Tag: သတင်း

သတင်း

အရပ်သားဒီမိုကရေစီအစိုးရလက်ထက်ကျမှပဲ

အရပ်သားဒီမိုကရေစီအစိုးရလက်ထက်ကျမှပဲ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုင်းဘုတ်ကို သေနတ်ကိုင်စောင့်ရတဲ့ဘဝမျိုး ရောက်ရှိနေတော့တယ်။ ဝီရသူ(မစိုးရိမ်) 15.7.2017 PM 9:00
သတင်း

နေရာမှန်သော အတ္တ(၁)

နွားချိုလိုကျင့်သူ တစ်နေ့တွင် ကျနုပ်သည် စာမူကိစ္စဖြင့် ရန်ကုန်သို့သွားရလေသည်။ ကျနုပ်ရောက်မဆိုက်ပင် ဆရာတော်တစ်ပါးက သြ၀ါဒပေးလေ၏။ ထိုဆရာတော်ရထားသော ဘွဲ့တံဆိပ်များကို ပန်းလိုသီကုံးလိုက်ပါက ဘွဲ့တံဆိပ်ပန်းကုံးကြီး ခြေဖျားမှဦးခေါင်းထိ ဖုံးလွှမ်းသွားပြီး ပိသေနိုင်လောက်အောင် များပြားသည့် ဘွဲ့တံဆိပ်များ ဆွတ်ခူးရယူခဲ့သော ဆရာတော်ဖြစ်ပါသည်။ စာတတ် ပေတတ်ကျမ်းဂန်တတ် ပိဋကတ်အကျော် စာချဆရာတော်တစ်ပါး ဖြစ်ပါသည်။ ကျနုပ်အား ထိုဆရာတော်ပေးသော သြ၀ါဒမှာ “ဆိုင်ရာသံဃာ့အဖွဲ့အစည်းတွေနှင့် အတိုက်အခံမလုပ်ပါနှင့်၊ သည်းခံပါ၊ အမြင်မတော်လျှင် မမြင်ချင်ဟန်ဆောင်ပါ၊ လျစ်လျူရှုပါ”ဟူ၍ဖြစ်ပါသည်။ ကျနုပ်သည် သြ၀ါဒဆုံးသည်အထိ ဂရုစိုက်ပြီးနားထောင်ပါသည်။ သြ၀ါဒဆုံးသွားသည့်အခါ “ဘုန်းကြီး- ဘုန်းကြီးက ၀ီရသူကို ...
သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၂)

မေး – ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ်ဘုရား။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေ ရေးအဖွဲ့ကို ဝင်ခွင့်မပေးဘူးဆိုပေမယ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီကို တာဝန် ရှိသူတွေက လက်ခံတွေ့ဆုံခဲ့တယ်၊ နောက် ယန်ဟီးလီကလည်းပဲ ဇူလိုင် လ ၁ဝ ရက်ကနေ ၂၁ ရက်နေ့ထိ မြန်မာပြည်ကို လာဦးမယ်လို့လည်း သိရပါတယ်ဘုရား။ သိချင်တာက ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂရဲ့ သဘောထားရပ်တည်ချက်ကို အရှင်ဘုရားဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ – ကုလသမဂ္ဂက အိုအိုင်စီရဲ့ ခါးပိုက်ထဲ ရောက်နေတာ ကြာပြီ။ ...
သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၅)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “ညွှန်ကြားလွှာအမှတ် (၉၁) ဖြည့်စွက် လျှောက်ထားချက်ပါဘုရား” (၁) ညွှန်ကြားလွှာ အမှတ်(၉၁) စာအမှတ်၊ ၃ဝဝ။၁၅။(သာ-ဝိ) သာ-မဟန ၁၅.၁ဝ.၁၁ စာပိုဒ် (၄) သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးများနှင့် ကျောင်းတိုက်ပဓာနနာယကဆရာတော်များသည် မိမိတို့၏ တပည့်ရဟန်း၊ သာမဏေများအား ဝိနည်းသိက္ခာပုဒ်တော်ကို ညှိုးမှိန်ထိခိုက်စေနိုင်သော လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားဥပဒေနှင့်ဆန့်ကျင်သော အကြမ်းဖက်မှုများ၊ ကျူးလွန်ခြင်းများ ...
သတင်း

တစ်ရာနဲ့တစ်ယောက်

ဖြိုးမင်းသိန်းအယောက်တစ်ရာနဲ့တောင် ကာချုပ်ကြီးကို မလဲနိုင်ပါ။ ဖြိုးမင်းသိန်းတစ်ယောက်တိုးလေ ပြည်သူတွေဒုက္ခတိုးလေဖြစ်ပေမယ့် ကာချုပ်ကြီးကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာ သာသနာအတွက် ယုံကြည်စိတ်ချရလို့ပါပဲ။ (ကာချုပ်ကြီးနဲ့ အဆက်အဆံ လုံးဝ မရှိပါ။) ဝီရသူ( မစိုးရိမ်) 15.7.2017 Am 6:51
သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်များကို မေးမြန်းရေးသားတဲ့အချိန်မှာ ဆရာ တော်ဦးဝီရသူရဲ့ ဘဝနဲ့ဒဿန၊ နိုင်ငံရေးခံယူချက်၊ အမျိုးသားရေးခံယူချက်များကို ပါဝင်နိုင်အောင် ကြိုးစားပြီး မေးခွန်းများတည်ဆောက် မေးမြန်းပါတယ်။ အဲဒါတွေအပြင် လက်တလောဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက နိုင်ငံရေးအတိုးအလှုပ်တွေကိုလည်းပဲ မေးမြန်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မဘသနဲ့ပတ်သက်တဲ့ မေးခွန်းများကို မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်ရဲ့အသံနဲ့ အမျိုးသားရေးအားမာန်တွေ ငွားငွားစွင့်စွင့် လွှင့်တင်နိုင်ဖို့ အထူးရည်ရွယ်ပါတယ်။ မေး – “ဝီရသူရှိနေသရွေ့ မဘသရှိနေမယ်”ဆိုပြီး အရှင်ဘုရားရေးသားထားတဲ့ ပို့စ်တစ်ခုဖတ်ရပါတယ်ဘုရား။ အဲဒီအကြောင်းလေးကို ဒီတစ်ပတ်မှာ ပထမဆုံး စမေးချင်ပါတယ်ဘုရား။ အရှင်ဘုရားက မဘသ ဆက် ...
သတင်း

ဒါလည်း ငါ့အမျိုးတွေ ပါပဲ

(၁၃.၇.၂၀၁၇)မနက်၁၀း၀၀ မောင်တောမြို့ အထက (၂) မူလတန်းမှ ဘင်္ဂလီကျောင်းသူကျောင်းသားလေးများအား မုန့်ဖိုး ၂၀၀ ကျပ်စီနှင့် နေကြာပန်းအရုပ်လေးများ လိပ်ပြာအရုပ်လေးများ ကော်ဖီမစ်များ ဒါနပြုခဲ့ပါတယ်။ ချစ်စရာလေးတွေပါ။ မူလတန်း ၁၀၄၇ ဦးလုံး မူဆလင်တွေပါ။ (fb ပရိသတ်ကို တောင်းပန်ပါရစေ။ လိုင်းမကောင်းသဖြင့် သတင်းတစ်ပုဒ်တည်း နှစ်ခါထပ် တင်မိသွားသဖြင့် တစ်ခုကို ပြန်ဖြုတ်ချရာတွင် အဟောင်းကို မှားယွင်းဖြုတ်မိသွားခြင်း ဖြစ်ပါသည်။ ရှယ်ထားသူများ သာဓုခေါ် ကွန်မန့်ပေးကြသူများအား အထူးတောင်းပန်အပ်ပါသည်။) ဦးပဉ္စင်း ဝီရသူ ( မစိုးရိမ်) 14.7.2017 pm ...
သတင်း

ဒကာမကြီး ဒေါ်နန်းခင်ထွေးမြင့်

ဒကာမကြီး ဒေါ်နန်းခင်ထွေးမြင့် ဘေးရန်ကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို နိုင်ငံ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ ဒကာမကြီး အသက်ရာကျော်ရှည်ပါစေ။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့၊ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ ယွန်းဝတီရွှေဆိုင် ဝန်ထမ်းများဖြစ်ကြသည့် မလုလုဆိုင် မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း)ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (3.7.2017) အလှူရှင်များနှင့်အတူ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် ...
သတင်း

ဗုဒ္ဓအလိုကျ သာသနာပြုနည်း(၂)

ဥပသာဠကဇာတ် ရာဇဂြိုဟ်ပြည်၌ မိစ္ဆာအယူရှိသော ပုဏ္ဏားကြီးတစ်ယောက်သည် သူသေလျှင် သဂြိင်္ိုဟ်မည့်နေရာအတွက် လူတစ်ဦးတစ်ယောက်မျှ မသဂြိင်္ိုဟ်ရသေးသော သုသာန်မြေသစ်ကိုရှာဖွေပြီး သားဖြစ်သူအားပြသလေသည်။ သူရှာဖွေသော သချိင်္ိုင်းသစ်မှာ ဂိဇ္ဈကုဋ်တောင်ထိပ်ဖြစ်လေသည်။ တောင်ပေါ်မှ သားအဖနှစ်ယောက်ဆင်းလာသည်ကို မြတ်စွာဘုရားကစောင့်ကြိုနေလေသည်။ မြတ်စွာဘုရားက ဒုကနိပါတ်၊ သန္ထတ၀ဂ်၊ ဥပသာဠကဇာတ်တော်ကို ဟောတော်မူလေသည်။ လူမသေဖူးသည့် မြေနေရာဟူ၍ မရှိကြောင်း သည်နေရာမှာပင် သည်နာမည်ဖြင့်သေသူ တစ်သောင်းလေးထောင်ကို သဂြိင်္ိုဟ်ဖူးကြောင်း သစ္စာလေးပါးသည်သာ မသေရာအစစ်ဖြစ်ကြောင်း ဟောပြတော်မူရာ သားအဖနှစ်ယောက်လုံး သောတာပန်တည်လေသည်။ ဥရဂဇာတ် – ရန်ပြေငြိမ်းတရား ကောသလမင်း၏ အမတ်ကြီးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မသင့်မြတ်ကြပေ။ ...
သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၄)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “ညွှန်ကြားလွှာအမှတ်(၈၁) ဖြည့်စွက်လျှောက်ထားချက်ပါဘုရား” ညွှန်ကြားလွှာများစာအုပ် စာမျက်နှာ ၃၂၂-၃၂၃ ပါ ညွှန်ကြားလွှာ အမှတ်(၈၁)၌ စာပိုဒ်တစ်ခု (ပုဒ်မတစ်ခု) ထပ်မံ ဖြည့်စွက်သင့်ပါသည်။ စာပိုဒ်(၄) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ သြဝါဒကိုခံယူ၍ ဒေသဆိုင်ရာ သံဃနာယကအဖွဲ့များ၏ လက်အောက်ခံ သာ။ထိန်း- အဖွဲ့များ ဖွဲ့စည်းခွင့်ရှိသကဲ့သို့ သာသနာတော်သုံးရပ်အား အထောက်အပံ့ဖြစ်စေသော သံဃနာယက၏ လုပ်ငန်းစဉ်များနှင့် မဆန့်ကျင်သော ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၇)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အိမ်အမှတ် D-1ဇ ၆၂လမ်း(မင်းရဲကျော်စွာ လမ်းနှင့် ဗိုလ်ဗထူးလမ်းကြား) ကိုအောင်ခိုင်စိုး+မသီတာစိုး (သမီး)မသူသူခိုင်စိုး မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။(7.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်း

ဗုဒ္ဓအလိုကျ သာသနာပြုနည်း(၁)

ကျနုပ်သည် ငါးဖမ်းနည်းများကို လေ့လာခဲ့ဖူး၏။ ကျနုပ်လေ့လာခဲ့သမျှသော ငါးဖမ်းနည်းများသည် ငါးမျှားနည်း၊မြှုံးထောင်နည်း၊ ပိုက်တန်းနည်း၊ မျှောထောင်(ကျုံးသွင်း)နည်း၊ ကွန်ပစ်နည်းတို့ဖြစ်ပေသည်။ ငါးမျှားနည်း ငါးမျှားတံတွင် နိုင်လွန်ကြိုးချည်ကာ ငါးမျှားချိပ်မှာ ငါးစာတပ်ပြီး မျှားသောနည်းသည် ငါးမျှားနည်းဖြစ်သည်။ ထိုနည်းသည် ငါးကိုထိုင်စောင့်နေရပြီး ငါးလည်းလာ ကျွမ်းကျင်မှုလည်းရှိမှ ငါးမိသောနည်းဖြစ်သည်။ ငါးလေးများအမိများပြီး ငါးမျှားချိပ်ကြီးလျှင် ငါးကြီးများလည်း မိတတ်ပေသည်။ ထမင်းစားဖြစ်ရုံသာ ငါးရပြီး စီးပွားဖြစ်လောက်အောင် ငါးမရသောနည်းဖြစ်ပေသည်။ဝါသနာအလျောက်ငါးဖမ်းကြသူများ၊အပျင်းပြေငါးဖမ်းကြသူများ၊အပျော်တမ်းငါးဖမ်းကြသူများ၊ အရင်းအနှီးမရှိသူများ၊ အတတ်ပညာဗဟုသုတနည်းကြသူ(စီးပွားရေးမျက်စိမပွင့်သူ)များသည် ဤငါးဖမ်းနည်းကို အသုံးပြုကြပေသည်။ မြှုံးထောင်နည်း ပလိုင်းဝတွင် ၀င်၍သာရပြီး ထွက်၍မရသော လျှာပေါက်ဖြင့် ငါးများကို ထောင်ဖမ်းသောနည်းသည် ...
သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၃)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “အကြည်ညိုပျက်စေမှုများကို ထိန်းချုပ်ခြင်းဆိုင်ရာ ဖြည့်စွက် လျှောက်ထားချက်ပါဘုရား” ၁။ တရားပွဲ ယဉ်ကျေးမှု ဓမ္မကထိကသာသနာထွန်းကားကျယ်ပြန့်လာသည်နှင့်အမျှ ဓမ္မကထိက ဆရာတော် များ၏ ဘုန်းကံများ ကြီးမားလာကြပါသည်။ ပိုင်ဆိုင်မှုများလည်း တိုးပွားလာကြပါသည်။ မင်းကွန်းဆရာတော်ဘုရားကြီး သီတဂူဆရာတော်ကြီးကဲ့သို့ သာသနာပြုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ အတွက်သာ သုံးစွဲကြသော ဓမ္မကထိက ဆရာတော်များကား အမျိုး ဘာသာ သာသနာအတွက် ...
သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၂)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးအတွက် သီးခြားလျှောက်ထားချက်ပါဘုရား” ရပ်ကျေးသံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃနာယကအဖွဲ့အထိ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ပါဝင်သော သံဃာတော်များသည် ဘုရားသားတော်ကြီးများဖြစ်ကြသော်လည်း လုပ်ပိုင်ခွင့်အာဏာကို အကြောင်းပြု၍ သတိတရား တိမ်းပါးချွတ်ချော်မှုများ ရှိလာကြသည်ကို တွေ့ရှိရပါသည်။ အောက်ခြေအဖွဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် အထက်သို့ တက်ခွင့်ရှိသော်လည်း အထက် အဖွဲ့အစည်းများ ဆုံးဖြတ်မှုမှားပါက ကြိတ်မှိတ်ခံစားရုံမှတပါး အခြား အားထားရာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၆)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အိမ်အမှတ် D-1ဇ ၆၂လမ်း(မင်းရဲကျော်စွာ လမ်းနှင့် ဗိုလ်ဗထူးလမ်းကြား) ဦးမိုးဟိန်း+ဒေါ်ယုယုထွေး မိသားစုမှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါသည်။ (7.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်း

ရဟန်းအိုနှင့် ယာဉ်အို(၂)

“မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ကျနုပ်တို့သာသနာ၌ အရည် အချင်းရှိသော အနာဂတ်၏ မျိုးဆက်သစ်လူငယ် ရဟန်းပျိုများကို နေရာပေးသည့်အလေ့အထ အစဉ်အလာသည် ဘုရားလက်ထက်ကပင် ရှိခဲ့လေသည်။ မြတ်စွာဘုရားသည် ဆွေမျိုးတော်စပ်သော ရှင်ကြီးဒေဝဒတ် ကိုလည်း အဂ္ဂသာဝကရာထူး မချီးမြှောက်ခဲ့၊ အသက်ကြီးသည့် ထေရ်ကြီး ဝါကြီး အညာသိကောဏ္ဍညမထေရ်ကြီးကိုလည်း လက်ဝဲရံ၊ လင်္ကျာရံနေရာ မပေးခဲ့ပေ။ အရည်အချင်းနှင့် ထိုက်တန်သော နေရာမျိုးမှာ အရည်အချင်း ရှိသူသာ ဆောင်ရွက်စေလိုသောကြောင့်ဖြစ်၏။ ထိုသို့ ဆောင်ရွက်နိုင်ပါမှ သာ တစ်စထက်တစ်စ တိုးတက်လာမည်ဖြစ်ပေ၏။ အညာသိကေဏ္ဍည မထေရ်ကြီးသည်၊ ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလာန်တို့ထက် ...
သတင်း

မန်း မဘ သ သတင်း

မန်း/တိုင်း မ ဘ သ ရပ်တည်ချက်နှင့် သဘောထား ကြေငြာချက်ကို ၉/၇/၂၀၁၇ ရက်စွဲဖြင့် ကြေငြာခဲ့ပြီးဖြစ်ပါသည်၊ အဆိုပါ ကြေငြာချက်နှင့် စပ်လျဉ်း၍ မန်း/တိုင်း သံဃနာယကအဖွဲ့က ယနေ့ ရက်စွဲဖြင့် အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆွေးနွေရာ မန်း မ ဘ သ အမည်ဖြင့် ဆက်လက်ရပ်တည်လိုပါက နိင်ငံတော် မ ဟ န အဖွဲ့ထံစာတင်ရန် အကြံပြုပါသည်။ သို့အတွက်ကြောင့် မန်း/တိုင်း မ ဘ သ အဖွဲ့အနေဖြင့် အရေးပေါ်အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ပါ၍ မဟာဝိဇယ ...
သတင်း

ရဟန်းအိုနှင့် ယာဉ်အို(၁)

ကျွနုပ်တို့သာသနာတော်၌ ရဟန်းတော်များသည် ပုံသဏ္ဍာန် အမျိုးမျိုး ဖြင့်ရပ်တည်နေသည်ကို တွေ့ရ၏။ အချို့က ပရိယတ္တိအတွက်၊ အချို့က ပဋိပတ္တိအတွက်၊ အချို့က သာသနာရေးအတွက်၊ အချို့က လူမျိုးရေး အတွက်၊ အချို့က ကိုယ်ကျိုးစီးပွားအတွက်၊ အချို့က အများကောင်းစားရေး အတွက်၊ အချို့က သာသနာအတွက်လည်းမဟုတ်၊ လူမျိုးအတွက်လည်း မဟုတ်၊ ဘယ်အတွက်ရပ်တည်နေမှန်းပင် မသိကြပေ။ မိမိလက်ထက်၌ မိမိမစွမ်းဆောင်နိုင်လျှင်၊ အနာဂတ်အတွက် စွမ်းဆောင်နိုင်သူကိုတော့ မွေးမထုတ်နိုင်ခဲ့လျှင်တောင်မှ မွေးစားထားခဲ့ဖို့လိုပေသည်။ ထိုသို့မဟုတ် သော ဆရာတော်များကို ကျနုပ်တွေ့ကြုံခဲ့ရဖူးလေသည်။ “နယ်ပိုင်ဆရာတော်ကြီး” ကျနုပ်သည် ရွာကြီးတစ်ရွာသို့ တရားဟောကြွခဲ့ဘူး၏။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုံးရပ် ညည ၅၉ ရပ် ဒေါ်ခင်အေးသန့် မှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (6.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၇၀၅,၅၀၀ ...