Tag: သတင်း

သတင်း

ဝီရသူကိုချစ်ကြသူများ(၅)

25.6.2017 ရက်နေ့မနက်ပိုင်းမှာ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိခဲ့ပါတယ်။ ၁၁ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ We Love Wirathu လက်မှတ်ကမ်ပိန်း မဏ္ဍပ်ကိုတွေ့ရပါတယ်။ သံဃာတွေရော လူတွေပါ ကြိတ်ကြိတ်တိုး လက်မှတ်ထိုးနေကြတာတွေ့ရပါတယ်။ ကားပေါ်ကဆင်းပြီး နှုတ်ဆက်လိုက်လျှင် လူအုပ်ကြီးပိုပြီးလှုပ်ရှားသွားမှာစိုးလို့ အသာတကြည်လေး ကျော်တက်ခဲ့ပါတယ်။ အုန်းတောပုညသုခကျောင်းမှာ ခဏနားပါတယ်။ လင်းမေတ္တာ(အလန်းကြီး)ရဲ့ ကျောင်းဖြစ်ပါတယ်။ အရှင်နာယက(ဗုဒ္ဓတက္ကသိုလ်)၊ ဝီရရှင်(ဗုဒ္ဓတက္ကသိုလ်) လင်းမေတ္တာ(အလန်းကြီး)၊ ဝီရသစ္စာ-တပည့်လေးတွေနဲ့ စကားလက်စုံကျဖြစ်ပါတယ်။ လှိုင်သာယာမှ မျိုးချစ်ပြည်သူများနှင့်လည်း အားပါးတရပြောဖြစ်ကြပါတယ်။ ဒီပွဲကို ဝီရသွေးအဖွဲ့က ဦးဆောင်ကျင်းပတာပါ။ လင်းမေတ္တာ(အလန်းကြီး)ကျောင်းမှာနေ့ဆွမ်းစားပြီး မဏ္ဍပ်ကိုသွားပါတယ်။ သံဃာတွေရောလူတွေရော လက်မှတ်ထိုးနေကြဆဲပါ။  ဝီရသွေး အဖွဲ့ကလျှောက်ထားပါတယ်။ မနက်က ဗီနိုင်းတောင် ချိတ်လို့မပြီးသေးဖူး လက်မှတ်ထိုးတဲ့သူတွေက ကြိုတင်စောင့်နေကြတာတွေ့ရတယ်။ ဗီနိုင်းချိတ်မပြီးခင် အလုအယက် ...
သတင်း

ဒီအစိုးရလက်ထက် အာဏာပိုင်တွေရဲ့ပစ်မှတ်ကဘာလဲ

အရင်တစ်ခါတောင်ဒဂုံနဂါးရုံဘုရားကလေး။ ဒီကနေ့ လှိုင်သာယာ ဆွမ်းလောင်းဓမ္မာရုံ။ တိုင်ကြားတဲ့သူရှိတယ်ဆိုတော့ ဓမ္မာရုံဖျက်ဖို့တိုင်ကြားတာ အနက်မဟုတ်ရင် အနီပဲ။ လှိုင်သာယာမြို့က သံဃာတော်များနှင့် သီလရှင်များ ဆွမ်းလောင်းအသင်းများ သတိဝီရိယရှိကြပါ။ တစ်ခုပြီးတစ်ခု ပစ်မှတ်ထားလာတာကိုတွေ့ရတယ်။ တိုင်းပြည်ကောင်းရာကောင်းကျိုးတော့ ဘာတစ်ခုမှမလုပ်ကြဘူး။ တိုင်းဖျက်ပြည်ဖျက် သာသနာဖျက်လုပ်ငန်းတွေတော့ အားသွန်ခွန်စိုက်လုပ်နေကြတယ်။ သာသနာအတွက် အတော်ရင်လေးစရာကောင်းတဲ့ခေတ်ကိုရောက်နေပြီ။ ဝီရသူ(မစိုးရိမ်) 2.7.2017 PM 6:03 ========================================================== ဆွမ်းလောင်းဓမ္မရုံ ဖျက်ရန်အမိန့်ထုတ် လှိုင်သာယာ ဇူလိုင် ၂ လှိုင်သာယာမြို့နယ်၊ ၁၉ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ ဓမ္မရက္ခိတဆွမ်းလောင်းဓမ္မာရုံအား တိုင်ကြားချက်အရဟုဆိုကာ ယခုလ ဇူလိုင် ၃ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ရန်အမိန့်ပေးညွှန်ကြားလာကြောင်း သိရှိရပါတယ်။ အဆိုပါဆွမ်းလောင်းဓမ္မာရုံမှာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၆)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မစိုးရိမ်တိုက်သစ်၊ ဓမ္မဌာနကျောင်း ဦးနန္ဒဝံသ(ကျောက်ပန်းတောင်း)မှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။(26.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၁၃၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၃၃၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် သုံးသိန်း သုံးသောင်း ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း”(န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ တွံတေးမြို့ မျိုးချစ်အဖွဲ့မှ နဝကမ္မအလှူငွေ ၄၇၀၀၀ (လေးသောင်းခုနစ်ထောင်)ကျပ် လှူဒါန်းပါသည်။(25.6.2017) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သတင်း

၉၆၉ သာသနာ့အလံတော်

၉၆၉ လှုပ်ရှားမှုကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီတုန်းက ဗီနိုင်းခေတ်မဟုတ်သေးတော့ ကွန်ပျူတာစာလုံးနဲ့ ဖြူမည်းလောက်ပဲ လုပ်ဖြစ်တာပါ။ တခဲနက်အားပေးကြပါတယ်။ အဲဒီနောက်တော့စာရေးသူ ဘဝတက္ကသိုလ်ရောက်ရှိသွားပါတယ်။ ဘဝတက္ကသိုလ်မှာ စာရေးသူရဲ့ လိုဂိုအမှတ်တံဆိပ် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲတန်းတွေးနေခဲ့ပါတယ်။ အိုးဘိုမှမြစ်ဆုံသို့ ရောက်သွားတဲ့အခါမှာ အားလုံးပြီးစီးခဲ့ပါတယ်။ ပုံအမှတ်(၁)က စာရေးသူရဲ့ လိုဂိုပါ။ လက်ရှိလည်း စာရေးပတ်မှာသုံးစွဲနေပါတယ်။ အဓိပ္ပါယ်ကတော့ (က) ထောက်တိုင်သုံးတိုင်က သီလမဂ္ဂင်သုံးပါး (ခ) အလွှာသုံးထပ်က သမာဓိမဂ္ဂင်သုံး (ဂ) ခေါင်နှစ်ခုက ပညာမဂ္ဂင်နှစ်ပါး မဂ္ဂင်ရှစ်ပါးကို ကိုယ်စားပြုထားတာပါ။ ထေရဝါဒရဲ့အနှစ်သာရပါ။ သမာဓိအလွှာသုံးပါးမှာ ၉၆၉ ထည့်ထားပါတယ်။ ပုံအမှတ်(၂)ကတော့ တိုင်ထောင်ကိုင်ဆောင်ပူဇော်ဖို့ ရောင်ခြည်တောင်ခြောက်သွယ် ထပ်ဖြည့်ထားတာပါ။ အထည်စနဲ့ပြုလုပ်တဲ့အလံတော်တွေအတွက် ...
သတင်း

NLD လော်ဘီတစ်ယောက်ကို Block လိုက်ခြင်း

စာရေးသူရဲ့အကောင့် ဇွန်လတစ်လလုံး အပိတ်ခံလိုက်ရတာပါ။ နတ်ဝှက်ခံထားရသလိုပါပဲ။ အရာရာကိုမြင်နေရတယ် ဒါပေမဲ့ ဘာဆိုဘာမှ ပြောပိုင်ဆိုပိုင်ခွင့်မရှိပါဘူး။ သူတို့အားလုံးရေးတာတွေ ပြောတာတွေ လှုပ်ရှားတာတွေ အကုန်သိပေမဲ့ ဘာမှတုန့်ပြန်လို့ မရခဲ့ပါဘူး။ ခြွင်းချက်တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ Block ခွင့်ပေးထားတာပါပဲ။ ဒါကြောင့် လော်ဘီငှက်တစ်ကောင်ကို လောက်လေးခွနဲ့ဘလော့ပစ်ချလိုက်ပါတယ်။ ဘယ်လိုငှက်လဲသိချင်ရင် သူ့အကောင့်ကိုဝင်ကြည့်လိုက်ပါ။ အရင်တုန်းက ကတုံးတို့ဘာတို့နဲ့ရေးပေမဲ့ မဘလော့ခဲ့ပါဘူး။ အခုဟာက အစစ်အတုလေးတောင် မခွဲတတ်၊ ပြစ်မှားဖို့လောက်ပဲသိတတ်တဲ့ သူ့ဦးနှောက်ကို သိသွားလို့ပါပဲ။ NLD လော်ဘီတွေထဲမှာ ဒီလိုငှက်တွေအများကြီးနော်။ ဝီရသူ(မစိုးရိမ်) 2.7.2017 PM 9:10
မဂ္ဂဇင်းသတင်း

မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅) ထွက်ပြီ

ယခုထွက်ရှိလာတဲ့ မဟာဝီရ ရသစုံမဂ္ဂဇင်းအမှတ်(၂၅) ၂၀၁၇ခုနှစ် ဇူးလိုင်လထုတ်မှာ ဓမ္မရေးရာကဏ္ဍတွင် အမျိုးသားရေးသြဝါဒ ကဏ္ဍမှာ မဟာဗောဓိမြိုင်ဆရာတော်၏ အမျိုး ဘာသာ သာသနာကို ဘယ်လိုကာကွယ်ကြမည်နည်း(သမ္ဗောဒနိယ ကထာ)၊ ဓမ္မရေးရာ ကဏ္ဍမှာ  ဝီရသူ(မစိုးရိမ်)၏ သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ၊ မြေပုံဆရာတော်၏ အရှင်ယဿမထေရ် သမုတ်ခဲ့သော ရန်ကုန်မြို့ ရှေးဟောင်းသိမ်များ၊ ကိုသက်၏ ကြီးပွားရေး မိတ်ဆက်၊ အမျိုးသားရေးအတွေးအမြင် ကဏ္ဍမှာ ရှင်မတောင်ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသ၏ အမျိုးသားရေး ဘာသာရေးအတွက် အချိန်မှီလိုအပ်သည်၊ ကိုမိုးအောင်၏ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေးကို ဒီမိုကရေစီစံနှုန်းများဖြင့် ချဉ်းကပ်ခြင်း၊ အမတ်ဒိန်၏ ဒါတို့ပြည်¬ ...
သတင်း

သာသနာသန့်ရှင်းရေးလုပ်လျှင် လူဝတ်လဲမည်

တောင်ကလေးဆရာတော် မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်းအရ အေဒီ ၁၉၈၀-၈၁ကာလ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးလူဝတ်လဲပြီး အကျဉ်းချခံခဲ့ရတဲ့ သမိုင်းဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်ပါတယ်။ သာသနာရေးနှင့် ပြည်ထဲရေးဝန်ကြီးကတော့ ဦးစိန်လွင်ပါပဲ။ ဦးစိန်လွင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလက သမ္မတတက်ဖြစ်တဲ့သူပါ။ အဲဒီတုန်းက ထင်ရှားကျော်စောတဲ့ရဟန်းပုဂ္ဂိုလ်တွေ အများအပြား ဖမ်းဆီးခြင်းခံရပြီး လူဝတ်လဲထောင်အကျဉ်းချခံရတာ အများကြီးပါပဲ။ ထောင်တွင်းမှာ အမျိုးမျိုးညှဉ်းဆဲမှုနှင့် ကွယ်လွန်သေဆုံး ခဲ့ရတာ အများကြီးပါပဲ။ အဲဒီလို အခြေအနေမျိုးလို ယနေ့ သာ/ယဉ်ဝန်ကြီးစကားအတိုင်းသာ မြန်မာ့သာသနာရေးမှာ သန့်ရှင်းမှုလုပ်ရင် ဗုဒ္ဓဘာသာ သာသနာအဖို့ ဘေးကြီးကျယ်စွာ ...
သတင်း

ဝီရသူကိုချစ်ကြသူများ(၄)

24.6.2017 ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေပြည်သာသို့ ခရီးဆက်ခဲ့ပါတယ်။ ရွှေပြည်သာဝင်ခါနီးမှာ မိုးတအားသည်းပါတယ်။ မဏ္ဍပ်ကလေးကသေးသေး လူတွေကများများ မဏ္ဍပ်အမိုးက နေမထိုးရုံမျှသာ စာရွက်စာတမ်းတွေတောင် မိုးလုံအောင် ထားစရာမရှိ။ မိုးထဲရေထဲမှာ ကြိုဆိုနေကြတဲ့ ဦးဇင်းလေးတွေရော သီလရှင်ဆရာလေးတွေရော မျိုးချစ်ပြည်သူများပါ အင်တိုက် အားတိုက်ရှိလှတာမို့ မိုးထဲဆင်းပြီး အားပေးမိတယ်။ ရန်ကုန်မိုးရေ ဒီတစ်ခါချိုးဖူးတာပါပဲ။ ရွှေပြည်သာမျိုးချစ်တွေက ကောက်ခါငင်ကာ ထလုပ်ပုံရပါတယ်။ လက်မှတ်ဇယားတွေတောင် မိတ္တူတွေဆွဲပြီး ဖြစ်သလိုစီစဉ်နေကြတာတွေ့လို့ ဝီရသွေးအဖွဲ့နှင့် ဆက်သွယ်ပေးခဲ့ရကြောင်း သိရှိရပါတယ်။ မိုးရွာလို့ လူပါးသွားပေမဲ့ မိုးထဲမှာ အမျိုးတွေနဲ့အတူ စကားပြောရတာ ပျော်စရာတစ်ခုပါပဲ။ ရွှေပြည်သာပရိသတ်ကတော့ အံ့မခန်းပါပဲ။ အပြန်မှာ မော်မော်ရွှေဆိုင်ပိုင်ရှင် ဒကာရန်ကြီးအောင်တို့အိမ်မှာ ...
သတင်း

မျိုးချစ်စိတ်

အရင်ပွဲတုန်းက အရေးနိမ့်သူကိုအားပေး ကရုဏာပေါင်းများစွာနဲ့ စာနာစိတ်တွေစီးဆင်းခဲ့ရ သြော်……ပွဲမြန်မြန်ပြီးပါစေသတည်း။ အခုပွဲကျ အောင်ပွဲရတာကိုကျေနပ် အောင်နိုင်သူနှင့်အတူ မုဒိတာတွေစီးဆင်း အောင်ပွဲခံချိန်ကိုပဲရောက်ချင်နေမိတယ်။ ဝီရသူ(မစိုးရိမ်) 1.7.2017 PM 5:48
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် လင်းမေတ္တာ(အလန်းကြီး)ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှ အလှူငွေ ၅၀၀၀၀ (ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၁၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၃၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် သုံးသိန်း ငါးထောင့်ငါးရာကျပ်) ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ ရွှေဘိုမြို့ ဒေါ်သန်းသန်းဌေး မှ နဝကမ္မအလှူငွေ ၅၀၀၀၀ (ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (19.6.2017) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၃)

မေး – ဝီရသူချစ်သူများ လှုပ်ရှားမှုက ရန်ကုန်မှာ တစ်သောင်းကျော်၊ မန္တလေးမှာက သုံးသောင်းနီးပါး၊ ကရင် ပြည်နယ်မှာ လေးထောင့်ငါးရာကျော် ရရှိထားပြီလို့သိရပါတယ်။ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ကောက်နေတာ သိရပါတယ်။ လက်မှတ်တွေဟာ မျှော်လင့်ထားတဲ့ အရေအတွက်ရရင် ဘာလုပ်ဖို့ ရှိပါသလဲဘုရား။ ဖြေ – တစ်ယောက်စ နှစ်ယောက်စက မီဒီယာအားကိုးနဲ့ အသရေဖျက်နေတဲ့အချိန်မှာ အများစုက ထောက်ခံပါတယ်ဆိုတာလေးကို မြင်စေချင်တာပါ။ လူအများစု ထောက်ခံမှုရှိပြီး တစ်ယောက်စ နှစ်ယောက်စ ဆန့်ကျင်ကန့်ကွက်တာကိုတော့ တို့ဂေါတမမြတ်စွာဘုရားတောင် မလွန်ဆန်နိုင်ဘူးလေ။ တိတ္ထိတို့ဘာတို့ဆိုတာတွေကတော့ ဘာသာမတူလို့ ဘုရားကိုယှဉ်ပြိုင်တယ်ဆိုတာက ...
သတင်း

Facebook ပရိသတ်ကြီးမင်္ဂလာပါ 

ဦးပဉ္စင်း၏အကောင့် ဒီကနေ့ညနေပိုင်းမှာ ပြန်ပွင့်သွားပါပြီ။ အပိတ်ခံရစဉ်ကာလအတွင်း Like လုပ်မရ၊ လက်မလေးလည်းထောင်မရ၊ မက်ဆေ့ရောက်ရှိကြောင်းလည်း ပြန်ပြောလို့မရဖြစ်ခဲ့ရလို့ အကြောင်းမပြန်နိုင်တာတွေ ရှိခဲ့ပါတယ်။ နှုတ်ဆက်သူများ ဆုတောင်းသူများ အကြံပေးသူများ ဆဲရေးသူများ ခြိမ်းခြောက်သူများအားလုံး ကျေးဇူးတင်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ အားလုံးကောင်းမွန်စွာ အမျိုးဘာသာ သာသနာအရေး ဆက်လက် ရေးသားသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်) 30.6.2017 PM 11:24
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် အရှင်ဥာဏိက(ပုညခေတ္တဆရာတော်)နှင့် မိဘနှစ်ပါးမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၀၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၂၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် နှစ်သိန်း ငါးသောင်း ...
သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော သဝဏ်လွှာ

(25.6.2017 ရက်နေ့မှာကျင်းပတဲ့ အဂတိသာဝန်ကန့်ကွက်ရှုတ်ချပွဲ(ရန်ကုန်)သို့ ပေးပို့သော သဝဏ်လွှာဖြစ်ပါသည်။ ၄င်းနေ့၌ ရန်ကုန် မန္တလေးတို့၌ အဂတိသာဝန်ရှုတ်ချပွဲကို တစ်ပြိုင်နက်ကျင်းပခဲ့ကြပါသည်။ ရန်ကုန်သို့ပေးပို့သောသဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အရှင်တေဇဝန္တက ဖတ်ကြားပါသည်။) အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်ဇာနည်အပေါင်းတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် နေရာဌာနနှင့်လုံးဝမလိုက်ဖက်သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ သာသနာရေးဝန်ကြီးဖြစ်ပါလျက် သာသနာတော်ကို မချီးမြှောက်ခြင်း၊ သာသနာ့ဝန်ထမ်းရဟန်းသံဃာတော်များ ကို နှိပ်ကွပ်ခြင်း၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသော ထေရ်ကြီးဝါကြီးဆရာတော်များကို ပြစ်မှားခြင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးကို လူသိရှင်ကြား စော်ကားသူဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ခြင်း၊ သာသနာ့ဝန်ထမ်း ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၂)

  မေး – အရှင်ဘုရားရဲ့ အားအရ ဆုံးအောင်မြင်မှုလို့ဆိုတဲ့ ထေရဝါဒ တိုက်ပွဲနဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်နှစ်အုပ်လုံးဟာ ဈေးကွက်မှာ မတွေ့ရတော့ပါဘူးဘုရား။ စာအုပ်တွေ ပြန်ထုတ်ဖို့ ရှိပါသလားဘုရား။ ဖြေ – အဲဒီစာအုပ်တွေ ဦးဇင်း မော်စကိုက ပြန်လာကတည်းကိုက တမ်းတမ်းတတ တိုက်တွန်းတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်တဲ့သူက ဝင်သွားပြီ။ ဒီအချိန်ထိ ဆက်တိုက်နေရင် မကောင်းတော့ဘူးထင်တယ်။ ဒါကြောင့် ဆက်မထုတ်ဖြစ်တော့တာပါ။ မေး – လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကက အရှင်ဘုရားကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း(နဝကမ္မအလှူတော်)

ကသာမြို့နေ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို (A-1 အထည်ရောင်းဝယ်ရေး)မိသားစုက ဆရာတော်ဦးဝီရသူ မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းသော နဝကမ္မအလှူငွေ (၅)သိန်းကျပ်ကို သွေးလှူရှင် တစ်ဦးက ဆက်ကပ်စဉ်။(26.6.2017)
သတင်း

ဝီရသူကို ချစ်ကြသူများ(၃)

24.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ဒဂုံမြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ မောင်မကန်လမ်း We Love Wirathu လက်မှတ်ရေးထိုးလှုပ်ရှားမှု Campaign ပွဲသို့ ရောက်ရှိပါတယ်။ နေပူကျဲတဲမှာ ဒဂုံသူဒဂုံသားများ အားနှင့်မာန်နှင့် စိတ်အားတက်ကြွစွာ လက်မှတ်ထိုးပွဲ ဆင်နွှဲနေတာကို တွေ့ရှိရပါတယ်။ ကိုရင်လေးများ၊ ညီတော်လေးများ၊ မျိုးချစ်ညီကိုမောင်နှမများနှင့်အတူ လက်မှတ်လာထိုးကြသော လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကိုလည်း အားပါးတရတွေ့ရှိရပါတယ်။ နောင်တော်ကြီး ဦးပညိန္ဒ(ပွင့်လင်းဆရာတော်)နှင့်အတူ သီရိမင်္ဂလာကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော် ကြပါတယ်။ သီရိမင်္ဂလာဆရာတော်ကြီး ဘဒ္ဒန္တအာဒိစ္စက မြို့နယ်သံဃနာယကအဖွဲ့ဝင်တစ်ပါးပါ။ တိုင်းရင်းသားလေးများကို ကျောင်းထားပေးတဲ့အပြင် ပရဟိတလုပ်ငန်းတွေလည်း အများကြီး ဦးစီးဆောင်ရွက် ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက် အဖြစ် လတ်တလောဖြစ်ပျက်သမျှ နိုင် ငံရေးသုံးသပ်ချက်တွေကို အောင်ဇေယျ တုမှာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာ တော်ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်၊ ဆရာတော်ရဲ့ ပရဟိတလုပ်ငန်းများကို လည်းပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဝေဖန် မှုရှိနေတဲ့ တချို့အကြောင်းအရာတွေ ကိုလည်းပဲ ဆရာတော်ဦးဝီရသူဘက်က ပြန်လည် ဖြေရှင်းနိုင်စေဖို့ အချို့သော မေးခွန်းတွေကို ကြိုးစားတည်ဆောက် ထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ ခံ ယူချက်နဲ့ ကြိုးစားမှုတွေကို ဆရာတော် ရဲ့အဖြေတွေမှာ ရှာဖွေနိုင်ဖို့ ...