအခြေအနေတွေနဲ့ ဒီကနေ့ အရပ်သားဒိမိုကရေစီအစိုးရလက်ထက်က နိုင်ငံရေးအခြေအနေကို ချိန်ထိုးသုံးသပ်နိုင်ဖို့အတွက် ကြိုးစားမေးမြန်းဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ဖြတ်သန်းမှုတွေထဲက အရေးပါတဲ့ စစ်အစိုးရလက်ထက်မှာ အမျိုးသားရေးတရားဟောခဲ့တာ၊ အမျိုးပျောက်မှာစိုးကြောက်စရာလို စာအုပ်တွေကို ထုတ်ဝေဖြန့်ချိခဲ့တာတွေကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ခေတ်ပြိုင်နိုင်ငံရေးသမိုင်းထဲက ဆရာတော်ဦးဝီရသူရဲ့အသံကို အမျိုးသားရေးညီအစ်ကိုမောင်နှမများ ကြားနိုင်စေဖို့အထူးရည်ရွယ်ပါကြောင်း။ မေး- ပထမဆုံးမေးခွန်းအဖြစ် အရှင်ဘုရားကို ထောက်ခံအားပေးသူတွေနဲ့ ကန့်ကွက်ပြစ်တင်ကြတဲ့သူတွေကြားမှာ ဘယ်လိုနေထိုင်သလဲဆိုတာလေး သိချင်ပါတယ်ဘုရား။ ထောက်ခံသူတွေကြောင့် မဖြစ်မနေဆက်လုပ်ရမယ်ဆိုပြီး စိတ်တင်းပြီးလုပ်နေတာလား။ နောက် ကန့်ကွက်သူတွေကြောင့် ဆက်မလုပ်တော့ဘူးလို့ တွေဝေသွားတာတွေရော ရှိခဲ့ဖူးလားဆိုတာလေး မိန့်ပေးပါဦးဘုရား။ ဖြေ- နှစ်ခုစလုံးမဟုတ်ပါဘူး။ ကန့်ကွက်တဲ့သူကတော့ ရှိနေမှာပဲလေ။ ကန့်ကွက်တဲ့သူရှိနေတဲ့အတွက်ကြောင့် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၆)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရမည်းသင်းမြို့ မချိုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းစဉ်။(22.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၅၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၇,၇၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့် ခုနစ်သိန်း ...
သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၇)

“လက်ကိုင်တုတ်ကြီးများ” ဥပါယ်လေးမျိုးရှိလေသည်။ ၄င်းတို့မှာ ဒါနဥပါယ်၊ သာမျဥပါယ်၊ ဘေဒဥပါယ်၊ ဒဏ္ဍဥပါယ်တို့ဖြစ်လေသည်။ ဒါနဥပါယ်ဆိုသည်မှာ လက်ဆောင်ပေး၍ လှူဒါန်းပေးကမ်း၍ စည်းရုံးနည်းဖြစ်၏။ သာမဥပါယ်ဆိုသည်မှာ ဥပဒေဖြင့် စည်းရုံးနည်းဖြစ်၏။ ဘေဒဥပါယ်ဆိုသည်မှာ စိတ်ဝမ်းကွဲပြားအောင်သင်းခွဲသည့် နည်းဗျူဟာဖြစ်၏။ ဒဏ္ဍဥပါယ်ဆိုသည်မှာ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် ဒဏ်တပ်၍ နှိပ်ကွပ်သောနည်းဖြစ်၏။ ကျွန်ုပ်တို့အစိုးရသည် ဤဥပါယ်လေးမျိုးဖြင့် နိုင်ငံရေးသမားများကိုလည်းကောင်း၊ သံဃာများကိုလည်းကောင်း စည်းရုံးသိမ်းသွင်းလေ့ရှိပေသည်။ ဒါနဥပါယ်ဖြင့် သံဃာတော်များကို စည်းရုံးရာ၌ များစွာအောင်မြင်လေသည်။ TV လှူသည်၊ ကွန်ပျူတာ လှူသည်။ ဖုန်းလှူသည်၊ ကားလှူသည်၊ ကျောင်းလှူသည်၊ နိုင်ငံရေးဆရာတော်အများစုမှာ ...
သတင်း

ပျဉ်းမနား ကန်လယ်ဆရာတော်၏ ပရိက္ခရာအလှူ

24.7.2017 ရက်နေ့မှာ လူကြုံဖြင့် လှူလိုက်တာပါ။ သင်္ကန်းနှင့် ဖိနပ်များအပြင် နဝကမ္မတစ်သောင်းကျပ် အလှူဒါနပါ။ နေပြည်တော် ပျဉ်းမနားမြို့ ကန်လယ်ကျောင်းဆရာတော် ဦးပညာဝံသ အလှူဒါနကို ၄င်း၏ ရဟန်းဒကာ/ဒကာမ မိသားစုက လာရောက်ဆက်ကပ်ပါတယ်။ မစိုးရိမ်တိုက်သစ် ဓမ္မရက္ခိတကျောင်းနာယက အရှင်တေဇာနန္ဒာဘိဝံသအား မာတင်သင်္ကန်းတစ်စုံ၊ စာသင်တန်းအောင် နှစ်ပါးအား မာတင်သင်္ကန်းတစ်စုံစီ၊ စာရေးသူအား ပရိက္ခရာအစုံ သင်္ကန်းခြင်းတစ်ခု၊ ကျန် သင်္ကန်းဖိနပ်များကို သင့်တော်သလို လှူဒါန်းဖို့ ဆက်ကပ်လိုက်တာပါ။ တိုက်တွင်းစာမေးပွဲ အောင်မြင်တဲ့တပည့်လေးများကို ဆုချလိုက်ပါတယ်။
သတင်း

သမိုင်းတရားခံ အစစ်အမှန်က ဘယ်သူလဲ

ပြည်ထဲရေးကို သာသနာရေးက အမိန့်ပေးခွင့်မရှိဘူး။  ပြည်ထဲရေးကလည်း တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ မဘသ အရေးက ဥပဒေရေးအထိရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေအရ၊ ၂၀၁၄ အသင်းအဖွဲ့ဥပဒေအရ မဘသ ဟာ တရားဝင် ရပ်တည်ခွင့်ရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်။ မိဘက သားသမီးကို အမွေပြတ်စွန့်လွတ်ကြောင်း ကြေညာရုံနဲ့ သွေးသားတော်စပ်မှုက ပြောင်းလဲသွားတာမဟုတ်ဘူး။ မဟနက မဘသကို စာထုတ်ပြီး အသိအမှတ်မပြုရုံလေးနဲ့ ဘုရားသားတော်အချင်းချင်း စာရင်းပျက်ယွင်းသွားတာမဟုတ်ဘူး။ မဟနနှင့် မဘသကို သွေးခွဲပေးတဲ့ ဝန်ကြီးနှင့် အစိုးရကသာလျှင် သမိုင်းရဲ့တရားခံအစစ်အမှန်ဖြစ်တယ်။ ဒါကြောင့် မဘသကို ဖြိုခွင်းချင်ရင် ၂၀၀၈ ခြေဥကို အရင်ဖျက်ပါ။ ...
သတင်း

အမွှေစိန်လက်ချက်ပါပဲ

ဝါဆိုဆရာတော်ကြီးပုံပါဝင်တဲ့ ရွှေကျင်နိကာယအစည်းအဝေး အခမ်းအနားပုံကို ယူသုံးထားတယ်။ ပြီးတော့ မဟန သြဇာနဲ့မရတော့လို့ အခြားဆရာတော်ကြီးတွေကို စစ်ကူခေါ်ထားတယ်။ မဟနအမိန့်ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ၂၀၀၈ ဥပဒေ ၂၀၁၄ ပြဋ္ဌာန်းဥပဒေတွေနဲ့ ညီညွတ်လို့ ရပ်တည်နေတာ။ မဘသ အဖွဲ့ကို ဖျက်ချင်ရင် ခြေဥနဲ့ဖွဲ့ဥကိုအရင်ဦးဆုံး ဖျက်ဆီးပစ်လိုက်ပါ။ သူတို့ရှိနေသရွေ့ မဘသ ရှိနေမယ်။ ပါတီတစ်ခုကို တိုက်ခိုက်ဖို့ မဘသ ဖွဲ့စည်းထားတာလည်း မဟုတ်ဘူး။ ပါတီတစ်ခုခိုင်းတာလုပ်ဖို့ ဖွဲ့စည်းခဲ့တာလည်းမဟုတ်ဘူး။ အမျိုး ဘာသာ သာသနာအတွက် အစိုးရတွေမတတ်နိုင်တဲ့ဘက်က မဟနနဲ့မဆိုင်တဲ့အခန်းကဏ္ဍဘက်ကနေ တစ်မျိုးသားလုံးကိုကာကွယ်ဖို့ တစ်သာသနာလုံးကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာ။ ဥပဒေကိုလေးစားရင် မဘသအဖွဲ့ကို လက်ဖျားနဲ့တောင် မတို့နဲ့။ မဘသ အဖွဲ့ကို စိတ်နဲ့တောင်မပြစ်မှားနဲ့။ ...
သတင်း

ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်

ဇူလိုင်-၂၅ ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဆိုင်းဘုတ်အား ဖြုတ်ချမည်မဟုတ်ကြောင်း သိမ်ကုန်းကျောင်းတိုက် သံတွဲ-မ.ဘ.သဥက္ကဌဆရာတော်ဦးတေဇိန္ဒကမိန့်ကြားသည်။ ဆိုင်းဘုတ်ကသူ့ဟာသူနေတာလေ ဦးဇင်းတို့ကဖြုတ်မှာမဟုတ်ဘူး ဖြုတ်ချင်တဲ့သူလာဖြုတ်ပေါ့ ဦးဇင်းတို့ကတော့ ဘုရားသားတော်တွေဖြစ်လို့မေတ္တာတရားကိုလက်ကိုင်ထားပြီး ဘာမှတုန့်ပြန်မှာတော့မဟုတ်ဘူး ဒါပေမယ့်မှတ်တမ်းတော့ယူထားမယ်လေ ပြီးရင်တော့သံဃာဆန္ဒခံယူပြီးဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ အချိန်တန်ရင်သိရမှာပါဟုမိန့်ကြားသည်။ လက်ရှိမှာတော့ ဦးဇင်းတို့မ.ဘ.သအနေနဲ့ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့မိန့်ကြားသည်။ ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးဣန္ဒာစာရ (ပုလဲရတနာဆရာတော်)မှ ဦးဇင်းတို့အနေနဲ့ကဆိုင်းဘုတ်ကိုဖြုတ်ချဖို့အစီအစဉ်မရှိသလို ဖြုတ်ချမှာလည်းမဟုတ်ဘူး အကယ်၍သူတို့တွေလာဖြုတ်ရင်တော့ ကရင်နဲ့မန်း-မ.ဘ.သလိုပဲ မေတ္တာတရားရှေ့ထားပြီးကာကွယ်သွားမယ်ဟုအတုမရှိဂျာနယ်သို့မိန့်ကြားသည်။ မှတ်တမ်းဓာတ်ပုံ(သံတွဲမ.ဘ.သဆိုင်းဘုတ်၊ ဥက္ကဌဆရာတော်နှင့်ရေဘေးကယ်ဆယ်ရေးအဖွဲ့သားများ) မြင့်ဇော်(အတုမရှိဂျာနယ်)ဆက်သွယ်မေးမြန်းသည်။ ၂၅.၇.၂၀၁၇
သတင်း

ဒီမိုကရေစီနည်းကျ သံဃာ့ရွေးကောက်ပွဲကျင်းပဖို့ အချိန်တန်ပြီ

(ဒါကတော့ BBC ရဲ့စေတနာပေါ့။ သူတို့ဗျူးတာနဲ့ သူတို့ရေးတာ သူတို့လွှင့်တာတွေဟာ ပြည့်စုံမှုရှိမရှိ သိရအောင် နှိုင်းယှဉ်ပြလိုက်ပါတယ်။ တကယ်တော့ မဟနအဖွဲ့ဝင်ဆရာတော်တွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဒီမိုကရေစီနည်းအရ ပြန်လည်ရွေးချယ်တင်မြှောက်ဖို့လိုပါပြီ။ သံဃာ့ဒီမိုကရေစီ သံဃာရွေးကောက်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းက တစ်ခါသာ ကြုံခဲ့ဖူးတာပါ။ စစ်အစိုးရလက်ထက်မှာလည်း ဒီလိုပဲ အရပ်သားအစိုးရက်လက်ထက်မှာလည်း ဒီလိုပဲဆိုရင်တော့ ပြည်သူလူရွေးကောက်တင်မြှောက်ထားတာ ဘာမှမထူးခြားဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် ပြည်သူ့အစိုးရကလည်း ပြည်သူလူထုရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရ သံဃာ့အစိုးရကလည်း သံဃာထုရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရဆိုမှ ပိုပြီးလိုက်ဖက်ညီမှာပါ။ မဟနဆရာတော်တွေကို ဒီမိုကရေစီနည်းကျ သံဃာထုက ရွေးချယ်တင်မြှောက်နိုင်အောင် ဆက်လက်ကြိုးစားနိုင်ကြပါစေ။) ဝီရသူ(မစိုးရိမ်) 25.7.2017 PM 7:31 ================================================== ...
သတင်း

လွန်လေပြီးသော မဘသ

၁။ မဘသကို ဝေဖန်တဲ့၊ တိုက်ခိုက်တဲ့ သတင်းများ၊ ဆောင်းပါးများအတွက် မှားယွင်းတဲ့အချက်အလက်တွေသုံးစွဲပြီး ရေးသားနေတဲ့အချိန်မျိုးမှာ အဲဒီသတင်းတွေ၊ ဆောင်းပါးတွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် လိုအပ် မလိုအပ်ဆိုတဲ့ ပြသနာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ မဘသအဖွဲ့ကြီးဟာ ဆက်ရှိနေသေးရဲ့လား၊ ဒါမှမဟုတ် မဘသရဲ့အချိန်တွေဟာ ကုန်လွန်ခဲ့ပြီလား၊ အငွေ့ပျံပျောက်ဆုံးကုန်ပြီလားဆိုတာဟာ အကြောင်းကြောင်းကြောင့် ဝေခွဲရခက်စေတဲ့အတွက်ဖြစ်ပါတယ်။ ၂။ ဒါပေမယ့် ဒီရက်ပိုင်းမှာ မီဒီယာတွေက မဘသဆိုင်းဘုတ်မဖြုတ်တဲ့ မန်းနဲ့ ကရင်ကို လက်ညှိုးတထိုးထိုးလုပ်ပြီး တရားခံတွေလို၊ အပြစ်သားတွေလို၊ နိုင်ငံတော်ကို ပုန်ကန်သူတွေကို စွပ်စွဲရေးသား ပြောဆိုနေတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေရ ကြားနေရပါတယ်။ ဗုဒ္ဓဘာသာဟာ ဂုဏ်ထူးဝိသေသနဲ့ပြည်စုံတဲ့ဘာသာဖြစ်တယ်၊ ဒီမိုကရေစီစနစ်ကိုသွားနေတယ်ဆိုတဲ့ နိုင်ငံတစ်ခုမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခု၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရမည်းသင်းမြို့ အရှင်စန္ဒောဘာသ(မင်းကျောင်း)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းစဉ်။(22.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၄၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၇,၆၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့် ခြောက်သိန်း ...
သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

“ဘွဲ့တံဆိပ်သာသနာ” အရည်အချင်းရှိသူထိုက်တန်သူများအား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်သည့်ထုံးစံသည် ဘုရားလက်ထက်ကပင်ရှိခဲ့ လေသည်။ ကျွန်ုပ်တို့သာသနာတော်၌လည်း အစိုးရမင်းတို့က ဆိုင်ရာဆရာတော်များအား ဘွဲ့တံဆိပ်ကပ်လှူခဲ့ကြသည်ကို တွေ့ရလေသည်။ ရှေးခေတ်က ဆရာတော်ကြီးများမှာ တကယ်အရည်အချင်းရှိကြသူများဖြစ်၍ ဘွဲ့တံဆိပ်အဓိက ဆရာတော်ကြီးများ မဟုတ်ကြပေ။ အစိုးရကလည်း အရည်အချင်းရှိသူကိုမှ ချီးမြှင့်ပြီး ဆရာတော်ကြီးများကလည်း ဘွဲ့တံဆိပ်ဂုဏ်မမောက်ကြ။ ဘွဲ့တံဆိပ်ဖြင့် ခြိမ်းခြောက်မစားကြပေ။ သို့စေကာမူ ယခုအခါ၌ ဘွဲ့တံဆိပ်တွေကလည်းဖောင်းပွ၊ ဘွဲ့တံဆိပ်ရှင်များကလည်း မောက်မာကြ၍ ဘွဲံတံဆိပ်သာသနာသည် ဘုရားသာသနာကို ဖျက်ဆီးပစ်နေလေပြီ။ ဆိုရှယ်လစ်ခေတ်က လူထုသံဃာထုသည် ဘွဲ့တံဆိပ်ရဆရာတော်ကြီးများကို ကြည်ညိုလေးစားအားထားကြ၏။ ဆရာတော်ကြီးများကလည်း အမှန်တကယ်ပင် အဘက်ဘက်မှ ပြည့်စုံကြ၍ လေးစားထိုက်လှ၏။ ...
သတင်း

အန္တရာယ်လူသားတွေ

သူတို့တတွေ အခုလို ခိုးဝင်နေတာ တစ်မျိုးသားလုံးအတွက် အန္တရာယ်ကြီးတယ်။ အခွင့်ရေးသာရင် သေချာတယ် ဂျီဟဒ်လုပ်ကြမှာ။ အကြံကြီးမားသူတွေပါ။ သူများတွေလို ရေကြည် မြက်နု ရှာဖွေသူတွေ မဟုတ်ဘူး။ သူတို့အတွက် လဝကထောင် သီးသန့်ထားမှ ဖြစ်တော့မယ်။ ဝီရသူ ( မစိုးရိမ် ) 25.7.2017 pm 12:36 =================================== ခိုးဝင်ဘင်္ဂါလီ ၁၈ ဦးကို ဒေါပုံတွင် ဖမ်းမိ ———————————————– ရန်ကုန်မြို့တော်သို့ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီ ၁၈ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ...
သတင်း

သာ/ယဉ်ဝန်ကြီး လေ့လာရန် အများကြီးလိုသေး

ပြည်ထောင်စုဝန်ကြီးတစ်ယောက်ဖြစ်နေပြီး ဂိုဏ်းကြီးကိုးဂိုဏ်းတောင် မသိဘူးလာ။ မိုးကုတ်တို့၊ လယ်တီတို့ဆိုတာ ဂိုဏ်းမဟုတ်ဘူး။ ဝိပဿနာအဖွဲ့၊ ဝိပဿနာရိပ်သာတွေပါ။ အဲဒီလိုပဲ မဘသတို့ ၉၆၉ တို့ မျိုးချစ်ရဟန်းတော်များတို့ဆိုတာ စင်ပြိုင်သံဃာ့ဂိုဏ်းမဟုတ်ဘူး။ ဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှ စိတ်ထားတူရာသံဃာတော်တွေနဲ့ မျိုးချစ်ပြည်သူတွေ စုပေါင်းထားတဲ့ အမျိုးသားရေး အဖွဲ့အစည်း ဘာသာရေးအဖွဲ့အစည်း သာသနာရေးအဖွဲ့အစည်းသာဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေထဲမှာ ၂၀၀၈ အခြေခံဥပဒေ ၂၀၁၄ အသင်းအဖွဲ့ဥပဒေတွေထဲပါတယ်ဆိုတာ သိရဲ့လား။ ဝန်ကြီးလက်ကိုင်ထားတဲ့ ၂၀/၉၀ ဆိုတာ ပြဋ္ဌာန်းဥပဒေမဟုတ်ဘူးဆိုတာရော သိရဲ့လား။ ၂၀/၉၀ ဆိုတဲ့ အမိန့်အာဏာဟာ အခြေခံဥပဒေအောက်မှာပဲရှိတယ်ဆိုတာရော သိရဲ့လား။ ၂၀/၉၀ န.ဝ.တ အမိန့်ဟာ ၂၀၁၄ အသင်းအဖွဲ့ဥပဒေကြောင့် ပျက်ပြယ်သွားပြီဆိုတာရော ...
သတင်း

ဝီရသူနဲ့ မဘသ လွှတ်တော်နဲ့အစိုးရ

ရန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့လွှတော်မှာ တင်သွင်ကြောင်း သိရပါတယ်။ ကိုပါကြီး၏ဇနီး NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းလိုက်တာပါ။ အဲဒီအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာ တွေ့ရပါတယ်။ ဒါဟာ တစ်မျိုးသားလုံး လုံခြုံရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကောင်းနိမိတ်တွေပဲ ဖြစ်ပါတယ်။ ဒေါ်သန္တာနှင့် NLD ပါတီကို၎င်း လုံးဝမကန့်ကွက်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးကို၎င်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူက ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလတုန်းက အမွှေစိန်မမကြီး ရန်ဟီးလီကို စာရေးသူအရှင်က ...
နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး၏ အောင်မြင်မှု

နဂါးနီစုဘူးအသင်းကို တည်ထောင်ခဲ့တာ 1.9.2013 ရက်နေ့တုန်းကပါ။ ဒီနှစ် စက်တင်ဘာလ တစ်ရက်နေ့ဆိုရင် လေးနှစ်ပြည့်ပါပြီ။ စုစုပေါင်း စုဘူး ရှစ်ဘူး အသင်းဝင် ၇၅၂ ဦး ရှိပါပြီ။ မ-တည် စိုက်ထူငွေပေါင်း ၅၅,၃၄၀,၀၀၀(ငါးရာငါးဆယ့်သုံးသိန်းလေးသောင်း)ကျပ် ဖြစ်ပြီး အမြတ်ငွေ ၆၅,၁၆၆,၅၀၀(ခြောက်ရာ့ငါးဆယ့်တစ်သိန်းခြောက်သောင်း ခြောက်ထောင် ငါးရာ)ကျပ် ရရှိပါပြီ။ ၄င်းအမြတ်ငွေများထဲမှ ကျန်းမာရေးထောက်ပံ့ငွေ ၇,၅၅၇,၀၀၀(ခုနစ်ဆယ့်ငါးသိန်းငါးသောင်းခုနစ်ထောင်)ကျပ် ရိက္ခာထောက်ပံ့ငွေ ၂၆၀,၀၀၀(နှစ်သိန်းခြောက်သောင်း)ကျပ် ရှိပါပြီ။ ငါးသောင်းတန်း ၁၄၁ ဦး တစ်သိန်းတန်း ၂၉၅ ဦး တစ်သိန်းခွဲတန်း ၂၅၁ ဦး နှစ်သိန်းတန်း ၆၅ ဦးပါ။ စုဘူး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရမည်းသင်းမြို့ ရန်ကြီးအောင်ကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(22.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၃၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၇,၅၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့် ငါးသိန်း ...
သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

အရေးအခင်းပြီးစကာလတွင် သံဃာ့ရွေးကောက်ပွဲများ မြိုင်ဆိုင်စွာကျင်းပကြ၏။ အဖွဲ့အစည်းလိုလားသည့် ပုဂ္ဂိုလ်များနိုင်မရဘဲ၊ သံဃာထုလိုလားသူများသာ အနိုင်ရလေသောအခါ နောက်အကြိမ်များ၌ သံဃာ့ဆန္ဒ မခံယူတော့ဘဲ ဆိုရှယ်လစ်ခေတ်ပါလီမန်လို လုပ်လိုက်ကြပေတော့သည်။ သံဃာ့ဒီမိုကရေစီစနစ်သည် ထိုအချိန်မှာ အရုဏ်တက်ခဲ့ပြီး၊ ထိုခေတ်မှာပင် နေကွယ်ခဲ့ရလေသည်။ ယခုအခါ လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီစနစ်ကို ထူထောင်နေချိန်ဖြစ်၍ သံဃာအဖွဲ့အစည်းကလည်း သံဃာ့ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသင့်ပေသည်။ အမှန်အားဖြင့် ဒီမိုကရေစီစံနစ်ဆိုသည်မှာလည်း တခြားမဟုတ်ပေ။ ပိဋကတ်တော်လာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မဝိနယလမ်းစဉ်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသားတော်များသည် ဘုရားချမှတ်တော်မူခဲ့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဘုရားသာသနာတော်၏ ဝန်ကို ထမ်းဆောင်သင့်လှပေသည်။ လက်ရှိ ...
သတင်း

မိန်းမကြီးနှစ်ယောက် အပြန်အလှန် စိတ်ပျက်နေကြတာ ဘယ်အရေးပါလိမ့်?

NLD အစိုးရ၏ ထုတ်ပြန်ချက်ကို ဖတ်ကာ အရှင်ဝီရသူ ပြုံးနေပါလိမ့်မည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆရာတော်အရှင်ဝီရသူမှ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဗလောင်းဗလဲနိုင်သည့် မိန်းမပျက်တစ်ဦးဟု ပြောဆိုခဲ့စဉ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဝန်းရံသူများက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ကြဖူးသည်။ မဘသခေါ် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသားရေးအင်အားစုများက သဘောထား မမှန်သည့် ယန်ဟီးလီကို မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ခွင့်မပေးရန် ကန့်ကွက်မှုများ ရှိခဲ့စဉ်ကလည်း NLD အစိုးရက တောင်းဆိုမှုများကို လျစ်လျူရှုကာ ယန်ဟီးလီသာမက UN အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကိုပင် ...